Tuesday, December 30, 2008

ဆစ်ဒနီကရင်နှစ်သစ်ကူးပွဲတော်(ဓါတ်ပုံသတင်း)


၂၇၄၈ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲကို ဆစ်ဒနီမြို့ တွင် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၇ရက်နေ့ (ပြာသိုလလဆန်း ၁ရက်နေ့ )က စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။ ဆစ်ဒနီကရင်နှစ်သစ်ကူးပွဲကို ၃နေရာခွဲက ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ကရင်အဖွဲ့ အစည်းများက အသီးသီး ဦးဆောင်ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ဆစ်ဒနီရှိ ကရင်အဖွဲ့ အစည်းများဖြစ်သည့် AKO, AKCO နှင့် KYO ကရင်အဖွဲ့ အစည်းများက သက်ဆိုင်ရာအဖွဲ့ အလိုက် ဦးစီးကျင်းပခဲ့ကြခြင်း ဖြစ်သည်။ KYOအဖွဲ့ က ဆစ်ဒနီမြို့ ပြင်တွင် သွားရောက်ကျင်းပခဲ့ပြီး ကျန်နှစ်ဖွဲ့ မှာမူ ဆစ်ဒနီမြို့ တွင်သာ ကျင်းပပြုလုပ်ခဲ့သည်။ ဆစ်ဒနီတမြို့ တည်းတွင် ကရင်နှစ်သစ်ကူးပွဲကို သုံးနေရာခွဲပြီး တရက်တည်း ကျင်းပခဲ့ကြသော်လည်း နှစ်သစ်ကူးပွဲတိုင်း စည်းကားစွာဖြင့် ကျင်းပနိုင်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ကျနော်ကတော့ တရက်တည်း ပြုလုပ်သည့် ဆစ်ဒနီကရင်နှစ်သစ်ကူးပွဲတော် ၃ပွဲစလုံးကို တက်ရောက်နိုင်ခြင်း မရှိပဲ AKCO မှ ဦးစီးကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲကိုသာ တက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ထိုနှစ်သစ်ကူးပွဲကိုသာ ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့သည်။
တခြားပုံများကို ဆက်ကြည့်မယ်ဆိုရင် ဆက်ဖတ်ရန်ကို နှိပ်ပါ။




ကလေးဒုံးအကနဲ့ ဖျော်ဖြေနေစဉ်။


ဖာထီးမန်းရောစန်ဖိုးမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်။


နှစ်သစ်ကူးပွဲကို လာရောက်အားပေးသည့်သူများ။


ဦးစောတကောဝါးမှ အမှာစကားပြောကြားနေစဉ်။


မြူးမြူးကြွကြွ ဒုံးအက။


အောဟုအောဟောင်အုပ်စုသီချင်း သီဆိုနေကြစဉ်။
Wednesday, December 24, 2008

၂၇၄၈ခုနှစ် ကရင်နှစ်သစ်ကူးနေ့ တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကရင်လူထုတရပ်လုံးကို ပေးပို့သည့် သ၀ဏ်လွာ


စာလုံးဆိုဒ်ကြီးကြီးဖတ်ချင်ရင်တော့ အပေါ်က စာရွက်ကို တချက်နှိပ်လိုက်ပါ။
Sunday, December 21, 2008

ဆစ်ဒနီရောက်ကရင်အမျိုးသားများရဲ့ ကရင်နှစ်သစ်ကူးနေ့  အကြိုလေ့ကျင့်ထားမှု(ဓါတ်ပုံသတင်း)


၂၇၄၈ခုနှစ် ကရင်နှစ်သစ်ကူးနေ့အတွက် ဆစ်ဒနီရောက်ကရင်အမျိုးသားများရဲ့ နှစ်သစ်ကူးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေနဲ့ park တခုမှာ ပျော်ပွဲစားထွက်ရင်း ရိုးရာအကများကိုလည်း အစမ်းလေ့ကျင့်ကပြသွားပါတယ်။ ဒီပုံကတော့ ဒုံးပါဝင်ကပြတဲ့ ကရင်လူငယ်မောင်မယ်တချို့ ရဲ့ပုံတွေပါပဲ။ ဒီပွဲကိုတော့ AKCO လို့ခေါ်တဲ့ ကရင်ယဉ်ကျေးမှုအဖွဲ့ က ကမကထဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲဒီမှာ အစားအသောက်များ ပျော်ပျော်ပါးပါးစားသောက်ကြကာ ရိုးရာအကများကိုလည်း အစမ်းလေ့ကျင့်ခဲ့ပါတယ်။
တခြားပုံများကို ဆက်ကြည့်မယ်ဆိုရင် ဆက်ဖတ်ရန်ကို နှိပ်ပါ။

Holiday အချိန်လည်းဖြစ်တော့ အခုလိုပဲ ကိုယ့်အစုနဲ့ကိုယ် နေရာယူခဲ့ကြရပါတယ်။


အဲဒီpark မှာပဲ ဒုံးတိုက်ခဲ့ကြစဉ်။


တိုင်းတပါးနိုင်ငံတခုမှာ ကိုယ့်မြေကိုယ့်ရေလိုပဲ ကရင်အ၀တ်အစားများကို ၀င့်ကြွားစွာ ဆင်မြန်းလျှက်။


ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွင် အင်္ဂလိပ်ဘာသာ၊ ဗမာဘာသာနဲ့ ကရင်မျိုးနွယ်စုဘာသာတွေကိုပါ ပြောဆိုရမှာဖြစ်တဲ့အတွက် အခမ်းအနားမှူးတာဝန်ယူရမယ့်သူများကလည်း အခုလို အကြိုဆွေးနွေးခဲ့ကြပါတယ်။

ကရင်မုန့်ဟင်းခါးနဲ့လည်း ကျွေးမွေးဧည့်ခံခဲ့ပါသေးတယ်။


ပျော်ပွဲစားထွက်ကြရင်း ၀တ်စုံပြည့် ပုံပါအတိုင်း အခုလို အစမ်းလေ့ကျင့်ဖြစ်သွားပါတယ်။


ခေတ်ပေါ်သီချင်းကို မနေ့ည(ဒီဇင်ဘာလ ၂၀ရက်)နေ့မှာ အခုလိုလေ့ကျင့်သီဆိုခဲ့ကြပါသေးတယ်။


ခေတ်ပေါ်သီချင်းကို မနေ့ည(ဒီဇင်ဘာလ ၂၀ရက်)နေ့မှာ အခုလိုလေ့ကျင့်သီဆိုခဲ့ကြပါသေးတယ်။


ခေတ်ပေါ်သီချင်းကို မနေ့ည(ဒီဇင်ဘာလ ၂၀ရက်)နေ့မှာ အခုလိုလေ့ကျင့်သီဆိုခဲ့ကြပါသေးတယ်။
Friday, December 19, 2008

ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်သက္ကရာဇ်

ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတ၀ှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။
ပြည်သူလူထုအားလုံး ၀မ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ၀မ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။
ကရင်နှစ်သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့သြဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။
အကြောင်းစုံဆိုရသော် …
ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင် ရင်းနှီးသူများ ရောက်လာကြသည်။ လာရသည့် အကြောင်းရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို ဘယ်လိုလဲ၊ အံ့သြစရာပဲ၊ တယ်ဆန်းကျယ်ပါလား၊ ရှင်းပြပါဦး ဆို၍ အသီးသီးမေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေမျှသာ ဖြစ်ခဲ့သည်။ ကျေနပ်မှု ရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာ မပေါ်ခဲ့ပေ။
ကရင်လူငယ်တသိုက်လည်း အားရ၀မ်းသာရှိလှသည်။ နှစ်သစ်ကူးနေ့ပွဲ စည်ကားရန်နှင့် နှစ်စဉ်ပိုမိုစည်ကား သိုက်မြိုက်စွာ ပြုလုပ်ရန် ကြိုးပမ်းကြသည်ကို တွေ့မြင်နေရသည်မှာ ၀မ်းမသာဘဲ မရှိနိုင်ပေ။ နှစ်စဉ် ပိုမိုစည်ကားစေရန် ကြိုးစားလျက်ပင်၊ ထို့ကြောင့်လည်း မိုမိုစည်ကားလျက်ပင်တည်း။
သို့သော်ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကားရန် ပိုမိုထွန်းတောက် လာမည့်အစား မှေးမှိန်စေသော အကြောင်းအရာတချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်အချို့သည် ကရင်စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။ ကရင်သက္ကရာဇ်ဟာ ယုံမှားစရာ ၀ီစိကိစ္ဆာ ရှိစရာပဲလို့ မြည်လာပေသည်။ ထိုသို့ မြည်သံကား မကျယ်သေး။ ပို၍ မကျယ်မီ ယုံမှားသံသယ ကင်းစင်အောင် ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။
ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းဆိုသည့် ကဏ္ဍမှာ ဇန်န၀ါရီလ (၁)ရက်နေ့ ရွေးရမလား၊ ဆရာယုဒသန် ရောက်သောနေ့ကို ရွေးရမလား။ ပြဿနာပေါ်ပေါက်သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်နိုင်ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတ ပညာရှင်တို့က ယူဆကြသည်။
ဤကဲ့သို့ တွေးထင်ကြသူများအား အပြစ်ဆိုစရာ မရှိပေ။ ဤပြဿနာ ရှိသမျှ ကာလပတ်လုံး ကရင်နှစ်သစ်ကူး ပွဲတော်နေ့၏ အရောင်အ၀ါသည် ပိုမိုထွန်းလင်း တောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဖက်သို့သာယိုင်အံ့။ ကျေနပ်လောက်အောင် သံသယ မရှိလောက်အောင် ရှင်းလင်းဖို့ လိုပေသည်။
၁။ ပဲခူးနယ်၊ ဟင်္သာတနယ်၊ တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁)ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးကြသည်။ သို့သော် မကွယ်ပျောက်သေး။
၂။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခု ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေးထိုင်ခုတ်ဖို လဆန်း ၁ ရက်နေ့၊ ၂ ရက်နေ့သည် ပြာသိုလဆန်း(၁)ရက်နဲ့ (၂)ရက်တွင် ကျရောက်သည် ဟု ဆိုထားပေသည်။ (ွှ့The Karen New Year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟုပါရှိသဖြင့် Bill ဘီလ် ဥပဒေကြမ်းကို ဖတ်မိလျှင် မည်သည့်နေ့ကို ရွေးချယ်ရမည့်ပြဿနာ မပေါ်နိုင်ပေ။
-သတိ- ကရင်နှစ်သစ်ကူးနေ့ ၂-ရက်တောင်း၏။ သို့သော် (၁)ရက်သာ ရ၏။
(က) မြေပြန့်ကရင် ပြာသိုလဆန်း(၁)ရက်၊ သလေး၊ ထိုင်ခုတ်ဖို (၁)ရက်နေ့တွင်ကျင်းပ၏။
(ခ) ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲ လဆန်း (၁)ရက်နေ့တွင်ကျင်းပ၏။
(ဂ) ဖားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင် ကရင်များ နယုန်လအတွင်း စနေနေ့ကျသော နေ့တနေ့တွင် ကျင်းပ၏။
(ဃ) ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်း လဆန်း ပထမစနေနေ့မှာ ကျင်းပ၏။
(ကိုးကားချက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ် ၁-၂က၊ ခ၊ဂ၊ဃ၊) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးက ရှိခဲ့ဖူးကြောင်း ထင်ရှားလှ၏။ သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ ထွန်းစေသောဝ်။
ကရင်နှစ်သစ်ကူးပွဲတော်နေ့ အသက်ဝင်လာပုံ
သေကံမရောက် သက်မပျောက်ဆိုဘိသကဲ့သို့ ပျောက်ကွယ်လု သေလုဆဲဆဲတွင် ကရင်နှစ်သစ်ကူးပွဲတော် သည် တဖန်ပြန်လည်၍ အသက်ဝင်လာ၏။ ဟင်္သာတနယ်၊ တောင်ငူနယ်၊ ပဲခူးနယ်တို့မှ နှစ်သစ်ကူးပွဲတော်ကို မပျောက်မပျက်အောင် ထိန်းသိမ်းထားသော ကရင်လယ်သမားကြီးတို့ အားနည်းချည့်နဲ့နေသော ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို ရှေးကကဲ့သို့ စည်ကားလှအောင် ဖော်ထုတ်လိုကြ၏။ သူတခွန်း၊ ကိုယ်တခွန်း တစတစနှင့် နိုင်ငံတော်ရက်အားဖြစ်ပြီး တနိုင်ငံလုံးရှိ၊ ရုံးများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော နိုင်ငံတော်ရက်အားဖြစ်စေလို၏။
ကရင်နှစ်သစ်ကူးပွဲတော်သည် ရှေးပသဏီ နှစ်ပေါင်းများစွာက နှစ်ပေါင်း ၂၇၀၀ ကျော်လောက်ကပင် ကျင်းပခဲ့ ကြ၏။ တခါတရံ မှေးမှိန်၍ တခါတရံ စည်ကားလှ၏။ အင်္ဂလိပ်ခေတ်တွင် ကံခေ၍ ကွယ်ပျောက်လုနီး ဆင်းရဲလှ၏။ စတိမျှသာ ကျင်းပသော ဘ၀နှင့်ကြုံခဲ့ရ၏။ ဟင်္သာတ၊ ပဲခူး၊ တောင်ငူတွင် အလွန်နည်းလှသော အချို့ကရင် လယ်သမား တို့သည် ပြာသိုလဆန်း (၁)ရက်နေ့ နံနက် နေထွက်တပြူ၌ ကောက်ဦးစားပွဲကျင်းပကြ၏။ ပဲခူးဘုရင်မ ရှင်စောပု လက်ထက်က နှစ်သစ်ကူးပွဲ အလွန်စည်ကားကြောင်း နံနက်လက်ဖက်ရည်ကြမ်းဝိုင်းတွင် လူကြီးများ ပြောကြဆိုကြသည်ကို ငယ်စဉ်ကတည်းက ကြားသိခဲ့ ရသည်။
ကရင်နှစ်သစ်ကူးပွဲတော် ပြန်လည်ပေါ်ထွက်ရန်စတင်လာပုံ
နယ်များမှ ကရင်နှစ်သစ်ကူးပွဲတော်ကို ဖော်ထုတ်လိုသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိတို့ ကိုယ်စားလှယ် မင်းတိုင်ပင် အမတ်များကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြ၏။ တစ်ယောက်ကစ တရာဆိုဘိ အလားပြန့်နှံ့သွား၏။ မင်းတိုင်အမတ်၊ ကိုယ်စားလှယ်များမှာ နှစ်သစ်ကူး ပွဲတော်ကို ဖော်ထုတ်ပေးရန်တာဝန်ယူကြရ၏။
အမျိုးသားထု၏ ဆန္ဒနှင့်ကရင်အမတ် ၁၂ ဦးတို့၏ ကြိုးပမ်းချက်
ဒေသအသီးသီးရှိ ကရင်လူထုတို့က မိမိတို့နှစ်စဉ် ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပွဲတော်ကို သင်္ကြန်ပွဲတော်၊ ခရစ္စမတ်ပွဲတော်တို့ကဲ့သို့ အစိုးရ အသိအမှတ်ပြု ပြည်ထောင်စု တ၀ှမ်းလုံးရှိ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော အများပြည်သူ အားလပ်ရက် နိုင်ငံတော်ရက်အားဖြစ်စေလိုကြသည်။ ၎င်းကို ဆောင်ရွက်ပေးပါရန် တောင်းဆိုလာကြရာ ကရင်အမျိုးသား ခေါင်းဆောင်များကလည်း မိမိတို့၏ သမိုင်းဝင်နေ့ ရရှိရန်အတွက် တာဝန်ယူ ကြိုးပမ်းလေတော့သည်။
အမတ် ၁၂ ဦးတို့၏ ဆွေးနွေးချက်
လွှတ်တော်အတွင်းရှိ ကရင်အမတ် ၁၂ ဦးသည် အမှတ်(၂၅၃)၊ မောင်ဂိုမာရီလမ်း (ယခုအခါဗိုလ်ချုပ်အောင်ဆန်းလမ်း) စောမြတ်သိန်း၏ တိုက်ခန်းတွင် နှစ်သစ်ကူးနေ့ကိစ္စကို တိုင်ပင်ဆွေးနွေးကြ၏။ အချို့အမတ်များသည် စိတ်မ၀င်စားကြပေ။
အကြောင်းမှာ ကရင်နှစ်သစ်ကူးပွဲတော်သည် ခေတ်မမှီဟု ယူဆကြသည်။ လာမည့် ၁၉၃၈ ခုနှစ် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း(၁)ရက်သည် ဇန်န၀ါရီလ(၁)ရက်နေ့တွင်သာကျ၏။ ၎င်းအပြင် နောင်လာမည့် နှစ်များတွင်လည်း ကရင်နှစ်သစ်ကူးနေ့သည် ခရစ္စမတ် ဒီဇင်ဘာ (၂၅) ရက်နေ့နှင့် ဇန်န၀ါရီ (၁) ရက် ကမ္ဘာ့နှစ်သစ်ကူးနေ့ရက် ပတ်ဝန်းကျင်တွင်သာ လှုပ်ရှားနေ၍ ကရင်တို့ ပိုက်ဆံကုန်ပြီး လူပင်ပန်းမည်ဟုဆို၏။
၎င်းအပြင် သင်္ကြန်သည် ကရင်ဗုဒ္ဓဘာသာများ၏ နှစ်ကူးရက် ဖြစ်သည်။ ခရစ်စမတ်နေ့လည်းရှိသည်။ နယူးရီးယား မလိုပါဟု ဆိုလာကြသည်။
ပထမအကြိမ် ဆုံးဖြတ်ချက်မကျ၊ ဒုတိယအကြိမ်တွင် ဂျွန်ဆင် နှင့် စောမြတ်သိန်း တို့ လိုသလိုလုပ်ကြ ဟူ၍ ဆုံးဖြတ်ချက် ကျလာခဲ့သည်။
ဆောင်ရွက်ပုံ
ဂျွန်ဆင်နှင့် မြတ်သိန်းတို့သည် လွှတ်တော်အတွင်းဝန်ကြီး မွန်ဝတ်လုံ ဦးဘဒွန်း (B.A. Bar at law) နှင့် ဆွေးနွေး၏။ လွှတ်တော်လုပ်ငန်းတွင် အကျွမ်းအကျင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်၏။ မင်းတို့ ကိစ္စက မလွယ်ဘူး။ အမတ်တဦးက ကန့်ကွက်လျှင် ခက်သွားမည်။ လွှတ်တော်အမတ် ၁၃၂ ယောက်ရှိ၍ မင်းတို့ ၁၂ ယောက်ရှုံးမှာပဲ ဟု အားပေးပြောကြား လိုက်သည်။
ထိုအခါ ဂျွန်ဆင်က ဖြစ်နိုင်တဲ့လမ်းကိုရှာပြီး အကြံပေးပါ။ အကူအညီပေးပါ။ ဉာဏ်ထုတ်ပါ လို့ တိုက်တွန်း၏။ ဦးဘဒွန်းက ငါတတ်နိုင်သလောက်ကူညီမယ်၊ နက်ဖြန်လာပါ ဟုဆို၏။ ချိန်းဆိုရက်တွင် ဦးဘဒွန်းက လမ်းတော့ရှိတယ်၊ ဒါလဲ မလွယ်ဘူး ဟုဆိုပြီး အောက်ပါအတိုင်း ရှင်းပြ၏။
ဥပဒေကြမ်း Bill သွားရိုးလမ်းစဉ်
၁။ Bill ရေး၊ မဲဖောက်၊ လွှတ်တော်တွင် တင်သွင်းသည်။
၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူများလျှင် Bill သေ၏။
၃။ တင်သွင်း၍ရသော်လည်း အမတ်တဦးက ရွေးချယ်ကော်မတီသို့ပို့ရန် အကြံပေးနိုင်၏။ ပို့သော် တနှစ်လောက် ကြာ၏။
၎။ ၎င်းမှ ပြန်လာသော် ဆွေးနွေးနိုင်သည်။ မဲရှုံးလျှင် Bill သေ၏။
၅။ အမတ်တဦးက ပြည်သူ့ထင်မြင်ချက် တောင်းဖို့ အကြံပေးနိုင်၏။ တောင်းက ၂-နှစ်လောက် ကြာနိုင်သည်။ ၎င်းမှပြန်လာလျှင် လွတ်တော်တွင် ဆွေးနွေးရ၏။ မဲရှုံးလျှင် Bill သေ၏။
မဲနိုင်လျှင် -
၆။ အထက်လွတ်တော်သို့ တက်ပြီး၎င်းမှ -
၇။ ဘုရင်ခံထံသို့ ရောက်၏။ အင်္ဂလိပ်စီးပွားရေးကို မထိခိုက်လျှင် လက်မှတ်ထိုး၏။ Bill သည် ACT ဖြစ်လာ၏။
ဥပဒေကြမ်း Bill ဖြတ်လမ်း
၁။ Bill ရေးမဲဖောက်တင်သွင်းသည်။
၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူမရှိအောင် မလွယ်ပါ။
၃။ ကန့်ကွက်သူမရှိသော် ၃၊၄၊၅၊၆ အဆင့်ကို ကျော်လွှား၍ Governor in council ဘုရင်ခံနှင့် ၀န်ကြီးစုံညီ အစည်းအဝေးတွင် ၀န်ကြီးများအားလုံး သဘောတူ၊ မေတ္တာရပ်ကာ လွတ်တော်တွင် ကန့်ကွက်သူမရှိသော် Bill ကို လက်မှတ် ထိုး၍ ACT ပြုနိုင်၏။ ACT ဖြစ်လျှင် ကရင်နှစ်သစ်ကူးနေ့သည် ဂေဇက်ဝင် နေ့တနေ့ဖြစ်လာသည်။
သွားရိုးသွားစဉ် လမ်းနှင့်မအောင်နိုင်၊ ကန့်ကွက်သူ မရှိအောင် စွမ်းနိုင်သလား ဟုမေး၏။ ကြိုးစားမယ် ဆိုပြီး Canteen စားသောက်ခန်းမသို့ သွားကြ၏။ ဆွေးနွေး၏။ အကြံရ၏။
အကြံကောင်းလျှင်တချက်
ထိုစဉ်က လွှတ်တော်အမတ်များ လစာမရှိသေး။ လိုချင်ကြ၏။ မည်သူတဦးတယောက်မှ လစာဥပဒေကြမ်းကို မတင်ရဲကြ။ ခဲပေါက်ခံရမှာကြောက်ကြသည်။ အကြံမှာ ဒို့ ကရင်နှစ်သစ်ကူးပွဲ ဥပဒေကြမ်းကို တင်မည်။ မကန့်ကွက်လျှင် အမတ်လစာ ဥပဒေကြမ်းကို တင်မည်ဟု လက်တို့မည်။ ဒီလိုဆို ကန့်ကွက်သူ မရှိဖြစ်ပြီး ဒို့-ကရင်နှစ်သစ်ကူးပွဲ အောင်ရမယ် လို့ တိုင်ပင်တယ်။
(၂)ဦး သဘောတူ လစာဥပဒေကြမ်းကို တင်မည်ဟု ခဲကိုအရဲစွန့်ပြီး Challenge (စိန်ခေါ်)လိုက်တယ်။
စိန်ခေါ်ပြီးနောက် လွှတ်တော်စားပွဲခန်းတွင် မြတ်သိန်း နှင့် ဂျွန်ဆင် မျက်နှာပွင့်၏။ စားပွဲခန်းမထဲဝင်လျှင် စားပွဲတိုင်းက ဂျွန်ဆင်၊ မြတ်သိန်း၊ လာပါ၊ထိုင်ပါ၊ ကြိုက်တာ အော်ဒါ လုပ်ပါ ဟု ဖိတ်ခေါ်ခဲ့သည်။ စားသောက်ပြီးက Members salary bill ကို တင်ပါ။ မကြောက်ပါနဲ့ လို့ တိုးတိုးအားပေးကြ၏။ Karens’ New Year Day Bill ကို ဦးဘဒွန်းက ရေးပြီး ဂျွန်ဆင်က တင်၏။
သခင်အောင်ဆန်းနှင့်တွေ့ဆုံပုံ
ဂျွန်ဆင်နှင့် မြတ်သိန်းတို့ Members salary bill တင်မယ်လို့ သတင်းပြန့်ပွားတယ်။ နှစ်ရက်ကြာမှ ဖေဗီယမ် ဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖေဗီယမ်ပါတီ အတွင်းရေးမှူးတို့ ရောက်လာသည်။ ဦးဘခိုင်၊ စောမြတ်သိန်းတို့ အလွန်ရင်းနှီး၏။ စောမြတ်သိန်းလာပါ ဟု မိမိတိုက်ခန်းသို့ ခေါ်သွား၏။ ရောက်သော် သခင်အောင်ဆန်းနှင့် သခင်လှရွှေတို့ကို တွေ့၏။ တဦးနှင့်တဦး နှုတ်ဆက်ကြသည်။
ပြီးတော့ သခင်အောင်ဆန်းက စောမြတ်သိန်း Members salary bill တင်မယ်ဆို၊ ဟုတ်ရဲ့လား ဟု မေး၏။
သိန်း … ဟုတ်တယ်တင်မယ်
ဆန်း … မတင်ပါနဲ့ဗျာ
သိန်း … ဘာဖြစ်လို့လဲ
ဆန်း … ဗမာ့လွှတ်တော်ကြီး သိက္ခာကျမယ်
သိန်း … သိက္ခာမကျပါဘူး၊ လွှတ်တော်တိုင်းမှာ အမတ်တွေ လစာနဲ့ပဲ
ဆန်း … သူတို့ယူတာ ယူပေါ့။ ကျွန်တော်တို့အမတ်တွေ လစာမ ယူရင်ကောင်းမယ်
သိန်း … မယူရင် မကောင်းဘူး၊ တိုင်းပြည်နာမယ်
ဆန်း … ဘာဖြစ်လို့လဲဗျာ
သိန်း … ဘတ်ဂျက်ငွေပို ရှိနေတယ်၊ လခမယူရင် ဒီငွေတွေကို အလကားမထားဘူး၊ Queen’s Own Highlander စကော့တလန် တောင်ပေါ် စစ်သားတွေ ခေါ်ယူမယ်၊ ဘုရင်ခံလည်း စကောလောက် မျက်နှာရှိသွားမယ်၊ ခုလည်း King’s Own Highlander ရှိနေပြီ
ဆန်း … ဟုတ်ရဲ့လားဗျာ
သိန်း … စဉ်းစားကြည့်လေ
ဆန်း … (ခေါင်းကုတ်လျှက်) ခက်တာဘဲ၊ We are between the deep sea and the devil ဟု ပြော၏။
သိန်း … We are between the deep sea and the devil on one side and the green field on the either
ဆန်း … ခင်ဗျားကတော့ လုပ်တော့မယ်၊ သခင်ကိုယ်တော်မှိုင်း ဟောပေးလို့ရတဲ့ မဲတွေ အလွဲသုံးစား မလုပ်ပါနဲ့
သိန်း … စိတ်ချပါ၊ မလုပ်ပါဘူး
ဆန်း … ဗျာ … ခင်ဗျား Good တယ်ထင်ရင် Do သာ Do ပါ ဆို၏။
၎င်းနောက် ဦးဘခိုင်က လက်ဖက်ရည်နှင့် တည်ခင်း ကျွေးမွေး၏။ ပြီးတော့ နှုတ်ဆက်၍ လူချင်းခွဲကြတော့၏။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြု ဥပဒေကြမ်းကို လွှတ်တော်သို့ ၂၃-၇-၃၇ နေ့တွင် ဂျွန်ဆင် တင်၏။ ဦးဖိုးမျှင်က ထောက်ခံ၏။ စောမြတ်သိန်းက ကန့်ကွက်သူမရှိအောင် ကြိုတင်၍ လှည့်လည်ကာ လက်တို့၏။
ဒါတောင်မှပဲ Mr.Leach (European Leader) က စကားပြောသေး၏။ Amendment ပြင်ဆင်ချက်ပါသည်။ စည်းကမ်းမကျ ဟု ဆို၏။ ဥက္ကဋ္ဌကြီးက မင်း Bill ကို ကန့်ကွက်တာလား၊ ပြင်ဆင်ချက်ကို ကန့်ကွက်တာလား ဟု မေးရာ ဂျွန်ဆင်က You are right လို့ ပြောလိုက်ရာ Laughter ဖြစ်သွား၏။ ထိုအခါ Leach က Bill ကို မကန့်ကွက်ပါ။ မည်သူ Bill ကို ကန့်ကွက်မလဲ ဟု ဥက္ကဋ္ဌကြီးက မေးရာ လွှတ်တော်တခုလုံး ငြိမ်နေ၏။ ဤကား Victory အောင်ပွဲပေတည်း။
အဆင့် ၃၊ ၄၊ ၅၊ ၆၊ တို့ကို ကျော်လွှား၍ စောဖေသာ(အခွန်ဝန်ကြီး)က အနည်းငယ် လှုပ်ရှားရသည်မှာ ဘုရင်ခံနှင့် ၀န်ကြီးများစုံညီ အစည်းအဝေးတွင် ကရင်နှစ်သစ်ကူး Bill ကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ။ ၀န်ကြီးများ အားလုံးလည်း သဘောတူသောကြောင့် Bill မှ ACT ဖြစ်ဖို့ လက်မှတ်ထိုးရန် မေတ္တာရပ်ခံ၏။ အသင့်ပင် ဘုရင်ခံလက်မှတ်ထိုး၍ ဥပဒေကြမ်းများ ဥပဒေဖြစ်သွား၏
၁၉၃၇ ဒီဇင်ဘာလတွင် တာဝန်အရ ပြည်ထဲရေးဌာနက သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း ၁-ရက်သည် ဂေဇက်ဝင် နိုင်ငံတော်ရက်အား ဖြစ်သည်ဟု ကြေညာ၍ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများကို နိုင်ငံတော်တ၀ှမ်းလုံးတွင် ပိတ်စေ၏။ သေလုဆဲဆဲ ဖြစ်နေသော ကရင်နှစ်သစ်ကူးပွဲနေ့သည် လှလှပပကြီး ထည်ဝါစွာ ပြန်လည် ထွက်ပေါ်လာ၏။ ၂၈-၇-၃၇ နေ့တွင် အမတ်လစာ ဥပဒေကြမ်း Members salary bill ကို ဂျွန်ဆင်တင်၏။ ကန့်ကွက်သူမရှိ။ Bill သည် ACT အဖြစ် အလွယ်တကူ ဖြစ်သွားတော့သည်။ သူ့အကျိုးဆောင်၍ ကိုယ့်အကျိုးအောင်သော သာဓကတခုတည်း။
ကရင်နှစ်သစ်ကူးပွဲတော်နေ့ ရရှိခြင်း အဖြစ်မှန်ကို တင်ပြရခြင်း အကြောင်းမှာ တောင်းယူရသော နှစ်သစ်ကူးနေ့ မဟုတ်။ အခွင့်ကောင်း ရသော၊ ညဏ်ထုတ်၍ ခဲကိုစိန်ခေါ်ပြီး လွှတ်တော်တွင် မကြန့်ကြာ၊ သောင်မတင်၊ မကြာသော ရက်ပိုင်းကလေးနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်းကို နောင်လာနောက်သားများ သိထိုက်လှသည်ဟု ယူဆ၍ တင်ပြအပ်ပါသည်။
ကရင့်သက္ကရာဇ် (၃)မျိုး
ရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန် စံယူသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။ နောင်သက္ကရာဇ် ၁၀၁ သို့ရောက်သော် ဒွတ်တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာ နေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းကြ၏။ အစဉ်အတိုင်း သက္ကရာဇ်ကို ရေတွက်လာရာ ၆၂၄-ခုသို့ ရောက်လာသောအခါ သမုန္ဒရီမင်းက ဒေါဒေါရသကိန်းအရ ၆၂၂-နှစ်ကိုဖြို၍ အကြွင်း ၂-ခုထားပြီးရေတွက်စေ၏။
သက္ကရာဇ်ဖြိုရာတွင် ကမ်းယံတို့ သဘောမတူ၊ မဖြိုဘဲ ဆက်လက်၍ ရေတွက်ကြ၏။ နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတချပ် လေကြမ်းတိုက်ပြီးလွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြား ဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာ ပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စုသုံးစု ကွဲသွားတော့သည်။
ပျူတို့မှာ အထက်အညာသို့ပြောင်းရွေ့၍ ယုန်လွှတ်၊ ပုဂံပြည် စသည်တို့ကို တည်ထောင်ကြ၏။ ဖြိုသက္ကရာဇ်ကို ပျူတို့ယူဆောင်သွား ကြသည်။ သက်တို့မှာ အရှေ့အရပ်သို့ ရွှေ့ပြောင်းသွားကြ၏။ ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏။ မရွှေ့ပြောင်း ကြချေ။
ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄-သို့ ရောက်သောအခါ ပုပ္ပါးစောရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂-နှစ်ကိုဖြို၏။ အကြွင်း ၂-ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်၏။ ယခုအခါ ကောဇာ သက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော သက္ကရာဇ် ၁၃၂၄ ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ် မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူတော်မူသည့် နှစ်မှ စ၍ ရေတွက်သောကြောင့် မူရင်းမှာမခြား၊ အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမအကြိမ် ၆၂၂-နှစ်၊ ဒုတိယအကြိမ် ၅၆၂-နှစ်၊ နှစ်ပေါင်း ၁၁၈၄-နှစ်ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းသွားစေရန် ဇယားဖြင့် အောက်တွင် ဖေါ်ပြထားသည်။
ကမ်းယံသက္ကရာဇ်
၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။
၂။ သက္ကရာဇ် ၁၀၁ ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။
၃။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။
၎။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။
၅။ ယခု ကမ်းယံသက္ကရာဇ် ၁၃၄၂+၆၂၂+၅၆၂-၄=၂၅၂၂ခု
ကောဇာသက္ကရာဇ်
၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်ယူသည့်နှစ်ကစ၏။
၂။ သက္ကရာဇ် ၁၀၁ ခုနှစ်တွင်၊ သရေခေတ္တရာပြည်တည်၏
၃။ သက္ကရာဇ် ၆၂၄ ခုတွင် သုမုန္ဒရီမင်း၊ ၆၂၂ ခုဖြို၏။ ၂ ကြွင်းထား၏။
၎။ ဖြို သက္ကရာဇ် ၅၆၄ ပုဂံတွင် ပုပ္ပါးစော ရဟန်း ၅၆၂ ဖြို၏။ ၂ ခု အကြွင်းထား၏။
၅။ ယခု ကောဇာသက္ကရာဖ် ဖြိုသက္ကရာဇ် ၁၃၄၂ ခုဖြစ်၏။
ထူးကြီးဝေဠုဝန်၊ ဆရာတော်ကြီး ဦးတေရိန္ဒမှာ ပရိယတ္တိ၊ ဘာသန္တရ၊ ဒေသန္တရ ပြောင်မြောက်အောင်တတ်တဲ့ ကရင်ဆရာတော်ကြီး ဖြစ်၏။ ယမ်းကံဟာကရင်ဘဲကွ။ ကရင်အစ အင်းမကတဲ့။ ရှေးကမ်းယံလို့ခေါ်တဲ့ လူမျိုးကို အင်းမအရပ်က (ပြည်မြို့ တောင်ဘက်မှာ ရှိ၏) စတင်ပြီး ကရင်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကမ်းယံသက္ကရာဇ်ဟာ ကရင်သက္ကရာဇ်ပဲ။ မှတ်ထားပါ ဟု မိန့်ကြား၏။
ထိုအခါ ဆရာတော်ကြီးသည် ကရင်ဖြစ်၍ တော်ပေသေးသည်ဟု မိတ်ဆွေအချို့နှင့်တကွ အထင်မှားမိ၏။ ယခုမှာ မူကား ကမ်းယံတို့ ကရင်ဖြစ်ကြောင်း သံသယမရှိ။ အကြောင်းမူကား ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပျူ၊ ကမ်းယံ၊ သက် ဟူသော လူမျိုးသုံးမျိုးအနက် ကမ်းယံဟု ခေါ်သော လူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ပြောင်းလဲ ခေါ်ဆိုလာသော အမည်ဖြစ်သည် ဟု ဆာအာသာဖယ်ရာက တင်ပြခဲ့သည်။ (စာမျက်နှာ ၁၀ ပြည်ထောင်စု မြန်မာနိုင်ငံ ရိုးရာယဉ်ကျေးမှု - ကရင်) (Sir Arthur Phayer. Translations of Ethnological Society vol:V)
၁၉၁၆ ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကမ္ဗည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ယောင်နှင့် မြောင်လူမျိုးများနှင့်လည်းကောင်း၊ မျိုးနွယ် ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။ (စာမျက်နှာ ၁၆ ပြည်ထောင်စုမြန်မာနိုင်ငံ ရိုးရာဓလေ့ ထုံးစံများ - ကရင်)
၁၉၃၇-နှစ် ကရင်သက္ကရာဇ် အကြောင်း ဆွေးနွေးစဉ်အခါက စာမျက်နှာ ၁၀၊ ၁၆ အကိုးအကားကို မသိရသေးသဖြင့် ကရင်ဆရာတော်ကြီး ဦးတေရိန္ဒ အား ထင်မြင်မှု ပေါ့ခဲ့သည်။ ထိုYအတွက် လက်ဆယ်ဖြာ ဦးထိပ်တင်၍ ကန်တော့ပါ၏။
ထိုစဉ်က အထက်ပါ အကိုးအကားနှစ်ခုကို သိခဲ့ပါမူ မိတ်ဆွေအမတ် ၁၂ ယောက်တို့ ကမ်းယံသက္ကရာဇ်ဟု ဆုံးဖြတ်မည်ဟု သံသယရှိစရာ မလိုပါ။ ဤကားရှေးက ကရင်သက္ကရာဇ် ရှိခဲ့ကြောင်းပါ။
တရုတ်ပြည် အနောက်ပိုင်းရှိ ကြီးမားသော တောင်ကြီးများ ၀န်းရံလျှက်ရှိသည့် ကုန်းပြင်မြင့်၊ ငွေတောင်ပြည်မှ ကရင်တို့ ရွှေ့ပြောင်းလာခဲ့ ကြ၏။ ထီဆဲမဲ့ယွား ခေါ်သည့် သဲမြစ်ကြီးကို ဖြတ်ကူးပြီး တဖြည်းဖြည်း ယူနန်ပြည်သို့ ဆိုက်ရောက်လာကြ ၏။ ထိုယူနန်ပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ကြသည်။ ပထမအသုတ်၊ အချို့ကရင်များ ယူနန်ပြည်မှ ဘီစီ ခမ ၁၁၂၈ တွင် ရွှေ့ပြောင်းလာ၏။ တပိန်၊ မြစ်ငယ်၊ ဧရာဝတီ အတိုင်း စုံဆင်း၏။ အချို့သံလွင်မြစ် အတိုင်းစုံဆင်း၏။ ဗမာပြည်သို့ ဘီစီ ခမ ၁၁၂၅ တွင် ရောက်၏။ ဒုတိယအသုတ် ဘီစီ ခမ ၇၄၁ တွင် ယူနန်ပြည်မှ ထွက်ခဲ့၏။ ဘီစီ ခမ ၇၃၉ တွင် ဗမာပြည်သို့ ဆိုက်ရောက်ကြ ၏။ (သုတေသီဆရာ ဦးအောင်လှ၊ ပါဠိဆရာကြီး ဦးစော၊ ဦးကျော်ဇံ - ကသာ၊ ဦးဖိုးတုတ် - ပညာအုပ်)
ပထမအသုတ် ကရင်များ၊ ဗမာပြည် ရောက်သောအခါ လယ်ယာ စိုက်ပျိုးကြ၏ နှစ်အတော်ကြာသော် မှန်မှန် စိုက်ပျိုးနိုင်၏။ အခြေနေကောင်းမွန်လာ၏။ ထိုအခါ ၀မ်းသာအားရ ကောက်ဦး စားပွဲကို ကျင်းပကြ၏။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ်၊ စသည်ဖြင့် ရေတွက်ရာမှ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာ၏။ ဒုတိယအသုတ် ထိုနည်းတူ လယ်ယာစိုက်ပျိုး၏။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာ၏။ ပထမအသုတ်မှာ ရှေ့ကဖြစ်၍ ပင်လယ်နှင့်နီးသော အရပ်သို့တိုင်အောင် ချီတက်ကြ၏။ ဒုတိယအသုတ်မှာ နောက်မှဖြစ်၍ ပင်လယ်နှင့် အနည်းငယ်လှမ်းသော နေရာများတွင် နေထိုင်ကြ၏။ ထိုခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူသော ကာလဖြစ်၍ သက္ကရာဇ် မတူကြ။ နှစ်မျိုးဖြစ်နေ၏။
ငယ်စဉ်က ပဲခူးနယ် တောင်ပိုင်း ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့တွင် ကောက်ဦးစားပွဲပြုလုပ်ကြ၏။ နံနက် စောစောတွင် အဘိုးတို့ ဘကြီးတို့ သူတို့၏ မိတ်ဆွေ ရွှေကျင်မှ ပြောင်းလာသူ ရွှေပွင့်ဝါ (ထူးဖောပါ) တို့နှင့် နှစ်သစ်ကူးအကြောင်း ပြောဆိုဆွေးနွေးကြ၏။ အားပါးတရ စိတ်အားထက်သန်စွာ ပြောကြ၏။ သက္ကရာဇ် အကြောင်းလဲ ပါ၏။ ပဲခူး တောင်ပိုင်းသက္ကရာဇ်မှာ ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးသည်။ ၁၉၃၇ ခု ကရင်ပြည်ပြဿနာ ပေါ်ပေါက် လာသောအခါ ဘကြီးများ၏ သက္ကရာဇ်မှာ (၂၇၉၉)ခုရှိနေ၏။ (၂၈၀၀) ပြည့်ရန် တနှစ် လိုသောကြောင့် မှတ်မိ၏။ ရွှေကျင်သက္ကရာဇ် က (၃၁၀) နှစ်ငယ်နေသည်။ ၎င်းကို ဂျွန်ဆင်အားပြရာ ဟုတ်တယ် ဒို့ တောင်ငူသက္ကရာဇ်နဲ့တူတယ် ဟုဆို၏။
သက္ကရာဇ်အတွက် ကရင်အမတ် (၁၂)ယောက် စည်းဝေးပွဲလုပ်ရာတွင် ဘယ်လိုလုပ်ကြမလဲ၊ (၂)မျိုးဖြစ်နေ သည်။ ဤအတွက် ဖြေရှင်းဖို့ လိုလေသည်။
သာဓကမှာ Pritured Encyclopedia ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်န၀ါရီလ ဟူ၍ ကွဲပြားနေသည်။ အေဒီ (၃၀) လောက် မှာ ဒီဇင်ဘာလ (၂၅)ရက်အတွင်း ကျင်းပ၏။ အများသဘောတူညီချက်အရ ဒီဇင်ဘာလ (၂၅)ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြ၏။ သို့သော် အကြီးအကဲများ သဘောတူဆုံးဖြတ်၍ အားလုံး ရိုသေလေးစားစွာ လိုက်နာ၍ ကျင်းပကြ၏။ Pritured Encyclopedia; We know that this could hardly have happened in December because it rams almost containously at the time of the year in Palestine and shepherds would no keep their flocks out in the hills at night in such weather.
ခရစ္စမတ် ကမ္ဘာ့သာဓကကိုယူ၍ တောင်ပိုင်းကရင် သက္ကရာဇ်နှင့် မြောက်ပိုင်းကရင်သက္ကရာဇ်ကို ဖြေရှင်းကြ၏။ တောင်ပိုင်း သက္ကရာဇ်မှာ ဘီစီ(၇၃၉)မတိုင်မီ ကစ၍ ကရင် သက္ကရာဇ်ကို ရေတွက်ဖို့ စဉ်းစား၏။ ကရင်အမတ်တဦးက ဒို့သက္ကရာဇ်ကို ပြင်နိုင်သလားဟုဆို၏။
သမုန္ဒရီမင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ခရစ္စမတ်လူကြီးများ အများကောင်းကျိုးအတွက် ဖြူစင်သော စိတ်ထားဖြင့် ပြုပြင်ခဲ့၏။ ဒို့အမတ် (၁၂)ဦးလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်၍ ဤသက္ကရာဇ်(၂)ခုကို ကြားချနိုင်သည်ဟု တညီတညွတ်တည်း ယူဆကာ အားလုံး Veto ဗီတို အာဏာသုံးမှုကြောင့် ယခုကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉)မှစ၍ ရေတွက်ကြသည်။
ထို့ကြောင့် ရှင်းပြချက်မပါလျှင် ဗဟုသုတရှိသူများက ဘီစီ (၇၃၉)ကို ကရင်သမိုင်းမှတ်တိုင်တခု ဟူ၍သာ လက်ခံနိုင်၏။ ကရင်သက္ကရာဇ် စသည့်နှစ်ဟု လက်မခံနိုင်ချေ။ သက္ကရာဇ်၏ ဂုဏ်အင်္ဂါလက္ခဏာလည်းမရှိ၊ ဗဟုသုတရှင်များ၏ ယူဆချက်ကိုလည်း အပြစ်မဆိုနိုင်ပေ။ ကမ်းယံသက္ကရာဇ်၊ ကရင်သက္ကရာဇ် ၂၅၂၂၊ ကောက်ဦးစားပွဲ ကရင်သက္ကရာဇ် ၂၇၂၀ ဖြစ်ကြောင်း ဗဟုသုတရှင်များ သံသယမရှိစေရန် ကျေကျေနပ်နပ်နှင့် လက်ခံရန် တင်ပြအပ်ပါသည်။
ကရင်သက္ကရာဇ်၊ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ (ယုတ္တာ၊ ယုတ္တိဆင်ခြင်ညှိသော် ၀ီစိကိစ္ဆာ၊ မရှိရာတည့် (ရှိဘွယ်မတည့်) ထုံးရာဇ၀င် သက်သေတင်၍)
ဆရာကြီးစောမြတ်သိန်း
လွှတ်တော်အမတ်
Thursday, December 18, 2008

လူ့ အခွင့်အရေးအမှု လိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့ နေစောကျော်ကျော်မင်း နယ်စပ်သို့ ရောက်ရှိ

ကရင်သတင်းစဉ်(KIC)
မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးလှုပ်ရှားသူများကို အမှုလိုက်ပေးရင်း တရားစီရင်ရေးကို အနှောင့်အယှက်ပေးသည်ဟူသော အမှုဖြင့် မျက်ကွယ်တွင် ထောင်ဒဏ် (၆)လစီရင်ခြင်းခံရသည့် လူငယ်ရှေ့နေစောကျော်ကျော်မင်းသည် ဒီဇင်ဘာ လဆန်းပိုင်း၌ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

“အဓိကအကြောင်းရင်းကတော့ ကျနော်တို့ကို ပုဒ်မ ၂၂၈နဲ့ တရားစွဲဆိုလိုက်တဲ့အချိန်မှာ ကျနော့အနေနဲ့ ၂၇ရက်နေ့မှာ သွားပြီးရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၀ရက်နေ့လို့ပြန်ချိန်းလိုက်ပြီး ၂၉ရက်နေ့မှာပဲ အထက်အမိန့်အရဆိုပြီး ဖမ်းဆီးချုပ်နှောင်ဖို့လုပ်တော့ ဒီလိုတရားစီရင်ရေးဟာ လုံးဝတရားမျှတမှုမရှိဘူးဆိုပြီး ရင်မဆိုင်တော့ပဲ ကျနော်ထွက်ပြေးတိမ်းရှောင်လာရခြင်း ဖြစ်တယ်“ဟု ဒီဇင်ဘာ ၁၅ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်စောကျော်ကျော်မင်းက ပြောဆိုခဲ့သည်။

အောက်တိုဘာ ၂၃ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ နယ်တရားရုံးတွင် ကိုသန့်ဇင်မျိုးပါဝင်သည့် (၁၁)ဦးအမှုကို ရှေ့ နေအဖြစ် လိုက်ပါဆောင်ရွက်ရာတွင် စွပ်စွဲခံရသူများက တရားရုံးတော်ကို ကျောပေးထိုင်သည်ကို ၀င်ရောက်ပြောဆိုညွန်ကြားခြင်း မပြုသည့်အတွက် ရှေ့ နေစောကျော်ကျော်မင်းနှင့် ကိုညီညီထွေးတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၂၂၈)၊ ပြစ်မှုကြီးအမှတ် ၁၁၁/၀၈ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စောကျော်ကျော်မင်းအနေဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်ကြီး ပိုမိုကောင်းမွန်လာအောင်၊ တရားမျှတမှုရှိအောင် ထိုင်း-မြန်မာနယ်စပ်တွင် နည်းလမ်းရှိသမျှ ဆောင်ရွက်သွားမည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

“မြန်မာနိုင်ငံရဲ့လုံးဝမကောင်းတဲ့ တရားစီရင်ရေးစနစ်ကို ကောင်းသထက်ကောင်းအောင်လုပ်ဖို့အတွက် ရည်ရွယ်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့အမှုတွေကို ကျနော်တို့ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအင်အားစုတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တယ်။ အထူးသဖြင့်တော့ တရားစီရင်ရေးစနစ်ကနေပြီး အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲသွားတာကိုက လုံးဝမကောင်းတဲ့ တရားစီရင်ရေးစနစ်လို့ပြောချင်ပါတယ်“ဟု ပြောသည်။

၂၀၀၅ခုနှစ်တွင် ဥပဒေဘွဲ့ ရရှိသူ စောကျော်ကျော်မင်းသည် အဲန်အယ်လ်ဒီလူငယ်တယောက်အနေဖြင့် လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးသမားများ၏ ယုံကြည်ချက်၊ ခံယူချက်များကို လေးစားသည့်အတွက် ကိုသန့်ဇင်မျိုးပါ (၁၁)ဦးအမှုအပြင် ကိုဖိုးတုတ်ပါ (၃၀)ဦးအမှုနှင့် ကိုရဲဇော်ထိုက်ပါ (၇)ဦးအမှုများကိုလည်း လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

ဒီသတင်းကို ပေးပို့ပေးခဲ့သူ ကရင်သတင်းစဉ်အယ်ဒီတာ နန်းဖောဂေအား ကျေးဇူးတင်ပါကြောင်း။
ကျော်အဲခေါင်သောင့်
Wednesday, December 17, 2008

ရာနှင့်ချီသည့် ကရင်ဒေသခံများ နအဖတပ်ရိကာသယ်ပိုးရန် လုပ်အားပေးနေရ


ကရင်သတင်းစဉ်(KIC)
ကရင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အခြေစိုက်သည့် နအဖတပ်မ ၁၀၁က ၄င်းတို့ ၏ တပ်စခန်းအတွက် ရိကာနှင့် စက်လက်နက်ပစည်းများကို သယ်ပို့ ရန် ရာနှင့်ချီသည့် ဒေသခံပြည်သူများကို အတင်းအဓမ ခေါ်ယူစေခိုင်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတပ်သည် ဒီဇင်ဘာ ၁၃ရက်နေ့ မှ စရွေ့  ကျောက်ကြီးမြို့ နယ်အတွင်းရှိ ၄င်းတို့ ၏ တပ်စခန်းများဖြစ်သည့် ကွီးလာ၊ လယ်ဝါး၊ ဆော်နယ်ဒဲစခန်းများသို့  ရိကာနှင့် စစ်လက်နက်ပစည်းများ သယ်ပို့ ရန် ထောကထာ့၊ ပဒဲကော၊ မဘီးကျေးရွာအုပ်စုမှ အုပ်စုတစုလျှင် လှည်းအစီး ၅၀စီးနှင့် ရွာသား ၅၀ဦးကို ခေါ်ယူခိုင်းစေခဲ့သည်ဟု နယ်ခံတဦးက ယခုလို ပြောဆိုသည်။

ဒီဇင်ဘာ ၁၀ရက်နေ့က ဒိုယ်နယ်ဥကဌတွေကို ခေါ်ယူပြီး ကျေးရွာအုပ်စုတစုကို လူအထမ်းသား ၅၀နဲ့ လှည်းအစီး ၅၀စီပို့ပေးဖို့ရွာသူကြီးတွေကို တဆင့်ညွန်ကြားခိုင်းတယ်။ စခန်းတခုမှာ တနှစ်အတွက် လိုအပ်တဲ့ ပစည်းတွေ အဓိကတော့ ဆန်နဲ့လက်နက်ကျဉ်ဆန်တွေကို ၁၃ရက်နေ့ကစပြီး ရွာသားတွေ သယ်ပို့နေရပြီး။ လှည်းက သပ်သပ်၊ လူကသပ်သပ်မသွားမဖြစ်သွားနေရတာပေါ့ ဟု ကရင်သတင်းစဉ်ကို ပြောသည်။

၎င်းကျေးရွာအုပ်စုများမှ ခြေလျင်ဖြင့် လေးနာရီခရီး ကွာဝေးသည့် အဆိုပါစခန်းများသို့ သွားရာတွင် ကားလမ်းမဟုတ်သဖြင့် လမ်းမှာ ကြမ်းတမ်းပြီး တပ်ရိကာပို့ရာတွင် လှည်းရောလူပါ ပင်ပန်းခက်ခဲစွာ သွားလာပို့ဆောင်ပေးနေရသည့်အပြင် ဒေသခံရွာသားများမှာ မိမိတို့၏ကိုယ်ပိုင်လုပ်ငန်းကိုပင် လုပ်ကိုင်နိုင်ခြင်းမရှိဟု သိရသည်။

အဆိုပါနယ်ခံက အရင်က (ခလရ ၅၇၊ ၄၅၁၊ ၃၄၉)တပ်တွေက ပြောင်းသွားပြီး၊ ဒီနှစ်ဇန်န၀ါရီလကတည်းက (၁၀၁)တပ်မတခုလုံး လာရောက်အခြေစိုက်တဲ့အခါကျတော့ ကျနော်တို့ဒေသခံတွေဟာ အရင်ကထက် အဆပေါင်းများစွာလုပ်အားပေးနေရတယ်။ နေ့တိုင်းလိုလိုပဲ သူတို့ရဲ့အလုပ်ကို သွားလုပ်ပေးနေရတယ်။ ကိုယ်ပိုင်အလုပ်လည်း မလုပ်အား၊ သွားလာရတာလည်း ကျဉ်းကြပ်တယ်ဟု ပြောသည်။

အလားတူ ဒီဇင်ဘာ ၁၂ရက်နေ့က နအဖ ခမရ ၁၄၉တပ်ဖွဲ့ သည် ပဲခူးတိုင်းအရှေ့ ဘက်ခြမ်းရှိ တောင်ငူခရိုင် ထန်းတပင်မြို့ နယ်တွင် ရှားဇီးဘို၊ ယယ်ရှူ၊ ဇီးဖြူကုန်းနှင့် တောကူစသည့်ကျေးရွာများမှ အမျိုးသမီး ၈၀ဦးအပါအ၀င် ရွာသူရွာသား ၂၀၀ဦးကို ခေါ်ယူပြီး ပေါ်မူခီးမှ ထီးညာ့ပယ်လိုစခန်းသို့ တပ်ရကာများ သယ်ပို့ခိုင်းခြင်း၊ ဒီဇင်ဘာ ၉ရက်နေ့ကလည်း ရှားဇီးဘိုရွာမှ လှည်းအစီး ၁၀၀ကို အဆိုပါစခန်းသို့ ရိကာများပို့ခိုင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ သတင်းများအရ သိရသည်။

နအဖသည် ထိုကဲ့သို့ဒေသခံပြည်သူများကို လူဦးရေအလုံးအရင်းဖြင့် အတင်းခိုင်းစေပြီး ၄င်း၏တပ်စခန်းများအတွက် လိုအပ်သည့်ရိကာနှင့် စက်လက်နက်ပစည်းများကို စုဆောင်းနေခြင်းသည် ပွင့်လင်းရာသီတွင် ကေအဲန်ယူကို ထိုးစစ်ဆင်လာနိုင်သည့်အသွင်ဖြစ်သဖြင့် ထိုသို့လှုပ်ရှားလာမည်ဆိုပါက ပြည်လည်ခုခံရန် အဆင်သင့်ရှိနေသည်ဟု ကေအဲန်ယူ တပ်မဟာ၃မှ တာဝန်ရှိသူတဦးက ပြောသည်။
Monday, December 15, 2008

ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက်


NEJ/ ၁၄ ဒီဇင်ဘာ ၂၀၀၈
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ (ကွယ်လွန်သူ) ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ ခေါ် မောင် တေးလေး သည် ဒီဇင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံထွက်ခွာသွားရာ ရန်ကုန်မှတဆင့် နေပြည်တော်သို့ ရောက်ရှိသွားသည်ဟု မိသားစုက ပြောသည်။

ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်သို့ ရောက်ရှိသွားသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွဲ ဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက "နေပြည်တော်ကို ရောက်သွားတယ်လို့ ကျနော်တို့ သတင်းကြားတယ်။ သူနဲ့အ တူ ပဒိုတူးတူးလေး ပါသွားတယ်လို့ပြောတယ်။ ကျနော်တို့ စုံစမ်းကြည့်တဲ့အခါမှာကျတော့ ပဒိုတူးတူးလေးမပါဘူး။ မောင် တေးလေး တယောက်ပဲ နေပြည်တော်ကို ရောက်သွားတယ်။ သူ့အမေဆီကိုတော့ ဖုန်းပြန်ဆက်တယ်လို့ သိရတယ်။ ဘာ ကြောင့်သွားတယ်၊ ဘယ်သူနဲ့သွားတယ်ဆိုတာကတော့ ကျနော်တို့ အသေးစိပ် စုံစမ်းတုန်းပဲရှိသေးတယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ကြီးစောနေစိုးမြသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၂)၏ တပ်ခွဲမှူးဖြစ်ပြီး ၎င်းတပ်၏တပ်ရင်း မှူးမှာ ဒုတိယဗိုလ်မှူးကြီး စောဒေးဂေဖြစ်သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် ဇနီးဆရာမနော်လားဖိုး တို့တွင်သား လေးဦး၊ သမီးသုံးဦးရှိပြီး စောနေစိုးမြသည် ခြောက်ဦးမြောက်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းစောဘိုမြ၏ ဇနီးနော်လားဖိုးသည် လက်ရှိကရင်အမျိုးသမီးအစည်းအရုံး (KWO)အဖွဲ့တွင်ဥက္ကဌဖြစ်သည်။

ညီအစ်ကိုမောင်နှမ ခုနှစ်ဦးရှိသည့်အနက် အစ်ကိုအကြီးဆုံးဖြစ်သူ ယခင်တပ်ရင်း (၂၀၂)၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စောနေကော်မြသည် ယခုနှစ်ဆန်း ပိုင်းက ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားသည်။
Sunday, December 14, 2008

ဒေါက်တာ စင်သီယာမောင် နေရှင်းဆုရရှိ


ဇာနည်
သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 18:55 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ထိုင်းဘုရင့်သက်တော် ၈၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေးရှင်းမီဒီယာအဖွဲ့က ချီးမြှင့်သည့် အမိမြေကို အလုပ်အကျွေးပြုသူများဆုကို ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်က ယမန်နေ့တွင် ရရှိလိုက်သည်။

ထိုင်း၏ နေ့စဉ်သတင်းစာကြီးဖြစ်သော နေးရှင်းကို ထုတ်လုပ်သည့် နေးရှင်းမီဒီယာအဖွဲ့၏ နိုင်ငံအကျိုးပြုသူများဆု - The Country's Favours Awards ချီးမြှင့်ရေး အစီအစဉ်တွင် ထိုင်းနိုင်ငံ ခရိုင် ၇၆ ခရိုင်မှ ထူးချွန်သူ တဦးစီကို ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင် Tak အတွက် ဒေါက်တာ စင်သီယာမောင်မှ ရရှိခြင်းဖြစ်သည်။

"အခုလို ဆုကို လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကျမ ရလိုက်တော့ ထိုင်းလူမျိုးတွေအနေနဲ့ မြန်မာပြည်ရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ၊ နောက် မြန်မာပြည်သားတွေရဲ့ သူတို့နိုင်ငံအပေါ်မှာ တာဝန်ယူ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပိုမို သိမြင်လာမယ်ဆိုရင် လက်ရှိ ဆောင်ရွက်နေတဲ့ ပညာရေး ကျန်းမာရေး လူမှုရေးတွေမှာ ထိုင်းနဲ့ ကျမတို့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ထိုင်း ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်လာမှုတွေဟာ ပိုပြီးတော့ အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်" ဟု ဒေါက်တာ စင်သီယာမောင်က မဇ္ဈိမကို ပြောပြသည်။

ဆုရရှိသူများကို ယမန်နေ့ညက ဘန်ကောက်မြို့ King Power Complex ရှိ Aksra Theatre တွင် ဆုအထိမ်းအမှတ် တံဆိပ်နှင့် ဆုကြေးငွေအဖြစ် ဘတ်နှစ်သောင်းခွဲတို့ကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့သည်။

အဆိုပါဆုအတွက် ထိုင်းနိုင်ငံသား မဟုတ်သော်လည်း ထိုင်းနိုင်ငံတွင် အနည်းဆုံး ၅ နှစ် အနည်းဆုံးနေထိုင်ပြီး ထိုင်းနိုင်ငံကို အကျိုးပြုသူများကို ထိုင်းမီဒီယာများမှ ခရိုင်အလိုက် ဆုရွေးချယ်ရေးအဖွဲ့ကို ဆန္ဒပြုတင်ပြပြီးမှ ရွေးချယ်သည်။

ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုမှ ဆုရွေးချယ်ရေး အဖွဲ့သို့ အဆိုပြုသူ ၈၀၀ ကျော် ရှိပြီး ခရိုင်တခုမှ တဦးကျစီ ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင်တွင်းမှ အဆိုပြုခံရသူ ၈ ဦးအနက် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်နေသော ဒေါက်တာ စင်သီယာမောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ စင်သီယာမောင်က "ထိုင်းဘုရင်ရဲ့ မိန့်ခွန်းပေါ့နော်၊ သူတို့နိုင်ငံမှာ နေထိုင်တဲ့သူတွေက ဘယ်သူမဆို တဦးချင်းစီ အနေနဲ့ပဲဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ပဲဖြစ်ဖြစ် နိုင်ငံ့ကောင်းကျိုးအတွက် တစုံတရာကို လုပ်နိုင်တဲ့ အင်အားတွေ ရှိတဲ့သူတွေက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကောင်းကျိုးလုပ်ဖို့ဆိုတဲ့ မိန့်ခွန်းကို ခဏခဏ ပြောတယ်။ နေးရှင်းအဖွဲ့ကလည်း ထိုင်းဘုရင်ကို ဂုဏ်ပြုတာလဲ ပါတယ်။ နောက်ပြီးတော့ သူတို့ မီဒီယာ အနေနဲ့လည်း ဒေသဆိုင်ရာ လုပ်ငန်းတွေမှာပေါ့နော် အများ မသိဘဲလည်း လုပ်နေတဲ့သူတွေ ရှိတာတွေကို ရှာဖွေ ဖော်ထုတ်ပြီးတော့ ဂုဏ်ပြု ချီးမြှင့်ချင်တာလဲ ပါတယ်" ဟု ပြောပြသည်။

၁၉၈၉ ခုနှစ်မှ စ၍ မယ်တော်ဆေးခန်းကို ဖွင့်လှစ်ပြီး ချို့တဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသော ဒေါက်တာ စင်သီယာမောင်အနေဖြင့် နိုင်ငံတကာမှ ချီးမြှင့်သော ဆုများကို ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှ ချီးမြှင့်သောဆုကို ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူသည် ပြီးခဲ့သည့် နိုင်ဝင်ဘာလအတွင်းကလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲ၍လည်း စပိန်နိုင်ငံ ကတ်တလိုးနီးယားပြည်နယ် အစိုးရမှ ချီးမြှင့်သော ကတ်တလိုးနီးယား အပြည်ပြည်ဆိုင်ရာ ဆု (Catalonia International Prize) ကို ရရှိခဲ့သေးသည်။

၁၉၈၈ ခုနှစ် လူထုအရေးပုံကာလကဖြစ်ချိန် ဆေးပညာဘွဲ့ရခါစ ဒေါက်တာစင်သီယာမောင်သည် သူ့ဆေးခန်းလေး ဖွင့်ထားသော ကရင်ရွာငယ်တခုမှ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာပြီး နယ်စပ်ရှိ ဟွေးကလုတ် ဒုက္ခသည်စခန်းတွင် နေခဲ့သည်။

ထိုမှတဆင့် နိုင်ငံခြားမှ ကယ်ဆယ်ရေး လုပ်သားများနှင့် ကေအန်ယူမှ ကရင်ခေါင်းဆောင်များ၏ ပံ့ပိုးမှုဖြင့် ဆေးခန်းတခုကို ဖွင့်လှစ်ခဲ့ပြီး ဒုက္ခသည်စခန်းမှ နာမကျန်းသူများ၊ ဒဏ်ရာ ရရှိသူများကို ပြုစုစောင့်ရှောက်လာခဲ့သည်။
Thursday, December 11, 2008

ပျော်ရွင်သောကရင်နှစ်သစ်ကူးနေ့ ကို ကြိုဆိုလျှက်

Monday, December 8, 2008

နအဖစစ်တပ်က နို့ စို့ အရွယ်ကလေးငယ်များပါမကျန် သတ်ဖြတ်နေသည်ဟု နအဖစစ်သည်တဦး ထုတ်ဖော်ပြောဆို

နိုဝင်ဘာလ၊၂၀၀၈ခုနှစ်၊ ကရင့်သတင်းစဉ်(KIC)

နအဖစစ်တပ်သည် နယ်စပ်ဒေသရှိ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ညှင်းပန်းနှိမ့်စက်သည် သာမကပဲ နို့ စို့ အရွယ် လသားကလေးများပါမကျန် ရက်စက်စွာ သတ်ဖြတ်လျက်ရှိကြောင်း နိုဝင်ဘာလ ၂၁ရက်နေ့ တွင် ကေအဲန်ယူနယ်မြေသို့  ထွက်ပြေးရောက်ရှိလာသည့် စကခ (၁၆) ခမရ (၅၂၂)မှ ဆက်သွယ်ရေးတပ်သား မောင်ဖိုးဇော်က ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းက၂၀၀၇ မိုးတွင်းတောင်ငူခရိုင် တိပ်ပုဂွင်မှာ ကျနော်တို့ စစ်ဆင်ရေးစတက်တော့ တောထဲမှာ ရွာပုန်းတရွာကို သွားရှင်းတယ်။ အဲဒီအခါမှာ လသားအရွယ် ကလေးနှစ်ယောက်နဲ့ မအေနှစ်ယောက်ကို မိတယ်။ မအေတွေကို နေပြည်တော်ခေါ်သွားပြီးတော့ ကျန်နေတဲ့ ကလေးနှစ်ယောက်ကို တပ်ကြပ်ကြီးကျော်မိုးနဲ့  ဒုဗိုလ်လွမ်းမိုးအောင်က ကျနော့မျက်စိရှေ့ မှာပဲ ဆန်ထောင်းတဲ့ မောင်းဆုံထဲကို ထည့်ပြီးတော့ ထောင်းသတ်ပစ်လိုက်တယ်ဟု ဆိုသည်။

နယ်စပ်ဒေသတွင် ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသည့် နအဖစစ်ကြောင်းတကြောင်းကို ပေါ်တာများနဲ့ အတူ တွေ့ ရစဉ်။ Photo-FBR

ထိုနှစ်အတွင်းမှာပင် ၄င်းတပ်ဖွဲ့ သည် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလတွင် လူသောမြို့ နယ်၊ ဆောမူပလောနှင့် လယ်မူပလောဂွင်ကို စစ်ကြောင်း ဖြတ်သွားစဉ်တောင်ယာတဲတွင် လှဲနေသည့် အသက် ၁၂သားအရွယ် ယောကျာင်္လေးတယောက်ကို သေနတ်ဖြင့် သတ်ပစ်ခဲ့သည့်အပြင် ဖာပွန်ခရိုင်၊ မူသယ်ဂွင်တွင် ထမင်းချက်နေသည့် အမျိုးသမီးတဦးကို ဖမ်းကာ အုပ်စုလိုက် မုဒိမ်းကျင့်ပြီးနောက် တောင်ယာတဲ့နှင့်အတူ မီးရှို့ သတ်လိုက်သည်ဟုလည်း တပ်သား မောင်ဖိုးဇော်က ဆက်ပြောသည်။

နောက်ပြီးတော့ ၂၀၀၇ခုနှစ် ဖာပွန်ခရိုင် မူသယ်ဂွင်က တောင်ယာတဲထဲမှာ ထမင်းချက်နေတဲ့ ကောင်မလေးတယောက်ကို စစ်ကြောင်းက ၀ိုင်းထားပြီး မေးတာကို ကောင်မလေးက ဘာမှ ပြန်မပြောဘူး။ လက်ပဲခါ၊ ခေါင်းပဲညိတ်တယ်။ အဲဒါကို တပ်ခွဲ ၁က ဗိုလ်ကြီးဗညားဦးကို အပါအ၀င် တပ်သားတွေပါ ၀ိုင်းပြီးဖျက်ဆီးလိုက်တယ်။ ပြီးတော့ မေ့မျောနေတဲ့ ကောင်မလေးကို တဲထဲထည့်ပြီး တခါတည်း မီးရှို့ ပစ်လိုက်တယ်။ ဟု ဖိုးဇော်က ပြောဆိုသည်။

နအဖစစ်တပ်သည် နယ်စွန်နယ်ဖျားရောက်ရှိပါက တွေ့ သမျှပြည်သူကို ရန်သူလို့ သတ်မှတ်ပြီး သုတ်သင်ရှင်းလင်း သတ်ဖြတ်ကြောင်း အောက်ခြေရဲဘော်အနေဖြင့်လည်း အထက်အမိန့် အတိုင်း စပါးကျီဖျက်ဆီး၊သူသတ်စသည့် လုပ်ရပ်များကို လုပ်ချင်စိတ်မရှိပဲ လုပ်နေရကြောင်း၊ မလိုက်နာပါက ထိုးကြိတ်၊ ရိုက်နှက်၊ ညှင်းပန်းနှိမ့်စက်မှုမျိုးစုံ စသည့် တပ်တွင်းအခြေအနေများရှိကြောင်း၊ သိရှိရသည်။

အသက် ၁၈နှစ်သာရှိသည့် တပ်သားမောင်ဖိုးဇော် (ကိုယ်ပိုင်အမှတ် တ/၃၆၉၃၄၁)နှင့်အတူ ကေအဲန်ယူနယ်မြေသို့ ရောက်ရှိလာသူများမှာ ခလရ ၁၉မှ မောင်ကျော်ရဲဌေး၁၉နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၅၂၃၇) မောင်ကျော်ထွတ်ဝင်း အသက် ၂၅နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၆၈၁၂) မောင်ကျော်နိုင်စိုး အသက် ၂၃နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၅၂၁၀) ခမရ ၄၃၉မှ မောင်ဝင်းထွန်း အသက် ၂၁နှစ် ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈) နှင့် မောင်လမင်းထွန်း ၃၁နှစ် (ကိုယ်ပိုင်အမှတ်တ/၃၇၇၁၂၇) ခမရ (၄၃၉)တို့ ဖြစ်သည်ဟု သိရှိရသည်။

ကေအဲန်ယူ(ကရင်အမျိုးသားအစည်းအရုံး) မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ပဒိုမန်းငြိမ်းမောင်က ကူးပြောင်းလာတဲ့ နအဖတပ်သားတွေကို ကျနော်တို့ ကေအဲန်ယူစစ်သုံ့ ပန်းပေါ်လစီအတိုင်း သူတို့ ကို နွေးနွေးထွေးထွေးကြိုဆိုတယ်။ လောလောဆယ်သူတို့ ကို ကျနော်တို့ နယ်မြေထဲမှာပဲ ကောင်းကောင်းမွန်မွန် ကူညီစောင့်ရှောက်ထားတယ်။ နောက်မှ သူတို့ ဆနအတိုင်း သူတို့ ဘ၀အာမခံရှိရေးအတွက် နေရာချပေးသွားဖို့ စီစဉ်ထားတယ် ဟု ကရင်သတင်းစဉ်ကို ပြောသည်။
ကရင့်သတင်းစဉ်(KIC)
Friday, December 5, 2008

ကရင်လူငယ်အမျိုးသမီးတဦး နိုဘယ်ဆုရှင် ဒလိုင်းလားမားနှင့် တွေ့ ဆုံမည်


ကရင်လူငယ်အမျိုးသမီးတဦးဖြစ်တဲ့ နန့် ဇိုယာဖန်းဟာ လာမယ့် ဒီဇင်ဘာ ၁၄ရက်နေ့ မှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘာ သာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့  တွေ့  ဆုံမယ့်အကြောင်း ဘားမားကမ်ပင်း ယူကေ(Burma campaign-UK)မှ ပေးပို့ တဲ့ အီးမေးလ်မှာ လက်ခံသတင်းရရှိပါတယ်။
ဥရောပအလယ်ပိုင်း ပိုလန်နိုင်ငံမှာ တွေ့ ဆုံမယ်လို့ လည်း အဆိုပါပေးပို့ တဲ့ အီးမေးလ်မှာ ဆက်လက်ဖော်ပြထားပါသေးတယ်။
နန့် ဇိုယာဖန်းဟာ ယခင်နှစ်လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့တဲ့ ကေအဲန်ယူအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလား ဖန်းရဲ့ သမီးတဦးဖြစ်ပြီး ယခုအခါ အင်္ဂလန်နိုင်ငံတွင် ခိုလှုံနေထိုင်လျက်ရှိပါတယ်။
နန့် ဇိုယာဖန်းဟာ ကရင့်အရေး၊ မြန်မာပြည်ဒီမိုကရေစီအရေးမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားသူတဦးဖြစ်တဲ့အပြင် မြန်မာ့အရေး ကို လုပ်ဆောင်တဲ့ ဘားမားကမ်ပင်းယူကေ(Burma campaign-UK)ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။
သွားရောက်တွေ့ ဆုံမယ့်အကြောင်းကိုတော့ အီးမေးလ်ထဲမှာ သေသေချာချာ ရေးထားတာ မရှိပေမယ့်လည်း မြန်မာပြည်အရေးနဲ့ ပတ်သက်ဖို့ များမယ်လို့  ယူဆရပါတယ်။
သူမနဲ့တွေ့ ဆုံမယ့် ဒလိုင်းလားမားဆိုရင်လည်း မြန်မာ့ဒီမိုကရေစီရရှိရေးအတွက် တက်တက်ကြွကြွ ပါဝင်လှုပ်ဆောင်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ကျော်အဲခေါင်သောင့်

ပထမဦးဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွင့်မိန့် ခွန်း

ယနေ့ကရင်အမျိုးသား

ယနေ့သည် သမိုင်းဝင်နေ့ဖြစ်ပါသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုသော ကရင်အမျိုးသား နေ့လည်း ဖြစ်ပါသည်။ ဤနေ့ရက်သည် ကရင်တမျိုးသားလုံး၏ မင်္ဂလာအခါနေ့လည်း ဖြစ်ပါသည်။

တသီးတခြား၊ တကွဲတပြား နေထိုင်လာခဲ့ကြရာမှ ကျွန်ုပ်တို့သည် ယနေ့မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့် နိုင်ငံတော် အရေးအခင်းတွင် ပါဝင်ဆောင်ရွက် ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကြမ္မာကို ဖန်တီးရာ၌ အဓိကကဏ္ဍမှ ပါဝင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့လူမျိုး ဆိတ်သုဉ်းမသွားပဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့၏ ပယောဂ ကျေးဇူးကြောင့်မှ မဟုတ်ပဲ ကျွန်ုပ်တို့၏ ထူးခြားသော ပင်ကိုယ်အရည်အချင်း များကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ၊ ရိုးသားကြသည်။ စိတ်ထား ဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတူပေါင်ဖက် ဆက်ဆံပေါင်းသင်း သွားခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသား ဂုဏ်သိက္ခာ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်းဖြင့် မြှင့်တင်ခြင်းများ ပြုနိုင်သည်ဟု ယုံကြည်ကြသည်။

ကျွန်ုပ်တို့တတွေ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျလာခဲ့ပါပြီ။ ကျွန်ုပ်တို့သည် ယခင်ကဲ့သို့ပင် တသီးတခြား ရပ်တည်၍ မိမိတို့ဘ၀ ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ ကြမ္မာကို ဖန်တီးရာ၌ တတပ်တအား လက်တွဲပါဝင် ဆောင်ရွက်ကြမည်လော။

ကျွန်ုပ်တို့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးမှုကို တည်ဆောက်ရင်း၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသား ခေါင်းဆောင်များ အနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်နိုင်ငံတော် အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်ကြမည်။

ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုးသား အမွေအနှစ်များ၊ ရှေးဟောင်း ကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ ယွာ ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့၏ ဆုံးမသြ၀ါဒကို ပြန်လည် ကျင့်သုံးကြပါမည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တဦးချင်း အနေဖြင့် လည်းကောင်း၊၊ တအိမ်တမိသားစု အနေဖြင့်လည်းကောင်း၊ ဘ၀သစ် တရပ်ကို ပါဝင်ဖန်တီး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။

ခေတ်နှင့်လျှော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ ကြံဆချမှတ်ကာ ကြောက်ရွံ့မှုကင်းစွာ နေထိုင် ကျင့်ကြံခြင်း ပြုလျက် အခြားသော တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးများ ပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွား ကြမည်။

ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြု လုပ်ငန်းများတွင် ဖော်ပြပါ ယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့ရက်မြတ် - ကရင်နှစ်သစ် မင်္ဂလာအချိန်တွင် အဓိဋ္ဌာန်ပြုကြပါစို့။

ပုံ- စံစီဖိုး၊ ရွှေဘ၊ လှဖေ၊ ဖေသာ၊ ဆစ်ဒနီလူနီ
(၁၉၃၈-ခု၊ ဒီဇင်ဘာလ ၂၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၈-ခုနှစ်၊သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း (၁)ရက
Thursday, December 4, 2008

သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ က ကရင်နှစ်သစ်ကူးနေ့ဖျော်ဖြေရေးအတွက် ကြိုတင်ပြင်ဆင်မှုဓါတ်ပုံ