58နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားများကို ကရင်တော်လှန်ရေးနယ်မြေနှင့် နိုင်ငံတကာရောက်ကရင်အမျိုးသားများက ကျင်းပပြုလုပ်ခဲ့ပါတယ်၊ ဆစ်ဒနီရောက်ကရင်အမျိုးသားများကလည်း အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ်မပျက် ကျင်းပခဲ့ပါတယ်၊
ဒီနှစ် အခမ်းအနားကိုတော့ ဆစ်ဒနီမြို့  ရာနိုးရာ(Yennora)အရပ်မှာ ကျင်းပခဲ့ပါတယ်၊
သြစတြေးလျားကရင်အဖွဲ့ က ကျင်းပပြုလုပ်သည့် အခမ်းအနားကို ဆစ်ဒနီရောက်ကရင်အမျိုးသား အများအပြားတက်ရောက်ခဲ့ပြီးတော့ ခေါင်းဆောင်အသီးသီးမှလည်း အသီးသီး မိန့် ခွန်းများ ပြောကြားသွားခဲ့ပါတယ်၊
ကရင်အမျိုးသားများအတွက် တန်းတူရေး။ လွပ်လပ်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခဲ့သည့် နေ့ ကို ကရင့်အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်တယ်၊ ခေါင်းဆောင်ကြီးစောဘဦးကြီးကို
1950ခုနှစ်။ သြဂုတ်လ 12ရက်နေ့ မှာ ကော့ကရိတ်မြို့  ထော့ကိုကိုးရွာတွင် သတ်ဖြတ်ခံရပါတယ်၊