
ဆစ်ဒနီမြို့ ရောက် ကရင်အမျိုးသားများ. ရိုးရာချည်ဖြူဖွဲ့အခမ်းအနားကို
ဆစ်ဒနီမြို့ ရှိ ဂျပန်နစ်ဂါးဒန်း(Japanese Garden)တွင် သြဂုတ်လ 16ရက်နေ့  (၀ါခေါင်လပြည့်နေ့ )က ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားကို သြစတြေးလျားကရင်ယဉ်ကျေးမှုအဖွဲ့ (AKCO)က ဦးဆောင်ကျင်းပခဲ့ပြီး ကရင်တိုင်းရင်းသားများသာမက မြန်မာပြည်ဖွားအခြားတိုင်းရင်းသားများ၊ သြစတြေးလျားနိုင်ငံသားများလည်း တက်ရောက်အားပေးခဲ့ကြသည်၊ အဆိုပါအခမ်းအနားတွင် တက်ရောက်လာသည့် ကရင်ခေါင်းဆောင်အသီးသီးက သြ၀ါဒမိန့် ခွန်းများ ပြောကြားခဲ့သည်၊ AKCOအဖွဲ့ ခေါင်းဆောင် စောတကောဝါးက နိုင်ငံခြားရောက်ကရင်အမျိုးသားများအနေဖြင့် မိမိတို့ ရိုးရာအစဉ်အလာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်လိုကြောင်း တိုက်တွန်းပြောကြားသည်၊ အခြားကရင်ခေါင်းဆောင်တဦးဖြစ်သည့် AKO ခေါင်းဆောင် စောလွင်ဦးမှလည်း ကရင်အမျိုးသားများ စည်းလုံးရန်လိုကြောင်း၊ စည်းလုံးမှုရှိမှသာလျှင် အင်အားတရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသွားသည်။ ထို့ နောက် တက်ရောက်လာသူများက လက်ချည်ခဲ့ကြပြီး ကရင်သီချင်း၊ ကရင်ဒုံးယိမ်းများဖြင့် ဖျော်ဖြေကာ မုန့် ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်ဟု သိရသည်။