Friday, August 29, 2008

ကျောက်ပုံရွာကို ဒီကေဘီအေ မီးတင်ရှို့


Photo-KIC
မြ၀တီ ခရိုင်အတွင်းရှိ ဒီကေဘီအေ(၉၉၉)အထူးတပ်ရင်းအုပ်ချုပ်မှုအောက်တွင်ရှိသောကျောက်ပုံရွာကို ဒသအခြေစိုက် ဒီကေဘီအေအဖွဲ့မှ မီးရှို့လိုက်သည်မှာ မှန်ကန်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
မြ၀တီခရိုင်အခြေစိုက် ဒီကေဘီအေ (၉၀၇) တပ်ရင်းမှ အရာရှိငယ်တဦးက “(၉၉၉) လုံးအဖွဲ့က ကျောက်ပုံရွာကို အင်္ဂါနေ့ညက မီးရှို့လိုက်တယ်။ အဲဒီရွာက လူမျိုးပေါင်းစုံနေထိုင်တဲ့ ရွာလေး ဖြစ်တယ်။ အခု ရွာသားတွေလည်း ထွက်ပြေးနေကြရတယ်” ဟု အတည်ပြုပြောကြားသည်။

ကျောက်ပုံရွာသားတဦးက “ဒီကေဘီအေ (၉၉၉) တပ်ရင်းက ဗိုလ်ကတုံးတို့အဖွဲ့ ကျနော်တို့ရွာနေရာမှာ သူတို့နောက်ထပ်ဖွဲ့မယ့် သောင်ကြာတော် (သစ္စာ) တပ်ရင်းနေရာအတွက် ရွာကို ဖယ်ခိုင်းတယ်။ မိုးတွင်းကာလဆိုတော့ လောလောဆယ်ပြောင်းဖို့ အခက်အခဲရှိတာကို အချိန်ပိုပေးဖို့ ပြောတာကို သူတို့ကို အာခံရကောင်းလားဆိုပြီး ရွာကိုမီးတိုက်လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ကျောက်ပုံရွာမှာ အိမ်ခြေ (၅၀)၊ လူဦးရေ (၁၀၀) ကျော်ရှိပြီး ချောင်းဆုံဘုန်းတော်ကြီးကျောင်းတွင် ရွာသား (၃၀) ခန့် ခိုလှုံလျှက်ရှိကာ ကျန်လူများမှာ မြ၀တီနှင့် သင်္ကန်းညီနောင်အရပ်များတွင် ရှောင်တိမ်းနေကြရသည်ဟု ယမန်နေ့က ချောင်းဆုံဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိသွား သူတဦးက ပြောသည်။

တပ်ရင်း (၉၉၉) အခြေစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုကျေးရွာသို့ ဆက်သွယ်ခဲ့ရာ ဒီကေဘီအေ အရာရှိ ဗိုလ်ပြည်သိမ်းက ယခုကိစ္စနှင့် ပတ်သက်၍ ဘာမှမသိရှိရသေးကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအားတိုးက “ကရင်အမျိုးသားတွေ တိုး တက်ကြီးပွားအောင် ဆောင်ရွက်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ အဖွဲ့တခုက ကိုယ့်အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ကရင်လူထုကျေးရွာကို အခုလိုမီးရှို့လိုက်တယ်ဆိုတာကတော့ မလုပ် သင့်တဲ့ ကိစ္စဖြစ်တယ်” ဟု ပြောသည်။

ကျောက်ပုံရွာသည် ထိုင်းနယ်စပ်မှ တမိုင်ခန့်ဝေးသည့် မြ၀တီမြို့နယ်အတွင်းရှိ မဲ့ပလက်ချောင်း
နှင့် သောင်းရင်းမြစ်လက်တက်ဆုံရာ ချောင်းဆုံရွာအနီးတွင် တည်ရှိသည်။ ။khitpyaing news
Thursday, August 28, 2008

အဆိုတော်မွန်းအောင်ရဲ့ ဆစ်ဒနီဂီတပွဲ


အဆိုတော်မွန်းအောင်ရဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ စင်တင်တေးဂီတပွဲကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ မှာ လာမယ့် စက်တင်ဘာလ 6ရက်နေ့ တွင် ကျင်းမယ်လို့  သိရပါတယ်။ အဆိုပါ တကိုယ်တော်တင်ဆက်မှုဟာ အနှစ် ၂၀အတွင်း ပထမဦးဆုံးအကြိမ် ဆစ်ဒနီမြန်မာပရိသတ်များအတွက် ကြုံတောင့်ကြုံခဲ ဂီတပွဲတခုလည်း ဖြစ်ပါတယ်။ အဆိုတော်မွန်းအောင်ရဲ့ အကြောင်းကို နည်းနည်း တင်ပြရမယ်ဆိုရင်တော့-----------------
သူဟာ 1984ခုနှစ်မှာ မိုးလုံးမှိုင်း၊ လွမ်းရတဲ့ညတွေ လွန်ပါစေ စတဲ့ တေးစီးရီးတွေနဲ့  မြန်မာ့ဂီတလောကမှာ တရှိန်ထိုး ကျော်ကြားလာတဲ့ သူတယောက်ဖြစ်သလို လူငယ်များရဲ့ ပါးစပ်ဖျားမှာလည်း တဖွဖွနဲ့ ရေပန်းစားခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးတိုက်ပွဲ။ လွတ်မြောက်ရေးတိုက်ပွဲ တေးစီးရီးများဖြင့် နိုင်ငံတကာရောက် မြန်မာဂီတချစ်သူများနှင့် ဒီမိုကရေစီလှုပ်ရှားမှုများရဲ့ သင်္ကေတဖြစ်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။
အစီအစဉ်
Date 6th September 2008
Time 5:00pm-10:00pm
Venue Ukrainian Youth Hall
11 Church Street, Lidcombe 2141
(In front of Lidcombe Station)
ဆက်သွယ်ရန် Soe Lwin 0412387263 Zaw Win Naing 0418416500
အသေးစိတ်သိချင်ရင်တော့ အထက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။

ဆစ်ဒနီရောက် မြန်မာအမျိုးသားများအတွက် ကြုံတောင့်ကြုံခဲ အလွမ်းပြေစေရန်နဲ့  အားလပ်တဲ့ရက်မှာ အကျိုးရှိရှိနဲ့  အသုံးချနိုင်တဲ့ အခွင့်အရေးကြီးတခုဖြစ်ပါတယ်။


အဲခေါင်သောင့်
Wednesday, August 27, 2008

ဘယ်မှာလဲ တိုင်းရင်းသားအရေး

မြန်မာစစ်အစိုးရသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အသံကောင်းဟစ်ကာ တကြော်ကြော်အော်နေပါသော်လည်း လက်တွေ့ တွင် တိုင်းရင်းသားစည်းလုံးမှုကို မတည်ဆောက်နိုင်ခဲ့ပေ။ တိုင်းရင်းသားများကို ကိုယ်စားပြုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း စစ်မှန်သည့် တွေ့ ဆုံမှုများ မပြုလုပ်သည့်အပြင် ထိုးခွဲသိမ်းသွင်းမှုများ ပြုလုပ်လာသည်ကို ၀မ်းနည်းစွာ တွေ့ မြင်ရသည်။ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားသည့် ပေါ်လစီကို ကျင့်သုံးကာ တိုင်းရင်းသားများအားလုံး ၄င်းတို့  လက်အောက်ကို ရောက်ရှိအောင် ပြုလုပ်လာသည်။
ထို့ ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား ၄င်းတို့ လက်အောက် ထားရာနေ၊ ကျွေးတာစား ရသည့်အဖြစ်ကို ရောက်ရှိလာကြတော့သည်။ မဖြစ်စလောက်စီးပွားရေးအကွက်များ ချပေးကာ တိုင်းရင်းသားဒေသတွင် တိုးတက်နေသယောင် ဖွံဖြိုးနေသယောင် လုပ်ကြံဝါဒဖြန့် ကြသည်။ အဓိကအတိုက်အခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တခုဖြစ်သည့် ကေအဲန်ယူကိုလည်း စစ်မှန်သည့် တွေ့ ဆုံမှုများကို မပြုလုပ်သည့်အပြင် အားနည်းအောင် ထိုးခွဲလုပ်ဆောင်လာခဲ့သည်။ အပျော့နည်း အကြမ်းနည်းစသည့် နည်းမျိုးစုံကို သုံးသည့်အပြင် မျှော်လင့်ချက်အမျိုးမျိုးကို ပေးကာ စည်းရုံးသိမ်းသွင်းခဲ့သည်။ ထို့ ကြောင့်လည်း တော်လှန်ရေးစိတ်ဓါတ်မခိုင်မာသူများ၊ တချို့ မသိနားမလည်သူများသည် မြန်မာစစ်အစိုးရရဲ့ ယုတ်မာသည့် စက်ကွင်းကို ခိုလှုံရောက်ရှိသွားခဲ့ကြသည်။ ထိုသို့ ရောက်ရှိသွားသည့် အချိန်တွင်တော့ အထင်နှင့် အမြင်သည် လက်တွေ့ ဘ၀တွင် တခြားစီ ဖြစ်နေပေတော့သည်။
ယမန်နှစ် ဖေဖော်ဝါရီလ 11ရက်နေ့ တွင် ဗိုလ်မှူးချုပ်စောထင်မောင်လည်း ကေအဲန်ယူမှ ခွဲထွက်ကာ နအဖရဲ့ ယုတ်မာသည့် စက်ကွင်းအောက်ကို သွားရောက်ခိုလှုံခဲ့သည်။ ၄င်းတို့ နဲ့ အတူ လိုက်ပါသွားပြီး ခွဲထွက်ပြီးတနှစ်အကြာတွင် ကေအဲန်ယူသို့ ပြန်လည်ရောက်ရှိလာသူ ဒု-ဗိုလ်မှူးကြီးစောဂေထူးမှ ၄င်းအတွေ့ အကြုံများကို ခေတ်ပြိုင်မှတဆင့် ပြန်လည်ပြောပြရာ စာဖတ်သူများလည်း ပိုမိုသိရှိနိုင်ရန် ယခုလို ကူးယူဖော်ပြလိုက်ရပါသည်။

အဲခေါင်သောင့်

ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကေအန်ယူသို့ ပြန်လည်ဝင်ရောက်လာသည့် ဒု-ဗိုလ်မှူးကြီးစောဂေထူးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း

ဖြေ။ ။ ဟိုမှာဆက်နေရင် နအဖရဲ့သွေးထိုးသပ်လျှိုမှုကြားမှာ ကောက်စားခံရမှာကို စိုးရိမ်ပြီး နောက်ကျောမလုံတဲ့အတွက် ဒီဘက်ကို ပြန်လာရတာဖြစ်တယ်။ ဟိုမှာလည်း စိတ်ကုန်ပြီး ပြန်လာ ချင်တဲ့လူတွေ အများကြီးရှိပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးကောင်စီမှာ ဘာရာထူးနဲ့ တာဝန်ယူခဲ့ပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးကောင်စီမှာ ဒု-ဗိုလ်မှူးကြီး ဆက်သွယ်ရေးဌာနတာဝန်ခံ (ဗဟို) ဖြစ်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လက်ရှိအင်အား (၈၀၀) ခန့်ရှိတယ်။ ကုလား၊ ကရင်၊ ရခိုင်၊ ဗမာ အစုံပဲ။ လက်နက် အင်အားက (၂၀၀) လောက်ရှိတယ်။ ရောက်ကာစက နအဖက လက်နက်ငယ် (၂၀၀) ပေးမယ် လို့ပြောတယ်။ အခုထိ တလက်မှ မပေးဘူး။ ကြည့်ရတာ ကျနော်တို့ကို မယုံဘူးနဲ့တူတယ်။ အဖွဲ့ ရပ်တည်ဖို့အတွက် နအဖက မြ၀တီနဲ့ မော်လမြိုင်ကို နော်တရာ ကားလိုင်းအမည်နဲ့ ကားဆွဲခွင့် ပေးတယ်။ အဲဒါကို တာဝန်ယူရတာက ကျနော်တို့အဖွဲ့က ဗိုလ်မှူးမောင်ကျော် ဖြစ်တယ်။ ဒီလူက ရတဲ့ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက်သုံးပြီး အဖွဲ့ကို တ၀က်လောက်ပဲပေးတော့ ပြဿနာတွေ ဖြစ်ပြီး ဗိုလ်ဌေးမောင်က သူ့ကို အဖွဲ့က ထုတ်ဖို့အထိ လုပ်တယ်။ အဲဒါကို မောင်ကျော်နဲ့ ဝေစား
မျှစားလုပ်တဲ့ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးမင်းချစ်ဦးက ဗိုလ်ဌေးမောင်ကို သွားပြီး တကြိမ်တခါမှားတာ ခွင့်လွှတ်ပေးပါ၊ နောက်ကို မဖြစ်စေရပါဘူး၊ သူတာဝန်ယူပါတယ်လို့ သွား ပြောတဲ့အတွက် သူ့ကိုမထုတ်တာ။ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးကတော့ မောင်ကျော်ကို လုံးဝကြည့်လို့မရဘူး။ သူတို့ ပရိယာယ်လုပ်တာလားတော့ မသိဘူး။ အခုကြား တာကတော့ မောင်ကျော် ဂျာမနီပြန်သွားတယ်။ ကျနော်ထင်တယ် သူပြန်လာရဲတော့မှာ မဟုတ် ဘူး။ သူ့ကို မကြိုက်တဲ့လူ အဖွဲ့ထဲမှာ အများကြီးရှိတယ်။

မေး။ ။ အဖွဲ့ခေါင်းဆောင် ဗိုလ်ဌေးမောင်ရဲ့ အနေအထား သိပါရစေ။
ဖြေ။ ။ ဗိုလ်ဌေးမောင်ကတော့ ငြိမ်းချမ်းရေးလိုချင်တာ တခုပဲသိတယ်။ အခြားဟာတွေ သိပ် မတွေးဘူး။ သူထင်တာက ကရင်နဲ့ ဗမာ တိုက်တာ ကရင်လည်းမနိုင်ဘူး၊ ဗမာလည်းမနိုင်ဘူး။ ကရင်နဲ့ ဗမာ မတိုက်ခိုက်ကျရင် ငြိမ်းချမ်းရေးရပြီလို့ သူထင်တယ်။ အဖွဲ့ကို စောင့်ကြည့်တာဝန်
ယူရတဲ့ နအဖ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးနဲ့ မင်းချစ်ဦးဟာ ဗိုလ်ဌေးမောင် ဘယ်ကိုပဲ သွားသွား အနောက်က အမြဲလိုက်တယ်။ သူဘာလုပ်လုပ် သူ့နားမှာ ထောက်လှမ်းရေးတွေ အမြဲရှိတယ်။ ဗိုလ်ဌေးမောင် နေထိုင်မကောင်းဖြစ်ရင် နအဖ ကောင်းကောင်းမွန်မွန် ဆေးဝါး
ကုသပေးတယ်။ ဗိုလ်ဌေးမောင် သေမှာကို သူ့တို့ စိုးရိမ်တယ်။ ဗိုလ်ဌေးမောင် သေရင် ကျန်တဲ့ လူတွေ အကုန် တောပြန်ခိုမယ်လို့ သူတို့ယုံကြည်ထားတယ်။ ဗိုလ်ဌေးမောင်ကို နယ်စပ်ဘက် ပေးမလာတော့ဘူး။ ထော့ကိုကိုးနဲ့ ဘားအံ၊ ရန်ကုန်၊ မော်လမြိုင်၊ ဧရာဝတီတိုင်းတွေကိုပဲ ပေးသွားတယ်။ သူ့ကို ပညာသားပါပါနဲ့ နအဖက ချုပ်ကိုင်ထားတယ်။

မေး။ ။ ယခင်နှစ်က ဗိုလ်ဌေးမောင်ရဲ့သမက် စောလယ်မူးလုပ်ကြံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ ကျနော်ထင်တာကတော့ ဒီကိစ္စ နအဖလက်ချက်ပဲ။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီ (၂၉) ရက်နေ့ ည (၁၂) နာရီမှာ လယ်မူးဟာ မယ်လမှာရှိတဲ့ သူ့အိမ်မှာ အိပ်နေရင်း အိပ်ယာအောက်မှာ ထောင် ထားတဲ့ဗုံးပေါက်ကွဲပြီး သေသွားတယ်။ ဗုံးမပေါက်ကွဲခင် စပ်ကြားမှာ မောဖားသူးစခန်းမှာ ထိုင်တဲ့ နအဖ တပ်ဖွဲ့တွေကနေ အကြောင်းကြားလာတယ်။ ခင်ဗျားတို့ သတိထားကြပါ။ ခင်ဗျားတို့ စခန်း အနီးအနားမှာ တစုံတခု ဖြစ်လိမ့်မယ်လို့ ပြောတယ်။ သူပြောပြီး မကြာဘူး၊ ဗုံးပေါက်ပြီး လယ်မူး သေသွားတယ်။ နအဖက ထပ်ပြောတယ်။ ဒီလုပ်ကြံမှုဟာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ တပ်ရင်း (၇၀၃) က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်အေးရဲ့ လက်ချက်ဖြစ်တယ်။ ကျော်အေးနဲ့အတူ နောက်ထပ် ပတ်သက်နေသူတွေရှိသေးတယ်လို့လည်း ပြောတယ်။ ဒီကိစ္စ ကျော်အေးနဲ့ မပတ်သက်ဘူးဆိုတာ အားလုံးသိတယ်။ ဒါကို လယ်မူးမိန်းမနဲ့ လယ်မူးတူတွေက မသိဘူး။ ဗိုလ်ကျော်အေးကို သွားဖမ်းလာပြီး ၀ိုင်းဝန်းရိုက်နက် ထိုးကြိတ်ကြပြီး ပစ်သတ်လိုက်တယ်။ အဲဒီအဖြစ်ကိုကြည့်ပြီး ကျနော်တို့ ဆီမှာရှိတဲ့ တပ်မှူးတွေဟာ သြော်.. နအဖကတော့ ငါတို့ကို တကောင်ပြီး တကောင် ကောက်စားကြတော့မယ်ဆိုပြီးတော့ ပြောဆိုကြတယ်။ အဲဒီထဲက ကျနော်တို့လည်း နောက်ကျောသိပ်မလုံတော့ဘူး။ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ဆိုပြီးတော့ တွေးပူနေရတယ်။ ဒါကြောင့် အခွင့်သာတာနဲ့ အခုလို ထွက်လာတာပါ။

မေး။ ။ ပဒိုမန်းရှာ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင်ရဲ့အမြင် ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ပဒိုမန်းရှာ သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင် ပြောတာကတော့ ပဒိုမန်းရှာဟာ မဲဆောက်မှာနေတာ ဘယ်လိုဖြစ်လို့ လွယ်လွယ်ကူကူနဲ့ သူများသွားကြံလို့ရတာလည်းလို့ ပြော ဖူးတယ်။ အခြားတော့ ပဒိုမန်းရှာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောတာဆိုတာတွေတော့ မကြားမိပါဘူး။

မေး။ ။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်လေ့လာကြည့်သလောက် ကေအန်ယူ၊ ကေအန်ဒီအို၊ ဒီကေဘီအေနဲ့ အခြား ကရင်အဖွဲ့တွေဟာ ကိုယ့်အမျိုးကိုတော့ အားလုံးချစ်ကြတယ်။ အဓိက ညီညွတ်ရေးကို မတည် ဆောက်နိုင်တာ အဆိုးဆုံးပြဿနာပဲ။ နအဖကတော့ ခွဲမှာပဲ။ အဲဒါကို အားလုံး သတိရှိဖို့လိုတယ်။

မေး။ ။ ရှေ့ဆက် ဘာလုပ်ဖို့ ရည်ရွယ်ထားပါသလဲ။
ဖြေ။ ။ ကျနော်အသက် (၆၈) နှစ် ရှိပါပြီ။ ကေအန်ယူထဲကို ၁၉၅၈ ခုနှစ်မှာ ၀င်တယ်။ အဲဒီကနေ ဗိုလ်ဌေးမောင် ငြိမ်းချမ်းရေးကောင်စီနဲ့ မနှစ်က ဖေဖော်ဝါရီလမှာ ထော့ကိုကိုးပါသွားတယ်။ ကျနော် တို့ လိုချင်တာနဲ့ နအဖ ပေးတာတွေဟာ တခြားစီဖြစ်နေပါတယ်။ ကျနော်အသက်လည်း ကြီးပြီ။ တော်လှန်ရေးလည်း ဆက်မလုပ်ချင်တော့ဘူး။ မိန်းမလည်း ကျန်းမာရေးမကောင်းဘူး။ သားသမီး တွေနဲ့အတူ အေးအေးဆေးဆေးပဲ နေတော့မယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး နားလည်မှုပေးခဲ့ကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) က တပ်မ ဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။
Tuesday, August 26, 2008

ဆစ်ဒနီမြို့ ကရင်ရိုးရာချည်ဖြူဖွဲ့ အခမ်းအနား



ဆစ်ဒနီမြို့ ရောက် ကရင်အမျိုးသားများ. ရိုးရာချည်ဖြူဖွဲ့အခမ်းအနားကို
ဆစ်ဒနီမြို့ ရှိ ဂျပန်နစ်ဂါးဒန်း(Japanese Garden)တွင် သြဂုတ်လ 16ရက်နေ့  (၀ါခေါင်လပြည့်နေ့ )က ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားကို သြစတြေးလျားကရင်ယဉ်ကျေးမှုအဖွဲ့ (AKCO)က ဦးဆောင်ကျင်းပခဲ့ပြီး ကရင်တိုင်းရင်းသားများသာမက မြန်မာပြည်ဖွားအခြားတိုင်းရင်းသားများ၊ သြစတြေးလျားနိုင်ငံသားများလည်း တက်ရောက်အားပေးခဲ့ကြသည်၊ အဆိုပါအခမ်းအနားတွင် တက်ရောက်လာသည့် ကရင်ခေါင်းဆောင်အသီးသီးက သြ၀ါဒမိန့် ခွန်းများ ပြောကြားခဲ့သည်၊ AKCOအဖွဲ့ ခေါင်းဆောင် စောတကောဝါးက နိုင်ငံခြားရောက်ကရင်အမျိုးသားများအနေဖြင့် မိမိတို့ ရိုးရာအစဉ်အလာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်လိုကြောင်း တိုက်တွန်းပြောကြားသည်၊ အခြားကရင်ခေါင်းဆောင်တဦးဖြစ်သည့် AKO ခေါင်းဆောင် စောလွင်ဦးမှလည်း ကရင်အမျိုးသားများ စည်းလုံးရန်လိုကြောင်း၊ စည်းလုံးမှုရှိမှသာလျှင် အင်အားတရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသွားသည်။ ထို့ နောက် တက်ရောက်လာသူများက လက်ချည်ခဲ့ကြပြီး ကရင်သီချင်း၊ ကရင်ဒုံးယိမ်းများဖြင့် ဖျော်ဖြေကာ မုန့် ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်ဟု သိရသည်။

ကရင့်အာဇာနည်နေ့ အခမ်းအနား (ဆစ်ဒနီ)


58နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားများကို ကရင်တော်လှန်ရေးနယ်မြေနှင့် နိုင်ငံတကာရောက်ကရင်အမျိုးသားများက ကျင်းပပြုလုပ်ခဲ့ပါတယ်၊ ဆစ်ဒနီရောက်ကရင်အမျိုးသားများကလည်း အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ်မပျက် ကျင်းပခဲ့ပါတယ်၊
ဒီနှစ် အခမ်းအနားကိုတော့ ဆစ်ဒနီမြို့  ရာနိုးရာ(Yennora)အရပ်မှာ ကျင်းပခဲ့ပါတယ်၊
သြစတြေးလျားကရင်အဖွဲ့ က ကျင်းပပြုလုပ်သည့် အခမ်းအနားကို ဆစ်ဒနီရောက်ကရင်အမျိုးသား အများအပြားတက်ရောက်ခဲ့ပြီးတော့ ခေါင်းဆောင်အသီးသီးမှလည်း အသီးသီး မိန့် ခွန်းများ ပြောကြားသွားခဲ့ပါတယ်၊
ကရင်အမျိုးသားများအတွက် တန်းတူရေး။ လွပ်လပ်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခဲ့သည့် နေ့ ကို ကရင့်အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်တယ်၊ ခေါင်းဆောင်ကြီးစောဘဦးကြီးကို
1950ခုနှစ်။ သြဂုတ်လ 12ရက်နေ့ မှာ ကော့ကရိတ်မြို့  ထော့ကိုကိုးရွာတွင် သတ်ဖြတ်ခံရပါတယ်၊
Monday, August 25, 2008

Karen Youth Seminar Rules & Regulations

26 August 2008


Karen Youth Seminar Rules & Regulations
La Salle Youth Camp Rules and Regulations
• Vehicles must be driven on defined roads to allocated parking areas and are not permitted to be driven in other areas.

• Visitors. For the protection of patrons, any unauthorised persons on the property will be treated as trespassers. Visitors are permitted by prior arrangement with the Camp Director. A fee of $5.00 per person per day will apply.
• Any damage or malfunctions must be reported to the Camp Director. Any loss or damage of equipment or damage to camp property must be paid for. Any damage found after departure of your group will be invoiced to group.
• Please do not litter the grounds. Ensure all papers, peels etc. are removed from camping areas and from facilities being used. Please use bins provided around the grounds.
• Fires are subject to local restrictions. Fires cannot be lit without the prior approval of the Camp Director, and can only be lit where directed. Permits must be obtained by group from Local Fire Authority.
• Aquatic craft and bicycles are available for hire by arrangement with the Camp Director, subject to weather conditions. Persons wishing to use the craft must adhere strictly to the rules, as outlined by Camp Director.
• Conduct. Illegal drugs are prohibited.
• La Salle Youth Camp is an Alcohol Free Zone.
• Animals. No animals allowed. Please do not bring pets.
• La Salle camp expectations are that equipment/facilities are to be left clean and tidy.
Seminar Rules & Regulations
• Participants are required to participate in all the activities, where necessary as outline by the daily program.
• Participants are to not leave the camp ground, unless they have the authorised permission from the facilitator.
• Illegal or any criminal activities will not be tolerated and be dealt accordingly.
• Participants are responsible for their safety and that of their peers.
• All lights must be out by 11:00PM and noise must be kept at a very minimum level.
Things I have to bring
• Bed sheets and pillow covers
• Blankets or sleeping bags
• Toothpaste, tooth brush, soap, towel, etc.
• Clothing, sport shoes or soccer boots

Note: ‘Seminar Rules & Regulations’ are subject to changes.

ရင်တွင်းဖြစ် စကားလုံးများ

ယခုဆယ်နှစ်အတွင်း အကွဲကွဲအပြဲပြဲဖြစ်နေတဲ့ ကရင်အမျိုးသားအားလုံးအတွက် သတိပြန်လည်
သက်ဝင်ကြစေရန် ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ အကြောင်းအထူးအထွေတော့ မရှိဘူး။
အဲ...ဒီအထူးအထွေမဟုတ်တာကို အရေးကြီးနေတယ်။ မတီးမမြည် မပြောမဖြစ် ဆိုလို အမျိုးသားရေးတစ်ရပ်အနေနဲ့ ကရင်အမျိုးသားတစ်ရပ်လုံးပြန်လည်သင့်မြတ်ကြစေရန်
မေတ္တာကြီးမားစွာဖြင့်အသိပေးခြင်းလည်း ဖြစ်ပါတယ်။

တိုင်းပြည်တစ်ပြည်မှာ ပြည်သူတွေ အကျင့်စာရိတ္တမြင့်မားစေဖို့ အခြေခံစာပေ ပညာရေးနှင့်အခြေခံယဉ်ကျေးမှုတွေကို ဦးစာပေးရတယ်။ စီးပွားရေးကိုလည်း ရှေ့တန်းတင်ရတယ်။ နိုင်ငံရေးကိုလည်း သိထားသင့်တယ်။

ထိုနည်းတူ ကရင်လူမျိုးများမှာလည်း အဖွဲ့အစည်းအသီးသီးပေါ်ပေါက်လာတာကို တွေ့နေရပါတယ်။ မြောက်များစွာသော အဖွဲ့အစည်းတွေ ပေါ်ပေါက်လာကတော့ ကောင်းပါသည်။ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းများတွင် တာဝန်ရှိသူအားလုံးဟာ သူတစ်လူ ငါတစ်မင်းလုပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်သွားမှာ သေချာသည်။သို့သော်အဲဒီအဖွဲ့
အစည်းများကကော-ဘာတွေ အဓိကထားဆောင်ရွက်နေပါသလဲ။ ဒီမေးခွန်းရဲ့အဖြေကိုတော့ တာဝန်ရှိသူအားလုံး
ငါ -ဘာအဓိကထားလုပ်ဆောင်နေသလဲဆိုတာကိုသိရှိလောက်မယ်ထင်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ့်ကိုယ်တိုင်တောင် မသိဘူးဆိုရင်= မေထုန်မှီ အိပ်စားလို့ ယောက်ျားနဲ့ နွားမှာ သိပညာ တစ်ခုပိုသာ = ဆိုတဲ့ လယ်တီဆရာတော်ရဲ့ဆုံးမစကားနဲ့ အသိပေးလိုက်ပါတယ်။

တကယ်တော့ ကရင်အဖွဲ့အစည်းအသီးသီးဟာ အဓိကထားလုပ်ဆောင်ရမှာက ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ လူအခြေခံအုတ်မြစ်တွေကို အားပတကုတ်ကြိုးစားဆောင်ရွက်သင့်ပါတယ်။ ဒါကိုလည်း မိမိတို့မှာ မတူညီတဲ့ (theory) သဘောတရားတွေ၊ မတူညီတဲ့ (view) အမြင်များကို ဘေးချိတ်ကာ၊ ဘာသာရေးအစွန်းရောက်မှုများကို မရောသင့်ပါ။ ဘာသာရေးအသီးသီးမှာလည်း သင့်မြတ်တဲ့ society, community လူဘောင်လူ့လောက၊ လူမှုအကျိုးများဖို့ သွန်းသင်
ဆုံးမကြတာပဲရှိတယ်။ ဒီအချက်ကို အခုကျွန်တော့တို့ ကရင်လူထုတစ်ရပ်လုံး သတိထားရမယ့်အချက်တစ်ချက် ဖြစ်ပါတယ်။ ရန်သူများဟာ မိမိတို့ရဲ့အားနည်းချက်များကို ရှာဖွေပြီး မိမိတို့အားနည်းအောင်၊ ပြိုကွဲအောင် လုပ်ဆောင်နေတယ်ဆိုတာ ကရင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအားလုံး နားလည်ကြစေချင်ပါတယ်။ ဒါကို ငါက Buddhism ပဲ။ ငါကChristianity ပဲဆိုပြီး အယူသည်းစွာ ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် ရန်သူရဲ့သားကောင်အဖြစ်
ဖြစ်မှန်းမသိ ဖြစ်ရမှာ သေချာတယ်။ အဓိကကတော့ humman right အခွင့်အရေးကို ချိန်ခွင်လွှာ
ညီမျှစွာ နားလည်ပြီး ဝေငှတတ်ဖို့ပါပဲ။ ဥပမာ ကျွန်တော်တို့ KNU အစိတ်စိတ်အမွှာမွှာပြိုကွဲရတာဟာ
နအဖရဲ့သွေးထိုးလုပ်ဆောင်မှုဖြစ်သလို Buddhismနှင့် Christianity အားပြိုင်မှုရဲ့ ဆိုးကျိုးတစ်ခု
ဖြစ်တယ်။ ပြီးတော့ humman right အခွင့်အရေးကို ချိန်ခွင်လွှာညီမျှစွာ အသုံးမချတတ်တဲ့အ
တွက်ကြောင့်လဲဖြစ်တယ်။

ဒါတွေကို တာဝန်ခေါင်းဆောင်များ အနေနဲ့ ကိုယ်နောက်လိုက်ငယ်သားများကို ဘာသာရေးများအစွန်းမရောက်သင့်ပုံကို techniquel နည်းနိသျှည်းကျကျ ညွန်ပြစေချင်ပါတယ်။ ဘာသာရေးအစွန်းသမားမျာကြောင့် အရှေ့အလယ်ပိုင်း
နိုင်ငံရှိ ပြည်သူများ နေ့စဉ်ဆိုသလို သေရှုံးရပုံများကိုInternational News Website မှတဆင့် အမြဲတန်းကြား
သိနေရပါတယ်။

ဒီအချက်ကို စာရေးသူအနေနဲ့ ဆွေးနွေးရခြင်းသည် ကရင်အဖွဲ့အစည်းများ အစိတ်စိတ်အမွှာမွှာဖြစ်ရခြင်းသည်လည်း Religion ဘာသာရေးအစွဲတွေကြောင့်လို့ အများက ယူဆနေကြခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ထိုအယူအဆများ
မှန်ခဲ့မယ်ဆိုရင် ပြင်သင့်တာတွေ အချိန်မှီပြင်နိုင်ဖို့=ပျက်အစဉ် ပြင်ခဏ=ဆိုတဲ့ အတိုင်း အဲဒီ main အချက်ကို ဖာထေးလိုက်ရင် ယိုပေါက်ကသက်သာမှာ သေချာတယ်။ ကျွန်တော်အနေနဲ့ ကိုယ်အယူသည်းမှုတစ်ခုကြောင့် လူမျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး မရောက်စေချင်ပါ။ ဒါကိုလည်း အမှား/အမှန်ကို လွပ်လပ်စွာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပါတယ်။

အခုချိန် ကရင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသော အခြေအနေများသည်generationမျိုးဆက်သစ်
များအတွက် အထူးစိုးရိမ်စရာကောင်းပါတယ်။ နိုင်ငံတော်အစိုးက နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်
ပေးနေတယ်လို့ မည်သို့ပင်အော်ဟစ်နေစေကာမူ ရုပ်ပိုင်းဆိုင်ရာတိုးတက် အနည်းငယ်မျှ ရှိနေတာကလွဲရင် အခြား section အပိုင်းမှာတော့ ဘာကိုဘာမှ တိုးတက်လာမှုမရှိဘူးဆိုတာ ကျွန်တော်ကရင်ပြည်နယ်သား တစ်ယောက်အနေနဲ့ ရဲရဲပြောနိုင်တယ်။ အထူးအားဖြင့်education section ပေါ့ဗျာ။ မြို့တွင် နေထိုင်တဲ့ လူငယ်အနည်းစုသာ ပညာသင်ကြားကြပြီး countrysite ကျေးလက်တောရွာပိုင်းရှိ လူငယ်အများစုဟာ မူလတန်းပြီးရင် ဆက်လက်ပညာမသင်ကြားနိုင်တော့ပါဘူး။ ကရင်အများစုက ကယ်တင်ရှင်နိုင်ငံလို့ ယူဆတဲ့ ထိုင်းနိုင်ငံသို့သာ ဆက်လက်ထွက်ခွါကြရတယ်။ ကရင်ပြည်နယ်ရှိ အိမ်တိုင်းမှာ တစ်ဦးစီအနည်းဆုံး ထိုင်းနိုင်ငံသို့ စား၊ ၀တ် နေရေး အဆင်
ပြေစေဖို့ သွားရောက်လုပ်ကိုင်ရပါတယ်။ တနည်းအားဖြင့် ပြောရရင် ကရင်လူငယ်များ ပျက်စီးဖို့အစပျိုးပေးသလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ဇိမ်ခံခံစရာနေရာအများဆုံးနှင့် ကူးစက်ရောဂါအများဆုံး ဖြစ်ပွားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် အိမ်နီးချင်းထိုင်းနိုင်ငံသာ မရှိဘူးဆိုရင် ကရင်ပြည်နယ်သာများကြမ္မဟာလည်း ထိုထက်ပင်မတွေးဝံ့စရာပင်။ ၀င်ငွေမရှိတာသာမက အဖွဲ့အစည်းအသီးအသီးမှ ပေါ်တြာေ ကး၊ ဆက်ကြေးတွေဟာလည်း ခေါင်ခိုက်အောင်ပေးဆောင်
နေရသည်။ ကျွန်တော်ပြောတာကိုသံသယရှိနေသူများသည်လည်း ကရင်ပြည်နယ် တောလက်ကျေးရွာများသို့ ကွင်းဆင်းလေ့လာနိုင်ပါသည်။

ဒါကြောင့် ဒီအခက်အခဲကြားထဲမှာ ကရင်ပြည်သူတစ်ရပ်လုံး ဘယ်လိုရုံးထွက်ကြမလဲ။ ကရင်အဖွဲ့အစည်းအားလုံးကို မေတ္တာရှေ့ထားပြီး ပြောပါရစေ....argent performance အဖွဲ့အစည်းအသီးသီး အဓိကဆောင်ရွက်သင့်တာက education section ပညာရေးအပိုင်းဖြစ်ပါတယ်။ ထိုနောက်မှစီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ လူအခြေခံအုတ်မြစ် ဆောင်ရွက်သင့်ပါတယ်။ နောက်ပြီး တစ်ခုစဉ်းစားသင့်တာက မိမိတို့ အဖွဲ့အစည်းတွေဟာ မိမိတို့မိသားစုအရေးလား၊ တစ်မျိုးသားလုံးကိုယ်စားပြုတဲ့အဖွဲ့အစည်းလား။ ဒါတွေကို ထည့်သွင်းစဉ်းစားကြစေချင်ပါတယ်။ မိမိအနေနဲ့ တိုက်ပေါ်မှာနေ၊ကားအကောင်းစားတွေစီးပြီး ကျန်တဲ့သူတွေ ငတ်ပြတ်နေတာ သိလျှက်နဲ့ မသိဟန်ဆောင်နေတာလား။
မိမိတို့ဟာ =ခေါ်ရင်လာတယ်၊ ခိုင်းရင်လုပ်တယ်၊ ခံမပြောဘူး= ဒီလိုဘဲ အစေခံဘ၀နဲ့ စခန်းသွားတော့မှာလား။ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလား။ သူများခိုင်းသမျှ လုပ်မယ်ဆိုရင်ကမ္ဘာမှာ မိမိတို့လောက် မိုက်တဲ့သူ မရှိတော့ဘူးထင်တယ်။

ခေတ်အဆက်ဆက်မှာ ကရင်ဟာရိုးသားတယ်၊ စည်းလုံးတယ်၊ မဟုတ်ရင်မခံ အစဉ်အလာရှိခဲ့တယ်။အခုမိမိတို့ခေတ် ရောက်တော့မှ =ရိုးသားမှုကို ရိုးအမှုတွေဖြစ်၊ စည်းလုံးမှုကို ပြိုကွဲမှုတွေဖြစ်၊ မဟုတ်မခံကို မဟုတ်ရင်လည်း ခံနေရတဲ့အဖြစ်သို့ ဆိုက်ရောက်နေတယ်။ သမိုင်းမှာ အမဲ (မည်း) စက်တွေကျန်နေခဲ့ပြီ။ အဲဒီအမဲစက်ကို ဖျက်ပစ်ဖို့ မိမိတို့တာဝန် အပြည့်ရှိတယ်ဆိုတာ သိကြရဲ့လား။ မိမိတို့အချင်းချင်းကြောင့် (၁၀)နှစ်ကျော်ကာလ သေသွားတဲ့သူတွေလည်း မနည်းတော့ဘူး။ နောင်တတရားတွေရသင့်ကြပြီ။ နောင်တမရဘဲ ဆက်ပြီး မိမိတို့အချင်းချင်းတစ်ဦးနဲ့တစ်ဦးတိုက်နေကြမယ်ဆိုရင် ကရင်ပြည်သူတွေအတွက် လွတ်လပ်ရေးကို မပြောနဲ့ ရှိရင်းစွဲလူမျိုးကိုပါ ပျောက်သွားမယ်။

အဲသလို မိမိတို့အချင်းချင်း ဆက်တိုက်မယ့်အစား သင့်မြတ်တဲ့နည်းလမ်းကို ရှာကြံပြီး ပြန်လည်တွေ့ဆုံဆွေးနွေးကြရင် မကောင်းဘူးလား။ လျှော့သင့်တာတွေလျှော့၊ တင်းသင့်တာတွေကိုတင်း၊ နားလည်မှုတွေ ရယူကြ၊နားလည်းခွင့်လွတ်ခြင်းနဲ့ ငြိမ်းချမ်းရေးပန်းတိုင် လျှောက်လှမ်းစေချင်တယ်။အခုတော့ကရင်ပြည်သူလွတ်လပ်ရေးအတွက်ဆိုသေး...ကိုယ့်အချင်းချင်း
ပြန်တိုက်နေရတယ်ဆိုတော့ စဉ်းလည်းစဉ်းစားကြပါအုံး တာဝန်ရှိသူတို့ရေ....။ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ငြိမ်းချမ်းရေးကောင်စီမှ KNU မိခင်တပ်ရင်းသို့ပြန်လည်ရောက်ရှိလာသော ဒု-ဗိုလ်မှူးစောဂေထူးရဲ့ ရင်ဖွင့်သံများကိုလည်း ကရင်ပြည်းသူများ
ကြားသိနိုင်ကြပါစေ။

ဒီခေတ်ဒီအချိန်မှာ ကရင်လူမျိုးတွေ အောက်ကျနောက်ကျတဲ့အဆင့် ရောက်မှန်းမသိ ရောက်နေရတယ်ဆိုတာ တာဝန်ရှိသူများ သတိထားမိရဲ့လား။ နောက်ပြီး refugee လို့ လူသိများတဲ့ ဒုက္ခသည်စခန်းမှနေပြီး တတိယနိုင်ငံများသို့ ရောက်ရရုံလောက်နဲ့ ကိုယ့်ကရင်များ ဟုတ်လှပြီးလို့ လက်မမထောင်လိုက်ပါနဲ့။ ရေသောက်မြစ်က မခိုင်မာဘူးဆိုရင် အကိုင်းအခက်များ ဘယ်တော့မှ ရှည်ကြာတည်တံ့မှာမဟုတ်ဘူး။ ရှိနှင့်ပြီးသား မိခင်ရင်း ကရင်ပြည်သူများအတွက် မြန်မာနိုင်ငံမှာသာမက အခြားနေရာများနှင့် တပြေးညီ လိုက်နိုင်အောင် ဘယ်လိုကြိုးစားရင် ကောင်းမလဲ နည်းလမ်းများရှာကြံသင့်ပြီ။

ဒါမှမဟုတ် ကိုယ့်ကို ဗိုလ်ကြီး၊ ဗိုလ်မှူးဆိုပြီး ကားလေးတ၀ီဝီနဲ့ မူးယစ်သောက်စား၊ လောင်းကစားနဲ့သာအချိန်ကုန်နေမယ်ဆိုရင်
= ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နဲ့ပြင်ရှိသေးလေလိမ့်လား

ဘယ်မှာလဲ ကရင့်သိက္ခာ၊ ကိုယ့်လူမျိုးမျက်နှာကိုမှ မထောက်၊ ရိုင်းကားဖို့ပဲ သိတယ်။ အဲဒါလား မျိုးချစ်စိတ်ဓာတ်။
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ အများကောင်းစားရေးအတွက် ဆောင်ရွက်သော အမွန်မြတ်ဆုံး အကြောင်းတရားတွေဖြစ်ပါတယ်။


အခုတစ်ချို့အဖွဲ့အစည်းများ လုပ်နေတာ အများကောင်းစားဖို့ မပြောနဲ့ မိမိလူမျိုးမကောင်းစားသည့်အပြင် အချင်းချင်းလက်
ချက်နဲ့ အသက်စတေးရတာ မနည်းလှတော့ပါ။ ဒါဟာ အမျိုးသားရေးအတွက်ပေးဆပ်တယ်လို့ ပြောလို့ရမလာား။ ကိုယ့်ကိုယ် အမျိုးသားရေးပေးဆပ်မှုပါလို့ ခံယူပေမယ့် ကရင်အမျိုးသာထုကတော့ ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ မိုက်မဲတဲ့လုပ်ရပ်၊ ပညာမရှိသူတွေရဲ့လုပ်ရပ်များသာ သတ်မှတ်ကြပါလိမ့်မယ်။

နောက်ဆုံးအနေဖြင့် ကျွန်တော်ရဲ့ဆောင်းပါးကို ဖတ်ရှုလိုက်ရတဲ့ ကရင်ပြည်သူအားလုံး မိမိရဲ့မှားယွင်းသောလုပ်ဆောင်ချက်
တွေကို လိမ္မာပါးနပ်သောအသိညာဏ်ဖြင့် replace အစားထိုးနိုင်ပါစေ။ သူတစ်ပါးရဲ့ လှည့်ဖြားမှုများကိုလည်း မိမိ knowledge ပင်ကိုယ်ညာဏ်ဖြင့် ဆင်ခြင်နိုင်ကြပါစေ။ ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ-ဆိုတဲ့အတိုင်း ဆက်ပြီး
မမိုက်ကြဖို့ မေတ္တာရှေ့ထားကာ ကရင်လူထုတစ်ရပ်လုံးကိုယ်စား ပြောပါရစေ။

သို့မဟုတ်ရင် ကိုယ့်အချင်းချင်းကြောင့် ကရင်လူမျိုးတွေဟာ ကမ္ဘာမြေပြင်မှ ဒိုင်နိုစောလို စောစီးစွာ မျိုးတုံးပြီးပြတိုက်ထဲ
မှာသာ လူတကာကြားဖူးတဲ့ ဘ၀မျိုး ရောက်ရှိသွားပါလိမ့်မယ်။ ကရင်လူမျိုးများဒိုင်နိုစောလို စောစီးစွာ မျိုးမတုံးရလေ
အောင်.....ဤဆောင်းပါးဖြင့် အသိပေးရင်း......

ကရင်စည်းလုံးညီညွတ်မှုကို လိုလားတဲ့

စောလင်းနက်စ်

ehkhaungthaunt

I started to to post on my blog 26 August 2008
ကျနော်ဟာ ကျွမ်းကျင်တဲ့ စာရေးဆရာတယောက်တော့ မဟုတ်ပါဘူး။ ၀ါသနာရှင်တယောက်ဆိုရင်တော့ ပိုမှန်လိမ့်မယ်ထင်တယ်။ ဒီဘလော့ထဲမှာတော့ ကိုယ့်ရဲ့ ထင်ရာမြင်ရာလေးတွေနဲ့ ကောင်းနိုးရာရာတွေကိုပါ ရှာကြံပြီးတင်ပြသွားပါမယ်။ အဓိကတော့ တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတွေကို အခြေခံပြီးတော့ စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။