Thursday, August 28, 2008

အဆိုတော်မွန်းအောင်ရဲ့ ဆစ်ဒနီဂီတပွဲ


အဆိုတော်မွန်းအောင်ရဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ စင်တင်တေးဂီတပွဲကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ မှာ လာမယ့် စက်တင်ဘာလ 6ရက်နေ့ တွင် ကျင်းမယ်လို့  သိရပါတယ်။ အဆိုပါ တကိုယ်တော်တင်ဆက်မှုဟာ အနှစ် ၂၀အတွင်း ပထမဦးဆုံးအကြိမ် ဆစ်ဒနီမြန်မာပရိသတ်များအတွက် ကြုံတောင့်ကြုံခဲ ဂီတပွဲတခုလည်း ဖြစ်ပါတယ်။ အဆိုတော်မွန်းအောင်ရဲ့ အကြောင်းကို နည်းနည်း တင်ပြရမယ်ဆိုရင်တော့-----------------
သူဟာ 1984ခုနှစ်မှာ မိုးလုံးမှိုင်း၊ လွမ်းရတဲ့ညတွေ လွန်ပါစေ စတဲ့ တေးစီးရီးတွေနဲ့  မြန်မာ့ဂီတလောကမှာ တရှိန်ထိုး ကျော်ကြားလာတဲ့ သူတယောက်ဖြစ်သလို လူငယ်များရဲ့ ပါးစပ်ဖျားမှာလည်း တဖွဖွနဲ့ ရေပန်းစားခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးတိုက်ပွဲ။ လွတ်မြောက်ရေးတိုက်ပွဲ တေးစီးရီးများဖြင့် နိုင်ငံတကာရောက် မြန်မာဂီတချစ်သူများနှင့် ဒီမိုကရေစီလှုပ်ရှားမှုများရဲ့ သင်္ကေတဖြစ်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။
အစီအစဉ်
Date 6th September 2008
Time 5:00pm-10:00pm
Venue Ukrainian Youth Hall
11 Church Street, Lidcombe 2141
(In front of Lidcombe Station)
ဆက်သွယ်ရန် Soe Lwin 0412387263 Zaw Win Naing 0418416500
အသေးစိတ်သိချင်ရင်တော့ အထက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။

ဆစ်ဒနီရောက် မြန်မာအမျိုးသားများအတွက် ကြုံတောင့်ကြုံခဲ အလွမ်းပြေစေရန်နဲ့  အားလပ်တဲ့ရက်မှာ အကျိုးရှိရှိနဲ့  အသုံးချနိုင်တဲ့ အခွင့်အရေးကြီးတခုဖြစ်ပါတယ်။


အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments: