သြစတြေးလျားနိုင်ငံ ဗစ်တိုရီးယားပြည်နယ်၊ မဲဘုန်းမြို့ ရှိ ကရင်အမျိုးသားကျောင်းရဲ့ 2007-2008ခုနှစ် ကရင်စာသင်တန်းဆင်းပွဲကို ဒီလ ၂၂ရက်နေ့ က Galvin park secondary collage တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါသင်တန်းဆင်းပွဲသို့  ကျောင်းသူကျောင်းသားများနှင့် ကျောင်းသားမိဘ ၂၀၀ကျော်တက်ရောက်အားပေးခဲ့တယ်။
ဗစ်တိုရီးယားပြည်နယ်အစိုးရမှ အဆိုပါကောလိပ်တွင် ဘာသာခြားပေါင်း ၄၆ဘာသာကို သင်ခွင့်ပေးရာတွင် ကရင်ဘာသာလည်း တဘာသာ သင်ယူခွင့်ရတာကြောင့် ယခုလို ကရင်စာကို သင်ယူနိုင်ခြင်းဖြစ်ပါတယ်။
အဆိုပါကျောင်းတွင် ကျောင်းသူကျောင်းသားပေါင်း ၁၈၀နှင့် ကျောင်းဆရာ၊ ဆရာမပေါင်း ၈ယောက်ရှိတယ်လို့ လည်း သတင်းရရှိပါတယ်။
ဓါတ်ပုံနဲ့ သတင်းအချက်အလက်အချို့ ကိုတော့ တီးနိုး(သဝေါတာ)ဆီမှ ရရှိပါတယ်။