Friday, October 24, 2008

ရာသီစစ်ပြေးဘ၀များ

တလျောက်လုံး
ကော်သူးလေးတို့ ကား
စပါး၊၀ါးအမှီပြု၊
ကြာခရုလည်ဆွဲ
ကူမည်ဂျိုးသံနဲ့ 
လီလီခါပျော်ချင်ခဲ့တယ်
ဖြစ်ကြောင်းရယ်မှတ်ရ
သည်ကာလသည်ဝဿန်။
တခေတ်လုံး
ကော်သူးလေးတို့ ကား
စပါး၊၀ါး၊လယ်ယာအတိ
ငပိ၊ငသန်သေးနုပ်
ယုတ်စွအဆုံးမှာ
မာလာနှင့်လှချင်ခဲ့တယ်
ဖြစ်ကြောင်းရယ်မှတ်ရ
သည်ကာလသည်ဟေမာန်။
တဘ၀လုံး
ကော်သူးလေးတို့ ကား
စပါး၊၀ါး၊ကောက်ပဲသီးနှံ
အချိန်မှန်ခူးကြိတ်
ဖျတ်ရိတ်ခုတ်ထွင်
သလင်းဆင်ထား
မားမတ်ရိုးသား၊သက်မွေးသွားတယ်
ဖြစ်ကြောင်းရယ်မှတ်ရ
သည်ကာလသည်ဂိန်မာန်။
အခုတော့
ပေါ့ပေါ့ပါးပါးအိုးခွက်များနဲ့ 
စားဆန်မိုးကာ၊ပလိုင်းမှာထည့်
ခေါင်းတလှည့်ရုံး၊ပခုံးလှည့်ထမ်း
လျိုမြောင်တောတန်း၊ခရီးကြမ်းမှာ
တဖက်မှာသမီး
တဖက်မှာသား
လက်များတွဲယှက်၊အသက်ဆက်ရေး
နှစ်စဉ်ပြေးခဲ့သည်ရာသီ။ ။
လကာၤဒီပ
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments: