Thursday, March 19, 2009

ကိုးသုံးလုံးဂိတ်အသစ်ထပ်ဖွင့် ဂိတ်ဟောင်းနှင့် တလှည့်စီလုပ်စားနေ

ကရင်သတင်းစဉ်
ဘန်ကောက်မှ ပြန်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများကို ထိုင်းလူဝင်မကြီးကြပ်ရေးက ပြန်ပို့နေသည့် မြန်မာဘက်ကမ်း (၉၉၉)ဂိတ်ကို အသစ်တဂိတ် ထပ်မံဖွင့် ဂိတ်သစ်နှင့် ဂိတ်ဟောင်း တရက်စီ အလှည့်ကျ ဂိတ်ကြေးကောက်ခံလျှက်ရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။
မြ၀တီမြို့မှ ကားဖြင့် တနာရီခရီးသွားရသော အဆိုပါ (၉၉၉)ဂိတ်ဟောင်းကို ဖွင့်လှစ်ထားသည်မှာ ဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး ထိုဂိတ်မှတ ဆင့် ဘန်ကောက်မှ ပြန်ပို့လာသူများကို လက်ခံရွေးယူရာတွင် ဝေစားမျှစား မညီသဖြင့် မူလဂိတ်နှင့် မနီးမဝေးတွင် ဂိတ်အသစ်တခု ထပ်မံဖွင့်လှစ်ကာ အလှည့်ကျစနစ်ဖြင့် လုပ်စားနေကြခြင်းဖြစ်သည်ဟု သိရသည်၊
“သူတို့က အဝေမတည့်ကြဘဲ ပြသနာဖြစ်ကြတယ်လေ၊ အဲဒီတော့ ဂိတ်ဟောင်းနဲ့ မလှမ်းမကမ်းမှာ ဂိတ်အသစ်တခု ထပ်ဖွင့်တယ်၊ ၂လ ပိုင်းမှာ အစည်းအဝေးတခုလုပ်ပြီး ဂိတ်သစ်နဲ့ ဂိတ်ဟောင်းကို တလှည့်စီ လူအပို့ခိုင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကျတယ်လေ၊ အဲဒီနောက်ပိုင်း ဘန်ကောက် ကားပေါ်က ဖမ်းလာတဲ့သူတွေကို တောမောတွေက တရက် တဂိတ်စီ ပြန်သွန်ပို့ပေးနေတယ်လေ၊ ဥပမာ ဒီနေ့ကို ဂိတ်ဟောင်းမှာသွန်ရင် နောက်နေ့ဆို ဂိတ်သစ်မှာသွန်တာပေါ့”ဟု ဂိတ်ဟောင်းနှင့် ဂိတ်သစ်ကို သွားလာနေသူ ဆိုင်ကယ်သမားတဦးက ပြောသည်၊
ထိုင်းလူဝင်မကြီးကြပ်ရေး(တောမော). အဆက်အသွယ်ဖြင့် မြန်မာဘက်ကမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး လူတဦးချင်းစီကို သတ်မှတ်ထား သည့် အခကြးငွေဖြင့် ပြန်လည်ရွေးထုတ်ယူရသည်ဟု ညီမဖြစ်သူကို သွားရောက်ခေါ်ယူခဲ့ရသည့် ကရင်အမျိုးသမီးတဦးက ပြောသည်၊ “အဲဒီဂိတ်တွေ က ထိုင်းတောမောနဲ့ ကြိုညှိထားပြီးသား၊ ဥပမာ ဒီနေ့ကို ဘန်ကောက်ကလူ ဘယ်နှစ်ယောက် ပြန်ပို့လာမယ်ဆိုတာ သူတို့က ဖုန်းနဲ့အဆက်အသွယ် လုပ်ထားတယ်၊ အဲဒီအခါ ကိုးသုံးလုံးဂိတ်ကနေ ကယ်ရီသမားက အဆင်သင့်စောင့်နေလိုက်ရုံပဲ၊ ကိုယ့်ကိုလာရွေးမဲ့ ကယ်ရီမရှိရင် မပြန်ရဘူးလေ”ဟု သူမက ပြောသည်၊
ထိုဂိတ်တွင် တိုးတက်သောကရင်ဗုဒဘာသာတပ်ဖွဲ့(ဒီကေဘီအေ)။ မြန်မာစစ်တပ်နှင့် ကယ်ရီသမားများက ဝေစားမျှစားလုပ်နေကြပြီး လူတ ဦးလျှင် ထိုင်းဘတ်ငွေ ၁˜၃၀၀ပေးဆောင်ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူတဦးက ပြန်လည်ပြောပြသည်၊
“ကျမတို့ တယောက်ကို ဘတ် ၁၃၀၀ ကယ်ရီသမားကိုပေးရတယ်၊ ဒါ အပြီးပဲ၊ ကျန်တာ သူတို့ဖာသာသူတို့ ပြန်ဝေယူကြတယ်၊ ကျမတို့ အတွက်တော့ ဂိတ်ကပြန်ထွက်လာနိုင်ဖို့ပဲ၊ အရေးထဲမှာ အဲဒီဂိတ်တွေက ဒီကေဘီအေတွေကလည်း ရန်ပုံငွေအတွက်ဆိုပြီး ပြန်လာတဲ့သူတွေကို စာအုပ် တွေ ရောင်းတယ်၊ တအုပ်ကို ဘတ် ၂၀၀နဲ့ မ၀ယ်မနေရတဲ့၊ ကျမက ကျောင်းမနေရတော့ ဘာစာမှလည်းမဖတ်တတ်ဘူး၊ ဒါပေမဲ့ ၀ယ်ရတာပဲလေ၊ ပြီး တော့ သူများကို ပေးလိုက်တာပေါ့”ဟု ဘန်ကောက်မှ ပြန်လာသူ အကြိင်က ပြောသည်၊

ဘန်ကောက်ကားပေါ်တွင် ဖမ်းမိသည့် တရားမ၀င် မြန်မာပြည်သားများကို ပြန်လည်ပို့ဆောင်ရာ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန် ပေးထားသူတဦးက မြန်မာဘက်ကမ်းရှိ ကယ်ရီသမား(လူကုန်ကူးသူ)များထံ ဖုန်းဖြင့်ဆက်သွယှ်ု ရောက်ရှိလာမည့် လူဦးရေစာရင်းနှင့် နေရာအတိအ ကျကို ကြိတင်သတင်းပို့ပြီး လုပ်ဆောင်လျှက်ရှိကြောင်းလည်း မြ၀တီဒေသခံ အတော်များများက ပြောဆိုနေကြသည်၊
မြ၀တီမြို့မှ ဆိုင်ကယ်ကုန်သည်တဦးက “ထိုင်းတောမောဘက်က သူတို့လူရှိတယ်၊ အဲလိုဘန်ကောက်ကားပေါ်က ဖမ်းလာတဲ့သူတွေကို ပြန် ရွေးတဲ့နေရာမှာ တယောက်ကို ဘတ် ၆၀၀ တောမောကို ပေးရတယ်လေ၊ တနေ့တနေ့ကို အယောက်ရာနဲ့ချီတော့ တောမောတွေ ဘယ်လောက်ရသ လဲ စဉ်းစားကြည့်ပေါ့၊ အစကဆို ဖမ်းမိလာတဲ့သူတွေကို တံတားထိပ်က တောမေားမှာစုထားပြီး မြန်မာဘက်ကို ပြန်ပို့တာပဲ၊ အဲဒါက တရားဝင်နည်း နဲ့ပို့တာပေါ့၊ ဒါပေမဲ့ ငွေမရဘူးလေ၊ အခုဂိတ်ကနေပို့တော့ ဟိုဘက်ဒီဘက် နှစ်ဖက်ရိုက်ပြီး လုပ်စားနေကြတာပေါ့၊ ကြားထဲက အသားလွတ်ကြီး ပေးနေ ရတာက ပြန်ပို့ခံရတဲ့လူတွေပဲလေ”ဟု ဆိုသည်၊
၎င်းဂိတ်များတွင် ထိုင်းဘက်ကမ်းမှ တနေ့လျှင် အနည်းဆုံး လူအယောက် ၄၀၀ခန့် ပြန်ပို့လာသည့်အပြင် ထိုသူများကို မွန်။ ကရင်။ ပအိုဝ့်။ ဗမာ စသည်ဖြင့် လူမျိုးအလိုက် သီးသန့်ခွဲထုတ်ပြီး သက်ဆိုင်ရာ ကယ်ရီသမားများက တဦးချင်းစီကို မေးမြန်းကာ တာဝန်ခံရွေးယူသည့်စနစ်ဖြင့် လုပ် ဆောင်လျှရှိသည်ဟုလည်း ကုန်သည်တဦးက ပြန်လည်ပြောပြခဲ့သည်၊
Wednesday, March 18, 2009

ပထမဆုံးကရင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း သြစတြေးလျားနိုင်ငံတွင် ဖွင့်လှစ်

သြစတြေးလျားနိုင်ငံရောက် ဗုဒ္ဓဘာသာကရင်အမျိုးသားများ၏ ပထမဦးဆုံး ဗုဒ္ဓဘာသာကရင်ကျောင်းကို မတ်လ ၁၄ရက်နေ့(စနေနေ့)က ဗီတိုးရီးယား ပြည်နယ်၊ မဲဘုန်းမြို့တွင် စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။

မဲဘုန်းမြို့ရောက် ကရင်ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာကရင်အမျိုးသားများက ဦးစီးတည်ထောင်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယခင်က သီးသန့်ဘုန်းတော်ကြီးကျောင်းများ မရှိသည့်အတွက် ကရင်ဘုန်းတော် ကြီးများသည် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ရပြီး ယခုကဲ့သို့ ဘုန်းတော်ကြီး ကျောင်း ဖွင့်လှစ်လာနိုင်သည့်အပေါ် အဆိုပါဘုန်းတော်ကြီးများအတွက် အဆင် ပြေလာစေမည်ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင်ကရင်အမျိုးသားအတွက်လည်း အလှူအတန်း၊ သာရေး နာရေးကိစ္စများကို အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်နိုင်တော့မည်ဖြစ် သည်။

သတင်း-အဲခေါင်သောင့်
Monday, March 16, 2009

ကရင်သွေး ဒီဗီဒီခွေ ထွက်ပြီး

ကရင်လူမျိုးများ မိမိကိုယ်ကို ကရင်မှန်းသိ ရှိကာ ကရင်အမျိုးသားများအတွင်း စည်းလုံး ညီညွတ်သည့် စိတ်ဓါတ်ဖြင့် သွေးသွေးချင်း စကားပြောတတ်ကြရန်၊ လွတ်လပ်ရေး အတွက် မှန်ကန်သော မျိုးချစ်စိတ်ဓါတ်ဖြင့် အတူတိုက်ပွဲဝင် သွားကြရန်နှင့် တော်လှန် ရေးပိုမိုကျစ်လျစ် ခိုင်မာလာစေရန် ရည်ရွယ် ရိုက်ကူးထားသည့် ကရင့်သွေး ဒီဗီဒီဇတ် လမ်း ထွက်ရှိနေပြီ ဖြစ်သည်။

ဤဇတ်လမ်းခွေကို ကရင်အမျိုးသားသွေး စည်းညီညွတ်ရေး ကော်မတီမှ စီစဉ်ထုတ် ဝေပြီး တခွေ ထိုင်းဘတ်ငွေ ၁၂၀နှင့် ၂၀၀ ဈေးနှုန်းဖြင့် ရောင်းချသွားမည် ဖြစ်သည်။ ကရင်လူငယ်မောင်နှမများ အနေဖြင့် မပြီးဆုံးသေးသည့် မိမိတို့၏ အမျိုးသား တော်လှန်ရေး တာဝန်များကို ဆက်လက် ပုခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်ရန် စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးရခြင်း ဖြစ်သည့်အတွက် ၀ယ်ယူအားပေးကြည့်ရှု ပါရန် တိုက်တွန်းအပ်ပါသည်။

ဝယ်ယူအားပေးလိုပါက
နော်လယ်လားခူထူး(+66 862078993)
စောဖိုးအဲ့(+66 862027738နှင့်
Po Box 22, Maesot,63110, Tak, Thailandမှတဆင့်လည်း ဆက်သွယ်ဝယ်ယူနိုင်ပါ ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဖေဖော်ဝါရီလထုတ် ကရင်သတင်းစဉ်(KIC)၏ ကြော်ညာအစီအစဉ်မှ ကူးယူဖော်ပြသည်။
အဲခေါင်သောင့်
Friday, March 13, 2009

ရင်တွင်းဖြစ် စကားလုံးများ

ယခုဆယ်နှစ်အတွင်း အကွဲကွဲအပြဲပြဲဖြစ်နေတဲ့ ကရင်အမျိုးသားအားလုံးအတွက် သတိပြန်လည်
သက်ဝင်ကြစေရန် ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ အကြောင်းအထူးအထွေတော့ မရှိဘူး။
အဲ...ဒီအထူးအထွေမဟုတ်တာကို အရေးကြီးနေတယ်။ မတီးမမြည် မပြောမဖြစ် ဆိုလို အမျိုးသားရေးတစ်ရပ်အနေနဲ့ ကရင်အမျိုးသားတစ်ရပ်လုံးပြန်လည်သင့်မြတ်ကြစေရန်
မေတ္တာကြီးမားစွာဖြင့်အသိပေးခြင်းလည်း ဖြစ်ပါတယ်။

တိုင်းပြည်တစ်ပြည်မှာ ပြည်သူတွေ အကျင့်စာရိတ္တမြင့်မားစေဖို့ အခြေခံစာပေ ပညာရေးနှင့်အခြေခံယဉ်ကျေးမှုတွေကို ဦးစာပေးရတယ်။ စီးပွားရေးကိုလည်း ရှေ့တန်းတင်ရတယ်။ နိုင်ငံရေးကိုလည်း သိထားသင့်တယ်။

ထိုနည်းတူ ကရင်လူမျိုးများမှာလည်း အဖွဲ့အစည်းအသီးသီးပေါ်ပေါက်လာတာကို တွေ့နေရပါတယ်။ မြောက်များစွာသော အဖွဲ့အစည်းတွေ ပေါ်ပေါက်လာကတော့ ကောင်းပါသည်။ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းများတွင် တာဝန်ရှိသူအားလုံးဟာ သူတစ်လူ ငါတစ်မင်းလုပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်သွားမှာ သေချာသည်။သို့သော်အဲဒီအဖွဲ့
အစည်းများကကော-ဘာတွေ အဓိကထားဆောင်ရွက်နေပါသလဲ။ ဒီမေးခွန်းရဲ့အဖြေကိုတော့ တာဝန်ရှိသူအားလုံး
ငါ -ဘာအဓိကထားလုပ်ဆောင်နေသလဲဆိုတာကိုသိရှိလောက်မယ်ထင်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ့်ကိုယ်တိုင်တောင် မသိဘူးဆိုရင်= မေထုန်မှီ အိပ်စားလို့ ယောက်ျားနဲ့ နွားမှာ သိပညာ တစ်ခုပိုသာ = ဆိုတဲ့ လယ်တီဆရာတော်ရဲ့ဆုံးမစကားနဲ့ အသိပေးလိုက်ပါတယ်။

တကယ်တော့ ကရင်အဖွဲ့အစည်းအသီးသီးဟာ အဓိကထားလုပ်ဆောင်ရမှာက ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ လူအခြေခံအုတ်မြစ်တွေကို အားပတကုတ်ကြိုးစားဆောင်ရွက်သင့်ပါတယ်။ ဒါကိုလည်း မိမိတို့မှာ မတူညီတဲ့ (theory) သဘောတရားတွေ၊ မတူညီတဲ့ (view) အမြင်များကို ဘေးချိတ်ကာ၊ ဘာသာရေးအစွန်းရောက်မှုများကို မရောသင့်ပါ။ ဘာသာရေးအသီးသီးမှာလည်း သင့်မြတ်တဲ့ society, community လူဘောင်လူ့လောက၊ လူမှုအကျိုးများဖို့ သွန်းသင်
ဆုံးမကြတာပဲရှိတယ်။ ဒီအချက်ကို အခုကျွန်တော့တို့ ကရင်လူထုတစ်ရပ်လုံး သတိထားရမယ့်အချက်တစ်ချက် ဖြစ်ပါတယ်။ ရန်သူများဟာ မိမိတို့ရဲ့အားနည်းချက်များကို ရှာဖွေပြီး မိမိတို့အားနည်းအောင်၊ ပြိုကွဲအောင် လုပ်ဆောင်နေတယ်ဆိုတာ ကရင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအားလုံး နားလည်ကြစေချင်ပါတယ်။ ဒါကို ငါက Buddhism ပဲ။ ငါကChristianity ပဲဆိုပြီး အယူသည်းစွာ ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် ရန်သူရဲ့သားကောင်အဖြစ်
ဖြစ်မှန်းမသိ ဖြစ်ရမှာ သေချာတယ်။ အဓိကကတော့ humman right အခွင့်အရေးကို ချိန်ခွင်လွှာ
ညီမျှစွာ နားလည်ပြီး ဝေငှတတ်ဖို့ပါပဲ။ ဥပမာ ကျွန်တော်တို့ KNU အစိတ်စိတ်အမွှာမွှာပြိုကွဲရတာဟာ
နအဖရဲ့သွေးထိုးလုပ်ဆောင်မှုဖြစ်သလို Buddhismနှင့် Christianity အားပြိုင်မှုရဲ့ ဆိုးကျိုးတစ်ခု
ဖြစ်တယ်။ ပြီးတော့ humman right အခွင့်အရေးကို ချိန်ခွင်လွှာညီမျှစွာ အသုံးမချတတ်တဲ့အ
တွက်ကြောင့်လဲဖြစ်တယ်။

ဒါတွေကို တာဝန်ခေါင်းဆောင်များ အနေနဲ့ ကိုယ်နောက်လိုက်ငယ်သားများကို ဘာသာရေးများအစွန်းမရောက်သင့်ပုံကို techniquel နည်းနိသျှည်းကျကျ ညွန်ပြစေချင်ပါတယ်။ ဘာသာရေးအစွန်းသမားမျာကြောင့် အရှေ့အလယ်ပိုင်း
နိုင်ငံရှိ ပြည်သူများ နေ့စဉ်ဆိုသလို သေရှုံးရပုံများကိုInternational News Website မှတဆင့် အမြဲတန်းကြား
သိနေရပါတယ်။

ဒီအချက်ကို စာရေးသူအနေနဲ့ ဆွေးနွေးရခြင်းသည် ကရင်အဖွဲ့အစည်းများ အစိတ်စိတ်အမွှာမွှာဖြစ်ရခြင်းသည်လည်း Religion ဘာသာရေးအစွဲတွေကြောင့်လို့ အများက ယူဆနေကြခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ထိုအယူအဆများ
မှန်ခဲ့မယ်ဆိုရင် ပြင်သင့်တာတွေ အချိန်မှီပြင်နိုင်ဖို့=ပျက်အစဉ် ပြင်ခဏ=ဆိုတဲ့ အတိုင်း အဲဒီ main အချက်ကို ဖာထေးလိုက်ရင် ယိုပေါက်ကသက်သာမှာ သေချာတယ်။ ကျွန်တော်အနေနဲ့ ကိုယ်အယူသည်းမှုတစ်ခုကြောင့် လူမျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး မရောက်စေချင်ပါ။ ဒါကိုလည်း အမှား/အမှန်ကို လွပ်လပ်စွာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပါတယ်။

အခုချိန် ကရင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသော အခြေအနေများသည်generationမျိုးဆက်သစ်
များအတွက် အထူးစိုးရိမ်စရာကောင်းပါတယ်။ နိုင်ငံတော်အစိုးက နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်
ပေးနေတယ်လို့ မည်သို့ပင်အော်ဟစ်နေစေကာမူ ရုပ်ပိုင်းဆိုင်ရာတိုးတက် အနည်းငယ်မျှ ရှိနေတာကလွဲရင် အခြား section အပိုင်းမှာတော့ ဘာကိုဘာမှ တိုးတက်လာမှုမရှိဘူးဆိုတာ ကျွန်တော်ကရင်ပြည်နယ်သား တစ်ယောက်အနေနဲ့ ရဲရဲပြောနိုင်တယ်။ အထူးအားဖြင့်education section ပေါ့ဗျာ။ မြို့တွင် နေထိုင်တဲ့ လူငယ်အနည်းစုသာ ပညာသင်ကြားကြပြီး countrysite ကျေးလက်တောရွာပိုင်းရှိ လူငယ်အများစုဟာ မူလတန်းပြီးရင် ဆက်လက်ပညာမသင်ကြားနိုင်တော့ပါဘူး။ ကရင်အများစုက ကယ်တင်ရှင်နိုင်ငံလို့ ယူဆတဲ့ ထိုင်းနိုင်ငံသို့သာ ဆက်လက်ထွက်ခွါကြရတယ်။ ကရင်ပြည်နယ်ရှိ အိမ်တိုင်းမှာ တစ်ဦးစီအနည်းဆုံး ထိုင်းနိုင်ငံသို့ စား၊ ၀တ် နေရေး အဆင်
ပြေစေဖို့ သွားရောက်လုပ်ကိုင်ရပါတယ်။ တနည်းအားဖြင့် ပြောရရင် ကရင်လူငယ်များ ပျက်စီးဖို့အစပျိုးပေးသလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ဇိမ်ခံခံစရာနေရာအများဆုံးနှင့် ကူးစက်ရောဂါအများဆုံး ဖြစ်ပွားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် အိမ်နီးချင်းထိုင်းနိုင်ငံသာ မရှိဘူးဆိုရင် ကရင်ပြည်နယ်သာများကြမ္မဟာလည်း ထိုထက်ပင်မတွေးဝံ့စရာပင်။ ၀င်ငွေမရှိတာသာမက အဖွဲ့အစည်းအသီးအသီးမှ ပေါ်တြာေ ကး၊ ဆက်ကြေးတွေဟာလည်း ခေါင်ခိုက်အောင်ပေးဆောင်
နေရသည်။ ကျွန်တော်ပြောတာကိုသံသယရှိနေသူများသည်လည်း ကရင်ပြည်နယ် တောလက်ကျေးရွာများသို့ ကွင်းဆင်းလေ့လာနိုင်ပါသည်။

ဒါကြောင့် ဒီအခက်အခဲကြားထဲမှာ ကရင်ပြည်သူတစ်ရပ်လုံး ဘယ်လိုရုံးထွက်ကြမလဲ။ ကရင်အဖွဲ့အစည်းအားလုံးကို မေတ္တာရှေ့ထားပြီး ပြောပါရစေ....argent performance အဖွဲ့အစည်းအသီးသီး အဓိကဆောင်ရွက်သင့်တာက education section ပညာရေးအပိုင်းဖြစ်ပါတယ်။ ထိုနောက်မှစီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ လူအခြေခံအုတ်မြစ် ဆောင်ရွက်သင့်ပါတယ်။ နောက်ပြီး တစ်ခုစဉ်းစားသင့်တာက မိမိတို့ အဖွဲ့အစည်းတွေဟာ မိမိတို့မိသားစုအရေးလား၊ တစ်မျိုးသားလုံးကိုယ်စားပြုတဲ့အဖွဲ့အစည်းလား။ ဒါတွေကို ထည့်သွင်းစဉ်းစားကြစေချင်ပါတယ်။ မိမိအနေနဲ့ တိုက်ပေါ်မှာနေ၊ကားအကောင်းစားတွေစီးပြီး ကျန်တဲ့သူတွေ ငတ်ပြတ်နေတာ သိလျှက်နဲ့ မသိဟန်ဆောင်နေတာလား။
မိမိတို့ဟာ =ခေါ်ရင်လာတယ်၊ ခိုင်းရင်လုပ်တယ်၊ ခံမပြောဘူး= ဒီလိုဘဲ အစေခံဘ၀နဲ့ စခန်းသွားတော့မှာလား။ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလား။ သူများခိုင်းသမျှ လုပ်မယ်ဆိုရင်ကမ္ဘာမှာ မိမိတို့လောက် မိုက်တဲ့သူ မရှိတော့ဘူးထင်တယ်။

ခေတ်အဆက်ဆက်မှာ ကရင်ဟာရိုးသားတယ်၊ စည်းလုံးတယ်၊ မဟုတ်ရင်မခံ အစဉ်အလာရှိခဲ့တယ်။အခုမိမိတို့ခေတ် ရောက်တော့မှ =ရိုးသားမှုကို ရိုးအမှုတွေဖြစ်၊ စည်းလုံးမှုကို ပြိုကွဲမှုတွေဖြစ်၊ မဟုတ်မခံကို မဟုတ်ရင်လည်း ခံနေရတဲ့အဖြစ်သို့ ဆိုက်ရောက်နေတယ်။ သမိုင်းမှာ အမဲ (မည်း) စက်တွေကျန်နေခဲ့ပြီ။ အဲဒီအမဲစက်ကို ဖျက်ပစ်ဖို့ မိမိတို့တာဝန် အပြည့်ရှိတယ်ဆိုတာ သိကြရဲ့လား။ မိမိတို့အချင်းချင်းကြောင့် (၁၀)နှစ်ကျော်ကာလ သေသွားတဲ့သူတွေလည်း မနည်းတော့ဘူး။ နောင်တတရားတွေရသင့်ကြပြီ။ နောင်တမရဘဲ ဆက်ပြီး မိမိတို့အချင်းချင်းတစ်ဦးနဲ့တစ်ဦးတိုက်နေကြမယ်ဆိုရင် ကရင်ပြည်သူတွေအတွက် လွတ်လပ်ရေးကို မပြောနဲ့ ရှိရင်းစွဲလူမျိုးကိုပါ ပျောက်သွားမယ်။

အဲသလို မိမိတို့အချင်းချင်း ဆက်တိုက်မယ့်အစား သင့်မြတ်တဲ့နည်းလမ်းကို ရှာကြံပြီး ပြန်လည်တွေ့ဆုံဆွေးနွေးကြရင် မကောင်းဘူးလား။ လျှော့သင့်တာတွေလျှော့၊ တင်းသင့်တာတွေကိုတင်း၊ နားလည်မှုတွေ ရယူကြ၊နားလည်းခွင့်လွတ်ခြင်းနဲ့ ငြိမ်းချမ်းရေးပန်းတိုင် လျှောက်လှမ်းစေချင်တယ်။အခုတော့ကရင်ပြည်သူလွတ်လပ်ရေးအတွက်ဆိုသေး...ကိုယ့်အချင်းချင်း
ပြန်တိုက်နေရတယ်ဆိုတော့ စဉ်းလည်းစဉ်းစားကြပါအုံး တာဝန်ရှိသူတို့ရေ....။ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ငြိမ်းချမ်းရေးကောင်စီမှ KNU မိခင်တပ်ရင်းသို့ပြန်လည်ရောက်ရှိလာသော ဒု-ဗိုလ်မှူးစောဂေထူးရဲ့ ရင်ဖွင့်သံများကိုလည်း ကရင်ပြည်းသူများ
ကြားသိနိုင်ကြပါစေ။

ဒီခေတ်ဒီအချိန်မှာ ကရင်လူမျိုးတွေ အောက်ကျနောက်ကျတဲ့အဆင့် ရောက်မှန်းမသိ ရောက်နေရတယ်ဆိုတာ တာဝန်ရှိသူများ သတိထားမိရဲ့လား။ နောက်ပြီး refugee လို့ လူသိများတဲ့ ဒုက္ခသည်စခန်းမှနေပြီး တတိယနိုင်ငံများသို့ ရောက်ရရုံလောက်နဲ့ ကိုယ့်ကရင်များ ဟုတ်လှပြီးလို့ လက်မမထောင်လိုက်ပါနဲ့။ ရေသောက်မြစ်က မခိုင်မာဘူးဆိုရင် အကိုင်းအခက်များ ဘယ်တော့မှ ရှည်ကြာတည်တံ့မှာမဟုတ်ဘူး။ ရှိနှင့်ပြီးသား မိခင်ရင်း ကရင်ပြည်သူများအတွက် မြန်မာနိုင်ငံမှာသာမက အခြားနေရာများနှင့် တပြေးညီ လိုက်နိုင်အောင် ဘယ်လိုကြိုးစားရင် ကောင်းမလဲ နည်းလမ်းများရှာကြံသင့်ပြီ။

ဒါမှမဟုတ် ကိုယ့်ကို ဗိုလ်ကြီး၊ ဗိုလ်မှူးဆိုပြီး ကားလေးတ၀ီဝီနဲ့ မူးယစ်သောက်စား၊ လောင်းကစားနဲ့သာအချိန်ကုန်နေမယ်ဆိုရင်
= ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နဲ့ပြင်ရှိသေးလေလိမ့်လား

ဘယ်မှာလဲ ကရင့်သိက္ခာ၊ ကိုယ့်လူမျိုးမျက်နှာကိုမှ မထောက်၊ ရိုင်းကားဖို့ပဲ သိတယ်။ အဲဒါလား မျိုးချစ်စိတ်ဓာတ်။
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ အများကောင်းစားရေးအတွက် ဆောင်ရွက်သော အမွန်မြတ်ဆုံး အကြောင်းတရားတွေဖြစ်ပါတယ်။


အခုတစ်ချို့အဖွဲ့အစည်းများ လုပ်နေတာ အများကောင်းစားဖို့ မပြောနဲ့ မိမိလူမျိုးမကောင်းစားသည့်အပြင် အချင်းချင်းလက်
ချက်နဲ့ အသက်စတေးရတာ မနည်းလှတော့ပါ။ ဒါဟာ အမျိုးသားရေးအတွက်ပေးဆပ်တယ်လို့ ပြောလို့ရမလာား။ ကိုယ့်ကိုယ် အမျိုးသားရေးပေးဆပ်မှုပါလို့ ခံယူပေမယ့် ကရင်အမျိုးသာထုကတော့ ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ မိုက်မဲတဲ့လုပ်ရပ်၊ ပညာမရှိသူတွေရဲ့လုပ်ရပ်များသာ သတ်မှတ်ကြပါလိမ့်မယ်။

နောက်ဆုံးအနေဖြင့် ကျွန်တော်ရဲ့ဆောင်းပါးကို ဖတ်ရှုလိုက်ရတဲ့ ကရင်ပြည်သူအားလုံး မိမိရဲ့မှားယွင်းသောလုပ်ဆောင်ချက်
တွေကို လိမ္မာပါးနပ်သောအသိညာဏ်ဖြင့် replace အစားထိုးနိုင်ပါစေ။ သူတစ်ပါးရဲ့ လှည့်ဖြားမှုများကိုလည်း မိမိ knowledge ပင်ကိုယ်ညာဏ်ဖြင့် ဆင်ခြင်နိုင်ကြပါစေ။ ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ-ဆိုတဲ့အတိုင်း ဆက်ပြီး
မမိုက်ကြဖို့ မေတ္တာရှေ့ထားကာ ကရင်လူထုတစ်ရပ်လုံးကိုယ်စား ပြောပါရစေ။

သို့မဟုတ်ရင် ကိုယ့်အချင်းချင်းကြောင့် ကရင်လူမျိုးတွေဟာ ကမ္ဘာမြေပြင်မှ ဒိုင်နိုစောလို စောစီးစွာ မျိုးတုံးပြီးပြတိုက်ထဲ
မှာသာ လူတကာကြားဖူးတဲ့ ဘ၀မျိုး ရောက်ရှိသွားပါလိမ့်မယ်။ ကရင်လူမျိုးများဒိုင်နိုစောလို စောစီးစွာ မျိုးမတုံးရလေ
အောင်.....ဤဆောင်းပါးဖြင့် အသိပေးရင်း......

ကရင်စည်းလုံးညီညွတ်မှုကို လိုလားတဲ့

စောလင်းနက်စ်
Wednesday, March 11, 2009

ဗိုလ်ချုပ်မြသားငယ် ဗိုလ်ထိန်မောင်နှင့် ပူးပေါင်း

ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ကေအဲန်ယူခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားငယ် မောင်တေးလေး(ခေါ်) ဗိုလ်ကြီး စောနေစိုးမြသည် ထော့ကိုကိုးအခြေချ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်ထိန်မောင်အဖွဲ့နှင့် သွားရောက် ပူးပေါင်းသွားသည်ဟု သိရှိရသည်။

ထိုသို့ သွားရောက်ပူးပေါင်းသွားသည့်အပေါ် ကေအဲန်ယူအသိုင်းအ၀ိုင်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။ ၄င်းသည် ဗိုလ်ချုပ်ထိန်မောင်၏ တူအရင်းတော်စပ်သူတဦးဖြစ်သည်။
ဗိုလ်ကြီးစောနေစိုးမြသည် ဒီဇင်ဘာလ ၁၂ရက်နေ့က ကေအဲန်ယူဗဟို ခွင့်ပြုချက် တစုံတရာမရပဲ နေပြည်တော်သို့သွားရောက်ကာ နအဖနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့ တရားမ၀င်တွေ့ဆုံခဲ့သည့်အတွက် ကေအဲန်ယူက ၄င်းအား ထုတ်ပယ်ခဲ့ရ သည့်သူတဦးလည်း ဖြစ်သည်။

တော်လှန်ရေးကို သက်ဆုံးတိုင်ဦးစီးဆောင်ရွက်ခဲ့သည့် ဗိုလ်ချုပ်ကြီးစောဘိုမြ မျိုးရိုးတွင် ပထမဦးဆုံး ရန်သူ့ထံ ဒူးထောက်အညံ့ခံ သွားခဲ့သူတဦးဖြစ်ပြီး ဖခင် လက်နှင့်ရေးသည့် တော်လှန်ရေးသမိုင်းကို ခြေနှင့်ဖျက်သည့် သားဆိုး တဦးအဖြစ် ကရင့်သမိုင်း မျက်နှာစာတွင် မှတ်တမ်းတင်ရမည် ဖြစ်သည်။

ကျော်အဲခေါင်သောင့်
Sunday, March 8, 2009

မြန်မာစစ်တပ်ရဲ့ နှိမ့်စက်မှုကြောင့် တောထဲတွင် ပြေးလွား ပုန်းအောင်းနေရသည့် ကရင်ဒုက္ခသည်တချို့ပုံရိပ်

မြန်မာစစ်တပ်ရဲ့ လူစိတ်ကင်းမဲ့တဲ့လုပ်ရပ်ကြောင့် အိမ်လည်း ပြာကျ၊ ရွာလည်းပြာ ကျ၊ စပါးကျီလည်း ပြာကျအပြီး အခုလိုပြေးလွားပုန်းအောင်နေရတဲ့ အဖွားအိုတဦးပုံ။
အခြားပုံများကို ကြည့်ရင် ဆက်ဖတ်ရန်ကို နှိမ့်ပါ။

မွေးကင်းစ ကလေးငယ်တဦးနဲ့ သူ့မိခင်ဟာလည်း မြန်မာစစ်တပ်ရဲ့ရန်ကို အခုလို ပုန်းအောင်းရှောင်ရှားနေရတဲ့ပုံ။

လူစိတ်ကင်းမဲ့စွာပဲ အိမ်တွေကို မီးတင်းရှို့ထားတဲ့ပုံ။

ထမင်းတမျိုးထဲကိုတောင်မှ နပ်မှန်အောင် စားရတာ မဟုတ်ပါဘူး။

ပုလိုင်းထဲမှာနေ ပုလိုင်းထဲမှာအိပ် ပုလိုင်းထဲမှာပဲ စားနေရတဲ့ အပြစ်မဲ့ ရင်သွေးငယ်လေးတဦးပုံ။

မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်ပုံ။

ဦးတည်ရာမဲ့ အခုလို ပြေးလွားပုန်းအောင်နေရပုံ။

ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း

ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ကရင်သက္ကရာဇ်ရေတွက်ခြင်းဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။
စရှောင်ဖန်း(အင်းစိန်)
၂၀၀၆-ထုတ် ပိုးကရင်မဂ္ဂဇင်းမှ
Wednesday, March 4, 2009

ကေအင်ယူကို ထိုင်းနယ်မြေထဲမှ ထွက်ခွာသွားရန် ဖိအားပေးဟု ဆို

သူတို့၏ ပိုင်နက်နယ်မြေထဲတွင် အခြေမချရန် ထိုင်းနိုင်ငံက သတိပေးပြီးနောက် ကရင်အမျိုးသား အစည်းအရုံး - ကေအန်ယူ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနေပြီဟု အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

နယ်စပ်မြို့ မဲဆောက်ရှိ ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ နယ်မြေတွင် မနေဘဲ ထွက်ခွာသွားရန် အေအန်ယူ ခေါင်းဆောင်များကို မကြာမီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ထိုင်းအာဏာပိုင်တွေက အသိပေး အကြောင်းကြားတာကို လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က အလွတ်သဘော ပြောခဲ့တာ။ ထိုင်းစစ်တပ်က ကေအင်ယူကို သူတို့ ပိုင်နက်နေမြေက ထွက်ခွာသွားဖို့ပြောလို့ အခု ကေအင်ယူ အဖွဲ့ဝင်တွေ ထွက်သွားကြပြီ” ဟု သတင်းရပ်ကွက်က ပြောသည်။

သို့သော် ခေါင်းဆောင် အနည်းငယ်သည် ယခုတိုင် မဲဆောက်မြို့တွင်း၌ ရှိနေဆဲ ဖြစ်သော်လည်း ခပ်လျှိုလျှိုပင် နေကြသည်ဟု သူက ပြောသည်။

“အခုတော့ ကေအန်ယူ ခေါင်းဆောင်တွေ အရင်တုန်းကလို လွတ်လွတ်လပ်လပ် သွားလို့ မရတော့ဘူး။ သူတို့ အရင်ထက် ပိုဂရုစိုက်ရတော့မယ်” ဟု သူက ဆက်ပြောသည်။

မည်သို့ပင်ဖြစ်စေ ကေအန်ယူကမူ တရားဝင် ထင်မြင်ချက် ပြောကြားရန် ငြင်းဆန်သည်။

ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မြန်မာအစိုးရကို သက်တမ်းအရှည်ဆုံး ဆန့်ကျင် တိုက်ခိုက်နေသည့် သူပုန်အဖွဲ့တခုဖြစ်ပြီး အစောပိုင်းက မြန်မာနိုင်ငံ ကရင်ပြည်နယ် အတွင်းတွင် အင်အားတောင့်တင်းသော အခြေခံစခန်းများ ရှိခဲ့သည်။

သို့သော် ယင်းတို့၏ အခိုင်အမာ စခန်းဖြစ်သော မာနယ်ပလောကို မြန်မာစစ်တပ်နှင့် ကေအန်ယူခွဲထွက် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - ဒီကေဘီအေ ပူးတွဲတပ်ဖွဲ့များက ၁၉၉၅ ခုနှစ်တွင် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် အကြီးအကျယ် အထိနာခဲ့သည်။

ထိုအချိန်ကတည်းက စတင်၍ ကွယ်လွန်သူ ကေအန်ယူ အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလဖန်း အပါအဝင် ကရင်ခေါင်းဆောင် အများအပြားသည် ထိုင်းနယ်ငံ နယ်စပ်မြို့ မဲဆောက်မြို့တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့ကြသည်။ ကေအန်ယူ ခေါင်းဆောင်များ ထိုသို့ရှိနေခြင်းကို ထိုင်းနိုင်ငံ အာဏာပိုင်များက ကောင်းစွာသိသော်လည်း ယင်းတို့ကို ထွက်ခွာသွားရန် တရားဝင် အတင်းအကျပ် ဖိအားပေး မောင်းထုတ်ခြင်း မရှိခဲ့ပါ။

မြန်မာစစ်အစိုးရကမူ ရံဖန်ရံခါ ယင်းတို့၏ အာဘော်ထုတ် မြန်မာ့အလင်း သတင်းစာမှနေ၍ သူတို့က ‘အဖျက်သမား’ ဟု ခေါ်သော ကေအန်ယူသူပုန်များကို ထိုင်းနိုင်ငံက လက်ခံခိုလှုံခွင့် ပေးထားကြောင်း စွပ်စွဲ ရေးသားခဲ့သည်။

လတ်တလော ဖိအားပေးမှုများသည် ထိုင်းနိုင်ငံ၏ မူဝါဒ ဟုတ်ပုံ မရသော်လည်း ထိုင်းနိုင်ငံသည် ပြင်ပဖိအားကြောင့် ဤသို့ လုပ်နေရခြင်း ဖြစ်နိုင်ကြောင်း သတင်းရပ်ကွက်က ပြောသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော သူတို့ပိုင်နက် နယ်မြေပေါ်တွင် ကေအန်ယူ အပါအဝင် အခြားတိုင်းရင်းသား သူပုန် အဖွဲ့များကို တရားမဝင် လက်ခံ ခိုလှုံခွင့် ပေးထားခဲ့သည်။

“ကေအန်ယူကို သူတို့နယ်မြေထဲက ထွက်သွားဖို့ ဖိအားပေးတာ ထိုင်းနိုင်ငံရဲ့ တရားဝင်ဖိအား မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီဖိအားက အပြင်ကလာတာ ဖြစ်နိုင်တယ်” ဟု သတင်းရပ်ကွက်က ဆိုသည်။

သို့သော် ကေအန်ယူနှင့် ယင်း၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ကေအန်အယ်အေ အဖွဲ့ဝင်များကို ထိုသို့ ထိုင်းနိုင်ငံပြင်ပသို့ ထွက်ခွာသွားရန် ဖိအားပေးခြင်းသည် ဤအကြိမ်သည် ပထမအကြိမ် မဟုတ်ကြောင်း သူက ပြောသည်။

“ဒါ ပထမအကြိမ် မဟုတ်ပါဘူး။ နောက်တော့လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပါပဲ” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၏ မူဝါဒရေးရာကို အစဉ်တစိုက် လေ့လာအကဲခတ်နေသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၏ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြားရေးကော်မတီ တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ ကေအန်ယူကို ပေးနေသော ဖိအားများနှင့် ပတ်သက်၍ သေချာပေါက် မပြောနိုင်သော်လည်း ဖြစ်နိုင်ခြေများကိုမူ မဟုတ်ဟု ပြော၍ မရကြောင်း ဆိုသည်။

“ကေအန်ယူကို ထိုင်းနိုင်ငံအတွင်းက ထွက်သွားဖို့ ဖိအားပေး ခံနေရတယ်ဆိုတာ ကျနော်တို့ ကြားပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒါကို အတည်မပြုနိုင်ပါဘူး” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။

သို့သော် ကေအန်ယူ ခေါင်းဆောင်များ နယ်စပ်မြို့များနှင့် ထိုင်းနိုင်ငံပိုင်နက် နယ်မြေများအတွင်းမှ ထွက်ခွာ သွားနေကြသည်ကိုမူ သူ သတိပြုမိကြောင်းလည်း ဆက်ပြောသည်။

ထိုင်းတပ်မတော် စစ်ဦးစီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကရင်သူပုန်များကို ထိုင်းနိုင်ငံတွင်းမှ မောင်းထုတ်ရန် မြန်မာအစိုးရက တိုက်တွန်းခဲ့ပုံ ရကြောင်းလည်း သူက ပြောသည်။

“ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရရဲ့ ဖိအားကြောင့် လုပ်နေရတာ ဖြစ်နိုင်တယ်။ ထိုင်းစစ်တပ် အကြီးအကဲရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီလို နှစ်နိုင်ငံ သဘောတူညီချက် ရခဲ့တာဖြစ်နိုင်တယ်” ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံ စစ်တပ်စစ်ဦးစီးချုပ် အနုဖုန်း ဖောင်ဂျင်းဒါး - Anupong Paochinda သည် ဖေဖော်ဝါရီလလယ်က မြန်မာနိုင်ငံသို့ ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့ကာ မြန်မာစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။
ဆော်လမွန်
ကြာသပတေးနေ့၊ မတ်လ 05 2009 11:50 - မြန်မာစံတော်ချိန် (မဇ္ဈိမ)
Tuesday, March 3, 2009

မျိုးချစ်ကရင်အစည်းအရုံး(PKA) အမေရိကန်နိုင်ငံတွင် စတင်ဖွဲ့စည်း

ကရင်တော်လှန်ရေးအတွက် ဦးစီးတိုက်ပွဲဝင်နေသည့် မိခင်ကေအဲန်ယူကို ဘက်ပေါင်းစုံမှ ထောက်ပံ့ဝန်းရံနိုင်ရေးအတွက် မျိုးချစ်က ရင်အစည်းအရုံး (Patriotic Karen Association)ကို ကရင်လူဦးရေ ၃၀၀၀ကျော် နေထိုင်သည့် အမေရိကန်နိုင်ငံ၊ မယ်နီ ဆိုးထားပြည်နယ်တွင် စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံရောက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူအဖွဲ့ဝင် ဟောင်းများ၊ ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ တပ်မှူး တပ်သားဟောင်းများ၊ (KWO,KYO,KSNG,KED)စသည့် အဖွဲ့ဝင်ဟောင်းများဖြင့် (PKA)အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်များမှာ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်နေသည့် ကရင့်အမျိုးသားများအား ဘက်ပေါင်းစုံ ထောက်ပံ့ကူညီသွားရန်၊ ကရင့်တော်လှန်ရေးသမိုင်းကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းသွားရန်နှင့် ကရင့်တော်လှန်ရေးသမိုင်း ပြုစုအကောင်အထည်ဖော်သွားရန်တို့ ဖြစ်သည်ဟု သိရှိရသည်။

မယ်နီဆိုးတာပြည်နယ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါအဖွဲ့ကို အခြေအနေ တောင်းဆိုလာမှုနှင့် အခြေအနေပေးလာမှုအပေါ် အ မေရိကန်တပြည်လုံးနှင့် နိုင်ငံတကာအဆင့်အထိ တိုးချဲ့ဖွဲ့စည်းသွားမည်ဟုလည်း အဆိုပါအဖွဲ့၏ စည်းမျည်းဥပဒေတွင်းတွင် ရေး သားဖော်ပြထားသည်။

ကရင်စစ်မရှုံးရေး၊ နောင်မျိုးဆက်သစ်များကို (စစ်ရှုံး)သည့်အမွေ မပေးရရေးအတွက် အမျိုးသားရေးတာဝန်တရပ်ဖြစ်သည့် (အုတ်တချပ်၊ သဲတပွင့်) (ထမင်းတဆုတ်၊ ရေတမုတ်)ဖြင့် ကရင့်တော်လှန်ရေးကို တတပ်တအား ဘက်စုံကူညီပံ့ပိုးသွားမည်ဟုလည်း အဆိုပါအဖွဲ့မှ ထုတ်ပြန်သည့် လုပ်ငန်းစဉ်ရှင်းလင်းချက်တွင် ရေးသားထားသည်။

ထို့အပြင် အမေရိကန်နိုင်ငံ၌့ ရောက်ရှိနေထိုင်သူများပီပီ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး နိုင်ငံသားကောင်းပီသစွာ နေထိုင်သွားမည်ဟုလည်း အဆိုပါ ရှင်းလင်းချက်တွင် ဆက်လက် ရေးသားဖော်ပြထားသည်။

သတင်း-ကျော်အဲခေါင်သောင့်(http://ehkhaungthaunt.blogspot.com)

ရန်ကုန်လက်ဝှေ့ပွဲ ဆူပူမှုဖြစ် ပြိုင်ပွဲမီးမှောင်ချပြီး ၀န်ကြီးကို ကာကွယ်ပေးရ

NEJ /၃ မတ် ၂၀၀၉

ဆူပူမှုဖြစ်ပွားခဲ့သည့် လက်ဝှေ့ပွဲ

အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့် လက်ဝှေ့ပွဲ ကြည့်ရှုနေစဉ် ဆူပူမှုတရပ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။

မတ်လ (၁) ရက်က ရန်ကုန် သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသည့် ဒဂုံရွှေအောင်လံ လက်ဝှေ့ပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ ဆူပူလာသည့်အတွက် ခန်းမကို မီးမှောင်ချပြီး လက်ဝှေ့ပွဲကြည့်နေသည့် အားကစားဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်အား လုံခြုံရေးများက အကာအကွယ်ပေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူတဦးက ပြောသည်။

၎င်းက “အဲဒီနေ့က လက်ဝှေ့ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စောငမန်းနဲ့ လုံးချော (ညောင်တုန်း) ထိုးတဲ့ပွဲမှာ ဖြစ်တာ။ သူတပြန် ကိုယ်တပြန် ထိုးနေတုန်း စောငမန်း လဲကျနေတဲ့အချိန် လုံးချောက ညစ်ပြီး ဒူးနဲ့တိုက်ဖို့ ကြိုးစားတာ။ ပရိသတ်က အားလုံးတွေ့နေရတော့ လုံးချောညစ်တယ်ဆိုပြီး ဆဲလည်းဆဲ၊ ရေသန့်ဘူးတွေ၊ ရေခဲအိတ်တွေ အချိုရည်ဘူးခွံတွေနဲ့ စင်ကို ဝိုင်းပေါက်ကြတာ။ အဲဒီအချိန် ဗိုလ်မှူးချုပ် သူရအေးမြင့်လည်း ပွဲကြည့်နေတယ် ဆိုတော့ ခန်းမကြီးတခုလုံးကို မီးမှောင်ချလိုက်ရတယ်။ မိနစ်တချို့ကြာပြီးနောက် မီးပြန်လင်းလာပြီး ဒိုင်ချုပ်က ပရိသတ်ကို အကယ်၍ စည်းကမ်းချိုးဖောက်တာ ရှိခဲ့ရင် အမှတ်လျှော့မယ်၊ အရှုံးပေးပါ့မယ်၊ ပရိသတ်ကြီး ကျေနပ်ကြပါဆိုပြီး တောင်းပန်တယ်။ မီးမှောင်ပြီး ရေသန့်ဘူးတွေ ပလူပျံနေတုန်းမှာ ဝန်ကြီးကို လုံခြုံရေးရဲတွေ ရောက်လာပြီး အကာအကွယ်ပေးကြတယ်။ လက်ဝှေ့ကြိုးဝိုင်းနားမှာ ကြည့်နေတဲ့ အချို့စစ်အရာရှိတွေကတော့ ခုံအောက်ကြမ်းပြင်ပေါ်မှာ ဝပ်နေကြတာ တွေ့ရတယ်” ဟု ပြောသည်။

အဆိုပါပွဲပြီးသည့်နောက် လုံးချောနဲ့ စောငမန်း တယောက်ကို တယောက် အလဲထိုးနိုင်ခြင်း မရှိသည့်အတွက် အမှတ်ပေးဆုံးဖြတ်သည်။ အမှတ်ပေးဒိုင် (၃) ဦးစလုံးက စည်းကမ်းချိုးဖောက်၍ ပရိသတ်များ အော်ဟစ် ဆန္ဒပြခဲ့သည့် လုံးချောကို အရှုံးပေးပြီး စောငမန်းကို အနိုင်ပေးခဲ့ရသည်။

အဆိုပါပွဲကို ကြည့်ရှုခဲ့သူ နောက်ပရိသတ်တဦးကလည်း အဆိုပါပွဲကိုကြည့်ရင်း မြန်မာလူမျိုးများ၏ မတရားမှုကို လက်ပိုက်ထိုင်ကြည့်မနေတတ်သည့် စိတ်ထား ပေါ်လွင်ကြောင်း၊ ဝန်ကြီးတပါး ထိုင်နေသည်ကိုပင် ဂရုမစိုက် မကြောက်ဘဲ ဆူပူဆန္ဒပြရဲကြကြောင်း၊ ထို့ကြောင့် ရလဒ်သည်လည်း ပရိသတ်လိုလားသည့် ရလဒ် ဖြစ်ခဲ့ကြောင်း၊ အကယ်၍ ဒိုင်များကသာ လုံးချောကို အနိုင်ပေးလိုက်ပါက ရုံထဲတွင် ၎င်းထက်ကြီးသည့် အဓိကရုဏ်းတခု မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း စသဖြင့် ပြောပြသည်။

စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စစ်အရာရှိ ဝန်ကြီးတဦးရှိနေချိန် ဆူဆူပူပူ ဖြစ်ပွားခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်သည်။ ယခင်ကသာ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့လျှင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဆူပူသူများကို ရှာဖွေဖမ်းဆီးအရေးယူမည် ဖြစ်သော်လည်း ယခုဖြစ်ရပ်တွင်မူ မတရားမှုကို မနှစ်သက်သည့် ပရိသတ်အင်အားက ကြီးမားနေသဖြင့် မည်သို့မျှ အရေးယူနိုင်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါနေ့က အားကစားရုံထဲတွင် ပရိသတ် (၂,ဝဝဝ) ကျော်ခန့်ရှိသည်။
Thursday, February 26, 2009

ဘီလူးဟာဘီလူးပါပဲ (ဒီကေဘီအေသိဖို့ တပ်မတော်ရဲ့ သဘောထားအမှန်တခု)

ဒီ ကေ ဘီ အေ အ ဖွဲ့ ဟာ ၂၀၁၀ ကျ ရင် နယ် ခြား စောင့် တပ် အ ဖြစ် အ သွင် ပြောင်း ပြီး တပ် မ တော် ရဲ့ လက် အောက် ခံ အ ဖြစ် ၀င် ရောက် ကာ အ မျိုး ဘာ သာ သာ သ နာ ကို သ စာ ဖေါက် ဖို့ ဆုံး ဖြတ် ထား တဲ့ အ ဖွဲ့ အ စည်း တစ် ခု ပါ။ ဒီ လို ဆုံး ဖြတ် ခဲ့ တာ ဟာ ခေါင်း ဆောင် တွေ ရဲ့ အ ကျိုး စီး ပွါး ကို ကာ ကွယ် ဖို့ အ တွက် လို့ ယူ ဆ ပါ တယ်။ ဒါ ပေ မဲ့ အ ချိန် မ နှောင်း ခင် ဒီ ဆုံး ဖြတ် ချက် ကို ပြင် ဆင် ဖို့ အ တွက် ဒီ ကေ ဘီ အေ ကို တပ် မ တော် က သ င်္ခန်း စာ တစ် ခု ပေး ခဲ့ ပါ တယ်။

အဲ ဒါ က တော့ မ ကြာ ခင် က ဖြစ် ပျက် ခဲ့ တဲ့ သ င်္ဃန်း ညီ နောင် မှာ ရှိ တဲ့ ဒီ ကေ ဘီ အေ စ ခန်း တစ် ခု ကို ကေ အင် ယူ ၀င် တိုက် ခဲ့ တာ ပါ။ ဒီ လို ၀င် တိုက် မှာ ကို သ တင်း ကြို ရ ခဲ့ ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ဒီ ပြ သ နာ ဟာ ပတ် လမ်း အ ကောက် နဲ့ ပတ် သက် ပါ တယ်။ ပတ် လမ်း ဆို တာ ရှင်း ပြ ပါ ရ စေ။ မြ ၀ တီ နဲ့ သ င်္ဃ ညီ နောင် ကြား မှာ မြန် မာ ပြည် မှာ ဒု တိ ယ အ ကြီး ဆုံး နယ် စပ် စီး ပွါး ရေး ကုန် သွယ် ရေး စ ခန်း တစ် ခု ရှိ ပါ တယ်။ အဲ ဒီ စ ခန်း မှာ သွင်း ကုန် ထုတ် ကုန် တွေ ကို တ ရား ၀င် အ ခွန် ကောက် ပါ တယ်။ တ ရား ၀င် အ ခွန် အ ကောက် တွေ နဲ့ ပ စ္စည်း အ သွင်း အ ထုတ် လုပ် ပြီး ရောင်း ၀ယ် တာ မ ကိုက် တဲ့ အ ခါ မှာ ကုန် သည် တွေ က အ ခွန် မ ဆောင် ရ ပဲ ကုန် ပ စ္စည်း တွေ ကို အ သွင်း အ ထုတ် လုပ် ဖို့ ကြိုး စား ကြ ပါ တယ်။ အဲ ဒါ ကြောင့် အဲ ဒီ နယ် စပ် ကုန် သွယ် ရေး စ ခန်း ကို ပတ် ပြီး ကုန် ပ စ္စည်း ကို အ သွင်း အ ထုတ် လုပ် ကြ ပါ တယ်။ ဒါ ပေ မဲ့ အဲ ဒီ ပတ် လမ်း မှာ ဒီ ကေ ဘီ အေ ၂ ဖွဲ့ ရယ်၊ နယ် ခံ တပ် မ တော် တပ် ရင်း ၄ ခု ရယ်၊ ဗျူ ဟာ ရယ်၊ တပ် မ ရယ်၊ နောက် ပြီး အဲ ဒီ ပတ် လမ်း ဟာ အေ အင် ယူ စိုး မိုး တဲ့ နယ် မြေ ဖြစ် တဲ့ အ တွက် ကေ အင် ယူ အ တွက် ပါ အ ကောက် ပေး ရ ပါ တယ်။ အ ကောက် ကောက် တဲ့ အ ဖွဲ့ တွေ များ တဲ့ အ တွက် ကုန် သည် တွေ အ တွက် မ ကိုက် ပြန် ဘူး။ အဲ ဒါ ကြောင့် ညှိ နှိုင်း မှု တွေ လုပ် ကြ ပါ တယ်။ ဒီ ကေ ဘီ အေ တွေ က တစ် စု၊ စစ် တပ် က တစ် စု၊ ကေ အင် ယူ က တစ် စု ဆို ပြီး ခွဲ တမ်း ချ ဖို့ ကြိုး စား ကြ တယ်။ အဲ ဒါ ကို မ ကျေ နပ် လို့ စိန် ခေါ် မှု တွေ ဖြစ် လာ ပါ တယ်။ ကေ အင် ယူ က ဘယ် အ ချိန် မှာ ၀င် တိုက် မယ် လို့ ကြေ ငြာ ပြီး မှ ၀င် တိုက် ခဲ့ တာ ပါ။ ဒီ သ တင်း ကို နယ် ခံ တပ် ရင်း ၄ ရင်း ရယ်၊ ဗျူ ဟာ ရယ်၊ တပ် မ ရယ်၊ ဒီ ကေ ဘီ အေ ရယ် အား လုံး သိ ပါ တယ်။ တ ကယ် ၀င် တိုက် တဲ့ အ ခါ မှာ နယ် ခံ တပ် ရင်း ၄ ရင်း ရော၊ ဗျူ ဟာ ရော၊ တပ် မ ရော ဘယ် သူ မှ ဒီ အေ ဘီ အေ ကို ၀င် မ ကူ ပဲ လက် ပိုက် ကြည့် နေ ကြ ပါ တယ်။ အဲ ဒီ ဒီ ကေ ဘီ အေ စ ခန်း နဲ့ နယ် ခံ တပ် ရင်း ၄ ရင်း ရယ်၊ ဗျူ ဟာ ရယ်၊ တပ် မ ရယ် သိပ် မ ဝေး ကြ ပါ ဘူး။ စ ခန်း တ ခု နဲ့ တ ခု နီး နီး လေး ပါ။ အ ကာ အ ကွယ် မ ပေး တဲ့ အ ပြင် အ ကူ အ ညီ မ ပေး ခဲ့ ပါ ဘူး။
အဲ ဒီ အ ဖြစ် အ ပျက် ကို ကြည့် ပြီး ဒီ ကေ ဘီ အေ ညီ နောင် တွေ အား လုံး ကို ပြန် စဉ်း စား စေ ချင် ပါ တယ်။ စစ် တပ် ကို ဘယ် လောက် ယုံ စား လို့ ရ မှာ လဲ ဆို တာ ကို ပါ။ သူ တို့ ရဲ့ စစ် ဗိုလ်၊ ဗိုလ် ချုပ် တွေ ကို တောင် လို တဲ့ အ ချိန် မှာ မြှောက် စား ပြီး မ လို အပ် တော့ တဲ့ အ ချိန် မှာ ဖြုတ် ထုတ် သတ် လုပ် ခဲ့ တဲ့ အ ဖြစ် အ ပျက် တွေ ဟာ လဲ အ ထင် အ ရှား ပါ။ နောက် ပြီ တိုင်း ရင်း သာ တပ် တွေ ဖြစ် ခဲ့ တဲ့ ချင်း တပ်၊ က ချင် တပ် စ တာ တွေ ကို တ ဖြည်း ဖြည်း နဲ့ မှေး မှိန် လုံး ပါး ပါး အောင် လုပ် ခဲ့ တာ တွေ လဲ သက် သေ ပါ။
ဒီ ကေ ဘီ အေ အ နေ နဲ့ လဲ နယ် ခြား စောင့် တပ် အ ဖြစ် အ စ ပိုင်း မှာ အ သုံး ချ ပြီး ကေ အင် ယူ နဲ့ တိုက် ခိုင်း တာ နဲ့ တ ခြား အ သုံး ချ စ ရာ ရှိ တုန်း အ သုံး ချ မှာ ဖြစ် ပြီး၊ မ လို တော့ တဲ့ အ ခါ ဒီ ပေ ဘီ အေ အ ရာ ရှိ ပိုင်း မ လို အပ် တော့ တဲ့ တပ် မ တော် အ ရာ ရှိ တ ချို့ ကို လုပ် ခဲ့ သ လို လာဘ် စား မှု ဘာ ဘာ ညာ ညာ အ မှု တွေ တပ် ပြီး လူ ကို ဖမ်း၊ ဥ စ္စာ ပ စ္စည်း တွေ ကို သိမ်း ဆည်း မှာ အ သေ ချာ ပါ။ ဒီ ကေ ဘီ အေ ရဲ ဘော် တွေ အ နေ နဲ့ လဲ ပြန် စဉ်း စား ကြည့် ပါ။ ကေ အင် ယူ ကို တိုက် တဲ့ အ ခါ မှာ လဲ ဒီ ကေ ဘီ အေ တွေ ကို စိတ် ကြွ ဆေး ကျွေး ပြီး ရှေ့ က နေ အ သေ ခံ တိုက် ခိုင်း တာ ပါ။ သူ တို့ စစ် တပ် က နောက် မှာ ပဲ နေ ပါ တယ်။ သူ ကောင်း ပြု စ ရာ ရှိ တော့ စစ် သား တွေ ပဲ သူ ကောင်း အ ပြု ခံ ရ ပါ တယ် ဘယ် တုန်း က ဒီ ကေ ဘီ အေ တွေ ကို သူ ကောင်း ပြု တာ တွေ့ ဖူး လို့ လဲ။ ပြန် စဉ်း စား ကြ ပါ ဒီ ကေ ဘီ အေ ညီ နောင် များ ခင် ဗျား။
ကေ အင် ယူ အ နေ နဲ့ လဲ စိတ် ပြောင်း ပြီ ပြန် လာ မဲ့ ဒီ ကေ ဘီ အေ ကို ရွေး ချယ် စ ရာ တွေ နဲ့ အာ မ ခံ ချက် ပေး ဖို့ အ မျိုး သား ပြန် လည် သင့် မြတ် ရေး ကို ရှေ့ ရှု ပြီး မေ တ္တာ ရပ် ခံ အပ် ပါ သည်။

ပထီးပကော်ဘလော့မှ ကူးယူဖော်ပြသည်။
Sunday, February 22, 2009

အဘဖဒိုမန်းရှာကို ဘယ်သူသတ်သလဲ?


အဘဖဒိုမန်းရှာကိုပြောလိုက်ရင် မသိတဲ့လူမရှိသလို အတုယူရမယ့် ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ ခေါင်းဆောင်တစ် ယောက်ဖြစ်လာရင်သာမှနေ သဘောမျိုးမဟုတ် အမှားအမှန်ကိုခွဲခြားသိမြင်ပြီး အမှန်ဖက်ကိုလိုက်ရမယ်ဆိုတာ ခေါင်းဆောင်တိုင်း သိကြ၏။ သိကြပေမယ့် တစ်ချိုခေါင်းဆောင်တွေအမှန်ဖက်ကိုမလိုက်ရဲကြပေ။ အဘယ်ကြောင့်ဆို သော် သားတွေသမီးတွေ မိသားစုတွေနှင့် ရာထူးတွေပြုတ်မှာဆိုးသောကြောင့်ဖြစ်၏။

သို့ သော်အဘဖဒိုမန်းရှာက အဲဒီစိတ်ဓာတ်မျိုးမဟုတ် အများကြိုက်အများလက်ခံထိုက်သည့်အ လုပ်ကိုပဲအများဖက်ကမားမားမတ် မတ်အမြဲရပ်တည်တဲ့စိတ်ဓာတ်ရှိ၏။ ပွင့်ပွင့်လင်းလင်းပြောရဲဆိုရဲ၏။ သူတော်ကောင်တိုင်းကို လူမိုက်တွေကမကြိုက်ကြဘူးဆိုတာ အဘကဲ့ သို့သာဓကတွေ အမြောက်အများရှိခဲ့ကြ၏။ပွင့်ပွင့်လင်းလင်းအမြဲပြောလေ့ရှိတဲ့အဘကိုလူသတ်သမား လူမိုက်တစ်စုက မကြိုက်ရုံသာမကအဘကို ရက်ရက်စက်စက်သတ်ပစ်လိုက်၏။

ပညာရှင်တွေကအဘကိုဝမ်းနည်းနှမြောမိပြီးလူမိုက်တစ်စုက အဘသေသွားတာကိုဝမ်းသာပြီး လက်ခုတ်တွေတီးကြ၏။ ဒါကသဘာဝ ဖြစ်၏။ အဘသေသွားတာကို တစ်ကမ္ဘာလုံးကသိကြပေမယ့်အဘကို ဘယ်သူလက်ချက်ဘယ်သူသတ်သ လဲဆိုတာမရေးတတ်မ ပြောတတ်ကြပေ။ ကျွန်တော်ကစာရေးဆရာတစ်ယောက်မဟုတ်ပေမယ့် လိုအပ်ချက်တွေကို အနည်းငယ်ဖြည့်စွက်ချင်၏။ တစ်ချို့ ကအဲဒီ အ ကြောင်းရာကိုမရေးနဲ့ လူမျိုးထိခိုက်တယ်လို့ ကျွန်တော်ကိုတားမြစ်ကြတာလည်းရှိသည်။

ဒါပေမယ့် ကျွန်တော်ကလက်မ မကောင်းလက်မ ခြေမမကောင်းခြေမပဲလို့ ခံယူချက်ရှိ၍ အဲဒီမှန်ကန်တဲ့ အကြောင်းကို ရေးရင်က ရင်လူမျိုးထိခိုက်မည်မဟုတ် ထိခိုက်အောင်လဲ ရည်ရယ်ချက်မရှိပါ။ ကျွန်တော်တို့ကရင်ပြည်နယ်မှာ လူမိုက်တွေကိုအတော်များ များတွေ့ ဘူး၏။အဘကိုသတ်တဲ့လူမိုက်ထက်မိုက်တဲ့သူကမ္ဘာမှာ ကျွန်တော်မတွေွ့ ဖူးပါ။ အဲဒီလူက ကရင်ပြည်နည်၊လှိုင်ဘွဲ့မြို့နယ် ထီလုံကျေးရွာက နှစ်မိုင်ကျော်ကွာဝေးတဲ့ မုခိုးရွာသား D.K.B.A.စစ်ခေါင်းဆောင်ဗိုလ်ချောင်ပြုံးဖြစ်သည်။

ဗိုလ်ချောင်ပြုံးဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကမြင်းဆေးကုန်ကူးသူတွေထဲမှာ နာမယ်ကျော် တစ်ယောက်ဖြစ် တယ်။ဗိုလ်ကိုးလုံးကျဆုံးပြီးနောက် မြိုင်ကြီးငူအနောက်ဘက်ခြမ်း ကမာ့မောင်းနယ်၊ထီ့သဒန်းထားကျေးရွာ ဗိုလ်ကိုး လုံးတူမအရင်းဖြစ်သော ဆရာမနော်ဘန်းနဲ့ လက်ထပ်ခဲ့တယ်။သူတို့ဟာ မြင်းဆေးကုန်ကူးတဲ့အတွက် ကြောင့်နာမည် ပျက်ခဲ့ဖူးပါ တယ်။

ရွှေကုက္ကို ဗိုလ်ချစ်သူနဲ့ စီးပွားရေး အတူလုပ်ကိုင်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ကနအဖနဲ့ငြိမ်းချမ်းရေးယူထားတဲ့ ဗိုလ်ချုပ်ထိန်မောင်ရဲ့သမက် လုပ်ကြံခံရတာကို K.N.U လက်ချက်ဟု နအဖနဲ့သူရဲ့နောက်လိုက်တစ်စုက ဘာအထောက်အထားမှမရပဲ ထင်ရောင်ထင်မှားခဲ့ကြ တယ်။ ဒါကြောင့်နအဖက နောက်ကနေကြိုးကိုင်ပြီးK.N.U.ခေါင်းဆောင်ကိုပြန်ကလက်စားချေဖို့အတွက်D.K.B.A ခေါင်းဆောင် လူမိုက်ကြီးဗိုလ်ချောင်ပြုံးသည် ခိုင်းနွားတစ်ကောင်ပမာသူ့ရဲ့နောက်လိုက် တပည့် ၇ ယောက်နဲ့ အတူ ခေါင်းဆောင်ကြီးအဘမန်းရှာ ကိုသတ်နိုင်ရင် ထိုင်းဘတ်ငွေ နှစ်သိန်းပေးမယ် ဟု နအဖရဲ့ မက်လုံးပေးခြင်းကို ခံရပြီး လူမိုက်ကြီးချောင်ပြုံးသည် နဂိုမြင်း ဆေးကုန်ကူးပြီး ရလာတဲ့ငွေတွေကိုမရောင့်ရဲနိုင်ပဲ နအဖမြောက်ပေးတဲ့ ငွေတွေ ကိုမြင်လိုက်တာနဲ့လူမိုက်ကြီးချက်ချင်း ခိုင်းတဲ့အ တိုင်းလုပ်ခဲ့တယ်။

လူမိုက်ကြီးဗိုလ်ချောင်ပြုံးဟာ အဘဖဒိုမန်းရှာကိုသတ်ပြီးတာနဲ့ဗိုလ်ချစ်သူထံသို့သွားပြီ သူ့အသက်လုံခြုံရေးအတွက် တောင်ခံတာကို ဗိုလ်ချစ်က သူလုံခြုံရေးမယူပေးနိုင်ဘူးလို့ပြောပြီး သူ့တပည် ၇ ယောက်နဲ့အတူ နအဖစစ်တပ်ရှိမြ၀တီသို့ သူ့အသက်လုံခြုံရေးအ တွက် တောင်းခံပြန်တယ်။ စစ်တပ်လည်းလုံခြုံရေးမယူပေးနိုင်တဲ့အတွက် လုံခြုံရေးအရှိဆုံးလို့ထင်ရတဲ့ ကြပ်ပြေးနေပြည်တော်သို့ ခေါ်သွားပြီး အခုထိဘာမှမကြားတော့ဘူး။

ဒါကြောင့်အဘမန်းရှာကို သတ်တဲ့သူက နအဖ ခိုင်းတိုင်းလုပ်ပေးနေမြဲ ဖြစ်သော (D.K.B.A) တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အသင်းမဟုတ်ဘဲ တိုးတက်သောတောင်ပေါ်ကစေတီတော်တွေနဲ့ သူတို့ရဲ့မိသားစုအတွက်သာဖြစ်သော လူသတ်သမားခေါင်ဆောင် ဗိုလ်ချောင်ပြုံးသာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ကရင်ပြည်နယ်သားမွှေးမွှေးရဲ့ အီးမေးလ်ကနေတဆင့် ရောက်ရှိလာသော စာအတိုင်းတင်ပြသည့် ကရင်အမျိုးသားအဖွဲ့ချုပ်ဂျပန်ဝက်ဆိုက်ဘ်မှ ကူးယူဖော်ပြပါသည်။
Monday, February 16, 2009

မြ၀တီမြို့ လက်နက်ကြီးထိ

ကမ္ဘာ့ ကုလသမဂ္ဂ အရာရှိကြီးတဦး ကရင်ပြည်နယ်သို့ သွားရောက် စစ်ဆေးသည့် အချိန်တွင် အဆိုပါ ဒေသအတွင်း လက်နက်ကြီး ကျည်ဆန် ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သည် ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။

ကရင်ပြည်နယ် မြဝတီမြို့ပြင်တွင် ကျည်ဆန် ၂ လုံး ကျရောက်ခဲ့ပြီး ကျန် ၂လုံးမှာ ‘ဇေ’တည်းခိုခန်းအနီး နှင့် တောရဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။ ထိခိုက်သေဆုံးမှုမရှိဟု သတင်းစာတွင် ဖော်ပြထားသည်။


ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်ချက်ဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

ဤအတောအတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနားသည် ကရင်ပြည်နယ်ရှိ ဘားအံမြို့အကျဉ်းထောင်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ မြိုင်ကြီးငူ ဌာနချုပ်တို့ကို သွားရောက်စစ်ဆေးခဲ့သည်။

ကုလသမဂ္ဂ ကိုယ်စားလှယ် ရောက်ရှိနေချိန်နှင့် အချိန်ကိုက်ပြီး အဆိုပါသတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု KNU ၏ ဒုတိယ ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောလိုက်သည်။

“မစ္စတာ ကင်တာနား ရောက်နေတဲ့အချိန်မှာ စစ်အစိုးရက KNU ကို အကြမ်းဖက် အဖွဲ့အစည်း ဆိုပြီး စွပ်စွဲချင်၊ ပြောချင်တဲ့ သဘောပါ” ဟု ဦးဒေးဗစ်သာကပေါ က ဧရာဝတီသို့ ပြောသည်။

ထိုင်း မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးဋ္ဌေးအောင်ကလည်း KNUတွင် အဝေးမှလှမ်းပစ်သည့်လက်နက် မရှိသဖြင့် KNU၏ လက်ချက် မဖြစ်နိုင်ဟု သုံးသပ်သည်။

“နယ်စပ်တကြောလုံးမှာ တန်းစီထားတာ နအဖ တပ်တွေရော ဒီကေဘီအေ တပ်တွေရော အထပ်ထပ် စိတ်နေအောင် တန်းစီထားတယ်လေ။ အဝေးက လှမ်းပစ်ဖို့ဆိုတာ ထိုင်းနိုင်ငံထဲက လှမ်းပစ်တာလည်း မဖြစ်နိုင်ဘူးဗျ။ ထိုင်းကလည်း လက်ခံမှာ မဟုတ်ဘူး” ဟု ဦးဋ္ဌေးအောင်က ဧရာဝတီကို ပြောပြသည်။

မြ၀တီမြို့အနီးတ၀ိုက်တွင် မြန်မာအစိုးရစစ်တပ်၊ အပစ်ရပ်အဖွဲ့ DKBA နှင့် KNU တပ်များ လှုပ်ရှားလျက်ရှိသည်။

KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။
Saturday, February 14, 2009

ဦးအောင်နိုင်ဦးနှင့် သူ၏မျက်နှာဖြူဇနီးအား ကြေငြာအသိပေးခြင်း

မြန်မာအရေးလေ့လာသူ ဦးအောင်နိုင်ဦးမှ ၃၁.၁.၂၀၀၉ နေ့တွင် KNU အစည်းအရုံးကြီးဧ။် တော်လှန်ရေး အနှစ် ၆၀ ကာလတိုင်တိုင် ကိုင်စွဲခဲ့သော ဥက္ကဌကြီး စောဘဦးကြီးဧ။် မူလေးချက်ကို KNUအစည်းအရုံးကြီးဧ။် ၁၄ ကြိမ်မြောက်
ကွန်ဂရက်မှ ဆက်လက်ကိုင်ဆွဲသွားရန်ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသင့် ကြောင်းပြောဆို ဝေဖန်ချက်မှာ -
1. သဘောရိုးဖြင့်ဝေဖန်ပြောဆိုခြင်းမဟုတ်ဘဲ KNU အစည်းအရုံးကြီးဧ။် ဦးဆောင်တော်လှန်ရေး တိုက်ပွဲကို တွေဝေသွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုဝေဖန်ခြင်းဖြစ်သည်။
2. KNU အစည်းအရုံးကြီးဧ။် တရားသော လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်းဖြစ်သည်။
3. KNU အစည်းအရုံးဧ။် ဒီမိုကရေစီတော်လှန်ရေးကို ပြည်သူတရပ်လုံးဧ။် ရန်သူဖြစ်သော စစ်အာဏာရှင် လက်သို့ အညံ့ခံရန် တစ်ပေါင်းတစ်စည်း တစ်ကျိပ်တစ်ဥာဏ်တည်းဖြစ်သည်ကို တွေ့ရှိရပါသည်။

အောင်နိုင်ဦး သို့-

1. KNU ကရင်အမျိုးသားအဖွဲ့ အစည်း ကြီးဧ။် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာရခြင်းမှာ ဘာကြောင့်လဲ၊
2. ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံကို အုပ်စိုးခဲ့သော ဖဆပလ အစိုးရ အုပ်ချူပ်ခဲ့သော (၁၄) နှစ်တာ ကာလ အတွင်း လက်နက်ကိုင်တော်လှန်ကြသော တော်လှန်ရေးအဖွဲ့ အစည်းများ နှင့် ဖြေရှင်းရာတွင် မိမိ အစိုးရကိုယ်တိုင် ဘာကြောင့် အာဏာ အသိမ်းခံရသလဲ။
3. တဖန် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ အုပ်စိုးခဲ့သော မဆလ အစိုးရ ဧ။် (၂၆) နှစ် အုပ်စိုးမှု့မှာ မြန်မာလူမျိုးအပါအဝင် ပြည်သူလူထု တိုင်းရင်းသားများဧ။် အုံကြွ ဖြုတ်ချမှု့ကို ဘာကြောင့် ခံရသနည်း။
4. တဖန် ၁၉၈၈ မှ ၂၀၀၈ ခုနှစ်အထိ တတိယ အကြိမ် အာဏာလု တက်လာသော နဝတ/နအဖ အစိုးရဧ။် အနှစ် ၂၀ အုပ်စိုးမှု့အတွင်း မည်သည့်တိုင်းရင်းသားအရေးကိုမျှ ဖြေရှင်းပေးနိုင်ခြင်း မရှိရုံမျှ မက -

• ဖဆပလ (၁၄) နှစ်သက်တမ်း
• မဆလ (၂၆) နှစ် သက်တမ်း
• နဝတ/နအဖ အနှစ် (၂ဝ) သက်တမ်း
စုစုပေါင်း အနှစ် (၆၀) အတွင်း ရှိရင်စွဲ မည်သည့်ပြသနာ မည်သည့်လူမျိုးရေးမျှ ဖြေရှင်းနိုင်စွမ်း မရှိရုံသာမက တနိုင်ငံလုံး - နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှ ချွတ်ခြုံကျနေသည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။

အထဲတွင် -
ဖဆပလ အစိုးရလက်ထက်
မဆလအစိုးရလက်ထက်
အခု နဝတ/နအဖ စစ်အာဏာရှင် အုပ်ချူပ်ရေး ဗမာလူမျိုးအပါအဝင် တိုင်းရင်းသား အားလုံးအနက် - ကရင်အမျိုးသားများကို နည်းမျိုးစုံ
1. ယဉ်ကျေးမှု့
2. စီးပွားရေး
3. လူမှု့ရေး
4. ဘာသာရေးအရသာမက လူမဆန်စွာ ကန်းကုန်အောင် နှိပ်စက်ညှင်းပန်းပြီး
မျိုးဖြုတ်လူမျိုးတုန်းသတ်ဖြတ်နေမှု့မှာ ကမ္ဘာ အသိပင်ဖြစ်သည်။ ယင်းအခြေ အနေအတွက် ကရင် အမျိုးသား တို့သည် ခေါင်းဆောင် စောဘဦးကြီးဧ။် မူ လေးချက်ကို ကိုင်ဆောင်လျှက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တိုက်ပွဲဝင်ရုံမှ လွဲ ၍ အခြားလမ်းမရှိကြောင်းကို ကရင်အမျိုးသားများသာမက ကမ္ဘာသို့ တိုက်ပွဲ ဝင်သွားမည်သာဖြစ်ကြောင်း ကြော်ငြာ အပ်ပါသည်။
မဟာမိတ် ဒီမိုကရေစီ အဖွဲ့များထံမှ ရရှိသော သတင်းအတည်ပြုချက်များအရ ဦးအောင်နိုင်ဦးသည် နအဖ ဧ။် အသုံးတော်ခံ ဘက်သားတော်ဖြစ်ကြောင်း သတင်းမှာ လူထု တရပ်လုံးအသိဖြစ်ပါသည်။
ဦးအောင်နိုင်ဦးဧ။် မျက်နှာဖြူဇနီး (Shona Kirwood) မှာ မြန်မာနိုင်ငံအတွင်း တံခါးမရှိ ဓါးမရှိ ဝင်ထွက် ပြီး စစ်အာဏာရှင်အစိုးရ အလိုကျ အတိုင်း လှုပ်ရှားရာတွင် အထူးသဖြင့် ကရင် လူမျိုးများကို ပစ်မှတ်ထား လှုပ်ရှား နေမှု့ကို ကရင်လူမျိုးများက လုံးဝသိရှိနေပါသဖြင့် ယင်းကဲ့သို့ ဆက်လက်လှုပ်ရှားနေပါက ကရင်အမျိုးသားများအနေဖြင့် ဆက်လက်လှုပ်ရှားမှု့ မပြုနိုင်အောင် လိုအပ်သလို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကြိုတင်ကျေငြာအပ်ပါသည်။
ဖားစည်သံဝက်ဆိုက်ဘ်မှ ကူးယူဖော်ပြသည်။
Thursday, February 12, 2009

ကေအန်ယူခွဲထွက် ဗိုလ်ချုပ်စောဌေးမောင်အဖွဲ့ ကေအန်ယူ ဒီကေဘီအေနှင့် ပေါင်းစည်းရေးမျှော်လင့်

NEJ / ၁၂ ဖေဖော်ဝါရီ ၂၀၀၉


ကေအန်ယူမှ ခွဲထွက်ခဲ့သော်လည်း ကေအန်ယူ၊ ဒီကေဘီအေအဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသား များ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်း စစ်အစိုးရနှင့်ပူးပေါင်းသွားသည့် ကေအန်ယူ-ကေအန်အယ်လ် အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုက ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ချုပ်စောဌေးမောင် (ဗိုလ်ထိန်မောင်) ဦးစီးပြီး ခွဲထွက်သွားသည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုကို ခေတ်ပြိုင်က သီးခြားတွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ ၂၀၀၇ ခု ဗိုလ်ချုပ် စောဌေးမောင် ဦးစီးသည့် ခွဲထွက်အဖွဲ့ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း သွားပြီးနောက်ပိုင်း အဆိုပါအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက ပြင်ပမီဒီယာသို့ ပထမဆုံးအကြိမ် ယနေ့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပူးပေါင်းရန် စစ်အစိုးရဘက်က ကမ်းလှမ်းခြင်းရှိမရှိ မေးမြန်းရာ ယခုထိ မရှိသေး ကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။

ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကေအန်ယူနှင့် စကားပြောလိုစိတ်ရှိသော်လည်း ကေအန်ယူ၏ သဘောထားပေါ် မူတည်သည်ဟု ဆက်ပြောသည်။ သို့သော် ကေအန်ယူ ဒီကေဘီအေ အဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသားများ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်းကိုလည်း ဗိုလ်ချုပ်ယဉ်နုက ပြောကြားသည်။

မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီးနောက်ပိုင်း စစ်အစိုးရဘက်က တပ်ရိက္ခာကိုသာ ထောက်ပံ့ပေးပြီး ငွေကြေးအကူအညီမပေးကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအား စစ်အစိုးရက စီးပွားရေး လုပ်ပိုင်ခွင့်ပေးမပေး ခေတ်ပြိုင်က မေးမြန်းရာ စီးပွားကျနေချိန်ဖြစ်၍ ကြီးကြီးကျယ်ကျယ် လုပ်ငန်းများ မလုပ်ဖြစ်သော်လည်း ကျောက်မျက်ရတနာ တူးခွင့်ပေးထားသည်ဟု ဖြေကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်ချုပ် စောဌေးမောင်နှင့် အဖွဲ့သည် ကေအန်ယူမှ ခွဲထွက်ကာ နအဖနှင့်ပူးပေါင်းသွားပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် အခြေစိုက်သည်။

၆၁နှစ်မြောက် ကရင်အမျိုးသားနေ့ ဂျပန်နိုင်ငံတွင် ကျင်းပ

၁၁-၂-၂၀၀၉တွင်ကျရောက်သော (၆၁)ကြိမ်မြောက်ကရင်အမျိုးသားနေ့ကို ဂျပန်နိုင်ငံOchanomizu Christian Canter 8F တွင် KNL(Japan)အဖွဲ့ မှကြီးမှူး ၍ ၇-၂-၂၀၀၉ နေ့ တွင်ကျင်းပပြီးOKO-Japan,KNU-Japanနှင့်Karen Human Rights Commttee-Japan တို့ မှပူးပေါင်းပါဝင်ကြသည်၊၊

အခမ်းအနားမှူးအဖြစ်နော်သိန်းသိန်းမှဆောင်ရွက်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။အခမ်းအနား၍အလံတော်ကိုစောဝင်းသိန်းနှင့်
နော်လှဥမ္မာဝင်းတို့ မှ အလံတိုင်တွင်ချီပြီး အလံတော်ကိုအပေါ်သို့ မြင့်တင်စဉ် ကရင်အမျိုးသားသီ ချင်းကို ကရင်မောင်နှမများက ဦးဆောင်ကာဧည့် ပရိတ်သတ်များနှင့်အတူသီဆိုကြသည်။အမျိုးသားသီချင်းသီဆိုပြီးချိန်တွင် KNL (Japan) မှအထွေထွေအတွင်း ရေးမှူးစောအင်ဒရူးမျိုးအောင်မှ ကရင်အမျိုးသားအလံတော်ဦးဆောင်အလေးပြုခဲ့၍ အဖွင့်အမှာ စကားကို ၂၀၀၉ခုနှစ် KNL( Japan ) ဥက္ကဌစောဘလှသိန်းပြောကြားပြီး ၊ KNL(Japan) မှဖိတ်ကြားမှုဖြင့် ရောက်ရှိလာ သောကိုရီးယားနိုင်ငံမှရောက်ရှိ လာသောကရင်စာရေးဆ ရာ၊ကရင်အဆိုတော်စ ကဲ နက် (ခ)တာရာမင်းခိုက်(ခ) Y မြစ်ချိုမှ က ရင်စာပေ၊ကရင်စကားမကွယ်ပျောက်စေရန်၊ကရင်စာစကားများ ပိုမိုတိုးတက်အောင်လေ့လာရန် လိုကြောင်းအမှာစကား ပြောကြားခဲ့ ပါသည်၊၊

ကရင်လူမျိုးများဆင်းသက်လာပုံအကြောင်းကိုစောလင်းစိန် OKO-Japan မှပြောကြား၍ကရင်အမျိုးသားနေ့ ပေါ်ပေါ်က်လာပုံကို စောဆဲနေဘလု KNL( Japan ) မှပြောကြားခဲ့ပြီး KNL( Japan) အထွေထွေအတွင်းရေးမှူးမှကျေးဇူးတင် စကားပြောကြား ပြီးစောဟယာအကာဘေလေးမှKNL( Japan ) ကြော်ငြာစရာများကိုကြော်ငြာ၍ပထမပိုင်းအစီအစဉ်ကိုခေတ္တ ရပ်နားစဉ် အ ကျွေးအမွေးဖြင့်ဧည့်ခံသည်။

ဒုတိယပိုင်းအစီအစဉ်တွင် KNL( Japan ) ဥက္ကဌအဖွဲ့ မှနယ်စပ်ဒေသတို့ တာဝန်အသီးသီးဖြင့် ၂၀၀၈ ခုနှစ်သွားရောက်ခဲ့ပုံပြ သ၍ရှားပါးသော ကရင်သမိုင်းဝင်ဓါတ်ပုံများအကြောင်းကို နော်ပေါလင်း KNL( japan ) မှရှင်းပြ၍နအဖ ကရင်လူမျိုးအချင်း ချင်းသက်လျှိုဖြိုကွင်းသွေးခွဲပုံအချိုကို သက်သေအထောက်အထားနှင့်တကွ KNL (Japan ) ဥက္ကဌ စောဘလှသိန်းမှ ရှင်းလင်း ပြသ၍ ဒုတိယကမ္ဘာစစ်မှ သမိုင်းမှကရင်မျိုးဆက်သစ်များ သမိုင်းသိရန်ပြသ၍အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်၊၊ စကားပြန်အ နေဖြင့်ဆရာ ဦးရွှေဘမှကူညီဆောင်ရွက်ပေး၍ KISကိုယဉ်တွဲပြခဲ့သည်၊၊ တက်ရောက်သူ စုစုပေါင်း(၁၀၀)ကျော် တက်ရောက်ခဲ့သည်၊၊

ကရင်အမျိုးသားအဖွဲ့ချုပ်(ဂျပန်)(www.knljapan.co.cc)၀က်ဆိုက်ဘ်မှ ကူးယူဖော်ပြသည်။
Wednesday, February 11, 2009

မျိုးချစ်ကရင်မှ မျိုးမစစ်ကရင်သို့

နန့်ဘွားဘွားဖန်း(အလယ်)ပုံ။

KNU ဗဟိုအတွင်းရေးချုပ်ဟောင်း ပဒိုမန်းရှာ၏ သမီးနန့်ဘွားဘွားဖန်းတစ်ယောက် အင်္ဂလန်နိုင်ငံသားဖြစ်သူ Mr.sevelနှင့် အိမ်ထောင်ပြုလိုက်သောသတင်းကို ကြားလိုက်ရပါတယ်။ KNU ဗဟိုဌာနချုပ်မှာ ဇန်န၀ါရီလ ၃၁ရက်နေ့ ည၆နာရီမှ ၉နာရီအတွင်း ကျင်းပခဲ့တဲ့ လက်ထပ်ပွဲသို့ ဗိုလ်ချုပ်ကြီးတာမလာဘော၏ သမီး နော်စီဖိုးရာစိန်၊ ပဒိုစောလှငွေ၊ ပဒိုစောဒေါလေမူး၊ တပ်မဟာ ၇ မှူး စောဂျော်နီနှင့် ဇနီး၊ ပီးလှစိန်နှင့်ဇနီးစတဲ့ ကရင်ခေါင်းဆောင်တွေနဲ့ မိတ်ဆွေသင်္ဂဟပေါင်း ၃၀၀ကျော်တက်ရောက်ခဲ့ပါတယ်။

KNU တရားသူကြီးချုပ် မန်းစတိလှရဲ့ ရှေ့မှောက်မှာ Mr.sevel နှင့် နန့်ဘွားဘွားဖန်းတို့ ပြုံးရွင်ပျော်မြူးစွာ မင်္ဂလာလက်မှတ် ရေးထိုး၊ ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်ပြီး ညစာစားခဲ့ကြပါတယ်။ ကရင်လူမျိုးတယောက်အနေနဲ့ ရင်တွင်းခံစားချက်ကို အမှန်အ တိုင်းရေးချင်ပါတယ်။ အစဉ်အလာကြီးမားတဲ့ KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းရှာရဲ့သမီးနဲ့ လက်ထပ်တဲ့သူဟာ နိုင်ငံခြား သားမဟုတ်ပဲ ကရင်လူမျိုးနဲ့ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ဘာ ကြောင့် နိုင်ငံခြားသားကို လက်ထပ်ခဲ့ရတာလဲ။

ဒေါ်အောင်ဆန်းစုကြည်ကို အားကျလို့လား။ လက်ရှိ KNU မှာ တာဝန်အရှိဆုံး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတာမလာဘောအနေနဲ့ ဒီလို ကိစ္စမျိုးကို ဘာဖြစ်လို့အားပေးရတာလဲ။ KNU မှာ ဖထီးမရှိတော့လို့ ဖထီးမိသားစု ကိုလည်း နေရာမပေး၊ အခုပဒိုမန်းရှာရဲ့ သမီး နိုင်ငံခြားသားနဲ့ ယူတာကိုလည်း အားပေးနေတာတွေကြောင့် မျိုးချစ်စိတ်ရှိတဲ့ ကရင်တိုင်းရင်းသားများရဲ့ ရင်ထဲမှာ ဘယ်လိုခံစား နေရမယ်ဆိုတာ သိစေချင်ပါတယ်။ ကရင်အမျိုးသမီးတွေကို နိုင်ငံခြားသားတွေနဲ့ လက်ထပ်မပေးပါနဲ့။ တားမြစ်ပေးပါ။

အစဉ်အလာကြီးမားတဲ့ ကေအဲန်ယူခေါင်းဆောင်တွေရဲ့ သားသမီးတွေကို ဒေါ်အောင်ဆန်းစု ကြည်လို အမည်းစွန်းမထင်အောင် စောင့်ရှောက်ပေးကြပါ။ ကေအဲန်ယူခေါင်းဆောင်တွဟာ သူတို့ရဲ့ သားသမီးတွေကို နိုင်ငံခြားမှာကျောင်းထား၊ နိုင်ငံခြားသား ဘ၀အ သစ်ထူထောင်ပြီး နှောင် ကြိုးကင်းမဲ့စွာနဲ့ ကရင်အမျိုးသားရေး ကြွေးကြော်နေတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကရင်တမျိုးသား အ တွက် မျိုးချစ်ကရင်အ မည်နဲ့ တော်လှန်ရေးလုပ်နေတာဟာ အနာဂတ်အတွက် အလားအလာဘယ်လိုရှိနိုင်မလဲ။ မျိုးချစ်ကရင်မှ မျိုးမစစ်ကရင်ဖြစ်နေပြီ လား၊ ရိုးသားသည့်ကရင်လူမျိုးဂုဏ်ကို မထိန်းသိမ်းမစောင့်ရှောက်တော့ဘူးလား။
မျိုးချစ်ကရင်တဦး
ရောင်ပြန်နှင့် ဇွဲကပင်ဝက်ဆိုက်ဘ်(ဂျပန်)မှ ကူးယူသည်။
Monday, February 9, 2009

ပဒိုမန်းရှာ(သို့) တော်လှန်သူအတွက် အမှတ်တရ

ဖထီးမန်းရှာ လုပ်ကြံခံရတာ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ တနှစ်တင်းတင်း ပြည့်ပြီဖြစ်သော်လည်း ကျနော့်အတွက်က တော့ မနေ့တနေ့ကလိုပဲ ခံစားနေရဆဲပါ။ ဖထီးမန်းရှာလုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေ မိပြီး ယူကျုံးမရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့ စိတ်တွေဟာလည်း ရင်ထဲ နှလုံးသားထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာခဲ့ရပါတယ်။

ပဒိုမန်းရှာအုတ်ဂူ၊ သေပေထ(ဗဟိုစစ်ဌာနချုပ်)၊ ကော်သူးလေ။

သူလုပ်ကြံခံရတဲ့အချိန်ဟာ ကျနော်မဲဆောက်က ကရင်သတင်းဌာန(KIC)သတင်းစာတိုက်မှာ တာဝန်ထမ်းဆောင်နေခဲ့တဲ့ အချိန်ပါ။ အဲဒီနေ့ဟာ ကျနော်တာဝန်ကျရာဌာနရဲ့ လစဉ်ထုတ်သတင်းစာစောင်ကို ပုံနှိမ့်တိုက်အပ်ထားပြီးဖြစ်တာကြောင့် ၀န်ထမ်းများဟာ စိတ်ပြေလက်ပျောက်နဲ့ သတင်းစာတစောင်ဖြစ်မြောက်ဖို့ လုံးပန်းခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှု လေးတွေကို အတိုးချပြီး အနားယူကြတဲ့နေ့ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့လည်း မဟုတ်ပါလား။

အဲဒီနေ့မနက်မှာ ဖာထီးကျနော်တို့ရုံးရှေ့ကို ကိစ္စတခုနဲ့ ရောက်လာခဲ့ပါသေးတယ်။ သူကိုယ်တိုင် ကားပေါ်ကမဆင်းပေမယ့်လည်း သူ့ကို ကားမောင်းပို့ပေးနေတဲ့ သူ့ရဲ့သားကြီး စောစေးစေးက စာရွက်စာတမ်းတချို့ လာပို့သွားပါတယ်။ ကားပေါ်ကို လှမ်းကြည့်လိုက်တော့ သူအမြဲပဲ ၀တ်နေကျ ၀စ်စကုတ်အကျီင်္နဲ့ ဖထီးကို တွေ့ရပြီးတော့ ကျနော့ဘေးနားမှာရှိနေတဲ့ ၀န်ထမ်းတယောက်ကိုတောင် အဖိုးကြီးလည်း ကားပေါ်မှာ ပါလာတယ်လို့ ပြောလိုက်မိပါသေးတယ်။

ဝစ်စကုတ်ဝတ်ထားတဲ့ အဲဒီနေ့က ဖထီးရဲ့ ပုံရိပ်ကို ယခုချိန်ထိ ပြန်လည်မြင်ယောင်မိနေသေးသလို အသက်ရှင်လျက်နဲ့ ဖထီးကို နောက်ဆုံးအကြိမ် တွေ့ရခြင်းလည်း ဖြစ်ပါတယ်။ အသက်ရှင်လျက်နဲ့ ဖထီးကို နောက်ဆုံးတွေ့ရမယ်ဆိုတာ အဲဒီအချိန်က ဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။ အချိန်ကတော့ ထိုင်းစံတော်ချိန် ၁၀နာရီပတ်ဝန်းကျင်လောက် ရှိပါလိမ့်မယ်။

အဲဒီနေ့နေ့လည်မှာတော့ အခင်ဆုံးအစ်ကိုကြီး Kyawcross(ဇွဲကပင်ဝက်ဆိုဘ်)ရဲ့အိမ်ကို အလည်လိုက်သွားဖြစ်ပါတယ်။ Kyawcross ရဲ့အိမ်က မယ်တော်ဆေးခန်းနဲ့လည်း နီးတော့ သူ့အိမ်မှာ အားရပါးရပ် အနားယူအပြီး ဘော်လုံးပွဲ ကြည့်ဖို့ ထွက်လာခဲ့ကြပါတယ်။ မော်တော်ဆိုင်ကယ် နှစ်ယောက်သားစီးနေတုန်း သူ့ဆီက ဖုန်းလာပြီး တယောက်သောသူနဲ့ စကားပြောနေကြပါတယ်။ တကယ်တော့ သူတို့တွေ ပြောနေတဲ့စကားတွေဟာ အမင်္ဂလာစကားတွေဖြစ်နေပါတယ်။ အကြောင်းရင်းအားလုံးကို မသိရပေမယ့်လည်း သူတို့ပြောနေတဲ့စကားတွေက သွေးရိုးသားရိုးမဟုတ်မှန်း ကျနော့စိတ်ထဲမှာအလိုလိုနဲ့ ကောက်ချက်ချလိုက်မိပါတယ်။

ချက်ချင်းပဲ သူကကျနော့ဘက်လှည့်ပြီးတော့ လာ--ဟိုဘက်ရုံးမှာ သွားမယ်။ အရေးကြီးတယ်လို့ပြောပြီး မော်တော်ဆိုင်ကယ်ကို ၀ုန်းခနဲ မောင်းထွက်သွားပါတော့တယ်။ ကျနော်လည်း အံ့သြတုန်လှုပ်မိကာ ဘာမှတုန့်ပြန်စကားပြန်မပြောနိုင်ပဲ ပုခက်ပေါ်က လူမမယ်ကလေးငယ်ပမာ မော်တော်ဆိုင်ကယ်နောက်မှာပဲ တကောက်ကောက် ပါသွားခဲ့ရပါတယ်။ သွားမယ့်ရုံးဆိုတာက မယ်တော်ဆေးခန်းနားက နယ်လှည့်ကျောပိုးအိတ်အဖွဲ့ရုံးပါ။ အဲဒီရုံးကိုရောက်တော့ ခုနကဖုန်းဆက်သူ(ဗိုလ်ကြီးဝင်းကျော်၊ တပ်မဟာ ၅) နေတဲ့အခန်းကိုပဲ တန်းသွားခဲ့ကြပါတယ်။


ပဒိုမန်းရှာရဲ့ မျိုးဆက်သစ်များ(စောစေးစေး၊ နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်း)

သူနေတဲ့အခန်းကိုသွားပြီး ထိုင်မယ်လို့လုပ်တဲ့အချိန်မှာပဲ ပဒိုမန်းရှာလုပ်ကြံခံလိုက်ရပြီးတော့ ပွဲချင်းပြီး သေဆုံးသွားပြီတဲ့၊ ဗိုလ်ကြီးဝင်းကျော်ဆီက ကျနော် အဲဒီစကားလုံးကို သေသေချာချာကြားရပါတယ်။ မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်ခဲ့ရပါတယ်။ ဘာလုပ်ရမယ်၊ ဘာပြောရမယ်မှန်း မသိပဲ ပါးစပ်အဟောင်းသား တိတ်ဆိတ်ငြိမ်သက်ခဲ့ပါတယ်။ ဒါပေမယ့် တကြိမ်တခါမှ မခံစားဖူးခဲ့တဲ့ ၀မ်းနည်းကြေကွဲတုန်လှုပ်ခြောက်ခြားတဲ့စိတ်တွေဟာ ကျနော့ရဲ့ရင်ထဲ အသဲထဲ နှလုံးသားထဲ၊ ခေါင်းထဲစတဲ့ ခနကိုယ်တခုလုံးထဲကို လွမ်းမိုးလိမ့်ဝင်လာပါတော့တယ်။

တခန်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။ ယောကျာင်္တန်မဲ့ မျက်ရည်ဝဲခဲ့ရပြီးတော့ မျက်ရည်စက်လေးများဟာလည်း ထိမ်းထားတဲ့ကြားကနေ အလိုလိုနဲ့ အတင်းထွက်ကျလာပါတော့တယ်။ တကယ်တော့ အဲဒီမျက်ရည်စက်တွေဟာ လွတ်လပ်မှု လိုလားသူတယောက်ရဲ့ လွတ်လပ်မှုအတွက် တော်လှန်သူခေါင်းဆောင်တယောက် ဆုံးရှုံးရတဲ့ မျက်ရည်စက်လေးတွေပါပဲ။

ကိုယ့်ကိုယ်ကိုတော့ မယုံကြည်နိုင်လောက်အောင်ပဲ ကိုင်တွယ်စမ်းသပ်ကာ ငါအိမ်မက်မက်နေတာလား၊ ငါများမူးနေတာလားလို့တောင်မှ မေးခွန်းတွေ ထုတ်ခဲ့မိပါသေးတယ်။

မဟုတ်ဘူး။ မဟုတ်ဘူး၊ ငါ့အိမ်မက်မဟုတ်ဘူး။ မူးလည်းမမူးပါဘူး။ ငါပုံမှန်ပဲ။
ဒါတကယ် ငါ့နားနဲ့ တကယ်ကြားနေရတာပဲ။
ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်သင့်သလဲ ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်တဲ့အချိန်မှာပဲ အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကလေးကို ဘယ်သူမှ အမိန့်မပေးပဲ တန်းကောက်ကိုင်လိုက်မိပါတယ်။ လုပ်ဖော်ကိုင်ဖက် စောခေါင်သောင့်(ယခု၊ ဖို့ဝိန်း)ဆီကို တန်းဆက်လိုက်မိပါတော့တယ်။ ဖုန်းခေါ်နေတုန်းမှာလည်း ပဒိုမန်းရှာမသေဘူး။ ဗိုလ်ကြီးဝင်းကျော်ပြောတာမဟုတ်ဘူး၊ သူလိမ်ပြောတယ်ဆိုတဲ့ တုန့်ပြန်မှုကို ကြားရပါစေလို့တောင် ဆန္ဒပြုခဲ့မိပါသေးတယ်။


အစည်းအဝေးတွေ၊ သတင်းစာရှင်းလင်းပွဲတွေမှာ အခုလို သူ့ရဲ့သဘောထားတွေကို ပြတ်ပြတ်သားသားပြောဆိုခဲ့။

ဒါမှ မဟုတ် ပဒိုမန်းရှာ ပွဲချင်းပြီးမသေဘူး။ ဒဏ်ရာအနည်းငယ်ကလွဲလို့ ပူပင်စရာမရှိဘူးဆိုတဲ့ တုန့်ပြန်မှုကိုလည်း မျှော်လင့်မိခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့ရဲ့ ဆန္ဒတွေက မပြည့်မီခဲ့ပါဘူး။ စောခေါင်သောင့်ဖုန်းကိုင်လိုက်တဲ့အချိန် ကျနော်ဘာမှ မမေးခင်မှာပဲ ပ်ုဒိုမန်းရှာသီ့ယုဂ်(ပဒိုမန်းရှာသေပြီ) ဆိုတာကိုပဲ ကြားလိုက်ရပါတယ်။ အခုငါပဒိုမန်းရှာရဲ့အလောင်းနဘေးမှာ ဓါတ်ပုံရိုက်နေပါတယ်ဆိုတဲ့ စောခေါင်သောင့်ရဲ့ ပြောဆိုနေတာတွေဟာလည်း ပဒိုမန်းရှာကို အသက်ရှင်နေစေချင်သေးတဲ့
ဒါမှမဟုတ် ဒဏ်ရာအနည်းငယ်ပဲ ရစေချင်တဲ့ ကျနော့ရဲ့ မျှော်လင့်ချက်ကို တစမကျန်ရိုက်ချိုးလွင့်ပစ်လိုက်သလိုပဲ ခံစားခဲ့ရပါတယ်။

ပဒိုမန်းရှာ လုပ်ကြံခံရပြးတော့ ပွဲချင်းပြီးသေဆုံးသွားပြီဆိုတာ ရာနှုန်းပြည့် မှန်ကန်နေပါပြီး၊ ကျနော်ရုံးခန်းကို ချက်ချင်းပြန်ပြီးတော့ အဲဒီညတညလုံး ပဒိုမန်းရှာရဲ့ အတ္တုပတိ၊ မှတ်တမ်းဓါတ်ပုံ၊ မိန့်ခွန်းစတဲ့အချက်အလက်တွေကို အယ်ဒီတာချုပ်ရဲ့ လမ်းညွန်မှုနဲ့အညီ ရှာဖွေစုဆောင်းခဲ့ပါတယ်။ မီဒီယာတွေအတွက် ကြိုတင်ရှာဖွေထားခြင်းလည်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှာဖွေစုဆောင်းရတဲ့အတွက်ကြောင့်လည်း သူ့ကို ပိုပြီးတော့ အမှတ်ရခဲ့မိပါတယ်။ တညလုံး အိပ်မပျော်နိုင်ပဲ သူ့အကြောင်းကိုပဲ ထိုင်တွေးနေမိတော့တယ်။ သူ့အိမ်မှာပဲ အတူတူတာလပေါ့ဟင်းနဲ့ ထမင်းစားတတ်တဲ့ ဖထီးရဲ့ အဆင့်အတန်းခွဲခြားမှုမရှိတဲ့အချိန်၊ သတင်းစာရှင်းလင်းပွဲတွေ၊ အခမ်းအနားတွေမှာ ပြတ်သားခိုင်မာပြီး ထိထိမိမိပြောတတ်တဲ့ ဖထီးရဲ့ ပြောဆိုနေချိန်၊ နောက်ဆုံး ၀စ်စကုတ်နဲ့ တွေ့ခဲ့တဲ့အချိန်တွေကို မှတ်မှတ်ရရ ပြန်လည်မြင်ယောင်ခဲ့မိပါတယ်။

ဒါပေမယ့်လည်း ပဒိုမန်းရှာလိုခေါင်းဆောင်မျိုး ကရင့်အမျိုးသားထုအတွင်းမှာ အများအပြားဆက်လက်ပေါ်ထွန်းလာပြီးတော့ အမျိုးသားတော်လှန်ရေးကို ဆက်လက်ဦးဆောင်သွားမယ်လို့လည်း မျှော်လင့်မိပါတယ်။ အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်က သူချစ်တဲ့ သူ့ကရင်အမျိုးသား၊ သူယုံကြည်တဲ့ တော်လှန်ရေး၊ သူတည်ဆောက်ခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ သူခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ တော်လှန်ရေးမူဝါဒကို စွန့်ခွာသွားပါပြီး။ လူသေပေမယ့်လည်း နာမည်တော့ မသေပါ။ သူ့ရဲ့ဝိညဉ်တွေက တော်လှန်ရေးအပေါ်မှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်သလို သူ့ရဲ့ မိန့်မာချက်၊ သူ့ရဲ့ တော်လှန်ရေးရပ်တည်ချက်များဟာလည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းနှင့် ကွဲပြားနေတဲ့ ဒေသအသီးသီးက ကရင်တမျိုးသားလုံးရဲ့ လွတ်မြောက်မှုအတွက် ဆက်လက်လွမ်းမိုးနေအုံးမှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပေတယ်။

ကျော်အဲခေါင်သောင့်
Saturday, February 7, 2009

ဒီကေဘီအေအပေါ် ပဒိုမန်းရှာလားဖန်း ထားရှိခဲ့သည့် သဘောထား


၁။ ကေအဲန်ယူကို မဆန့်ကျင်ရ။
၂။ ကရင်ပြည်သူကို ဖိနှိမ့်အနိုင်မကျင့်ရ။
၃။ နအဖခိုင်းတာကို မလုပ်ရ။
၎။ မူးယစ်ဆေးဝါးမလုပ်ရ။

အထက်ပါအချက်လေးချက်ကို ဒီကေဘီအေမှ လိုက်နာလျှင် ကေအဲန်ယူနှင့် ပြန်လည်ပေါင်းထုတ်နိုင်သည်ဟု ၆ကြိမ်မြောက် ကရင် စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် စာရေးသူ မေးသည့်မေးခွန်းကို ပုံပါအတိုင်း ပဒိုမန်းရှာလားဖန်းက ပြန်လည်ဖြေကြားခဲ့သည့် အချက်များ ဖြစ်သည်။

ကျော်အဲခေါင်သောင့်

ကျနော်သိသော ပဒိုမန်းရှာ




စာလုံးပီပီသသနှင့် ဆိုဒ်ကြီးကြီးဖတ်ချင်လျှင် စာရွက်ပေါ်ကို တချက်နှိမ့်လိုက်ပါ။
ပေးပို့သူ-စသန်းမြင့်
Monday, February 2, 2009

ခြိမ်းခြောက်ခံနေရသော ဒုက္ခသည်စခန်း

မြန်မာနှင့် နယ်နိမိတ်ချင်း ထိနေသော ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့၏ တောင်ဘက် ၅ နာရီခရီးအကွာရှိ နို့ဖိုး ဒုက္ခသည်စခန်းတွင် ညအချိန်၌ စခန်းပတ်လမ်းတလျှောက် လူသူဟူ၍ မတွေ့ရတော့ဘဲ ရှင်းလင်းနေတော့သည်။

ည ၉ နာရီထိုးချိန် မဆင်မခြင် ဖရောင်းတိုင်ထွန်းသည့်သူ ပေါ်လာလျှင် မြန်မာစစ်အစိုးရကို ပုန်ကန်တိုက်ခိုက်နေသည့် အာရှတွင် သက်တမ်းအရှည်ဆုံး တပ်ဖွဲ့တဖွဲ့ဖြစ်သည့် တိုင်းရင်းသားသူပုန် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များက ချက်ချင်းပင် လာရောက်၍ ငြှိမ်းသတ်လိုက်ကြလိမ့်မည်။

မြန်မာအစိုးရ ကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်ကျူးကျော် စော်ကားနေသည်ကို လုံခြုံရေးများ တင်းကျပ်စွာ ချထား၍ ကာကွယ်သည့်အချိန် ၂ ပတ်ကျော်လာချိန်တွင်မူ ထိုသို့ ရူးရူးမိုက်မိုက်ပင် ဘေးပတ်ဝန်းကျင်က မြင်သာအောင် မီးထွန်းမည့်သူ မရှိတော့ပါ။

ထိုင်းစစ်သားများနှင့် KNLA တပ်ဖွဲ့ဝင်များက နေဝင်မီးငြိမ်းအမိန့်ကို ကောင်းစွာ စောင့်ကြပ်ကြည့်ရှုနေသည့်အတွက် ညတိုင်လျှင် သူတို့၏ ယာယီတဲအိမ်များမှ အပြင်သို့ ထွက်လာသူဟူ၍ မရှိပါ။

လွန်ခဲ့သော ၂ ပတ်ကဆိုလျှင် စခန်းကို ည ၈ နာရီ ၄၅ မိနစ်တိတိတွင် ပိတ်သည်။ သို့သော် 'ယခုအခါတွင် အခြေအနေများ အတော်အေးဆေးသွားပါပြီ' ဟု စခန်းတွင်း နေထိုင်သူတဦးက ပြောသည်။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကဆိုလျှင် ကရင်တပ်ဖွဲ့၏ ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်ပြီး၊ စစ်အစိုးရနှင့် ပေါင်းစည်းထားသည့် ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မတော် (DKBA) က အရှက်နည်းစွာ အကြိမ်ပေါင်းများစွာ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် အားလုံးနေစရာမရှိ ရင်တမမ နေခဲ့ကြရသည်။

စခန်းတွင်း နေထိုင်သူများမဟုတ်သည့် ကရင်များဖြစ်သော အဆိုပါ DKBA 'သူလျှို' များမှာ ညအမှောင်ကို အကာအကွယ်ယူကာ စခန်းအနီးတဝိုက် ၄ ရက်ဆက်တိုက် ချောင်းမြောင်းလှုပ်ရှားနေသည်ကို တွေ့ရှိဖမ်းမိခဲ့သည်။

စခန်းလုံခြုံရေး တာဝန်ကျအရာရှိများ အလွန်အမင်း စိုးရိမ်ထိတ်လန့်ကာ စခန်းအနီးတဝိုက် တင်းမာမှုအပြင်းထန်ဆုံး အခြေအနေတွင် အဆိုပါ သူလျှိုတဦးကို ဖမ်းဆီးကွပ်မျက်ခဲ့သည်။
အခုထိဖမ်းမိတာ ၉ ယောက် ၁ဝ ယောက်လောက်ရှိပြီ" ဟု စခန်းတွင်း လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျောင်းဆရာ တဦးက ပြောသည်။ သူ စာသင်ကြားပေးနေသည့် အင်္ဂလိပ်စကားပြောသင်တန်း (ESC) ၏ ကော်မတီဝင်တဦးဆိုလျှင် သွားရင်းလာရင်း တည၌ ထိုလူများ ၃ ဦးကို ပက်ပင်းတိုးမိခဲ့သည်ဟု ဆိုသည်။

သူ့ကျောင်းကို တက္ကသိုလ်အစား 'သင်တန်း' (Course) ဟု တမင်ပြောင်းလွှဲ အမည်ပေးထားရသည်။ တက္ကသိုလ်ဆိုလျှင် အမြဲတမ်း သဘောဆောင်၍ ထိုင်းအာဏာပိုင်များက ခွင့်မပြုသောကြောင့်ဖြစ်သည်။

အလွန်ပြင်းထန်သော တိုက်ပွဲများသည် နိုဖိုး စခန်းနှင့် ၁ဝ ကီလိုမီတာ အနီးတဝိုက်တွင်ပင် အနီးကပ် ဖြစ်ပွားလျက်ရှိသည်။

မြောက်ဘက်ရှိ စခန်းတခုကို ယခုနှစ်အစောပိုင်းက လက်လွှတ်ဆုံးရှုံးသွားခဲ့သည့် KNLA အထူးတပ်ရင်း ၁ဝ၃ မှ တပ်ကြွင်းတပ်ကျန်များကို ဒီကေဘီအေ တပ်များက နောက်မှ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

KNLA တပ်များကလည်း မြင့်သထက်မြင့်သော တောင်ကုန်းများရှိရာ တောင်ဘက်ဆီသို့သာ ဆုတ်ခွာနေပြီး လမ်းတွင်မိုင်းများ ထောင်ထားခဲ့ကြသည်။ ထိုမိုင်းများကြောင့် DKBA တပ်ဖွဲ့ဝင်များ အဆက်မပြတ် ဒဏ်ရာရနေပြီး၊ ထိုင်းအစိုးရ ဖွင့်လှစ်ထားသည့် အုန်းဖန်ဆေးရုံသို့ ဒဏ်ရာပြင်းထန်သူများ တက်ရောက်ကုသခံနေကြသည်။

တပ်ရင်း ၁ဝ၃ ၏ အခြေခံစခန်းသည် ကရင်ပြည်နယ်အတွင်း KNLA တပ်မဟာ ၆ ၏ နောက်ဆုံးကျန်သော စခန်း ၂ ခုအနက်တခု ဖြစ်သည်။ ထို့ကြောင့် ဤစခန်းကျဆုံးသွားခြင်းသည် မြောက်ဘက်ရှိ ဝါးလေခီး စခန်းတခုသာ ကျန်တော့သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

ကရင်လူမျိုးများ အသိအမှတ်ပြုခံရရေးအတွက် တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားတို့၏ တိုက်ပွဲကို လူသားချင်းစာနာသည့် အထောက်အပံ့အကူအညီ ရန်ပုံငွေများ ပေးအပ်နေသည့် နိုင်ငံခြားသား အလှူရှင်တဦးက ယခုအခါ KNLA တပ်မှူးများသည် ဝါးလေခီးစခန်းလည်း ကျဆုံးတော့မည်ဆိုသည်ကို လက်ခံထားကြပြီဟု ပြောသည်။

"ကျနော်ထင်တယ်၊ အင်အားချင်း မမျှတာကြောင့် သေနင်္ဂဗျူဟာအရ စဉ်းစားရင် တပ်သားတွေ လုံခြုံရေးအတွက် သူတို့ကို လှုပ်ရှားခိုင်းနေတာက ပိုကောင်းတယ်ထင်တယ်" ဟု သူက ပြောသည်။

DKBA နှင့် နအဖ တပ်များ ဝါးလေခီးစခန်းကို တိုက်ရန် ဟန်ပြင်နေသည်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခုအထိတော့ နောက်ဆုံး ထိုးစစ်ဆင်ခြင်းများ မပြုလုပ်သေးပါ။

သို့သော် ထိုင်းနိုင်ငံကမူ ဝါးလေခီးစခန်း ကျနိုင်သည်ဆိုသည်ကို တွက်ထားပြီး နယ်စပ်ကို သေချာစွာ ပိတ်ဆို့၍ စောင့်ကြပ်ကင်းလှည့်ခြင်းများ ပြုလုပ်နေသည်။ စစ်သားများနှင့် အရပ်သားများ တိုက်ပွဲနယ်မြေမှ ထွက်ပြေး၍ ထိုင်းနယ်နိမိတ်ထဲ ဝင်ရောက်မလာနိုင်အောင် ကာကွယ်စောင့်ကြပ်ထားခြင်းဖြစ်သည်။

ထိုသို့ DKBA နှင့် နအဖတပ်များ မဝင်သေးဘဲ ဆိုင်းနေခြင်းမှာ "သူတို့က အလောသုံးဆယ် မဝင်ဘူးလေ၊ ဒီနေရာမှာ ထောင်ချောက်မိုင်းတွေ ဆင်ထားမယ်ဆိုတာ သိနေတော့ ဘယ်ဝင်မလဲ၊ အဲဒီမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး" ဟု နိုင်ငံခြားသား အလှူရှင်က ရှင်းပြသည်။

"အဲဒီထဲဝင်ရင် အထိအခိုက်များမယ်ဆိုတာ သူတို့သိတယ်လေ"

'အနိဋ္ဌာရုံကင်းသည့်နိုင်ငံ' စာအုပ် ရေးသားသူ ဘီနီဒစ်ရော်ဂျာ (Benedict Rogers) က တပ်ရင်း ၁ဝ၃ ၏ အဆုံးအရှုံးများကို ကော်ဖီသောက်ရင်း လွမ်းလွမ်းဆွေးဆွေး ပြောသည်။

"ကျနော်က ဒီနေရာကို တနှစ်ကို ၂ ခေါက် ၃ ခေါက် ရောက်နေတာ ခင်ဗျား သိသားပဲ။ တခါလာရင် နောက်ထပ် နယ်မြေတခု ဆုံးရှုံးနေပြီ"

"ကရင်တွေ (KNU/KNLA) တွေတော့ ထပ်ထပ်ပြီး အဆော်ခံနေရတော့တာပဲ" ဟု သူက ခေါင်းတခါခါဖြင့် ပြောသည်။

သူ၏ ယခုတခေါက် ခရီးစဉ်တွင် မစ္စတာရော်ဂျာသည် KNU ၏ ခေါင်းဆောင်သစ်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) နှင့် တိုက်ခိုက်နေရသည့် တိုက်ပွဲတွင် ဤခေါင်းဆောင်သစ်များက အားသစ်လောင်းပေးနိုင်လိမ့်မည်ဟု သူက မျှော်လင့်ထားသည်။

"ခင်ဗျားသိတဲ့အတိုင်း ပဒိုမန်းရှာ သေဆုံးပြီးကတည်းက တကယ်ခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင်မှုရယ်လို့ မရှိတော့တာ" (ပဒိုမန်းရှာသည် KNU ၏ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်ပြီး၊ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သူ့နေအိမ်တွင် လုပ်ကြံခံရ၍ ကွယ်လွန်သွားခဲ့သည်။)

"သူက အယူအဆမတူတဲ့သူတွေ၊ ဘာသာမတူတဲ့သူတွေ အားလုံးကို စုစည်းထားနိုင်တဲ့သူ၊ ဒီမိုကရေစီအဖွဲ့အစည်း တော်တော်များများနဲ့လည်း အချိတ်အဆက်ရှိအောင် ထိန်းထားနိုင်တယ်။ သူကတော့ မျှော်လင့်ချက်ကြီးကြီးရှိခဲ့တဲ့ သူပဲ"

ကရင်ပြည်နယ်အတွင်းစတင်ခဲ့သော နအဖ (SPDC) ၏ နောက်ဆုံးထိုးစစ်များသည် ယခုအခါ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်များအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ခိုက်နေကြသော သူပုန်အဖွဲ့များကို ဦးကျိုးသွားအောင်လုပ်သည့် အစီအစဉ်၏ အစိတ်အပိုင်းတရပ်ပင်ဖြစ်သည်ဟု မစ္စတာရော်ဂျာက ပြောသည်။

ဤအဆိုကို မဲဆောက်ရှိ မြန်မာအတိုက်အခံများကလည်း သဘောတူသည်။ နောက်နှစ် ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင်အဖွဲ့များကို လက်ရှိပြုလုပ်နေသော အလွန်ပြင်းထန်သည့် ထိုးစစ်ကြီးများဖြင့် အင်အားချိနဲ့အောင် လုပ်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖြစ်အောင် ဖိအားပေးလိမ့်မည်ဟု သူတို့က ဆိုသည်။

မစ္စတာရော်ဂျာက သူစိုးရိမ်နေသည်မှာ စစ်အစိုးရ၏ အလွန်အကျွံ ရန်လိုနေသော လုပ်ရပ်များကြောင့် စိတ်အနှောင့်အယှက်ဖြစ်၊ စိတ်တိုဒေါသထွက်နေသော နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဘယ်လောက်ပင် မယုံသော်လည်း အပေါ်ယံရွှေမှုံကြဲမျှပင်ဖြစ်စေ၊ ခေတ္တခဏ အေးဆေးငြိမ်သက်သွားသည်ကို လက်ခံလိုက်လိုစိတ် ပေါ်လာမည်ကိုပင် ဖြစ်သည်ဟု သူက ဆိုသည်။

"ဒါအာရှနိုင်ငံတွေမှာ အထူးသဖြင့် တွေ့ရတာမျိုးပဲ။ သူတို့က လက်ရှိအခြေအနေကို ငြီးငွေ့နေကြပြီ" ဟု သူက ပြောသည်။

နိုဖိုး ဒုက္ခသည်စခန်းရှိ 'တရားဝင်' ဒုက္ခသည်အရေအတွက်မှာ ၁၄ဝဝဝ ခန့်သာ ရှိသည်။ သို့သော် အပတ်တိုင်းပင် ထိုင်းပွဲစားများက ကားများ၊ ထရပ်ကားများဖြင့်တင်၍ လူသစ်များ လာပို့နေကြသောကြောင့် စခန်းရှိလူဦးရေမှာ အစဉ်လိုပင် တိုးပွားနေသည်။

ခြောက်သွေ့ရာသီတွင် အသွားအလာ လွယ်ကူသော စခန်းများသို့ အဆက်မပြတ် ဝင်ရောက်လာနေကြသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) ၊ ခရစ်ယာန်အသင်းအဖွဲ့များ၊ နိုင်ငံခြားသား စေတနာ့ဝန်ထမ်း ဆရာများက မေ့ပျောက်သွားခြင်းခံရသည့် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အများစုမှာ မဲဆောက်မှ နို့ဖိုးသွားဖို့ပင် ဘတ် ၅ဝဝဝ ကုန်မှ ရောက်သည်။

နိုဖိုးတွင် ယခုအပတ်အထိ ရှိနေသော ကျောင်းသား ၆ဝဝ ကျော်၏ တဦးတည်းသော နိုင်ငံခြားသားကျောင်းဆရာ ကားလ်ဘရောင်း (Carl Browne) က ဝရမ်းပြေးတယောက်အတွက် နို့ဖိုး ရောက်ပြီဆိုလျှင် သူ့အတွက် လုံခြုံသွားပြီဟု ပြောသည်။

"အဲဒါမှ တကယ့်ပြဿဿနာ" ဟု သူက ဆိုသည်။

"မဲဆောက်ကနေ သိပ်ဝေးတဲ့နေရာမှာ နေနေရတော့ ကျနော်တို့လည်း တယောက်ထဲ အေးအေးပဲ နေချင်တယ်။ အားလုံးကို မေ့ထားချင်တယ်။ ကျနော်တို့မှာ အင်တာနက်ကဖေးတွေလည်း ရှိတယ်။ ဈေးဆိုင်တွေလည်း ရှိတယ်"

"နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ရန်ကုန်မြို့က ထွက်လာပြီး၊ နို့ဖိုးမှာ ဒုက္ခသည်လာလျှောက်တာ၊ တက်ကြွလှုပ်ရှားသူတွေ လာလျှောက်တာ ပိုပိုများလာနေတယ်။ မယ်လစခန်းထက်တောင် များသေးတယ်"

"ဒါကြောင့်လည်း နို့ဖိုးက တကယ်ဖိအားပေးခံနေရတာ။ စစ်အစိုးရကလည်း ဒီစခန်းကို နောက်နှစ်မတိုင်ခင် ရှင်းပစ်ချင်နေတာ" ဟု သူက ပြောသည်။

နို့ဖိုးတွင် နေသူများကလည်း သူတို့စခန်းကို စစ်အစိုးရက ရှင်းပစ်ချင်နေ၊ ဖျက်ဆီးချင်နေသည်ကို ကောင်းကောင်းသိသည်။
"ဒုက္ခပဲ။ DKBA ကလည်း ထိုင်းဒုက္ခသည်စခန်းမှူးကိုတောင် ဆက်သွယ်ပြီး၊ ခင်ဗျားလူတွေ ထွက်ခိုင်းလိုက်၊ ကျနော်တို့ဆီ လာပြီး မီးရှို့ပစ်လိုက်တော့မယ်လို့ ပြောတယ်တဲ့" ဟု မစ္စတာဘရောင်းက ပြောသည်။
ဒယ်နီယယ် ပီဒါဆင်
တနင်္ဂနွေနေ့၊ ဖေဖေါ်ဝါရီလ 01 2009 00:00 - မြန်မာစံတော်ချိန်
Sunday, February 1, 2009

နှစ် ၆၀ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ဓါတ်ပုံသတင်း

ကရင်တော်လှန်ရေးနေ့အခမ်းအနား စစ်ရေးပြအဖွဲ့ပုံ
အခြားပုံများကိုလည်း ဆက်ကြည့်နိုင်ပါတယ်။ ဆက်ဖတ်ရန်ကို နှိမ့်ပါ။

အခမ်းအနားပြုလုပ်သည့် အ၀င်မုဂ်ဝ


အခမ်းအနားအတွက် လုံခြုံရေးတာဝန်ယူထားသည့် ကရင်ရဲဘော်များ။


အခမ်းအနားအတွက် လုံခြုံရေးတာဝန်ယူထားသည့် ကရင်ရဲမေများ၊


အခမ်းအနား လာရောက်ကြသည့် ဧည့်ပရိသတ်များနှင့် လုံခြုံရေးရဲဘော်များပုံ။


အခမ်းအနားကို တက်ရောက်လာသည့် ဧည့်ပရိသတ်များ။


အခမ်းအနားကို တက်ရောက်လာသည့် ဧည့်ပရိသတ်များ။


ကေအဲန်အယ်လ်အေ စစ်ရေးပြတပ်ဖွဲ့။


စစ်ရေးပြတပ်ဖွဲ့ ချီတက်လာစဉ်။


အခမ်းအနားတွင် တွေ့မြင်ရသည့် ကရင်ယဉ်ကျေးမှုဒုံးအဖွဲ့နှင့် ကရင်ပြည်သူများ။


အခမ်းအနားမှူးအဖွဲ့ပုံ။


အခမ်းအနားကို အခုလို ကျင်းပပြုလုပ်စဉ်။


တက်ရောက်လာသည့် လူထုပရိသတ်များ။


ဗိုလ်ချုပ်ကစယ်ဒိုမှ အမှာစကားပြောကြားနေစဉ်။


တက်ရောက်လာသည့် လူထုပရိသတ်များ။


တပ်မဟာ(၇)မှူးဗိုလ်မှူးချုပ်စောဂျော်နီမှ အမှာစကားပြောကြားနေစဉ်။


လွန်ခဲ့သည့်နှစ် လုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့သည့် ကေအဲန်ယူအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာ သားသမီးများကလည်း အခုလို စကားပြောဆိုခဲ့ကြပါတယ်။


ဒေါက်တာစင်သီယာမောင်မှ အမှာစကားပြောကြားနေစဉ်။


စစ်ရေးပြအဖွဲ့ ချီတက်နေစဉ်။


ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုမှုကို ခံယူနေသည့် ဗိုလ်ချုပ်မူတူးစေးဖိုး၊


အခမ်းအနားတွင် တွေ့မြင်ရသည့် လူထုပရိသတ်များ။


ဂုဏ်ပြုခံရသည့် ကရင်တော်လှန်ရေးရဲဘော်ကြီးများ။


ဂုဏ်ပြုခံရသော ကိုယ်လက်အင်္ဂါစွန့်လွတ်လိုက်ရသည့် ကရင်ရဲဘော်ဟောင်းများ။


ဂုဏ်ပြုခံရသူများအား အခုလို ဂုဏ်ပြုခဲ့ကြစဉ်။


အခမ်းအနားတွင် တွေ့မြင်ရသည့် အရာရှိအရာခံများ၊ မဟာမိတ်များနှင့် အထူးဧည့်သည်တော်များ။


အခမ်းအနားတွင် တွေ့မြင်ရသည့် အရာရှိအရာခံများ၊ မဟာမိတ်များနှင့် အထူးဧည့်သည်တော်များ။


ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ။

အခမ်းအနားတွင် တွေ့မြင်ရသည့် ဗိုလ်ချုပ်မူတူးစေးဖိုးနှင့် ဗိုလ်မှူးချုပ်စောဂျော်နီပုံ။


ကရင်ရိုးရာဒုံးအကမှ ကပြဖျော်ဖြေနေစဉ်။


တက်ရောက်လာသည့် လူထုပရိသတ်များ။


တက်ရောက်လာသည့် လူထုပရိသတ်များ။


တော်လှန်ရေးအခြေခံနယ်မြေမှ ကရင့်အမျိုးသားအလံတော်။