Showing posts with label article. Show all posts
Showing posts with label article. Show all posts
Friday, March 13, 2009

ရင်တွင်းဖြစ် စကားလုံးများ

ယခုဆယ်နှစ်အတွင်း အကွဲကွဲအပြဲပြဲဖြစ်နေတဲ့ ကရင်အမျိုးသားအားလုံးအတွက် သတိပြန်လည်
သက်ဝင်ကြစေရန် ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ အကြောင်းအထူးအထွေတော့ မရှိဘူး။
အဲ...ဒီအထူးအထွေမဟုတ်တာကို အရေးကြီးနေတယ်။ မတီးမမြည် မပြောမဖြစ် ဆိုလို အမျိုးသားရေးတစ်ရပ်အနေနဲ့ ကရင်အမျိုးသားတစ်ရပ်လုံးပြန်လည်သင့်မြတ်ကြစေရန်
မေတ္တာကြီးမားစွာဖြင့်အသိပေးခြင်းလည်း ဖြစ်ပါတယ်။

တိုင်းပြည်တစ်ပြည်မှာ ပြည်သူတွေ အကျင့်စာရိတ္တမြင့်မားစေဖို့ အခြေခံစာပေ ပညာရေးနှင့်အခြေခံယဉ်ကျေးမှုတွေကို ဦးစာပေးရတယ်။ စီးပွားရေးကိုလည်း ရှေ့တန်းတင်ရတယ်။ နိုင်ငံရေးကိုလည်း သိထားသင့်တယ်။

ထိုနည်းတူ ကရင်လူမျိုးများမှာလည်း အဖွဲ့အစည်းအသီးသီးပေါ်ပေါက်လာတာကို တွေ့နေရပါတယ်။ မြောက်များစွာသော အဖွဲ့အစည်းတွေ ပေါ်ပေါက်လာကတော့ ကောင်းပါသည်။ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းများတွင် တာဝန်ရှိသူအားလုံးဟာ သူတစ်လူ ငါတစ်မင်းလုပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်သွားမှာ သေချာသည်။သို့သော်အဲဒီအဖွဲ့
အစည်းများကကော-ဘာတွေ အဓိကထားဆောင်ရွက်နေပါသလဲ။ ဒီမေးခွန်းရဲ့အဖြေကိုတော့ တာဝန်ရှိသူအားလုံး
ငါ -ဘာအဓိကထားလုပ်ဆောင်နေသလဲဆိုတာကိုသိရှိလောက်မယ်ထင်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ့်ကိုယ်တိုင်တောင် မသိဘူးဆိုရင်= မေထုန်မှီ အိပ်စားလို့ ယောက်ျားနဲ့ နွားမှာ သိပညာ တစ်ခုပိုသာ = ဆိုတဲ့ လယ်တီဆရာတော်ရဲ့ဆုံးမစကားနဲ့ အသိပေးလိုက်ပါတယ်။

တကယ်တော့ ကရင်အဖွဲ့အစည်းအသီးသီးဟာ အဓိကထားလုပ်ဆောင်ရမှာက ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ လူအခြေခံအုတ်မြစ်တွေကို အားပတကုတ်ကြိုးစားဆောင်ရွက်သင့်ပါတယ်။ ဒါကိုလည်း မိမိတို့မှာ မတူညီတဲ့ (theory) သဘောတရားတွေ၊ မတူညီတဲ့ (view) အမြင်များကို ဘေးချိတ်ကာ၊ ဘာသာရေးအစွန်းရောက်မှုများကို မရောသင့်ပါ။ ဘာသာရေးအသီးသီးမှာလည်း သင့်မြတ်တဲ့ society, community လူဘောင်လူ့လောက၊ လူမှုအကျိုးများဖို့ သွန်းသင်
ဆုံးမကြတာပဲရှိတယ်။ ဒီအချက်ကို အခုကျွန်တော့တို့ ကရင်လူထုတစ်ရပ်လုံး သတိထားရမယ့်အချက်တစ်ချက် ဖြစ်ပါတယ်။ ရန်သူများဟာ မိမိတို့ရဲ့အားနည်းချက်များကို ရှာဖွေပြီး မိမိတို့အားနည်းအောင်၊ ပြိုကွဲအောင် လုပ်ဆောင်နေတယ်ဆိုတာ ကရင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအားလုံး နားလည်ကြစေချင်ပါတယ်။ ဒါကို ငါက Buddhism ပဲ။ ငါကChristianity ပဲဆိုပြီး အယူသည်းစွာ ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် ရန်သူရဲ့သားကောင်အဖြစ်
ဖြစ်မှန်းမသိ ဖြစ်ရမှာ သေချာတယ်။ အဓိကကတော့ humman right အခွင့်အရေးကို ချိန်ခွင်လွှာ
ညီမျှစွာ နားလည်ပြီး ဝေငှတတ်ဖို့ပါပဲ။ ဥပမာ ကျွန်တော်တို့ KNU အစိတ်စိတ်အမွှာမွှာပြိုကွဲရတာဟာ
နအဖရဲ့သွေးထိုးလုပ်ဆောင်မှုဖြစ်သလို Buddhismနှင့် Christianity အားပြိုင်မှုရဲ့ ဆိုးကျိုးတစ်ခု
ဖြစ်တယ်။ ပြီးတော့ humman right အခွင့်အရေးကို ချိန်ခွင်လွှာညီမျှစွာ အသုံးမချတတ်တဲ့အ
တွက်ကြောင့်လဲဖြစ်တယ်။

ဒါတွေကို တာဝန်ခေါင်းဆောင်များ အနေနဲ့ ကိုယ်နောက်လိုက်ငယ်သားများကို ဘာသာရေးများအစွန်းမရောက်သင့်ပုံကို techniquel နည်းနိသျှည်းကျကျ ညွန်ပြစေချင်ပါတယ်။ ဘာသာရေးအစွန်းသမားမျာကြောင့် အရှေ့အလယ်ပိုင်း
နိုင်ငံရှိ ပြည်သူများ နေ့စဉ်ဆိုသလို သေရှုံးရပုံများကိုInternational News Website မှတဆင့် အမြဲတန်းကြား
သိနေရပါတယ်။

ဒီအချက်ကို စာရေးသူအနေနဲ့ ဆွေးနွေးရခြင်းသည် ကရင်အဖွဲ့အစည်းများ အစိတ်စိတ်အမွှာမွှာဖြစ်ရခြင်းသည်လည်း Religion ဘာသာရေးအစွဲတွေကြောင့်လို့ အများက ယူဆနေကြခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ထိုအယူအဆများ
မှန်ခဲ့မယ်ဆိုရင် ပြင်သင့်တာတွေ အချိန်မှီပြင်နိုင်ဖို့=ပျက်အစဉ် ပြင်ခဏ=ဆိုတဲ့ အတိုင်း အဲဒီ main အချက်ကို ဖာထေးလိုက်ရင် ယိုပေါက်ကသက်သာမှာ သေချာတယ်။ ကျွန်တော်အနေနဲ့ ကိုယ်အယူသည်းမှုတစ်ခုကြောင့် လူမျိုးပျောက်ကွယ်ရမည့်အဖြစ်မျိုး မရောက်စေချင်ပါ။ ဒါကိုလည်း အမှား/အမှန်ကို လွပ်လပ်စွာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပါတယ်။

အခုချိန် ကရင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသော အခြေအနေများသည်generationမျိုးဆက်သစ်
များအတွက် အထူးစိုးရိမ်စရာကောင်းပါတယ်။ နိုင်ငံတော်အစိုးက နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်
ပေးနေတယ်လို့ မည်သို့ပင်အော်ဟစ်နေစေကာမူ ရုပ်ပိုင်းဆိုင်ရာတိုးတက် အနည်းငယ်မျှ ရှိနေတာကလွဲရင် အခြား section အပိုင်းမှာတော့ ဘာကိုဘာမှ တိုးတက်လာမှုမရှိဘူးဆိုတာ ကျွန်တော်ကရင်ပြည်နယ်သား တစ်ယောက်အနေနဲ့ ရဲရဲပြောနိုင်တယ်။ အထူးအားဖြင့်education section ပေါ့ဗျာ။ မြို့တွင် နေထိုင်တဲ့ လူငယ်အနည်းစုသာ ပညာသင်ကြားကြပြီး countrysite ကျေးလက်တောရွာပိုင်းရှိ လူငယ်အများစုဟာ မူလတန်းပြီးရင် ဆက်လက်ပညာမသင်ကြားနိုင်တော့ပါဘူး။ ကရင်အများစုက ကယ်တင်ရှင်နိုင်ငံလို့ ယူဆတဲ့ ထိုင်းနိုင်ငံသို့သာ ဆက်လက်ထွက်ခွါကြရတယ်။ ကရင်ပြည်နယ်ရှိ အိမ်တိုင်းမှာ တစ်ဦးစီအနည်းဆုံး ထိုင်းနိုင်ငံသို့ စား၊ ၀တ် နေရေး အဆင်
ပြေစေဖို့ သွားရောက်လုပ်ကိုင်ရပါတယ်။ တနည်းအားဖြင့် ပြောရရင် ကရင်လူငယ်များ ပျက်စီးဖို့အစပျိုးပေးသလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ဇိမ်ခံခံစရာနေရာအများဆုံးနှင့် ကူးစက်ရောဂါအများဆုံး ဖြစ်ပွားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် အိမ်နီးချင်းထိုင်းနိုင်ငံသာ မရှိဘူးဆိုရင် ကရင်ပြည်နယ်သာများကြမ္မဟာလည်း ထိုထက်ပင်မတွေးဝံ့စရာပင်။ ၀င်ငွေမရှိတာသာမက အဖွဲ့အစည်းအသီးအသီးမှ ပေါ်တြာေ ကး၊ ဆက်ကြေးတွေဟာလည်း ခေါင်ခိုက်အောင်ပေးဆောင်
နေရသည်။ ကျွန်တော်ပြောတာကိုသံသယရှိနေသူများသည်လည်း ကရင်ပြည်နယ် တောလက်ကျေးရွာများသို့ ကွင်းဆင်းလေ့လာနိုင်ပါသည်။

ဒါကြောင့် ဒီအခက်အခဲကြားထဲမှာ ကရင်ပြည်သူတစ်ရပ်လုံး ဘယ်လိုရုံးထွက်ကြမလဲ။ ကရင်အဖွဲ့အစည်းအားလုံးကို မေတ္တာရှေ့ထားပြီး ပြောပါရစေ....argent performance အဖွဲ့အစည်းအသီးသီး အဓိကဆောင်ရွက်သင့်တာက education section ပညာရေးအပိုင်းဖြစ်ပါတယ်။ ထိုနောက်မှစီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ လူအခြေခံအုတ်မြစ် ဆောင်ရွက်သင့်ပါတယ်။ နောက်ပြီး တစ်ခုစဉ်းစားသင့်တာက မိမိတို့ အဖွဲ့အစည်းတွေဟာ မိမိတို့မိသားစုအရေးလား၊ တစ်မျိုးသားလုံးကိုယ်စားပြုတဲ့အဖွဲ့အစည်းလား။ ဒါတွေကို ထည့်သွင်းစဉ်းစားကြစေချင်ပါတယ်။ မိမိအနေနဲ့ တိုက်ပေါ်မှာနေ၊ကားအကောင်းစားတွေစီးပြီး ကျန်တဲ့သူတွေ ငတ်ပြတ်နေတာ သိလျှက်နဲ့ မသိဟန်ဆောင်နေတာလား။
မိမိတို့ဟာ =ခေါ်ရင်လာတယ်၊ ခိုင်းရင်လုပ်တယ်၊ ခံမပြောဘူး= ဒီလိုဘဲ အစေခံဘ၀နဲ့ စခန်းသွားတော့မှာလား။ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလား။ သူများခိုင်းသမျှ လုပ်မယ်ဆိုရင်ကမ္ဘာမှာ မိမိတို့လောက် မိုက်တဲ့သူ မရှိတော့ဘူးထင်တယ်။

ခေတ်အဆက်ဆက်မှာ ကရင်ဟာရိုးသားတယ်၊ စည်းလုံးတယ်၊ မဟုတ်ရင်မခံ အစဉ်အလာရှိခဲ့တယ်။အခုမိမိတို့ခေတ် ရောက်တော့မှ =ရိုးသားမှုကို ရိုးအမှုတွေဖြစ်၊ စည်းလုံးမှုကို ပြိုကွဲမှုတွေဖြစ်၊ မဟုတ်မခံကို မဟုတ်ရင်လည်း ခံနေရတဲ့အဖြစ်သို့ ဆိုက်ရောက်နေတယ်။ သမိုင်းမှာ အမဲ (မည်း) စက်တွေကျန်နေခဲ့ပြီ။ အဲဒီအမဲစက်ကို ဖျက်ပစ်ဖို့ မိမိတို့တာဝန် အပြည့်ရှိတယ်ဆိုတာ သိကြရဲ့လား။ မိမိတို့အချင်းချင်းကြောင့် (၁၀)နှစ်ကျော်ကာလ သေသွားတဲ့သူတွေလည်း မနည်းတော့ဘူး။ နောင်တတရားတွေရသင့်ကြပြီ။ နောင်တမရဘဲ ဆက်ပြီး မိမိတို့အချင်းချင်းတစ်ဦးနဲ့တစ်ဦးတိုက်နေကြမယ်ဆိုရင် ကရင်ပြည်သူတွေအတွက် လွတ်လပ်ရေးကို မပြောနဲ့ ရှိရင်းစွဲလူမျိုးကိုပါ ပျောက်သွားမယ်။

အဲသလို မိမိတို့အချင်းချင်း ဆက်တိုက်မယ့်အစား သင့်မြတ်တဲ့နည်းလမ်းကို ရှာကြံပြီး ပြန်လည်တွေ့ဆုံဆွေးနွေးကြရင် မကောင်းဘူးလား။ လျှော့သင့်တာတွေလျှော့၊ တင်းသင့်တာတွေကိုတင်း၊ နားလည်မှုတွေ ရယူကြ၊နားလည်းခွင့်လွတ်ခြင်းနဲ့ ငြိမ်းချမ်းရေးပန်းတိုင် လျှောက်လှမ်းစေချင်တယ်။အခုတော့ကရင်ပြည်သူလွတ်လပ်ရေးအတွက်ဆိုသေး...ကိုယ့်အချင်းချင်း
ပြန်တိုက်နေရတယ်ဆိုတော့ စဉ်းလည်းစဉ်းစားကြပါအုံး တာဝန်ရှိသူတို့ရေ....။ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ငြိမ်းချမ်းရေးကောင်စီမှ KNU မိခင်တပ်ရင်းသို့ပြန်လည်ရောက်ရှိလာသော ဒု-ဗိုလ်မှူးစောဂေထူးရဲ့ ရင်ဖွင့်သံများကိုလည်း ကရင်ပြည်းသူများ
ကြားသိနိုင်ကြပါစေ။

ဒီခေတ်ဒီအချိန်မှာ ကရင်လူမျိုးတွေ အောက်ကျနောက်ကျတဲ့အဆင့် ရောက်မှန်းမသိ ရောက်နေရတယ်ဆိုတာ တာဝန်ရှိသူများ သတိထားမိရဲ့လား။ နောက်ပြီး refugee လို့ လူသိများတဲ့ ဒုက္ခသည်စခန်းမှနေပြီး တတိယနိုင်ငံများသို့ ရောက်ရရုံလောက်နဲ့ ကိုယ့်ကရင်များ ဟုတ်လှပြီးလို့ လက်မမထောင်လိုက်ပါနဲ့။ ရေသောက်မြစ်က မခိုင်မာဘူးဆိုရင် အကိုင်းအခက်များ ဘယ်တော့မှ ရှည်ကြာတည်တံ့မှာမဟုတ်ဘူး။ ရှိနှင့်ပြီးသား မိခင်ရင်း ကရင်ပြည်သူများအတွက် မြန်မာနိုင်ငံမှာသာမက အခြားနေရာများနှင့် တပြေးညီ လိုက်နိုင်အောင် ဘယ်လိုကြိုးစားရင် ကောင်းမလဲ နည်းလမ်းများရှာကြံသင့်ပြီ။

ဒါမှမဟုတ် ကိုယ့်ကို ဗိုလ်ကြီး၊ ဗိုလ်မှူးဆိုပြီး ကားလေးတ၀ီဝီနဲ့ မူးယစ်သောက်စား၊ လောင်းကစားနဲ့သာအချိန်ကုန်နေမယ်ဆိုရင်
= ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နဲ့ပြင်ရှိသေးလေလိမ့်လား

ဘယ်မှာလဲ ကရင့်သိက္ခာ၊ ကိုယ့်လူမျိုးမျက်နှာကိုမှ မထောက်၊ ရိုင်းကားဖို့ပဲ သိတယ်။ အဲဒါလား မျိုးချစ်စိတ်ဓာတ်။
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ အများကောင်းစားရေးအတွက် ဆောင်ရွက်သော အမွန်မြတ်ဆုံး အကြောင်းတရားတွေဖြစ်ပါတယ်။


အခုတစ်ချို့အဖွဲ့အစည်းများ လုပ်နေတာ အများကောင်းစားဖို့ မပြောနဲ့ မိမိလူမျိုးမကောင်းစားသည့်အပြင် အချင်းချင်းလက်
ချက်နဲ့ အသက်စတေးရတာ မနည်းလှတော့ပါ။ ဒါဟာ အမျိုးသားရေးအတွက်ပေးဆပ်တယ်လို့ ပြောလို့ရမလာား။ ကိုယ့်ကိုယ် အမျိုးသားရေးပေးဆပ်မှုပါလို့ ခံယူပေမယ့် ကရင်အမျိုးသာထုကတော့ ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ မိုက်မဲတဲ့လုပ်ရပ်၊ ပညာမရှိသူတွေရဲ့လုပ်ရပ်များသာ သတ်မှတ်ကြပါလိမ့်မယ်။

နောက်ဆုံးအနေဖြင့် ကျွန်တော်ရဲ့ဆောင်းပါးကို ဖတ်ရှုလိုက်ရတဲ့ ကရင်ပြည်သူအားလုံး မိမိရဲ့မှားယွင်းသောလုပ်ဆောင်ချက်
တွေကို လိမ္မာပါးနပ်သောအသိညာဏ်ဖြင့် replace အစားထိုးနိုင်ပါစေ။ သူတစ်ပါးရဲ့ လှည့်ဖြားမှုများကိုလည်း မိမိ knowledge ပင်ကိုယ်ညာဏ်ဖြင့် ဆင်ခြင်နိုင်ကြပါစေ။ ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ-ဆိုတဲ့အတိုင်း ဆက်ပြီး
မမိုက်ကြဖို့ မေတ္တာရှေ့ထားကာ ကရင်လူထုတစ်ရပ်လုံးကိုယ်စား ပြောပါရစေ။

သို့မဟုတ်ရင် ကိုယ့်အချင်းချင်းကြောင့် ကရင်လူမျိုးတွေဟာ ကမ္ဘာမြေပြင်မှ ဒိုင်နိုစောလို စောစီးစွာ မျိုးတုံးပြီးပြတိုက်ထဲ
မှာသာ လူတကာကြားဖူးတဲ့ ဘ၀မျိုး ရောက်ရှိသွားပါလိမ့်မယ်။ ကရင်လူမျိုးများဒိုင်နိုစောလို စောစီးစွာ မျိုးမတုံးရလေ
အောင်.....ဤဆောင်းပါးဖြင့် အသိပေးရင်း......

ကရင်စည်းလုံးညီညွတ်မှုကို လိုလားတဲ့

စောလင်းနက်စ်
Sunday, March 8, 2009

ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း

ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ကရင်သက္ကရာဇ်ရေတွက်ခြင်းဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။
စရှောင်ဖန်း(အင်းစိန်)
၂၀၀၆-ထုတ် ပိုးကရင်မဂ္ဂဇင်းမှ
Saturday, February 14, 2009

ဦးအောင်နိုင်ဦးနှင့် သူ၏မျက်နှာဖြူဇနီးအား ကြေငြာအသိပေးခြင်း

မြန်မာအရေးလေ့လာသူ ဦးအောင်နိုင်ဦးမှ ၃၁.၁.၂၀၀၉ နေ့တွင် KNU အစည်းအရုံးကြီးဧ။် တော်လှန်ရေး အနှစ် ၆၀ ကာလတိုင်တိုင် ကိုင်စွဲခဲ့သော ဥက္ကဌကြီး စောဘဦးကြီးဧ။် မူလေးချက်ကို KNUအစည်းအရုံးကြီးဧ။် ၁၄ ကြိမ်မြောက်
ကွန်ဂရက်မှ ဆက်လက်ကိုင်ဆွဲသွားရန်ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသင့် ကြောင်းပြောဆို ဝေဖန်ချက်မှာ -
1. သဘောရိုးဖြင့်ဝေဖန်ပြောဆိုခြင်းမဟုတ်ဘဲ KNU အစည်းအရုံးကြီးဧ။် ဦးဆောင်တော်လှန်ရေး တိုက်ပွဲကို တွေဝေသွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုဝေဖန်ခြင်းဖြစ်သည်။
2. KNU အစည်းအရုံးကြီးဧ။် တရားသော လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်းဖြစ်သည်။
3. KNU အစည်းအရုံးဧ။် ဒီမိုကရေစီတော်လှန်ရေးကို ပြည်သူတရပ်လုံးဧ။် ရန်သူဖြစ်သော စစ်အာဏာရှင် လက်သို့ အညံ့ခံရန် တစ်ပေါင်းတစ်စည်း တစ်ကျိပ်တစ်ဥာဏ်တည်းဖြစ်သည်ကို တွေ့ရှိရပါသည်။

အောင်နိုင်ဦး သို့-

1. KNU ကရင်အမျိုးသားအဖွဲ့ အစည်း ကြီးဧ။် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာရခြင်းမှာ ဘာကြောင့်လဲ၊
2. ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံကို အုပ်စိုးခဲ့သော ဖဆပလ အစိုးရ အုပ်ချူပ်ခဲ့သော (၁၄) နှစ်တာ ကာလ အတွင်း လက်နက်ကိုင်တော်လှန်ကြသော တော်လှန်ရေးအဖွဲ့ အစည်းများ နှင့် ဖြေရှင်းရာတွင် မိမိ အစိုးရကိုယ်တိုင် ဘာကြောင့် အာဏာ အသိမ်းခံရသလဲ။
3. တဖန် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ အုပ်စိုးခဲ့သော မဆလ အစိုးရ ဧ။် (၂၆) နှစ် အုပ်စိုးမှု့မှာ မြန်မာလူမျိုးအပါအဝင် ပြည်သူလူထု တိုင်းရင်းသားများဧ။် အုံကြွ ဖြုတ်ချမှု့ကို ဘာကြောင့် ခံရသနည်း။
4. တဖန် ၁၉၈၈ မှ ၂၀၀၈ ခုနှစ်အထိ တတိယ အကြိမ် အာဏာလု တက်လာသော နဝတ/နအဖ အစိုးရဧ။် အနှစ် ၂၀ အုပ်စိုးမှု့အတွင်း မည်သည့်တိုင်းရင်းသားအရေးကိုမျှ ဖြေရှင်းပေးနိုင်ခြင်း မရှိရုံမျှ မက -

• ဖဆပလ (၁၄) နှစ်သက်တမ်း
• မဆလ (၂၆) နှစ် သက်တမ်း
• နဝတ/နအဖ အနှစ် (၂ဝ) သက်တမ်း
စုစုပေါင်း အနှစ် (၆၀) အတွင်း ရှိရင်စွဲ မည်သည့်ပြသနာ မည်သည့်လူမျိုးရေးမျှ ဖြေရှင်းနိုင်စွမ်း မရှိရုံသာမက တနိုင်ငံလုံး - နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှ ချွတ်ခြုံကျနေသည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။

အထဲတွင် -
ဖဆပလ အစိုးရလက်ထက်
မဆလအစိုးရလက်ထက်
အခု နဝတ/နအဖ စစ်အာဏာရှင် အုပ်ချူပ်ရေး ဗမာလူမျိုးအပါအဝင် တိုင်းရင်းသား အားလုံးအနက် - ကရင်အမျိုးသားများကို နည်းမျိုးစုံ
1. ယဉ်ကျေးမှု့
2. စီးပွားရေး
3. လူမှု့ရေး
4. ဘာသာရေးအရသာမက လူမဆန်စွာ ကန်းကုန်အောင် နှိပ်စက်ညှင်းပန်းပြီး
မျိုးဖြုတ်လူမျိုးတုန်းသတ်ဖြတ်နေမှု့မှာ ကမ္ဘာ အသိပင်ဖြစ်သည်။ ယင်းအခြေ အနေအတွက် ကရင် အမျိုးသား တို့သည် ခေါင်းဆောင် စောဘဦးကြီးဧ။် မူ လေးချက်ကို ကိုင်ဆောင်လျှက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တိုက်ပွဲဝင်ရုံမှ လွဲ ၍ အခြားလမ်းမရှိကြောင်းကို ကရင်အမျိုးသားများသာမက ကမ္ဘာသို့ တိုက်ပွဲ ဝင်သွားမည်သာဖြစ်ကြောင်း ကြော်ငြာ အပ်ပါသည်။
မဟာမိတ် ဒီမိုကရေစီ အဖွဲ့များထံမှ ရရှိသော သတင်းအတည်ပြုချက်များအရ ဦးအောင်နိုင်ဦးသည် နအဖ ဧ။် အသုံးတော်ခံ ဘက်သားတော်ဖြစ်ကြောင်း သတင်းမှာ လူထု တရပ်လုံးအသိဖြစ်ပါသည်။
ဦးအောင်နိုင်ဦးဧ။် မျက်နှာဖြူဇနီး (Shona Kirwood) မှာ မြန်မာနိုင်ငံအတွင်း တံခါးမရှိ ဓါးမရှိ ဝင်ထွက် ပြီး စစ်အာဏာရှင်အစိုးရ အလိုကျ အတိုင်း လှုပ်ရှားရာတွင် အထူးသဖြင့် ကရင် လူမျိုးများကို ပစ်မှတ်ထား လှုပ်ရှား နေမှု့ကို ကရင်လူမျိုးများက လုံးဝသိရှိနေပါသဖြင့် ယင်းကဲ့သို့ ဆက်လက်လှုပ်ရှားနေပါက ကရင်အမျိုးသားများအနေဖြင့် ဆက်လက်လှုပ်ရှားမှု့ မပြုနိုင်အောင် လိုအပ်သလို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကြိုတင်ကျေငြာအပ်ပါသည်။
ဖားစည်သံဝက်ဆိုက်ဘ်မှ ကူးယူဖော်ပြသည်။
Monday, February 9, 2009

ပဒိုမန်းရှာ(သို့) တော်လှန်သူအတွက် အမှတ်တရ

ဖထီးမန်းရှာ လုပ်ကြံခံရတာ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ တနှစ်တင်းတင်း ပြည့်ပြီဖြစ်သော်လည်း ကျနော့်အတွက်က တော့ မနေ့တနေ့ကလိုပဲ ခံစားနေရဆဲပါ။ ဖထီးမန်းရှာလုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေ မိပြီး ယူကျုံးမရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့ စိတ်တွေဟာလည်း ရင်ထဲ နှလုံးသားထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာခဲ့ရပါတယ်။

ပဒိုမန်းရှာအုတ်ဂူ၊ သေပေထ(ဗဟိုစစ်ဌာနချုပ်)၊ ကော်သူးလေ။

သူလုပ်ကြံခံရတဲ့အချိန်ဟာ ကျနော်မဲဆောက်က ကရင်သတင်းဌာန(KIC)သတင်းစာတိုက်မှာ တာဝန်ထမ်းဆောင်နေခဲ့တဲ့ အချိန်ပါ။ အဲဒီနေ့ဟာ ကျနော်တာဝန်ကျရာဌာနရဲ့ လစဉ်ထုတ်သတင်းစာစောင်ကို ပုံနှိမ့်တိုက်အပ်ထားပြီးဖြစ်တာကြောင့် ၀န်ထမ်းများဟာ စိတ်ပြေလက်ပျောက်နဲ့ သတင်းစာတစောင်ဖြစ်မြောက်ဖို့ လုံးပန်းခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှု လေးတွေကို အတိုးချပြီး အနားယူကြတဲ့နေ့ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့လည်း မဟုတ်ပါလား။

အဲဒီနေ့မနက်မှာ ဖာထီးကျနော်တို့ရုံးရှေ့ကို ကိစ္စတခုနဲ့ ရောက်လာခဲ့ပါသေးတယ်။ သူကိုယ်တိုင် ကားပေါ်ကမဆင်းပေမယ့်လည်း သူ့ကို ကားမောင်းပို့ပေးနေတဲ့ သူ့ရဲ့သားကြီး စောစေးစေးက စာရွက်စာတမ်းတချို့ လာပို့သွားပါတယ်။ ကားပေါ်ကို လှမ်းကြည့်လိုက်တော့ သူအမြဲပဲ ၀တ်နေကျ ၀စ်စကုတ်အကျီင်္နဲ့ ဖထီးကို တွေ့ရပြီးတော့ ကျနော့ဘေးနားမှာရှိနေတဲ့ ၀န်ထမ်းတယောက်ကိုတောင် အဖိုးကြီးလည်း ကားပေါ်မှာ ပါလာတယ်လို့ ပြောလိုက်မိပါသေးတယ်။

ဝစ်စကုတ်ဝတ်ထားတဲ့ အဲဒီနေ့က ဖထီးရဲ့ ပုံရိပ်ကို ယခုချိန်ထိ ပြန်လည်မြင်ယောင်မိနေသေးသလို အသက်ရှင်လျက်နဲ့ ဖထီးကို နောက်ဆုံးအကြိမ် တွေ့ရခြင်းလည်း ဖြစ်ပါတယ်။ အသက်ရှင်လျက်နဲ့ ဖထီးကို နောက်ဆုံးတွေ့ရမယ်ဆိုတာ အဲဒီအချိန်က ဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။ အချိန်ကတော့ ထိုင်းစံတော်ချိန် ၁၀နာရီပတ်ဝန်းကျင်လောက် ရှိပါလိမ့်မယ်။

အဲဒီနေ့နေ့လည်မှာတော့ အခင်ဆုံးအစ်ကိုကြီး Kyawcross(ဇွဲကပင်ဝက်ဆိုဘ်)ရဲ့အိမ်ကို အလည်လိုက်သွားဖြစ်ပါတယ်။ Kyawcross ရဲ့အိမ်က မယ်တော်ဆေးခန်းနဲ့လည်း နီးတော့ သူ့အိမ်မှာ အားရပါးရပ် အနားယူအပြီး ဘော်လုံးပွဲ ကြည့်ဖို့ ထွက်လာခဲ့ကြပါတယ်။ မော်တော်ဆိုင်ကယ် နှစ်ယောက်သားစီးနေတုန်း သူ့ဆီက ဖုန်းလာပြီး တယောက်သောသူနဲ့ စကားပြောနေကြပါတယ်။ တကယ်တော့ သူတို့တွေ ပြောနေတဲ့စကားတွေဟာ အမင်္ဂလာစကားတွေဖြစ်နေပါတယ်။ အကြောင်းရင်းအားလုံးကို မသိရပေမယ့်လည်း သူတို့ပြောနေတဲ့စကားတွေက သွေးရိုးသားရိုးမဟုတ်မှန်း ကျနော့စိတ်ထဲမှာအလိုလိုနဲ့ ကောက်ချက်ချလိုက်မိပါတယ်။

ချက်ချင်းပဲ သူကကျနော့ဘက်လှည့်ပြီးတော့ လာ--ဟိုဘက်ရုံးမှာ သွားမယ်။ အရေးကြီးတယ်လို့ပြောပြီး မော်တော်ဆိုင်ကယ်ကို ၀ုန်းခနဲ မောင်းထွက်သွားပါတော့တယ်။ ကျနော်လည်း အံ့သြတုန်လှုပ်မိကာ ဘာမှတုန့်ပြန်စကားပြန်မပြောနိုင်ပဲ ပုခက်ပေါ်က လူမမယ်ကလေးငယ်ပမာ မော်တော်ဆိုင်ကယ်နောက်မှာပဲ တကောက်ကောက် ပါသွားခဲ့ရပါတယ်။ သွားမယ့်ရုံးဆိုတာက မယ်တော်ဆေးခန်းနားက နယ်လှည့်ကျောပိုးအိတ်အဖွဲ့ရုံးပါ။ အဲဒီရုံးကိုရောက်တော့ ခုနကဖုန်းဆက်သူ(ဗိုလ်ကြီးဝင်းကျော်၊ တပ်မဟာ ၅) နေတဲ့အခန်းကိုပဲ တန်းသွားခဲ့ကြပါတယ်။


ပဒိုမန်းရှာရဲ့ မျိုးဆက်သစ်များ(စောစေးစေး၊ နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်း)

သူနေတဲ့အခန်းကိုသွားပြီး ထိုင်မယ်လို့လုပ်တဲ့အချိန်မှာပဲ ပဒိုမန်းရှာလုပ်ကြံခံလိုက်ရပြီးတော့ ပွဲချင်းပြီး သေဆုံးသွားပြီတဲ့၊ ဗိုလ်ကြီးဝင်းကျော်ဆီက ကျနော် အဲဒီစကားလုံးကို သေသေချာချာကြားရပါတယ်။ မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်ခဲ့ရပါတယ်။ ဘာလုပ်ရမယ်၊ ဘာပြောရမယ်မှန်း မသိပဲ ပါးစပ်အဟောင်းသား တိတ်ဆိတ်ငြိမ်သက်ခဲ့ပါတယ်။ ဒါပေမယ့် တကြိမ်တခါမှ မခံစားဖူးခဲ့တဲ့ ၀မ်းနည်းကြေကွဲတုန်လှုပ်ခြောက်ခြားတဲ့စိတ်တွေဟာ ကျနော့ရဲ့ရင်ထဲ အသဲထဲ နှလုံးသားထဲ၊ ခေါင်းထဲစတဲ့ ခနကိုယ်တခုလုံးထဲကို လွမ်းမိုးလိမ့်ဝင်လာပါတော့တယ်။

တခန်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။ ယောကျာင်္တန်မဲ့ မျက်ရည်ဝဲခဲ့ရပြီးတော့ မျက်ရည်စက်လေးများဟာလည်း ထိမ်းထားတဲ့ကြားကနေ အလိုလိုနဲ့ အတင်းထွက်ကျလာပါတော့တယ်။ တကယ်တော့ အဲဒီမျက်ရည်စက်တွေဟာ လွတ်လပ်မှု လိုလားသူတယောက်ရဲ့ လွတ်လပ်မှုအတွက် တော်လှန်သူခေါင်းဆောင်တယောက် ဆုံးရှုံးရတဲ့ မျက်ရည်စက်လေးတွေပါပဲ။

ကိုယ့်ကိုယ်ကိုတော့ မယုံကြည်နိုင်လောက်အောင်ပဲ ကိုင်တွယ်စမ်းသပ်ကာ ငါအိမ်မက်မက်နေတာလား၊ ငါများမူးနေတာလားလို့တောင်မှ မေးခွန်းတွေ ထုတ်ခဲ့မိပါသေးတယ်။

မဟုတ်ဘူး။ မဟုတ်ဘူး၊ ငါ့အိမ်မက်မဟုတ်ဘူး။ မူးလည်းမမူးပါဘူး။ ငါပုံမှန်ပဲ။
ဒါတကယ် ငါ့နားနဲ့ တကယ်ကြားနေရတာပဲ။
ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်သင့်သလဲ ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်တဲ့အချိန်မှာပဲ အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကလေးကို ဘယ်သူမှ အမိန့်မပေးပဲ တန်းကောက်ကိုင်လိုက်မိပါတယ်။ လုပ်ဖော်ကိုင်ဖက် စောခေါင်သောင့်(ယခု၊ ဖို့ဝိန်း)ဆီကို တန်းဆက်လိုက်မိပါတော့တယ်။ ဖုန်းခေါ်နေတုန်းမှာလည်း ပဒိုမန်းရှာမသေဘူး။ ဗိုလ်ကြီးဝင်းကျော်ပြောတာမဟုတ်ဘူး၊ သူလိမ်ပြောတယ်ဆိုတဲ့ တုန့်ပြန်မှုကို ကြားရပါစေလို့တောင် ဆန္ဒပြုခဲ့မိပါသေးတယ်။


အစည်းအဝေးတွေ၊ သတင်းစာရှင်းလင်းပွဲတွေမှာ အခုလို သူ့ရဲ့သဘောထားတွေကို ပြတ်ပြတ်သားသားပြောဆိုခဲ့။

ဒါမှ မဟုတ် ပဒိုမန်းရှာ ပွဲချင်းပြီးမသေဘူး။ ဒဏ်ရာအနည်းငယ်ကလွဲလို့ ပူပင်စရာမရှိဘူးဆိုတဲ့ တုန့်ပြန်မှုကိုလည်း မျှော်လင့်မိခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့ရဲ့ ဆန္ဒတွေက မပြည့်မီခဲ့ပါဘူး။ စောခေါင်သောင့်ဖုန်းကိုင်လိုက်တဲ့အချိန် ကျနော်ဘာမှ မမေးခင်မှာပဲ ပ်ုဒိုမန်းရှာသီ့ယုဂ်(ပဒိုမန်းရှာသေပြီ) ဆိုတာကိုပဲ ကြားလိုက်ရပါတယ်။ အခုငါပဒိုမန်းရှာရဲ့အလောင်းနဘေးမှာ ဓါတ်ပုံရိုက်နေပါတယ်ဆိုတဲ့ စောခေါင်သောင့်ရဲ့ ပြောဆိုနေတာတွေဟာလည်း ပဒိုမန်းရှာကို အသက်ရှင်နေစေချင်သေးတဲ့
ဒါမှမဟုတ် ဒဏ်ရာအနည်းငယ်ပဲ ရစေချင်တဲ့ ကျနော့ရဲ့ မျှော်လင့်ချက်ကို တစမကျန်ရိုက်ချိုးလွင့်ပစ်လိုက်သလိုပဲ ခံစားခဲ့ရပါတယ်။

ပဒိုမန်းရှာ လုပ်ကြံခံရပြးတော့ ပွဲချင်းပြီးသေဆုံးသွားပြီဆိုတာ ရာနှုန်းပြည့် မှန်ကန်နေပါပြီး၊ ကျနော်ရုံးခန်းကို ချက်ချင်းပြန်ပြီးတော့ အဲဒီညတညလုံး ပဒိုမန်းရှာရဲ့ အတ္တုပတိ၊ မှတ်တမ်းဓါတ်ပုံ၊ မိန့်ခွန်းစတဲ့အချက်အလက်တွေကို အယ်ဒီတာချုပ်ရဲ့ လမ်းညွန်မှုနဲ့အညီ ရှာဖွေစုဆောင်းခဲ့ပါတယ်။ မီဒီယာတွေအတွက် ကြိုတင်ရှာဖွေထားခြင်းလည်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှာဖွေစုဆောင်းရတဲ့အတွက်ကြောင့်လည်း သူ့ကို ပိုပြီးတော့ အမှတ်ရခဲ့မိပါတယ်။ တညလုံး အိပ်မပျော်နိုင်ပဲ သူ့အကြောင်းကိုပဲ ထိုင်တွေးနေမိတော့တယ်။ သူ့အိမ်မှာပဲ အတူတူတာလပေါ့ဟင်းနဲ့ ထမင်းစားတတ်တဲ့ ဖထီးရဲ့ အဆင့်အတန်းခွဲခြားမှုမရှိတဲ့အချိန်၊ သတင်းစာရှင်းလင်းပွဲတွေ၊ အခမ်းအနားတွေမှာ ပြတ်သားခိုင်မာပြီး ထိထိမိမိပြောတတ်တဲ့ ဖထီးရဲ့ ပြောဆိုနေချိန်၊ နောက်ဆုံး ၀စ်စကုတ်နဲ့ တွေ့ခဲ့တဲ့အချိန်တွေကို မှတ်မှတ်ရရ ပြန်လည်မြင်ယောင်ခဲ့မိပါတယ်။

ဒါပေမယ့်လည်း ပဒိုမန်းရှာလိုခေါင်းဆောင်မျိုး ကရင့်အမျိုးသားထုအတွင်းမှာ အများအပြားဆက်လက်ပေါ်ထွန်းလာပြီးတော့ အမျိုးသားတော်လှန်ရေးကို ဆက်လက်ဦးဆောင်သွားမယ်လို့လည်း မျှော်လင့်မိပါတယ်။ အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်က သူချစ်တဲ့ သူ့ကရင်အမျိုးသား၊ သူယုံကြည်တဲ့ တော်လှန်ရေး၊ သူတည်ဆောက်ခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ သူခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ တော်လှန်ရေးမူဝါဒကို စွန့်ခွာသွားပါပြီး။ လူသေပေမယ့်လည်း နာမည်တော့ မသေပါ။ သူ့ရဲ့ဝိညဉ်တွေက တော်လှန်ရေးအပေါ်မှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်သလို သူ့ရဲ့ မိန့်မာချက်၊ သူ့ရဲ့ တော်လှန်ရေးရပ်တည်ချက်များဟာလည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းနှင့် ကွဲပြားနေတဲ့ ဒေသအသီးသီးက ကရင်တမျိုးသားလုံးရဲ့ လွတ်မြောက်မှုအတွက် ဆက်လက်လွမ်းမိုးနေအုံးမှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပေတယ်။

ကျော်အဲခေါင်သောင့်
Saturday, February 7, 2009

ကျနော်သိသော ပဒိုမန်းရှာ




စာလုံးပီပီသသနှင့် ဆိုဒ်ကြီးကြီးဖတ်ချင်လျှင် စာရွက်ပေါ်ကို တချက်နှိမ့်လိုက်ပါ။
ပေးပို့သူ-စသန်းမြင့်
Monday, February 2, 2009

ခြိမ်းခြောက်ခံနေရသော ဒုက္ခသည်စခန်း

မြန်မာနှင့် နယ်နိမိတ်ချင်း ထိနေသော ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့၏ တောင်ဘက် ၅ နာရီခရီးအကွာရှိ နို့ဖိုး ဒုက္ခသည်စခန်းတွင် ညအချိန်၌ စခန်းပတ်လမ်းတလျှောက် လူသူဟူ၍ မတွေ့ရတော့ဘဲ ရှင်းလင်းနေတော့သည်။

ည ၉ နာရီထိုးချိန် မဆင်မခြင် ဖရောင်းတိုင်ထွန်းသည့်သူ ပေါ်လာလျှင် မြန်မာစစ်အစိုးရကို ပုန်ကန်တိုက်ခိုက်နေသည့် အာရှတွင် သက်တမ်းအရှည်ဆုံး တပ်ဖွဲ့တဖွဲ့ဖြစ်သည့် တိုင်းရင်းသားသူပုန် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များက ချက်ချင်းပင် လာရောက်၍ ငြှိမ်းသတ်လိုက်ကြလိမ့်မည်။

မြန်မာအစိုးရ ကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်ကျူးကျော် စော်ကားနေသည်ကို လုံခြုံရေးများ တင်းကျပ်စွာ ချထား၍ ကာကွယ်သည့်အချိန် ၂ ပတ်ကျော်လာချိန်တွင်မူ ထိုသို့ ရူးရူးမိုက်မိုက်ပင် ဘေးပတ်ဝန်းကျင်က မြင်သာအောင် မီးထွန်းမည့်သူ မရှိတော့ပါ။

ထိုင်းစစ်သားများနှင့် KNLA တပ်ဖွဲ့ဝင်များက နေဝင်မီးငြိမ်းအမိန့်ကို ကောင်းစွာ စောင့်ကြပ်ကြည့်ရှုနေသည့်အတွက် ညတိုင်လျှင် သူတို့၏ ယာယီတဲအိမ်များမှ အပြင်သို့ ထွက်လာသူဟူ၍ မရှိပါ။

လွန်ခဲ့သော ၂ ပတ်ကဆိုလျှင် စခန်းကို ည ၈ နာရီ ၄၅ မိနစ်တိတိတွင် ပိတ်သည်။ သို့သော် 'ယခုအခါတွင် အခြေအနေများ အတော်အေးဆေးသွားပါပြီ' ဟု စခန်းတွင်း နေထိုင်သူတဦးက ပြောသည်။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်ကဆိုလျှင် ကရင်တပ်ဖွဲ့၏ ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်ပြီး၊ စစ်အစိုးရနှင့် ပေါင်းစည်းထားသည့် ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မတော် (DKBA) က အရှက်နည်းစွာ အကြိမ်ပေါင်းများစွာ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် အားလုံးနေစရာမရှိ ရင်တမမ နေခဲ့ကြရသည်။

စခန်းတွင်း နေထိုင်သူများမဟုတ်သည့် ကရင်များဖြစ်သော အဆိုပါ DKBA 'သူလျှို' များမှာ ညအမှောင်ကို အကာအကွယ်ယူကာ စခန်းအနီးတဝိုက် ၄ ရက်ဆက်တိုက် ချောင်းမြောင်းလှုပ်ရှားနေသည်ကို တွေ့ရှိဖမ်းမိခဲ့သည်။

စခန်းလုံခြုံရေး တာဝန်ကျအရာရှိများ အလွန်အမင်း စိုးရိမ်ထိတ်လန့်ကာ စခန်းအနီးတဝိုက် တင်းမာမှုအပြင်းထန်ဆုံး အခြေအနေတွင် အဆိုပါ သူလျှိုတဦးကို ဖမ်းဆီးကွပ်မျက်ခဲ့သည်။
အခုထိဖမ်းမိတာ ၉ ယောက် ၁ဝ ယောက်လောက်ရှိပြီ" ဟု စခန်းတွင်း လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျောင်းဆရာ တဦးက ပြောသည်။ သူ စာသင်ကြားပေးနေသည့် အင်္ဂလိပ်စကားပြောသင်တန်း (ESC) ၏ ကော်မတီဝင်တဦးဆိုလျှင် သွားရင်းလာရင်း တည၌ ထိုလူများ ၃ ဦးကို ပက်ပင်းတိုးမိခဲ့သည်ဟု ဆိုသည်။

သူ့ကျောင်းကို တက္ကသိုလ်အစား 'သင်တန်း' (Course) ဟု တမင်ပြောင်းလွှဲ အမည်ပေးထားရသည်။ တက္ကသိုလ်ဆိုလျှင် အမြဲတမ်း သဘောဆောင်၍ ထိုင်းအာဏာပိုင်များက ခွင့်မပြုသောကြောင့်ဖြစ်သည်။

အလွန်ပြင်းထန်သော တိုက်ပွဲများသည် နိုဖိုး စခန်းနှင့် ၁ဝ ကီလိုမီတာ အနီးတဝိုက်တွင်ပင် အနီးကပ် ဖြစ်ပွားလျက်ရှိသည်။

မြောက်ဘက်ရှိ စခန်းတခုကို ယခုနှစ်အစောပိုင်းက လက်လွှတ်ဆုံးရှုံးသွားခဲ့သည့် KNLA အထူးတပ်ရင်း ၁ဝ၃ မှ တပ်ကြွင်းတပ်ကျန်များကို ဒီကေဘီအေ တပ်များက နောက်မှ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

KNLA တပ်များကလည်း မြင့်သထက်မြင့်သော တောင်ကုန်းများရှိရာ တောင်ဘက်ဆီသို့သာ ဆုတ်ခွာနေပြီး လမ်းတွင်မိုင်းများ ထောင်ထားခဲ့ကြသည်။ ထိုမိုင်းများကြောင့် DKBA တပ်ဖွဲ့ဝင်များ အဆက်မပြတ် ဒဏ်ရာရနေပြီး၊ ထိုင်းအစိုးရ ဖွင့်လှစ်ထားသည့် အုန်းဖန်ဆေးရုံသို့ ဒဏ်ရာပြင်းထန်သူများ တက်ရောက်ကုသခံနေကြသည်။

တပ်ရင်း ၁ဝ၃ ၏ အခြေခံစခန်းသည် ကရင်ပြည်နယ်အတွင်း KNLA တပ်မဟာ ၆ ၏ နောက်ဆုံးကျန်သော စခန်း ၂ ခုအနက်တခု ဖြစ်သည်။ ထို့ကြောင့် ဤစခန်းကျဆုံးသွားခြင်းသည် မြောက်ဘက်ရှိ ဝါးလေခီး စခန်းတခုသာ ကျန်တော့သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

ကရင်လူမျိုးများ အသိအမှတ်ပြုခံရရေးအတွက် တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားတို့၏ တိုက်ပွဲကို လူသားချင်းစာနာသည့် အထောက်အပံ့အကူအညီ ရန်ပုံငွေများ ပေးအပ်နေသည့် နိုင်ငံခြားသား အလှူရှင်တဦးက ယခုအခါ KNLA တပ်မှူးများသည် ဝါးလေခီးစခန်းလည်း ကျဆုံးတော့မည်ဆိုသည်ကို လက်ခံထားကြပြီဟု ပြောသည်။

"ကျနော်ထင်တယ်၊ အင်အားချင်း မမျှတာကြောင့် သေနင်္ဂဗျူဟာအရ စဉ်းစားရင် တပ်သားတွေ လုံခြုံရေးအတွက် သူတို့ကို လှုပ်ရှားခိုင်းနေတာက ပိုကောင်းတယ်ထင်တယ်" ဟု သူက ပြောသည်။

DKBA နှင့် နအဖ တပ်များ ဝါးလေခီးစခန်းကို တိုက်ရန် ဟန်ပြင်နေသည်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခုအထိတော့ နောက်ဆုံး ထိုးစစ်ဆင်ခြင်းများ မပြုလုပ်သေးပါ။

သို့သော် ထိုင်းနိုင်ငံကမူ ဝါးလေခီးစခန်း ကျနိုင်သည်ဆိုသည်ကို တွက်ထားပြီး နယ်စပ်ကို သေချာစွာ ပိတ်ဆို့၍ စောင့်ကြပ်ကင်းလှည့်ခြင်းများ ပြုလုပ်နေသည်။ စစ်သားများနှင့် အရပ်သားများ တိုက်ပွဲနယ်မြေမှ ထွက်ပြေး၍ ထိုင်းနယ်နိမိတ်ထဲ ဝင်ရောက်မလာနိုင်အောင် ကာကွယ်စောင့်ကြပ်ထားခြင်းဖြစ်သည်။

ထိုသို့ DKBA နှင့် နအဖတပ်များ မဝင်သေးဘဲ ဆိုင်းနေခြင်းမှာ "သူတို့က အလောသုံးဆယ် မဝင်ဘူးလေ၊ ဒီနေရာမှာ ထောင်ချောက်မိုင်းတွေ ဆင်ထားမယ်ဆိုတာ သိနေတော့ ဘယ်ဝင်မလဲ၊ အဲဒီမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး" ဟု နိုင်ငံခြားသား အလှူရှင်က ရှင်းပြသည်။

"အဲဒီထဲဝင်ရင် အထိအခိုက်များမယ်ဆိုတာ သူတို့သိတယ်လေ"

'အနိဋ္ဌာရုံကင်းသည့်နိုင်ငံ' စာအုပ် ရေးသားသူ ဘီနီဒစ်ရော်ဂျာ (Benedict Rogers) က တပ်ရင်း ၁ဝ၃ ၏ အဆုံးအရှုံးများကို ကော်ဖီသောက်ရင်း လွမ်းလွမ်းဆွေးဆွေး ပြောသည်။

"ကျနော်က ဒီနေရာကို တနှစ်ကို ၂ ခေါက် ၃ ခေါက် ရောက်နေတာ ခင်ဗျား သိသားပဲ။ တခါလာရင် နောက်ထပ် နယ်မြေတခု ဆုံးရှုံးနေပြီ"

"ကရင်တွေ (KNU/KNLA) တွေတော့ ထပ်ထပ်ပြီး အဆော်ခံနေရတော့တာပဲ" ဟု သူက ခေါင်းတခါခါဖြင့် ပြောသည်။

သူ၏ ယခုတခေါက် ခရီးစဉ်တွင် မစ္စတာရော်ဂျာသည် KNU ၏ ခေါင်းဆောင်သစ်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) နှင့် တိုက်ခိုက်နေရသည့် တိုက်ပွဲတွင် ဤခေါင်းဆောင်သစ်များက အားသစ်လောင်းပေးနိုင်လိမ့်မည်ဟု သူက မျှော်လင့်ထားသည်။

"ခင်ဗျားသိတဲ့အတိုင်း ပဒိုမန်းရှာ သေဆုံးပြီးကတည်းက တကယ်ခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင်မှုရယ်လို့ မရှိတော့တာ" (ပဒိုမန်းရှာသည် KNU ၏ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်ပြီး၊ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သူ့နေအိမ်တွင် လုပ်ကြံခံရ၍ ကွယ်လွန်သွားခဲ့သည်။)

"သူက အယူအဆမတူတဲ့သူတွေ၊ ဘာသာမတူတဲ့သူတွေ အားလုံးကို စုစည်းထားနိုင်တဲ့သူ၊ ဒီမိုကရေစီအဖွဲ့အစည်း တော်တော်များများနဲ့လည်း အချိတ်အဆက်ရှိအောင် ထိန်းထားနိုင်တယ်။ သူကတော့ မျှော်လင့်ချက်ကြီးကြီးရှိခဲ့တဲ့ သူပဲ"

ကရင်ပြည်နယ်အတွင်းစတင်ခဲ့သော နအဖ (SPDC) ၏ နောက်ဆုံးထိုးစစ်များသည် ယခုအခါ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်များအတွင်းသို့ ရောက်ရှိသွားပြီဖြစ်ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ခိုက်နေကြသော သူပုန်အဖွဲ့များကို ဦးကျိုးသွားအောင်လုပ်သည့် အစီအစဉ်၏ အစိတ်အပိုင်းတရပ်ပင်ဖြစ်သည်ဟု မစ္စတာရော်ဂျာက ပြောသည်။

ဤအဆိုကို မဲဆောက်ရှိ မြန်မာအတိုက်အခံများကလည်း သဘောတူသည်။ နောက်နှစ် ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင်အဖွဲ့များကို လက်ရှိပြုလုပ်နေသော အလွန်ပြင်းထန်သည့် ထိုးစစ်ကြီးများဖြင့် အင်အားချိနဲ့အောင် လုပ်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖြစ်အောင် ဖိအားပေးလိမ့်မည်ဟု သူတို့က ဆိုသည်။

မစ္စတာရော်ဂျာက သူစိုးရိမ်နေသည်မှာ စစ်အစိုးရ၏ အလွန်အကျွံ ရန်လိုနေသော လုပ်ရပ်များကြောင့် စိတ်အနှောင့်အယှက်ဖြစ်၊ စိတ်တိုဒေါသထွက်နေသော နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဘယ်လောက်ပင် မယုံသော်လည်း အပေါ်ယံရွှေမှုံကြဲမျှပင်ဖြစ်စေ၊ ခေတ္တခဏ အေးဆေးငြိမ်သက်သွားသည်ကို လက်ခံလိုက်လိုစိတ် ပေါ်လာမည်ကိုပင် ဖြစ်သည်ဟု သူက ဆိုသည်။

"ဒါအာရှနိုင်ငံတွေမှာ အထူးသဖြင့် တွေ့ရတာမျိုးပဲ။ သူတို့က လက်ရှိအခြေအနေကို ငြီးငွေ့နေကြပြီ" ဟု သူက ပြောသည်။

နိုဖိုး ဒုက္ခသည်စခန်းရှိ 'တရားဝင်' ဒုက္ခသည်အရေအတွက်မှာ ၁၄ဝဝဝ ခန့်သာ ရှိသည်။ သို့သော် အပတ်တိုင်းပင် ထိုင်းပွဲစားများက ကားများ၊ ထရပ်ကားများဖြင့်တင်၍ လူသစ်များ လာပို့နေကြသောကြောင့် စခန်းရှိလူဦးရေမှာ အစဉ်လိုပင် တိုးပွားနေသည်။

ခြောက်သွေ့ရာသီတွင် အသွားအလာ လွယ်ကူသော စခန်းများသို့ အဆက်မပြတ် ဝင်ရောက်လာနေကြသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) ၊ ခရစ်ယာန်အသင်းအဖွဲ့များ၊ နိုင်ငံခြားသား စေတနာ့ဝန်ထမ်း ဆရာများက မေ့ပျောက်သွားခြင်းခံရသည့် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အများစုမှာ မဲဆောက်မှ နို့ဖိုးသွားဖို့ပင် ဘတ် ၅ဝဝဝ ကုန်မှ ရောက်သည်။

နိုဖိုးတွင် ယခုအပတ်အထိ ရှိနေသော ကျောင်းသား ၆ဝဝ ကျော်၏ တဦးတည်းသော နိုင်ငံခြားသားကျောင်းဆရာ ကားလ်ဘရောင်း (Carl Browne) က ဝရမ်းပြေးတယောက်အတွက် နို့ဖိုး ရောက်ပြီဆိုလျှင် သူ့အတွက် လုံခြုံသွားပြီဟု ပြောသည်။

"အဲဒါမှ တကယ့်ပြဿဿနာ" ဟု သူက ဆိုသည်။

"မဲဆောက်ကနေ သိပ်ဝေးတဲ့နေရာမှာ နေနေရတော့ ကျနော်တို့လည်း တယောက်ထဲ အေးအေးပဲ နေချင်တယ်။ အားလုံးကို မေ့ထားချင်တယ်။ ကျနော်တို့မှာ အင်တာနက်ကဖေးတွေလည်း ရှိတယ်။ ဈေးဆိုင်တွေလည်း ရှိတယ်"

"နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ရန်ကုန်မြို့က ထွက်လာပြီး၊ နို့ဖိုးမှာ ဒုက္ခသည်လာလျှောက်တာ၊ တက်ကြွလှုပ်ရှားသူတွေ လာလျှောက်တာ ပိုပိုများလာနေတယ်။ မယ်လစခန်းထက်တောင် များသေးတယ်"

"ဒါကြောင့်လည်း နို့ဖိုးက တကယ်ဖိအားပေးခံနေရတာ။ စစ်အစိုးရကလည်း ဒီစခန်းကို နောက်နှစ်မတိုင်ခင် ရှင်းပစ်ချင်နေတာ" ဟု သူက ပြောသည်။

နို့ဖိုးတွင် နေသူများကလည်း သူတို့စခန်းကို စစ်အစိုးရက ရှင်းပစ်ချင်နေ၊ ဖျက်ဆီးချင်နေသည်ကို ကောင်းကောင်းသိသည်။
"ဒုက္ခပဲ။ DKBA ကလည်း ထိုင်းဒုက္ခသည်စခန်းမှူးကိုတောင် ဆက်သွယ်ပြီး၊ ခင်ဗျားလူတွေ ထွက်ခိုင်းလိုက်၊ ကျနော်တို့ဆီ လာပြီး မီးရှို့ပစ်လိုက်တော့မယ်လို့ ပြောတယ်တဲ့" ဟု မစ္စတာဘရောင်းက ပြောသည်။
ဒယ်နီယယ် ပီဒါဆင်
တနင်္ဂနွေနေ့၊ ဖေဖေါ်ဝါရီလ 01 2009 00:00 - မြန်မာစံတော်ချိန်
Saturday, January 31, 2009

နှစ် ၆၀ပြည့် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုဆောင်းပါး

ကျော်အဲခေါင်သောင့်(အယ်ကော်)၊ ဇန်န၀ါရီ ၃၁၊ ၂၀၀၉ခုနှစ်
ကရင်တမျိုးသားလုံး တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးစတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုရရှိအောင် တိုက်ယူခဲ့တာ ယခုနှစ်ဆိုလျှင် အနှစ် ၆၀တင်းတင်းကို ပြည့်သွားပါပြီ။တကယ်တော့ ကရင်တမျိုးသားလုံရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်းတောင်းယူခဲ့ပေမယ့်လည်း လိုချင်ရင်တိုက်ယူဆိုတဲ့ ပြည်တွင်းစစ်ကို စတင်မီးမွေးခဲ့သူ မဟာလူမျိုးကြီး စစ်ဝါဒီတွေရဲ့ စိန်ခေါ်မှုကြောင့်သာလျှင် မလွဲမရှောင်သာပဲ လက်နက်စွဲကိုင် တော်လှန်ရခြင်း ဖြစ်ပါတယ်။

ကရင်လူမျိုးများဟာ ရာစုနှစ်ပေါင်းများစွာကတည်းက အေးအေးချမ်းချမ်းနဲ့ နေထိုင်လာခဲ့တဲ့ လူမျိုးတမျိုးဖြစ်တယ်ဆိုတာ သမိုင်း အထောက်အထားများစွာက သက်သေပြနေတာကို တွေ့ရပါတယ်။ အေးအေးချမ်းချမ်းနဲ့နေထိုင်လာခဲ့တဲ့ လူမျိုးတမျိုးဟာ အလွန်အ ကျွံမဟုတ်သော ၄င်းတို့ရဲ့ရပိုင်ခွင့်များကို တောင်းဆိုတဲ့အချိန်ကစပြီး အပြင်းထန်ဆုံးသောနှိမ်နင်းမှုများကို ခံရတဲ့အပြင် တချက် ထိုးလျှင် နှစ်ချက်ပြန်ထိုးမည်၊ စတဲ့ ခြိမ်းခြောက်မှုကို ခံရပြီး လူမျိုးတမျိုးရဲ့ ခံစားထိုက်တဲ့အခွင့်အရေး တောင်းဆိုမှုများ ဟာလည်း နင်းချေဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။

ဒါကြောင့်လည်း ကရင်အမျိုးသားများရဲ့ စည်းစိမ်းဥစ္စာများ ကာကွယ်စောင့်ရှောက်ရန်နှင့် ဘောင်အတွင်းမှ တောင်းယူမရနိုင်တဲ့ အခွင့်အရေးများအတွက် လက်နက်ကိုင် ခုခံတွန်းလှန်စစ်ကို ဆင်နွဲခဲ့ကြရပါတယ်။ ခုခံတွန်းလှန်စစ်ဟာ အနှစ် ၆၀ထဲကို ချည်းနင်း ၀င်ရောက်သွားခဲ့သော်လည်း မိမိတို့ရဲ့ အခွင့်အရေးတွေကို ရရှိခံစားရခြင်း မရှိသေးပါဘူး။ မိမိတို့ရဲ့ရပိုင်ခွင့်အတွက် အလွန်ကြီးမား တဲ့ အသက်၊ သွေး၊ ချွေးအမြောက်အများကို ပေးဆပ်ခဲ့ရပြီဖြစ်ပါတယ်။

အာဏာရှင်အဆက်ဆက်မှလည်း ၄င်းတို့ရဲ့ လုပ်ဆောင်မှုများကို ပြည်လည်သုံးသပ်မှုများ မပြုလုပ်ခဲ့ကြတဲ့အပြင် ကရင်တော်လှန် ရေးကို ကိုယ်စားပြုတဲ့(ကေအဲန်ယူ)အဖွဲ့ရဲ့ စားပွဲဝိုင်းပေါ်ဆွေးနွေးရေး ကမ်းလှမ်းမှုများကိုလည်း အကြိမ်ကြိမ်ရိုက်ချိုးဖျက်ဆီးခဲ့ကြ ပါတယ်။ တဖက်မှာလည်း သူခိုးက လူဟစ်သလိုမျိုး ကရင့်တော်လှန်ရေးအဖွဲ့(ကေအဲန်ယူ)က ငြိမ်းချမ်းရေးကို မလိုလားသလိုလို လုပ်ကြံဝါဒဖြန့်ပြီး အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားဆိုတဲ့ နည်းဗျူဟာနဲ့အညီ ကရင်တော်လှန်ရေးကို အမျိုးမျိုးထိုး ခွဲခဲ့ကြပါတယ်။

ဒါကြောင့်လည်း ကရင့်တော်လှန်ရေးတလျှောက်လုံးမှာ စိတ်ဓါတ်မခိုင်မာသူ၊ တော်လှန်ရေးသဘောတရားကို ခရေတွင်းစေ့ လေ့လာထားမှုမရှိသူ၊ ကိုယ်ကျိုးသမားတချို့ အာဏာရှင်တွေရဲ့ လက်ကွက်ထဲကို ရောက်ရှိသွားခဲ့ရပါတယ်။ တချို့ဆိုလျှင် တော်လှန်ရေးကို နှစ်ပေါင်းများစွာ ပေးဆပ်လုပ်ဆောင်ခဲ့ပြီးမှ အာဏာရှင်များရဲ့ လက်ကွက်တချို့ကြောင့် နောက်ဆုံးအာဏာရှင်များရဲ့ ခြေသလုံးကို ဖက်ကာ ၄င်းတို့ရဲ့တော်လှန်ရေးသိက္ခာကို အဆိုးနဲ့ အဆုံးသတ်ခဲ့ကြရပါတယ်။ ဒါတွေကလည်း တန်းဖိုးဖြတ်မရနိုင်တဲ့ သမိုင်းပေးသင်ခန်းစာတွေဖြစ်ပါတယ်။

ဆက်ရေးပါအုံးမယ်။ အိပ်ချင်လို့ပါ။
ကျော်အဲခေါင်သောင့်
Friday, December 5, 2008

ပထမဦးဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွင့်မိန့် ခွန်း

ယနေ့ကရင်အမျိုးသား

ယနေ့သည် သမိုင်းဝင်နေ့ဖြစ်ပါသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုသော ကရင်အမျိုးသား နေ့လည်း ဖြစ်ပါသည်။ ဤနေ့ရက်သည် ကရင်တမျိုးသားလုံး၏ မင်္ဂလာအခါနေ့လည်း ဖြစ်ပါသည်။

တသီးတခြား၊ တကွဲတပြား နေထိုင်လာခဲ့ကြရာမှ ကျွန်ုပ်တို့သည် ယနေ့မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့် နိုင်ငံတော် အရေးအခင်းတွင် ပါဝင်ဆောင်ရွက် ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကြမ္မာကို ဖန်တီးရာ၌ အဓိကကဏ္ဍမှ ပါဝင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့လူမျိုး ဆိတ်သုဉ်းမသွားပဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့၏ ပယောဂ ကျေးဇူးကြောင့်မှ မဟုတ်ပဲ ကျွန်ုပ်တို့၏ ထူးခြားသော ပင်ကိုယ်အရည်အချင်း များကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ၊ ရိုးသားကြသည်။ စိတ်ထား ဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတူပေါင်ဖက် ဆက်ဆံပေါင်းသင်း သွားခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသား ဂုဏ်သိက္ခာ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်းဖြင့် မြှင့်တင်ခြင်းများ ပြုနိုင်သည်ဟု ယုံကြည်ကြသည်။

ကျွန်ုပ်တို့တတွေ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျလာခဲ့ပါပြီ။ ကျွန်ုပ်တို့သည် ယခင်ကဲ့သို့ပင် တသီးတခြား ရပ်တည်၍ မိမိတို့ဘ၀ ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ ကြမ္မာကို ဖန်တီးရာ၌ တတပ်တအား လက်တွဲပါဝင် ဆောင်ရွက်ကြမည်လော။

ကျွန်ုပ်တို့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးမှုကို တည်ဆောက်ရင်း၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသား ခေါင်းဆောင်များ အနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်နိုင်ငံတော် အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်ကြမည်။

ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုးသား အမွေအနှစ်များ၊ ရှေးဟောင်း ကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ ယွာ ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့၏ ဆုံးမသြ၀ါဒကို ပြန်လည် ကျင့်သုံးကြပါမည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တဦးချင်း အနေဖြင့် လည်းကောင်း၊၊ တအိမ်တမိသားစု အနေဖြင့်လည်းကောင်း၊ ဘ၀သစ် တရပ်ကို ပါဝင်ဖန်တီး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။

ခေတ်နှင့်လျှော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ ကြံဆချမှတ်ကာ ကြောက်ရွံ့မှုကင်းစွာ နေထိုင် ကျင့်ကြံခြင်း ပြုလျက် အခြားသော တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးများ ပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွား ကြမည်။

ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြု လုပ်ငန်းများတွင် ဖော်ပြပါ ယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့ရက်မြတ် - ကရင်နှစ်သစ် မင်္ဂလာအချိန်တွင် အဓိဋ္ဌာန်ပြုကြပါစို့။

ပုံ- စံစီဖိုး၊ ရွှေဘ၊ လှဖေ၊ ဖေသာ၊ ဆစ်ဒနီလူနီ
(၁၉၃၈-ခု၊ ဒီဇင်ဘာလ ၂၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၈-ခုနှစ်၊သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း (၁)ရက
Sunday, November 23, 2008

ကရင်နှစ်သစ်ကူးနေ့ နှင့် ကရင်သကရာဇ်

လာမယ့် ပြာသိုလဆန်း ၁ရက်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဟာ ကရင်တမျိုး သားလုံးရဲ့ ကရင့်နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးဟာ ကရင်တမျိုးသားလုံးအတွက် ဂုန်ယူစရာနေ့ ရက်တခုဖြစ်သလို တရားဝင်နိုင်ငံတော်ရုံးပိတ်ရက် ရရှိထားတဲ့ နေ့ ထူးနေ့ မြတ်လည်း ဖြစ်ပါတယ်၊ ကရင်နှစ်သစ်ကူးနေ့ ကို ကရင်တမျိုးသားလုံး က နှစ်စဉ်နှစ်တိုင်း ဆင်နွဲခဲ့ကြသော်လည်း နှစ်သစ်ကူးဖြစ်ပေါ်လာတဲ့ကြောင်းကိုတော့ ခရေတွင်းစေ့ နားလည်သဘောပေါက်ခြင်း မရှိခဲ့ကြပေ၊ နှစ်သစ်ကူးဖြစ်ပေါ်လာတဲ့အကြောင်းကို ကရင်တမျိုးသားလုံး သိရှိရန်လိုအပ်သလို တိုင်း ရင်းသားညီအစ်ကိုမောင်နှမ များလည်း နားလည် သိရှိထားရန်လိုအပ်ပေတယ်၊ ဒါကြောင့် ဒီအပတ် အားလပ်ရက်မှာတော့ ကျနော့ဘလော့ထဲကို လာဝင်လည် မယ့် ညီအစ်ကိုမောင်နှမများအတွက် အဲဒီအကြောင်းကို ဖတ်ရှုလေ့လာခွင့်ရအောင် တင်ပြလိုက်ရပေတယ်၊ အခုဖော်ပြမယ့်အ ကြောင်းက ကရင်နှစ်သစ်ကူးနေ့  တရားဝင်ရုံးပိတ်ရက်ဖြစ်အောင် ကိုယ်တိုင်ပါဝင် စွမ်းဆောင်ခဲ့တဲ့ ကရင်ခေါင်းဆောင်တဦးရဲ့ ပြန် လည်ရေးသားချက်ကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါတယ်၊
စေတနာဖြင့်
ကျော်အဲခေါင်သောင့်

ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတ၀ှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။
ပြည်သူလူထုအားလုံး ၀မ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ၀မ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။
ကရင်နှစ်သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့သြဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။
အကြောင်းစုံဆိုရသော် …
ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင် ရင်းနှီးသူများ ရောက်လာကြသည်။ လာရသည့် အကြောင်းရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို ဘယ်လိုလဲ၊ အံ့သြစရာပဲ၊ တယ်ဆန်းကျယ်ပါလား၊ ရှင်းပြပါဦး ဆို၍ အသီးသီးမေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေမျှသာ ဖြစ်ခဲ့သည်။ ကျေနပ်မှု ရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာ မပေါ်ခဲ့ပေ။
ကရင်လူငယ်တသိုက်လည်း အားရ၀မ်းသာရှိလှသည်။ နှစ်သစ်ကူးနေ့ပွဲ စည်ကားရန်နှင့် နှစ်စဉ်ပိုမိုစည်ကား သိုက်မြိုက်စွာ ပြုလုပ်ရန် ကြိုးပမ်းကြသည်ကို တွေ့မြင်နေရသည်မှာ ၀မ်းမသာဘဲ မရှိနိုင်ပေ။ နှစ်စဉ် ပိုမိုစည်ကားစေရန် ကြိုးစားလျက်ပင်၊ ထို့ကြောင့်လည်း မိုမိုစည်ကားလျက်ပင်တည်း။
သို့သော်ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကားရန် ပိုမိုထွန်းတောက် လာမည့်အစား မှေးမှိန်စေသော အကြောင်းအရာတချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်အချို့သည် ကရင်စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။ ကရင်သက္ကရာဇ်ဟာ ယုံမှားစရာ ၀ီစိကိစ္ဆာ ရှိစရာပဲလို့ မြည်လာပေသည်။ ထိုသို့ မြည်သံကား မကျယ်သေး။ ပို၍ မကျယ်မီ ယုံမှားသံသယ ကင်းစင်အောင် ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။
ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းဆိုသည့် ကဏ္ဍမှာ ဇန်န၀ါရီလ (၁)ရက်နေ့ ရွေးရမလား၊ ဆရာယုဒသန် ရောက်သောနေ့ကို ရွေးရမလား။ ပြဿနာပေါ်ပေါက်သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်နိုင်ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတ ပညာရှင်တို့က ယူဆကြသည်။
ဤကဲ့သို့ တွေးထင်ကြသူများအား အပြစ်ဆိုစရာ မရှိပေ။ ဤပြဿနာ ရှိသမျှ ကာလပတ်လုံး ကရင်နှစ်သစ်ကူး ပွဲတော်နေ့၏ အရောင်အ၀ါသည် ပိုမိုထွန်းလင်း တောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဖက်သို့သာယိုင်အံ့။ ကျေနပ်လောက်အောင် သံသယ မရှိလောက်အောင် ရှင်းလင်းဖို့ လိုပေသည်။
၁။ ပဲခူးနယ်၊ ဟင်္သာတနယ်၊ တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁)ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးကြသည်။ သို့သော် မကွယ်ပျောက်သေး။
၂။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခု ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေးထိုင်ခုတ်ဖို လဆန်း ၁ ရက်နေ့၊ ၂ ရက်နေ့သည် ပြာသိုလဆန်း(၁)ရက်နဲ့ (၂)ရက်တွင် ကျရောက်သည် ဟု ဆိုထားပေသည်။ (ွှ့The Karen New Year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟုပါရှိသဖြင့် Bill ဘီလ် ဥပဒေကြမ်းကို ဖတ်မိလျှင် မည်သည့်နေ့ကို ရွေးချယ်ရမည့်ပြဿနာ မပေါ်နိုင်ပေ။
-သတိ- ကရင်နှစ်သစ်ကူးနေ့ ၂-ရက်တောင်း၏။ သို့သော် (၁)ရက်သာ ရ၏။
(က) မြေပြန့်ကရင် ပြာသိုလဆန်း(၁)ရက်၊ သလေး၊ ထိုင်ခုတ်ဖို (၁)ရက်နေ့တွင်ကျင်းပ၏။
(ခ) ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲ လဆန်း (၁)ရက်နေ့တွင်ကျင်းပ၏။
(ဂ) ဖားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင် ကရင်များ နယုန်လအတွင်း စနေနေ့ကျသော နေ့တနေ့တွင် ကျင်းပ၏။
(ဃ) ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်း လဆန်း ပထမစနေနေ့မှာ ကျင်းပ၏။
(ကိုးကားချက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ် ၁-၂က၊ ခ၊ဂ၊ဃ၊) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးက ရှိခဲ့ဖူးကြောင်း ထင်ရှားလှ၏။ သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ ထွန်းစေသောဝ်။
ကရင်နှစ်သစ်ကူးပွဲတော်နေ့ အသက်ဝင်လာပုံ
သေကံမရောက် သက်မပျောက်ဆိုဘိသကဲ့သို့ ပျောက်ကွယ်လု သေလုဆဲဆဲတွင် ကရင်နှစ်သစ်ကူးပွဲတော် သည် တဖန်ပြန်လည်၍ အသက်ဝင်လာ၏။ ဟင်္သာတနယ်၊ တောင်ငူနယ်၊ ပဲခူးနယ်တို့မှ နှစ်သစ်ကူးပွဲတော်ကို မပျောက်မပျက်အောင် ထိန်းသိမ်းထားသော ကရင်လယ်သမားကြီးတို့ အားနည်းချည့်နဲ့နေသော ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို ရှေးကကဲ့သို့ စည်ကားလှအောင် ဖော်ထုတ်လိုကြ၏။ သူတခွန်း၊ ကိုယ်တခွန်း တစတစနှင့် နိုင်ငံတော်ရက်အားဖြစ်ပြီး တနိုင်ငံလုံးရှိ၊ ရုံးများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော နိုင်ငံတော်ရက်အားဖြစ်စေလို၏။
ကရင်နှစ်သစ်ကူးပွဲတော်သည် ရှေးပသဏီ နှစ်ပေါင်းများစွာက နှစ်ပေါင်း ၂၇၀၀ ကျော်လောက်ကပင် ကျင်းပခဲ့ ကြ၏။ တခါတရံ မှေးမှိန်၍ တခါတရံ စည်ကားလှ၏။ အင်္ဂလိပ်ခေတ်တွင် ကံခေ၍ ကွယ်ပျောက်လုနီး ဆင်းရဲလှ၏။ စတိမျှသာ ကျင်းပသော ဘ၀နှင့်ကြုံခဲ့ရ၏။ ဟင်္သာတ၊ ပဲခူး၊ တောင်ငူတွင် အလွန်နည်းလှသော အချို့ကရင် လယ်သမား တို့သည် ပြာသိုလဆန်း (၁)ရက်နေ့ နံနက် နေထွက်တပြူ၌ ကောက်ဦးစားပွဲကျင်းပကြ၏။ ပဲခူးဘုရင်မ ရှင်စောပု လက်ထက်က နှစ်သစ်ကူးပွဲ အလွန်စည်ကားကြောင်း နံနက်လက်ဖက်ရည်ကြမ်းဝိုင်းတွင် လူကြီးများ ပြောကြဆိုကြသည်ကို ငယ်စဉ်ကတည်းက ကြားသိခဲ့ ရသည်။
ကရင်နှစ်သစ်ကူးပွဲတော် ပြန်လည်ပေါ်ထွက်ရန်စတင်လာပုံ
နယ်များမှ ကရင်နှစ်သစ်ကူးပွဲတော်ကို ဖော်ထုတ်လိုသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိတို့ ကိုယ်စားလှယ် မင်းတိုင်ပင် အမတ်များကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြ၏။ တစ်ယောက်ကစ တရာဆိုဘိ အလားပြန့်နှံ့သွား၏။ မင်းတိုင်အမတ်၊ ကိုယ်စားလှယ်များမှာ နှစ်သစ်ကူး ပွဲတော်ကို ဖော်ထုတ်ပေးရန်တာဝန်ယူကြရ၏။
အမျိုးသားထု၏ ဆန္ဒနှင့်ကရင်အမတ် ၁၂ ဦးတို့၏ ကြိုးပမ်းချက်
ဒေသအသီးသီးရှိ ကရင်လူထုတို့က မိမိတို့နှစ်စဉ် ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပွဲတော်ကို သင်္ကြန်ပွဲတော်၊ ခရစ္စမတ်ပွဲတော်တို့ကဲ့သို့ အစိုးရ အသိအမှတ်ပြု ပြည်ထောင်စု တ၀ှမ်းလုံးရှိ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော အများပြည်သူ အားလပ်ရက် နိုင်ငံတော်ရက်အားဖြစ်စေလိုကြသည်။ ၎င်းကို ဆောင်ရွက်ပေးပါရန် တောင်းဆိုလာကြရာ ကရင်အမျိုးသား ခေါင်းဆောင်များကလည်း မိမိတို့၏ သမိုင်းဝင်နေ့ ရရှိရန်အတွက် တာဝန်ယူ ကြိုးပမ်းလေတော့သည်။
အမတ် ၁၂ ဦးတို့၏ ဆွေးနွေးချက်
လွှတ်တော်အတွင်းရှိ ကရင်အမတ် ၁၂ ဦးသည် အမှတ်(၂၅၃)၊ မောင်ဂိုမာရီလမ်း (ယခုအခါဗိုလ်ချုပ်အောင်ဆန်းလမ်း) စောမြတ်သိန်း၏ တိုက်ခန်းတွင် နှစ်သစ်ကူးနေ့ကိစ္စကို တိုင်ပင်ဆွေးနွေးကြ၏။ အချို့အမတ်များသည် စိတ်မ၀င်စားကြပေ။
အကြောင်းမှာ ကရင်နှစ်သစ်ကူးပွဲတော်သည် ခေတ်မမှီဟု ယူဆကြသည်။ လာမည့် ၁၉၃၈ ခုနှစ် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း(၁)ရက်သည် ဇန်န၀ါရီလ(၁)ရက်နေ့တွင်သာကျ၏။ ၎င်းအပြင် နောင်လာမည့် နှစ်များတွင်လည်း ကရင်နှစ်သစ်ကူးနေ့သည် ခရစ္စမတ် ဒီဇင်ဘာ (၂၅) ရက်နေ့နှင့် ဇန်န၀ါရီ (၁) ရက် ကမ္ဘာ့နှစ်သစ်ကူးနေ့ရက် ပတ်ဝန်းကျင်တွင်သာ လှုပ်ရှားနေ၍ ကရင်တို့ ပိုက်ဆံကုန်ပြီး လူပင်ပန်းမည်ဟုဆို၏။
၎င်းအပြင် သင်္ကြန်သည် ကရင်ဗုဒ္ဓဘာသာများ၏ နှစ်ကူးရက် ဖြစ်သည်။ ခရစ်စမတ်နေ့လည်းရှိသည်။ နယူးရီးယား မလိုပါဟု ဆိုလာကြသည်။
ပထမအကြိမ် ဆုံးဖြတ်ချက်မကျ၊ ဒုတိယအကြိမ်တွင် ဂျွန်ဆင် နှင့် စောမြတ်သိန်း တို့ လိုသလိုလုပ်ကြ ဟူ၍ ဆုံးဖြတ်ချက် ကျလာခဲ့သည်။
ဆောင်ရွက်ပုံ
ဂျွန်ဆင်နှင့် မြတ်သိန်းတို့သည် လွှတ်တော်အတွင်းဝန်ကြီး မွန်ဝတ်လုံ ဦးဘဒွန်း (B.A. Bar at law) နှင့် ဆွေးနွေး၏။ လွှတ်တော်လုပ်ငန်းတွင် အကျွမ်းအကျင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်၏။ မင်းတို့ ကိစ္စက မလွယ်ဘူး။ အမတ်တဦးက ကန့်ကွက်လျှင် ခက်သွားမည်။ လွှတ်တော်အမတ် ၁၃၂ ယောက်ရှိ၍ မင်းတို့ ၁၂ ယောက်ရှုံးမှာပဲ ဟု အားပေးပြောကြား လိုက်သည်။
ထိုအခါ ဂျွန်ဆင်က ဖြစ်နိုင်တဲ့လမ်းကိုရှာပြီး အကြံပေးပါ။ အကူအညီပေးပါ။ ဉာဏ်ထုတ်ပါ လို့ တိုက်တွန်း၏။ ဦးဘဒွန်းက ငါတတ်နိုင်သလောက်ကူညီမယ်၊ နက်ဖြန်လာပါ ဟုဆို၏။ ချိန်းဆိုရက်တွင် ဦးဘဒွန်းက လမ်းတော့ရှိတယ်၊ ဒါလဲ မလွယ်ဘူး ဟုဆိုပြီး အောက်ပါအတိုင်း ရှင်းပြ၏။
ဥပဒေကြမ်း Bill သွားရိုးလမ်းစဉ်
၁။ Bill ရေး၊ မဲဖောက်၊ လွှတ်တော်တွင် တင်သွင်းသည်။
၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူများလျှင် Bill သေ၏။
၃။ တင်သွင်း၍ရသော်လည်း အမတ်တဦးက ရွေးချယ်ကော်မတီသို့ပို့ရန် အကြံပေးနိုင်၏။ ပို့သော် တနှစ်လောက် ကြာ၏။
၎။ ၎င်းမှ ပြန်လာသော် ဆွေးနွေးနိုင်သည်။ မဲရှုံးလျှင် Bill သေ၏။
၅။ အမတ်တဦးက ပြည်သူ့ထင်မြင်ချက် တောင်းဖို့ အကြံပေးနိုင်၏။ တောင်းက ၂-နှစ်လောက် ကြာနိုင်သည်။ ၎င်းမှပြန်လာလျှင် လွတ်တော်တွင် ဆွေးနွေးရ၏။ မဲရှုံးလျှင် Bill သေ၏။
မဲနိုင်လျှင် -
၆။ အထက်လွတ်တော်သို့ တက်ပြီး၎င်းမှ -
၇။ ဘုရင်ခံထံသို့ ရောက်၏။ အင်္ဂလိပ်စီးပွားရေးကို မထိခိုက်လျှင် လက်မှတ်ထိုး၏။ Bill သည် ACT ဖြစ်လာ၏။
ဥပဒေကြမ်း Bill ဖြတ်လမ်း
၁။ Bill ရေးမဲဖောက်တင်သွင်းသည်။
၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူမရှိအောင် မလွယ်ပါ။
၃။ ကန့်ကွက်သူမရှိသော် ၃၊၄၊၅၊၆ အဆင့်ကို ကျော်လွှား၍ Governor in council ဘုရင်ခံနှင့် ၀န်ကြီးစုံညီ အစည်းအဝေးတွင် ၀န်ကြီးများအားလုံး သဘောတူ၊ မေတ္တာရပ်ကာ လွတ်တော်တွင် ကန့်ကွက်သူမရှိသော် Bill ကို လက်မှတ် ထိုး၍ ACT ပြုနိုင်၏။ ACT ဖြစ်လျှင် ကရင်နှစ်သစ်ကူးနေ့သည် ဂေဇက်ဝင် နေ့တနေ့ဖြစ်လာသည်။
သွားရိုးသွားစဉ် လမ်းနှင့်မအောင်နိုင်၊ ကန့်ကွက်သူ မရှိအောင် စွမ်းနိုင်သလား ဟုမေး၏။ ကြိုးစားမယ် ဆိုပြီး Canteen စားသောက်ခန်းမသို့ သွားကြ၏။ ဆွေးနွေး၏။ အကြံရ၏။
အကြံကောင်းလျှင်တချက်
ထိုစဉ်က လွှတ်တော်အမတ်များ လစာမရှိသေး။ လိုချင်ကြ၏။ မည်သူတဦးတယောက်မှ လစာဥပဒေကြမ်းကို မတင်ရဲကြ။ ခဲပေါက်ခံရမှာကြောက်ကြသည်။ အကြံမှာ ဒို့ ကရင်နှစ်သစ်ကူးပွဲ ဥပဒေကြမ်းကို တင်မည်။ မကန့်ကွက်လျှင် အမတ်လစာ ဥပဒေကြမ်းကို တင်မည်ဟု လက်တို့မည်။ ဒီလိုဆို ကန့်ကွက်သူ မရှိဖြစ်ပြီး ဒို့-ကရင်နှစ်သစ်ကူးပွဲ အောင်ရမယ် လို့ တိုင်ပင်တယ်။
(၂)ဦး သဘောတူ လစာဥပဒေကြမ်းကို တင်မည်ဟု ခဲကိုအရဲစွန့်ပြီး Challenge (စိန်ခေါ်)လိုက်တယ်။
စိန်ခေါ်ပြီးနောက် လွှတ်တော်စားပွဲခန်းတွင် မြတ်သိန်း နှင့် ဂျွန်ဆင် မျက်နှာပွင့်၏။ စားပွဲခန်းမထဲဝင်လျှင် စားပွဲတိုင်းက ဂျွန်ဆင်၊ မြတ်သိန်း၊ လာပါ၊ထိုင်ပါ၊ ကြိုက်တာ အော်ဒါ လုပ်ပါ ဟု ဖိတ်ခေါ်ခဲ့သည်။ စားသောက်ပြီးက Members salary bill ကို တင်ပါ။ မကြောက်ပါနဲ့ လို့ တိုးတိုးအားပေးကြ၏။ Karens’ New Year Day Bill ကို ဦးဘဒွန်းက ရေးပြီး ဂျွန်ဆင်က တင်၏။
သခင်အောင်ဆန်းနှင့်တွေ့ဆုံပုံ
ဂျွန်ဆင်နှင့် မြတ်သိန်းတို့ Members salary bill တင်မယ်လို့ သတင်းပြန့်ပွားတယ်။ နှစ်ရက်ကြာမှ ဖေဗီယမ် ဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖေဗီယမ်ပါတီ အတွင်းရေးမှူးတို့ ရောက်လာသည်။ ဦးဘခိုင်၊ စောမြတ်သိန်းတို့ အလွန်ရင်းနှီး၏။ စောမြတ်သိန်းလာပါ ဟု မိမိတိုက်ခန်းသို့ ခေါ်သွား၏။ ရောက်သော် သခင်အောင်ဆန်းနှင့် သခင်လှရွှေတို့ကို တွေ့၏။ တဦးနှင့်တဦး နှုတ်ဆက်ကြသည်။
ပြီးတော့ သခင်အောင်ဆန်းက စောမြတ်သိန်း Members salary bill တင်မယ်ဆို၊ ဟုတ်ရဲ့လား ဟု မေး၏။
သိန်း … ဟုတ်တယ်တင်မယ်
ဆန်း … မတင်ပါနဲ့ဗျာ
သိန်း … ဘာဖြစ်လို့လဲ
ဆန်း … ဗမာ့လွှတ်တော်ကြီး သိက္ခာကျမယ်
သိန်း … သိက္ခာမကျပါဘူး၊ လွှတ်တော်တိုင်းမှာ အမတ်တွေ လစာနဲ့ပဲ
ဆန်း … သူတို့ယူတာ ယူပေါ့။ ကျွန်တော်တို့အမတ်တွေ လစာမ ယူရင်ကောင်းမယ်
သိန်း … မယူရင် မကောင်းဘူး၊ တိုင်းပြည်နာမယ်
ဆန်း … ဘာဖြစ်လို့လဲဗျာ
သိန်း … ဘတ်ဂျက်ငွေပို ရှိနေတယ်၊ လခမယူရင် ဒီငွေတွေကို အလကားမထားဘူး၊ Queen’s Own Highlander စကော့တလန် တောင်ပေါ် စစ်သားတွေ ခေါ်ယူမယ်၊ ဘုရင်ခံလည်း စကောလောက် မျက်နှာရှိသွားမယ်၊ ခုလည်း King’s Own Highlander ရှိနေပြီ
ဆန်း … ဟုတ်ရဲ့လားဗျာ
သိန်း … စဉ်းစားကြည့်လေ
ဆန်း … (ခေါင်းကုတ်လျှက်) ခက်တာဘဲ၊ We are between the deep sea and the devil ဟု ပြော၏။
သိန်း … We are between the deep sea and the devil on one side and the green field on the either
ဆန်း … ခင်ဗျားကတော့ လုပ်တော့မယ်၊ သခင်ကိုယ်တော်မှိုင်း ဟောပေးလို့ရတဲ့ မဲတွေ အလွဲသုံးစား မလုပ်ပါနဲ့
သိန်း … စိတ်ချပါ၊ မလုပ်ပါဘူး
ဆန်း … ဗျာ … ခင်ဗျား Good တယ်ထင်ရင် Do သာ Do ပါ ဆို၏။
၎င်းနောက် ဦးဘခိုင်က လက်ဖက်ရည်နှင့် တည်ခင်း ကျွေးမွေး၏။ ပြီးတော့ နှုတ်ဆက်၍ လူချင်းခွဲကြတော့၏။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြု ဥပဒေကြမ်းကို လွှတ်တော်သို့ ၂၃-၇-၃၇ နေ့တွင် ဂျွန်ဆင် တင်၏။ ဦးဖိုးမျှင်က ထောက်ခံ၏။ စောမြတ်သိန်းက ကန့်ကွက်သူမရှိအောင် ကြိုတင်၍ လှည့်လည်ကာ လက်တို့၏။
ဒါတောင်မှပဲ Mr.Leach (European Leader) က စကားပြောသေး၏။ Amendment ပြင်ဆင်ချက်ပါသည်။ စည်းကမ်းမကျ ဟု ဆို၏။ ဥက္ကဋ္ဌကြီးက မင်း Bill ကို ကန့်ကွက်တာလား၊ ပြင်ဆင်ချက်ကို ကန့်ကွက်တာလား ဟု မေးရာ ဂျွန်ဆင်က You are right လို့ ပြောလိုက်ရာ Laughter ဖြစ်သွား၏။ ထိုအခါ Leach က Bill ကို မကန့်ကွက်ပါ။ မည်သူ Bill ကို ကန့်ကွက်မလဲ ဟု ဥက္ကဋ္ဌကြီးက မေးရာ လွှတ်တော်တခုလုံး ငြိမ်နေ၏။ ဤကား Victory အောင်ပွဲပေတည်း။
အဆင့် ၃၊ ၄၊ ၅၊ ၆၊ တို့ကို ကျော်လွှား၍ စောဖေသာ(အခွန်ဝန်ကြီး)က အနည်းငယ် လှုပ်ရှားရသည်မှာ ဘုရင်ခံနှင့် ၀န်ကြီးများစုံညီ အစည်းအဝေးတွင် ကရင်နှစ်သစ်ကူး Bill ကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ။ ၀န်ကြီးများ အားလုံးလည်း သဘောတူသောကြောင့် Bill မှ ACT ဖြစ်ဖို့ လက်မှတ်ထိုးရန် မေတ္တာရပ်ခံ၏။ အသင့်ပင် ဘုရင်ခံလက်မှတ်ထိုး၍ ဥပဒေကြမ်းများ ဥပဒေဖြစ်သွား၏
၁၉၃၇ ဒီဇင်ဘာလတွင် တာဝန်အရ ပြည်ထဲရေးဌာနက သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း ၁-ရက်သည် ဂေဇက်ဝင် နိုင်ငံတော်ရက်အား ဖြစ်သည်ဟု ကြေညာ၍ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများကို နိုင်ငံတော်တ၀ှမ်းလုံးတွင် ပိတ်စေ၏။ သေလုဆဲဆဲ ဖြစ်နေသော ကရင်နှစ်သစ်ကူးပွဲနေ့သည် လှလှပပကြီး ထည်ဝါစွာ ပြန်လည် ထွက်ပေါ်လာ၏။ ၂၈-၇-၃၇ နေ့တွင် အမတ်လစာ ဥပဒေကြမ်း Members salary bill ကို ဂျွန်ဆင်တင်၏။ ကန့်ကွက်သူမရှိ။ Bill သည် ACT အဖြစ် အလွယ်တကူ ဖြစ်သွားတော့သည်။ သူ့အကျိုးဆောင်၍ ကိုယ့်အကျိုးအောင်သော သာဓကတခုတည်း။
ကရင်နှစ်သစ်ကူးပွဲတော်နေ့ ရရှိခြင်း အဖြစ်မှန်ကို တင်ပြရခြင်း အကြောင်းမှာ တောင်းယူရသော နှစ်သစ်ကူးနေ့ မဟုတ်။ အခွင့်ကောင်း ရသော၊ ညဏ်ထုတ်၍ ခဲကိုစိန်ခေါ်ပြီး လွှတ်တော်တွင် မကြန့်ကြာ၊ သောင်မတင်၊ မကြာသော ရက်ပိုင်းကလေးနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်းကို နောင်လာနောက်သားများ သိထိုက်လှသည်ဟု ယူဆ၍ တင်ပြအပ်ပါသည်။
ကရင့်သက္ကရာဇ် (၃)မျိုး
ရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန် စံယူသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။ နောင်သက္ကရာဇ် ၁၀၁ သို့ရောက်သော် ဒွတ်တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာ နေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းကြ၏။ အစဉ်အတိုင်း သက္ကရာဇ်ကို ရေတွက်လာရာ ၆၂၄-ခုသို့ ရောက်လာသောအခါ သမုန္ဒရီမင်းက ဒေါဒေါရသကိန်းအရ ၆၂၂-နှစ်ကိုဖြို၍ အကြွင်း ၂-ခုထားပြီးရေတွက်စေ၏။
သက္ကရာဇ်ဖြိုရာတွင် ကမ်းယံတို့ သဘောမတူ၊ မဖြိုဘဲ ဆက်လက်၍ ရေတွက်ကြ၏။ နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတချပ် လေကြမ်းတိုက်ပြီးလွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြား ဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာ ပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စုသုံးစု ကွဲသွားတော့သည်။
ပျူတို့မှာ အထက်အညာသို့ပြောင်းရွေ့၍ ယုန်လွှတ်၊ ပုဂံပြည် စသည်တို့ကို တည်ထောင်ကြ၏။ ဖြိုသက္ကရာဇ်ကို ပျူတို့ယူဆောင်သွား ကြသည်။ သက်တို့မှာ အရှေ့အရပ်သို့ ရွှေ့ပြောင်းသွားကြ၏။ ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏။ မရွှေ့ပြောင်း ကြချေ။
ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄-သို့ ရောက်သောအခါ ပုပ္ပါးစောရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂-နှစ်ကိုဖြို၏။ အကြွင်း ၂-ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်၏။ ယခုအခါ ကောဇာ သက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော သက္ကရာဇ် ၁၃၂၄ ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ် မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူတော်မူသည့် နှစ်မှ စ၍ ရေတွက်သောကြောင့် မူရင်းမှာမခြား၊ အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမအကြိမ် ၆၂၂-နှစ်၊ ဒုတိယအကြိမ် ၅၆၂-နှစ်၊ နှစ်ပေါင်း ၁၁၈၄-နှစ်ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းသွားစေရန် ဇယားဖြင့် အောက်တွင် ဖေါ်ပြထားသည်။
ကမ်းယံသက္ကရာဇ်
၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။
၂။ သက္ကရာဇ် ၁၀၁ ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။
၃။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။
၎။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။
၅။ ယခု ကမ်းယံသက္ကရာဇ် ၁၃၄၂+၆၂၂+၅၆၂-၄=၂၅၂၂ခု
ကောဇာသက္ကရာဇ်
၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်ယူသည့်နှစ်ကစ၏။
၂။ သက္ကရာဇ် ၁၀၁ ခုနှစ်တွင်၊ သရေခေတ္တရာပြည်တည်၏
၃။ သက္ကရာဇ် ၆၂၄ ခုတွင် သုမုန္ဒရီမင်း၊ ၆၂၂ ခုဖြို၏။ ၂ ကြွင်းထား၏။
၎။ ဖြို သက္ကရာဇ် ၅၆၄ ပုဂံတွင် ပုပ္ပါးစော ရဟန်း ၅၆၂ ဖြို၏။ ၂ ခု အကြွင်းထား၏။
၅။ ယခု ကောဇာသက္ကရာဖ် ဖြိုသက္ကရာဇ် ၁၃၄၂ ခုဖြစ်၏။
ထူးကြီးဝေဠုဝန်၊ ဆရာတော်ကြီး ဦးတေရိန္ဒမှာ ပရိယတ္တိ၊ ဘာသန္တရ၊ ဒေသန္တရ ပြောင်မြောက်အောင်တတ်တဲ့ ကရင်ဆရာတော်ကြီး ဖြစ်၏။ ယမ်းကံဟာကရင်ဘဲကွ။ ကရင်အစ အင်းမကတဲ့။ ရှေးကမ်းယံလို့ခေါ်တဲ့ လူမျိုးကို အင်းမအရပ်က (ပြည်မြို့ တောင်ဘက်မှာ ရှိ၏) စတင်ပြီး ကရင်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကမ်းယံသက္ကရာဇ်ဟာ ကရင်သက္ကရာဇ်ပဲ။ မှတ်ထားပါ ဟု မိန့်ကြား၏။
ထိုအခါ ဆရာတော်ကြီးသည် ကရင်ဖြစ်၍ တော်ပေသေးသည်ဟု မိတ်ဆွေအချို့နှင့်တကွ အထင်မှားမိ၏။ ယခုမှာ မူကား ကမ်းယံတို့ ကရင်ဖြစ်ကြောင်း သံသယမရှိ။ အကြောင်းမူကား ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပျူ၊ ကမ်းယံ၊ သက် ဟူသော လူမျိုးသုံးမျိုးအနက် ကမ်းယံဟု ခေါ်သော လူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ပြောင်းလဲ ခေါ်ဆိုလာသော အမည်ဖြစ်သည် ဟု ဆာအာသာဖယ်ရာက တင်ပြခဲ့သည်။ (စာမျက်နှာ ၁၀ ပြည်ထောင်စု မြန်မာနိုင်ငံ ရိုးရာယဉ်ကျေးမှု - ကရင်) (Sir Arthur Phayer. Translations of Ethnological Society vol:V)
၁၉၁၆ ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကမ္ဗည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ယောင်နှင့် မြောင်လူမျိုးများနှင့်လည်းကောင်း၊ မျိုးနွယ် ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။ (စာမျက်နှာ ၁၆ ပြည်ထောင်စုမြန်မာနိုင်ငံ ရိုးရာဓလေ့ ထုံးစံများ - ကရင်)
၁၉၃၇-နှစ် ကရင်သက္ကရာဇ် အကြောင်း ဆွေးနွေးစဉ်အခါက စာမျက်နှာ ၁၀၊ ၁၆ အကိုးအကားကို မသိရသေးသဖြင့် ကရင်ဆရာတော်ကြီး ဦးတေရိန္ဒ အား ထင်မြင်မှု ပေါ့ခဲ့သည်။ ထိုYအတွက် လက်ဆယ်ဖြာ ဦးထိပ်တင်၍ ကန်တော့ပါ၏။
ထိုစဉ်က အထက်ပါ အကိုးအကားနှစ်ခုကို သိခဲ့ပါမူ မိတ်ဆွေအမတ် ၁၂ ယောက်တို့ ကမ်းယံသက္ကရာဇ်ဟု ဆုံးဖြတ်မည်ဟု သံသယရှိစရာ မလိုပါ။ ဤကားရှေးက ကရင်သက္ကရာဇ် ရှိခဲ့ကြောင်းပါ။
တရုတ်ပြည် အနောက်ပိုင်းရှိ ကြီးမားသော တောင်ကြီးများ ၀န်းရံလျှက်ရှိသည့် ကုန်းပြင်မြင့်၊ ငွေတောင်ပြည်မှ ကရင်တို့ ရွှေ့ပြောင်းလာခဲ့ ကြ၏။ ထီဆဲမဲ့ယွား ခေါ်သည့် သဲမြစ်ကြီးကို ဖြတ်ကူးပြီး တဖြည်းဖြည်း ယူနန်ပြည်သို့ ဆိုက်ရောက်လာကြ ၏။ ထိုယူနန်ပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ကြသည်။ ပထမအသုတ်၊ အချို့ကရင်များ ယူနန်ပြည်မှ ဘီစီ ခမ ၁၁၂၈ တွင် ရွှေ့ပြောင်းလာ၏။ တပိန်၊ မြစ်ငယ်၊ ဧရာဝတီ အတိုင်း စုံဆင်း၏။ အချို့သံလွင်မြစ် အတိုင်းစုံဆင်း၏။ ဗမာပြည်သို့ ဘီစီ ခမ ၁၁၂၅ တွင် ရောက်၏။ ဒုတိယအသုတ် ဘီစီ ခမ ၇၄၁ တွင် ယူနန်ပြည်မှ ထွက်ခဲ့၏။ ဘီစီ ခမ ၇၃၉ တွင် ဗမာပြည်သို့ ဆိုက်ရောက်ကြ ၏။ (သုတေသီဆရာ ဦးအောင်လှ၊ ပါဠိဆရာကြီး ဦးစော၊ ဦးကျော်ဇံ - ကသာ၊ ဦးဖိုးတုတ် - ပညာအုပ်)
ပထမအသုတ် ကရင်များ၊ ဗမာပြည် ရောက်သောအခါ လယ်ယာ စိုက်ပျိုးကြ၏ နှစ်အတော်ကြာသော် မှန်မှန် စိုက်ပျိုးနိုင်၏။ အခြေနေကောင်းမွန်လာ၏။ ထိုအခါ ၀မ်းသာအားရ ကောက်ဦး စားပွဲကို ကျင်းပကြ၏။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ်၊ စသည်ဖြင့် ရေတွက်ရာမှ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာ၏။ ဒုတိယအသုတ် ထိုနည်းတူ လယ်ယာစိုက်ပျိုး၏။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာ၏။ ပထမအသုတ်မှာ ရှေ့ကဖြစ်၍ ပင်လယ်နှင့်နီးသော အရပ်သို့တိုင်အောင် ချီတက်ကြ၏။ ဒုတိယအသုတ်မှာ နောက်မှဖြစ်၍ ပင်လယ်နှင့် အနည်းငယ်လှမ်းသော နေရာများတွင် နေထိုင်ကြ၏။ ထိုခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူသော ကာလဖြစ်၍ သက္ကရာဇ် မတူကြ။ နှစ်မျိုးဖြစ်နေ၏။
ငယ်စဉ်က ပဲခူးနယ် တောင်ပိုင်း ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့တွင် ကောက်ဦးစားပွဲပြုလုပ်ကြ၏။ နံနက် စောစောတွင် အဘိုးတို့ ဘကြီးတို့ သူတို့၏ မိတ်ဆွေ ရွှေကျင်မှ ပြောင်းလာသူ ရွှေပွင့်ဝါ (ထူးဖောပါ) တို့နှင့် နှစ်သစ်ကူးအကြောင်း ပြောဆိုဆွေးနွေးကြ၏။ အားပါးတရ စိတ်အားထက်သန်စွာ ပြောကြ၏။ သက္ကရာဇ် အကြောင်းလဲ ပါ၏။ ပဲခူး တောင်ပိုင်းသက္ကရာဇ်မှာ ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးသည်။ ၁၉၃၇ ခု ကရင်ပြည်ပြဿနာ ပေါ်ပေါက် လာသောအခါ ဘကြီးများ၏ သက္ကရာဇ်မှာ (၂၇၉၉)ခုရှိနေ၏။ (၂၈၀၀) ပြည့်ရန် တနှစ် လိုသောကြောင့် မှတ်မိ၏။ ရွှေကျင်သက္ကရာဇ် က (၃၁၀) နှစ်ငယ်နေသည်။ ၎င်းကို ဂျွန်ဆင်အားပြရာ ဟုတ်တယ် ဒို့ တောင်ငူသက္ကရာဇ်နဲ့တူတယ် ဟုဆို၏။
သက္ကရာဇ်အတွက် ကရင်အမတ် (၁၂)ယောက် စည်းဝေးပွဲလုပ်ရာတွင် ဘယ်လိုလုပ်ကြမလဲ၊ (၂)မျိုးဖြစ်နေ သည်။ ဤအတွက် ဖြေရှင်းဖို့ လိုလေသည်။
သာဓကမှာ Pritured Encyclopedia ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်န၀ါရီလ ဟူ၍ ကွဲပြားနေသည်။ အေဒီ (၃၀) လောက် မှာ ဒီဇင်ဘာလ (၂၅)ရက်အတွင်း ကျင်းပ၏။ အများသဘောတူညီချက်အရ ဒီဇင်ဘာလ (၂၅)ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြ၏။ သို့သော် အကြီးအကဲများ သဘောတူဆုံးဖြတ်၍ အားလုံး ရိုသေလေးစားစွာ လိုက်နာ၍ ကျင်းပကြ၏။ Pritured Encyclopedia; We know that this could hardly have happened in December because it rams almost containously at the time of the year in Palestine and shepherds would no keep their flocks out in the hills at night in such weather.
ခရစ္စမတ် ကမ္ဘာ့သာဓကကိုယူ၍ တောင်ပိုင်းကရင် သက္ကရာဇ်နှင့် မြောက်ပိုင်းကရင်သက္ကရာဇ်ကို ဖြေရှင်းကြ၏။ တောင်ပိုင်း သက္ကရာဇ်မှာ ဘီစီ(၇၃၉)မတိုင်မီ ကစ၍ ကရင် သက္ကရာဇ်ကို ရေတွက်ဖို့ စဉ်းစား၏။ ကရင်အမတ်တဦးက ဒို့သက္ကရာဇ်ကို ပြင်နိုင်သလားဟုဆို၏။
သမုန္ဒရီမင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ခရစ္စမတ်လူကြီးများ အများကောင်းကျိုးအတွက် ဖြူစင်သော စိတ်ထားဖြင့် ပြုပြင်ခဲ့၏။ ဒို့အမတ် (၁၂)ဦးလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်၍ ဤသက္ကရာဇ်(၂)ခုကို ကြားချနိုင်သည်ဟု တညီတညွတ်တည်း ယူဆကာ အားလုံး Veto ဗီတို အာဏာသုံးမှုကြောင့် ယခုကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉)မှစ၍ ရေတွက်ကြသည်။
ထို့ကြောင့် ရှင်းပြချက်မပါလျှင် ဗဟုသုတရှိသူများက ဘီစီ (၇၃၉)ကို ကရင်သမိုင်းမှတ်တိုင်တခု ဟူ၍သာ လက်ခံနိုင်၏။ ကရင်သက္ကရာဇ် စသည့်နှစ်ဟု လက်မခံနိုင်ချေ။ သက္ကရာဇ်၏ ဂုဏ်အင်္ဂါလက္ခဏာလည်းမရှိ၊ ဗဟုသုတရှင်များ၏ ယူဆချက်ကိုလည်း အပြစ်မဆိုနိုင်ပေ။ ကမ်းယံသက္ကရာဇ်၊ ကရင်သက္ကရာဇ် ၂၅၂၂၊ ကောက်ဦးစားပွဲ ကရင်သက္ကရာဇ် ၂၇၂၀ ဖြစ်ကြောင်း ဗဟုသုတရှင်များ သံသယမရှိစေရန် ကျေကျေနပ်နပ်နှင့် လက်ခံရန် တင်ပြအပ်ပါသည်။
ကရင်သက္ကရာဇ်၊ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ (ယုတ္တာ၊ ယုတ္တိဆင်ခြင်ညှိသော် ၀ီစိကိစ္ဆာ၊ မရှိရာတည့် (ရှိဘွယ်မတည့်) ထုံးရာဇ၀င် သက်သေတင်၍)
ဆရာကြီးစောမြတ်သိန်း
လွှတ်တော်အမတ်
Tuesday, November 18, 2008

ကရင်အမျိုးသားများနှင့် ငြိမ်းချမ်းရေးပြဿနာ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း၌ ရာစုနှစ်ပေါင်း များစွာက အခြေချနေထိုင် လာခဲ့ကြသော ကရင်အမျိုးသားများသည် မိမိတို့ ဘာသာဘာဝအလျောက် ဘာသိဘာသာနှင့် အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်ကာ နေထိုင်ခြင်း ပြုခဲ့ကြသော တိုင်းရင်းသား လူမျိုးစုကြီးတစု ဖြစ်လေသည်။

မြန်မာနိုင်ငံတော်၏ သမိုင်းဖြစ်ပေါ်တိုးတက်မှုကို လေ့လာသောအခါ အခြားသော တိုင်းရင်းသား လူမျိုးစုများ ဖြစ်ကြသည့် မွန်၊ မြန်မာ၊ ရခိုင်နှင့် ရှမ်းတို့ အချင်းချင်း၏ ပဋိပက္ခများနှင့် စစ်ပွဲများကိုသာ အများဆုံး တွေ့ရှိရလျှက် ကရင်လူမျိုးစုများနှင့် ပတ်သက်သော ပဋိပက္ခနှင့် စစ်ပွဲများကို မတွေ့ရှိရသလောက်သာလျှင် ဖြစ်ပေသည်။

ပုဂံခေတ် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခြင်း ပြုကြသော အချိန်ကာလ ပေါ်ပေါက်ခဲ့သော လူမျိုးရေးဆိုင်ရာ ပဋိပက္ခနှင့် စစ်ပွဲများကို လေ့လာသောအခါ မွန်မြန်မာနှင့် ရှမ်းမြန်မာတို့၏ အရေးအခင်းများသာ ဖြစ်သကဲ့သို့ တောင်ငူ၊ ညောင်ရမ်းခေတ် ဒုတိယ မြန်မာနိုင်ငံတော်ကို မထူထောင်နိုင်မီ ကြားကာလ သမိုင်းသည်လည်း ရှမ်းမြန်မာနှင့် မွန်ရှမ်းတို့၏ အရေးအခင်းများသာ ဖြစ်သည်ကိုတွေ့ရှိရသည်။

တောင်ငူ ညောင်ရမ်းခေတ်သည်လည်း ရှမ်းမြန်မာနှင့် မွန်မြန်မာတို့ အရေးအခင်းသာလျှင် လွှမ်းမိုးများပြားလျှက် နောက်ဆုံး ကုန်းဘောင်ခေတ် တတိယ မြန်မာနိုင်ငံတော်သည်ကား မွန်မြန်မာနှင့် ရခိုင်မြန်မာတို့၏ အရေးအခင်းများသာဖြစ်ကြောင်း တွေ့ရှိရ လေသည်။
ယင်းသို့ မြန်မာနိုင်ငံတော်၏ သမိုင်းတိုးတက် ဖြစ်ပေါ်မှု တလျှောက်လုံး အခြားမည်သည့် တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခသော်လည်းကောင်း၊ စစ်မက်သော်လည်းကောင်း ဖြစ်ပွားခြင်းမရှိဘဲ မိမိတို့၌ ရှိသမျှ ကလေးနှင့် ရောင့်ရဲတင်းတိမ်ကာ အေးအေးချမ်းချမ်း နေထိုင်လာခဲ့ကြသော ယင်းလူမျိုးများသည် ကျွန်ဘ၀မှ ဤတိုင်းပြည်၏ လွတ်လပ်ရေးကို ပြန်လည် ကြေငြာခြင်း ပြုခဲ့သည့် အချိန်မှစ၍ အဘယ့်ကြောင့် မငြိမ်မသက်ဖြစ်ကာ အပြင်းအထန်ဆုံး နှိမ်နင်းခြင်းကို ခံနေရသနည်း။

လွတ်လပ်ရေး ကြေငြာပြီးကာစက တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ကြစဉ်ကလည်း “တချက်ထိုးလျှင် နှစ်ချက်ပြန်ထိုးမည်” ဟု ခြိမ်းခြောက်ခြင်း ခံခဲ့ရပြီးလျှင် နောက်ပိုင်းတွင်မူကား “ကရိုင်း” များဟူ၍ လည်းကောင်း၊ “ကရင်ဆိုး” များဟူ၍ပင် လည်းကောင်း၊ အမျိုးမျိုး အဖုံဖုံ ချိုးဖဲ့ ပြောဆိုခြင်းကို ခံခဲ့ကြရသည်။ ခံနေကြရတုံးလည်း ဖြစ်သည်။

ကရင်အမျိုးသားများသည် ဤတိုင်းပြည်လွတ်လပ်ရေး ကြေငြာသောအခါ ဤတိုင်းပြည်၌ ရာစုနှစ်ပေါင်းများစွာက နေထိုင်လာခဲ့သော တိုင်းရင်းသား လူမျိုးစုကြီး အနေနှင့် ၎င်းတို့လည်း ရသင့်ရထိုက်သော အခွင့်အရေးကို “ဒီမိုကရေစီ စည်းဝိုင်းကြီးအတွင်း၌ နေထိုင်ကာ ဒီမိုကရေစီကျကျ တောင်းဆိုခဲ့ကြ” သည်။ တရားသဖြင့် မဟုတ်သော ကိစ္စကိုလည်း ဘာတစ်ခုမှ ငန်းငန်းတက် မတောင်းဆိုခဲ့ကြချေ။

တိုးတက်ယဉ်ကျေးသော လူမျိုးများပီပီ မိမိတို့၏ကြမ္မာ မိမိတို့ဘာသာပြဋ္ဌာန်းခွင့်နှင့် အခြားတိုင်းရင်းသားများ နည်းတူ တန်းတူ အခွင့်အရေးပေးဘို့သာ တောင်းဆိုခြင်းပြုခဲ့ကြသည်။ သို့ရာတွင် ဤပြည်ထောင်စု တိုင်းရင်းသားများ၏ တရားသဖြင့်နှင့် ဒီမိုကရေစီကျကျ တောင်းဆိုချက်ကို ထိုအချိန်က အာဏာပိုင်များသည် မခန့်မငြား သဘောထားကာ မထိတရိ ပြုလုပ်နေခဲ့သည်။
၎င်းတို့၏ တောင်းဆိုချက်ကို မမေးရုံမျှ သာမက မထိတရိနှင့် မခန့်မငြား ပြုလုပ်ခြင်း ခံလာရသောအခါတွင် ကရင် အမျိုးသားများသည် လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ မယုံမကြည်နှင့် မငြိမ်မသက် ဖြစ်လာကြသည်။

ယင်းသို့ ဖြစ်ပွားလာသော ကရင်အမျိုးသားများ၏ လှုပ်ရှားမှုနှင့် စိုးရိမ်မှုတို့ကို ပြေလည်သွားအောင် မှန်မှန်ကန်ကန်နှင့် အရေးတယူ ဖြေရှင်းပေးရမည့်အစား “တလွဲဆံပင်ကောင်း နေခဲ့ ကြသည်။” ဤနည်းဖြင့် ကရင်အမျိုးသားတို့၏ လက်နက်ကိုင် စစ်ပွဲကြီး ပေါက်ကွဲ ထွက်လာခဲ့ရသည်။

ယင်းသို့ ပြည်ထောင်စု အစိုးရနှင့် ကရင်အမျိုးသား လက်နက်ကိုင် နိုင်ငံရေး အင်အားစုများ ဖြစ်ပွား လာခဲ့ကြသော လက်နက်ကိုင် ပဋိပက္ခသည် ယခုအခါတွင် ၁၃-နှစ်မျှပင် ကျော်လွန်ကာ ၁၄-နှစ်အတွင်းသို့ ချင်းနင်း ၀င်ရောက်လာခဲ့ လေပြီ။ သို့ရာတွင် ထိုလက်နက်ကိုင် ပဋိပက္ခသည် ပြေလည် ပြီးငြိမ်းခြင်း မရှိသေးချေ။ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက် ရှိနေတုံးသာ ဖြစ်သည်။

ထို့ကြောင့် “ဖက်ဆစ်နှင့် ဒီမိုကရေစီ ဘယ်သင်းရွေးမလဲ” ဟူ၍ မဲခေါ်ကာ တက်လာခဲ့သော ပထစအစိုးရသည် ၁၃-နှစ်ကျော်ကျော် ၁၄-နှစ်ခန့်မျှ ကရင်အမျိုးသားများ အပေါ်၌ စစ်ပြုနေသော မိမိတို့၏ လုပ်ငန်းကို ပြန်လည်စဉ်းစား သင့်လှပြီဟု တင်ပြလိုသည်။

မြန်မာနိုင်ငံတော်၏ သမိုင်းတလျှောက်လုံး မည်သည့် တိုင်းရင်းသား လူမျိုးစုများနှင့်မှ ပဋိပက္ခ သော်လည်းကောင်း၊ စစ်မက် သော်လည်းကောင်း ဖြစ်ပွားခဲ့ခြင်း မရှိခဲ့သော ကရင်အမျိုးသားများ၏ ပြဿနာကို စစ်ပြု၍ ဖြေရှင်းနေခြင်းသည် ပြည်ထောင်စုကြီး တရပ်လုံး၏ အရေးအနေနှင့် သော်လည်းကောင်း မှန်ကန်သည် သို့မဟုတ် မှားယွင်းသည် ဆိုသောအချက်ကို လေးလေးနက်နက် စစ်ဆေးတွက်ချက်ဘို့လည်း လိုအပ်လှပြီဟု ထင်ပေသည်။

သမိုင်းတလျှောက်လုံး မိမိတို့၌ ရှိတတ်သမျှ ကလေးနှင့် အေးအေးချမ်းချမ်း နေထိုင်ခြင်း ပြုလာခဲ့သော ထိုတိုင်းရင်းသား လူမျိုးစုများ၏ အရေးကို အဘယ့်အတွက် ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်း၍ မရနိုင်ရမည်နည်း။

ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ကရင်အမျိုးသားများ အပေါ်၌ ၁၃-နှစ်ကျော်မျှ ကျင့်သုံး၍ အောင်မြင်ခြင်းလည်း မရသော “လက်နက်အားကိုး ၀ါဒ” ကို အမြန်ဆုံး ရပ်စဲကာ ကရင်အမျိုးသားများ၏ ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းခြင်း ပြုနိုင်ရန်အတွက် ကရင်အမျိုးသား အကြီးအကဲများ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းတွင်ထိုင်ကာ ပွင့်ပွင့်လင်းလင်းနှင့် ရင်းရင်းနှီးနှီး ဖြေရှင်းသင့်လှပြီ ထင်ပေသတည်း။
ဗန်းမော်တင်အောင်
(၁၉၆၂ -ခု ဖေဖော်ဝါရီလထုတ် ကရင့်ရှေ့ဆောင်ဂျာနယ်မှ ဆောင်းပါးကို ထည့်သွင်းဖော်ပြအပ်ပါသည်။)
Thursday, November 13, 2008

အပြောလွယ်သလောက် အကောင်အထည်ဖော်ရခက်တဲ့ အမျိုးသားစည်းလုံးမှု

အဲခေါင်သောင့်(14,11.08)

ယခုတလော မြန်မာပြည်အကြောင်း အဓိကဖော်ပြသည့် မီဒီယာမျက်နှာစာမှာ ဒီကေဘီအေနှင့် ကေအဲန်ယူ ဘတပြန် ကျားတ ပြန်နဲ့  သူနိုင်ကိုယ်နိုင် အနိုင်ကြဲနေကြတဲ့ သတင်းတွေကို တော်တော်များများ ဖတ်ရပါတယ်။ ကျနော့ရဲ့ ဘလော့ထဲမှာလည်း အဲဒီ သတင်းတွေကို အဓိကထား ဖော်ပြထားပါတယ်။ ဒါတွေကတော့ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းတာတော့ မဟုတ်ပါဘူး။ ကရင် အချင်းချင်း တိုက်နေကြတယ်။ ခိုက်နေကြပါတယ်။ မညီညွတ်ကြဘူး။ အဲဒါတွေကို ကြားတိုင်း ကရင်တယောက်ပီပီ စိတ်မချမ်း သာမိတာတော့ အမှန်ပဲ။
ဒီအကြောင်းတွေကို ကရင်တွေအားလုံးတိုင်း သိသင့်ပြီး သုံးသပ်ဝေဖန်ချက်တွေ ပေးသင့်ပါတယ်။ အခုတိုက်ခိုက်နေကြတာလည်း သူမနာကိုယ်မသာတဲ့ အပြန်အလှန်ထိခိုက်သေကြေမှုတွေပဲ အဖတ်တင်ခဲ့ကြရတယ်။ ကိုယ့်အမျိုး သားတွေအပေါ် ဘာမှအထောက် အကူမဖြစ်ပါဘူး။ သက်ဆိုင်တဲ့ အဖွဲ့ အနေနဲ့  မိမိတို့ အပြန်အလှန်တိုက်နေခိုက်နေကြတာကို ပြန်လည်သုံးသပ်ပြီး နည်းလမ်း များကိုလည်း ရှာဖွေသင့်ပြီလို့ ယူဆမိပါတယ်။ ကရင့်တော်လှန်ရေး စတင်ပေါက်ဖွားလာကတည်းက တလျောက်လုံးကွဲ ပြားလာခဲ့ရ တာတွေကို ယခုအချိန်မှာ ရပ်တန်းက ရပ်သင့်ပါပြီ။

မိမိတို့ အချင်းချင်းရန်ဖြစ်နေကြတာဟာ ဘာအ ကျိုးမှ မရဘူးဆိုတာကိုလည်း သမိုင်းက သက်သေပြခဲ့ပါပြီး။ တကယ်တော့ ကရင်အမျိုးသားတွေဟာ ၁၉၄၉ခုနှစ် ကရင်တော်လှန် ရေးစတင်တဲ့ အချိန်ကတည်းက ယနေ့ တပ်မဟာ ၇မှူးဟောင်း ဘိုထိန် မောင် နအဖနဲ့ ပူးပေါင်းတဲ့အချိန်အထိ တော်လှန်ရေးတ လျောက်မှာ အကွဲအပြဲများစွာကို တွေ့ ခဲ့ရတယ်။ ၁၉၄၉ခုနှစ် တော် လှန်ရေးစတင်ပေါက်ဖွားလာတဲ့အချိန်ကလည်း ကရင်လူငယ်ကေ၀ိုင်အိုနဲ့  မိခင်အဖွဲ့ အစည်း ကေအဲန်ယူတို့  အယူအဆရေး ရာ ကြောင့် မညီညွတ်ခဲ့ကြလို့  ကရင်တွေ မျော်မှန်းတဲ့ ပန်းတိုင်ကို မရောက်ခဲ့ဘူး။

နောက်ပြီးတော့ ကေအဲန်ယူပီနဲ့ အရှေ့ တိုင်း ကေအဲန်ယူတွေလည်း အသက်သွေးချွေးအများအပြားရင်းပြီး တိုက်ခိုက်ကြပါတယ်။ ၁၉၆၂ခုနှစ်ရောက်ပြန်တော့လည်း ခေါင်းဆောင်တွေ အယူအဆရေးရာတွေကြောင့် မုဆိုးကော်ကဆာဦးဆောင်တဲ့ ကေအာစီအဖွဲ့ စစ်အစိုးရနဲ့ ပေါင်းကာ မိခင်ကေ အဲန်ယူနဲ့ အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး နောက်ပိုင်းတော့လည်း ဘာအကျိုးမှ မရခဲ့ပါဘူး။ ဒါတွေက တန်းဖိုးဖြတ်မရနိုင်တဲ့ သွေး တွေနဲ့ ရင်းနှီးရတဲ့ သင်ခန်းစာတွေပဲ။

ဒါတွေကိုလည်း သင်ခန်းစာမယူနိုင်ကြပဲ ၁၉၉၅မှာ ဆုံးရှုံးမှုတွေအများကြီး ဖြစ်ခဲ့ရတဲ့ အကွဲအပြဲကို တွေခဲ့ရပါတယ်။ ဒီကွဲပြဲမှု ဟာတွေ အယူအဆရေးရာတွေထက် ဘာသာရေးကို အခြေခံခဲ့တဲ့ ကွဲပြဲမှုကြီး ဖြစ်နေတယ်။ ဒီကွဲပြဲမှုတွေ နောက်ပိုင်း တော်လှန် ရေးရဲ့ အကြီးဆုံးနဲ့ အခိုင်မာဆုံး စခန်းတခုဖြစ်တဲ့ မာနယ်ပလောစခန်းကြီးအပါအ၀င် တော်လှန်ရေး နယ်မြေအများအပြား ဆုံးရှုံးခဲ့ ရသလို ဒီကေဘီအေဆိုတဲ့ ကရင်အဖွဲ့ အစည်းသစ်တဖွဲ့ လည်း ပေါ်လာခဲ့ရပါတယ်။

ဒီအထဲမှာ အဆိုးထဲက အကောင်းယူရ မယ် ဆိုရင် သင်ခန်းစာတွေအများကြီးတော့ ယူလို့ ရပါတယ်။ ဘာကို သင်ခန်းစာ ယူရမလဲဆိုတော့ အမျိုးသားအကျိုးကို ဆောင်ရွက်တဲ့ နေရာမှာ အမျိုးသားအရေးကိုပဲ ရှေ့ တန်းတင်ပြီး တခြားအရေးတွေနဲ့ မရောယှက်သင့်ပါဘူးဆိုတာပါပဲ။ အာနာရှင်ကို ယုံကြည်မိလို့  အာနာရှင်တွေနဲ့ ပေါင်းခဲ့တဲ့ ကေ၀ိုင်အိုတို့ အဖွဲ့ လို ကေအာစီတို့ အဖွဲ့ လိုကျတော့ ပြည်တွင်းဥပဒေ ဘောင်ထဲမှာနေပြီး ကရင်အမျိုးသားအရေးကို ဘာမှ မယ်မယ်ရရ မလုပ်ပေးနိုင်တဲ့အပြင် အာနာရှင်အဆက်ဆက်ရဲ့ ၀ါးမြိုမှုကို ခံ ရပြီး အဆုံးမှာတော့ ထန်းလျက်ခဲကို ခွေးယက်သလို လုံးပါးပါးဖြစ်ကာ ပျောက်ကွယ်သွားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ယခုဒီကေဘီအေခွဲထွက်လာတာ ဟာလည်း ၁၃နှစ်ကို ရောက်နေသော်လည်း ကရင်အမျိုးသားအကျိုးကို ဘာမှ ထိထိရောက် ရောက်လုပ်ပေးနိုင်တာ မတွေ့ ရပဲ ကေအဲန်ယူကရင်အဖွဲ့ ကို ပြန်တိုက်ခိုက်နေရတဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ စစ်အစိုး ရအနေနဲ့ ၎င်းတို့ အပေါ် ဘယ်လိုသ ဘောထားလဲဆိုတာ ရှင်းရှင်းဘွင်းဘွင်း မမြင်ရပေမယ့်လည်း တနေ့ ဆိုတဲ့အချိန်ကိုရောက် လာမှပဲ သူ့ ရဲ့သဘောထားကို မြင်ရမှာ ဖြစ်တယ်။ မင်းသားရုပ်ဆောင်းထားတဲ့ ဘီလူးဟာ တနေ့ တချိန်မှာတော့ ဘီလူးမှန်း သိ လာပါလိမ့်မယ်။

ယခုလည်း ဒီကေဘီအေက ကေအဲန်ယူကို လာတိုက်တယ်။ ကေအဲန်ယူက ဒီကေဘီအေကို သွားတိုက်တယ်ဆိုတာကလည်း န အဖတွေရဲ့ ပယောဂတွေအများကြီးပါပါတယ်။ ယခုအခါမှာ နအဖက ကေအဲန်ယူကို တိုက်ရိုက်တောင်တိုက်စရာမလိုတော့ပါဘူး။ နအဖက ဒီကေဘီအေတွေကို စီးပွားရေးမက်လုံးတွေပေး အခွင့်အရေးတွေ ပေးပြီး ကေအဲန်ယူကို တိုက်ခိုင်းပါတယ်။ အပျော့နည်း တမျိုး၊ အကြမ်းနည်းတမျိုးနဲ့ နည်းအမျိုးမျိုးသုံးကာ ကရင် ကရင်ချင်း ပြန်တိုက်ခိုက်နိုင်အောင်တမင်ဖန်းတီးနေကြပါတယ်။ ဒါ တွေကို ကရင်တိုင်း ကိုယ့်ကိုယ်ကို မသိခဲ့ကြပဲ ဓါးစာခံတွေ ဖြစ်နေရပါတယ်။

ယခုကေအဲန်ယူရဲ့ ၁၄ကြိမ်မြောက် ကွန်ဂရက်ကြီးလည်း ပြီးဆုံးပြီး ခေါင်းဆောင်အသစ်တွေလည်း တက်လာတာကို တွေ့ နေရပါ တယ်။ ဒီခေါင်းဆောင်သစ်တွေရဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်သွားမလဲဆိုတာကို ကရင် တမျိုးသားလုံးက စိတ်ဝင်တစား နားစွင့်နေပါလိမ့်မယ်။ အမျိုးသားစည်းလုံးညီညွတ်မှုအပေါ်မှာ ထားတဲ့ ခေါင်းဆောင်တွေရဲ့ သ ဘောထားက တကယ်အဓိကကျတယ်မဟုတ်ပါလား။

လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ကေအဲန်ယူအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းရဲ့ ၆ကြိမ်မြောက်က ရင်စည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲမှာ ဒီကေဘီအေအပါအ၀င် ကွဲပြားနေတဲ့ ကရင်အဖွဲ့ အစည်းတွေအပေါ်ထားတဲ့သဘော ထားကို အခုချိန်ထိ ကြားယောင်မိပါသေးတယ်။ သူ့ ရဲ့ သဘောထားကတော့ အ ချက်သုံးချက်ကို လက်ခံနိုင်ရင် ကေအဲန်ယူအဖွဲ့ က အမြဲပဲ ကြိုဆိုနေပါတယ်ဆိုတာပါပဲ။

အဲဒီအချက်သုံးချက်ကတော့ ၁။ ကေအဲန်ယူကို မဆန့် ကျင်မတိုက်ခိုက်ရ။ ၂။ ကရင်အမျိုးသားကို ဖိနှိမ့်အနိုင်မကျင့်ရ။ ၃။ နအဖခိုင်းတာကို မလုပ်ရဆိုတာပါပဲ။ ဒီအချက်တွေကတော့ သဘာဝကျနေပေမယ့် ဒီကေဘီအေရဲ့ ရပ်တည်ချက်တွေနဲ့  ဆန့် ကျင်နေတာတွေကို တွေ့ ရတယ်။ ဒီအချက်တွေအားလုံး ဒီကေဘီအေရဲ့ ရပ်တည်ချက်တွေအားလုံးနဲ့  ဆန့် ကျင်နေပါတယ်။ နအဖတွေခိုင်းလို့  ကေအဲန်ယူကို လာတိုက်နေတယ်ဆိုတာ အချက် ၂နဲ့ အချက်၃မှာ ပါနေတယ်။ နောက် တချို့ အပိုင်းတွေမှာ ဒီကေဘီအေက ကိုယ့်ကရင်အမျိုးသားတွေကို ဖိနှိမ့်နေတဲ့သတင်းတွေ အမြဲပဲကြားနေရတယ်၊ ကဲအဲဒါဆိုရင် ကျနော်တို့ ဘယ်လို ညီညွတ်မှုကို အကောင်အထည်ဖော်ကြမလဲ။

တဖက်ဒီကေဘီအေဘက်က အမြင်တွေဆိုရင်လည်း ကေအဲန်ယူလူကြီးတွေအပေါ် အားကိုးယုံကြည်တဲ့ စိတ်တွေ နည်းတာကို တွေ့ နေရတယ်။ ဒါတွေကလည်း ယခင်အကွဲအပြဲစဖြစ်တဲ့(သူးမွဲထာအရေးအခင်း)အချိန်က လူကြီးတွေရဲ့ လုပ်ဆောင်မှုတွေတချို့ ကြောင့်ပါ။ ဒီကေဘီအေအများစုက ကေအဲန်ယူခေါင်းဆောင်တွေကို ဘာသာရေးအစွဲကြီးမှု၊ လူနည်းစုတွေကို ခွဲခြားတဲ့စိတ်ရှိနေတဲ့ ခေါင်းဆောင်တွေလို့ ပဲ ယခုအချိန်ထိ မြင်ခဲ့ကြပါတယ်။ ၁၀နှစ်ကျော်လာပေမယ့်လည်း ဒီကေဘီအေတွေထဲမှာ အဲဒီအမြင်တွေ လွမ်းမိုးနေတုန်းပါပဲ။

သူးမွဲထာအရေးအခင်းက လူကြီးတချို့ မရှိတော့ပေမယ့်လည်း ကေအဲန်ယူထိပ်ပိုင်းကို မကောင်းမြင်တဲ့ စိတ်တွေဟာ ဒီကေဘီအေရဲ့ ခေါင်းတွေထဲမှာ သံမှိုလို စွဲနေတာကို တွေ့ ရတယ်။ ဒါတွေကလည်း နအဖအတွက် ကောင်းတဲ့လင်္ကနာတခုပါပဲ။ ဒီကြားထဲမှာ နအဖက အယူအဆရေးရာတွေနဲ့  သဘောတရားရေးရာတွေကို ချပြပြီး ကရင်တွေ မစည်းလုံးနိုင်အောင် လုပ်နေမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

ဒါတွေကို ပြန်ကြည့်မယ်ဆိုရင် ကေအဲန်ယူခေါင်းဆောင်ပိုင်းတွေအနေနဲ့ သဘောထားကြီးတဲ့ စိတ်ကို ပိုပြသဖို့ လိုပေလိမ့်မယ်။ စည်းလုံးချင်တဲ့ စိတ်ထားကိုလည်း ပိုပြသင့်နေပါတယ်။ စည်းလုံးမှုတွေကို ကျနော်တို့ ကရင်အမျိုးသားတွေမှာ နေရာအများ အပြားမှာ ပြောနေကြဆိုနေကြပေမယ့်လည်း တကယ့်ကရင်စည်းလုံးမှုကိုတော့ ကရင်ပြည်သူတွေတခါမှ မခံစားခဲ့ရပါဘူး၊ တ ကယ်တော့ စည်းလုံးမှုဟာ အပြောလွယ်သလောက် အကောင်အထည်ဖော်ရခက်တဲ့ အရာတခုလို ကရင်အမျိုးသားတွေမှာ ဖြစ်ခဲ့ ရပါတယ်။

နောက်ဆုံးအနေနဲ့  အကောင်အထည်ဖော်ရခက်နေတဲ့ စည်းလုံးမှုကို ကျနော်တို့ အားလုံး မလုပ်လို့ လည်း ဒီအ တိုင်းနေလို့ မရပါဘူး။ နည်းလမ်းရှာရမယ်။ သင်ခန်းစာတွေ ယူရမယ်။ သဘောထားတွေ ကြီးရမယ်။ အမျိုးသားအကျိုးစီးပွားတခုပဲ ကြည့်ရပါမယ်။ ဒါတွေကို ကရင်လူကြီးတိုင်း အဖွဲ့ အစည်းတိုင်း ကျင့်ကြံနိုင်မယ်။ လိုက်နာနိုင်မယ်ဆိုရင် ကရင်တမျိုးသားလုံး လိုလားတောင့်တနေတဲ့ ရေပက်မ၀င်တဲ့ ကရင့်အမျိုးသားစည်းလုံးမှုကို အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
စည်းလုံးမှုကို လိုလားတဲ့
ကျော်အဲခေါင်သောင့်

စောင့်ကြည့်ရဦးမည်ဖြစ်သည့် KNU ခေါင်းဆောင်သစ်များ


ဧရာဝတီ | အောက်တိုဘာ ၃၁၊ ၂၀၀၈

အစိုးရကို ဆန့်ကျင်နေသော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်သစ်များအပေါ် ဝေဖန်သုံးသပ်မှုများရှိနေသည်။

KNU ၏ ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးအပါအ၀င် ဗဟို အလုပ်အမှုဆောင်အသစ်များကို အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်ခဲ့သည်။

ယင်း ကွန်ဂရက်မှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်များကို ကရင်တိုင်းရင်းသား တချို့နှင့် လေ့လာသူ များက ကြိုဆိုလက်ခံကြသော်လည်း တခြားသော KNU ခေါင်းဆောင်ပိုင်းသည် အသက်အရွယ် အလွန် ကြီးရင့် နေပြီး တက်ကြွမှု မရှိဟု ဝေဖန်ပြောဆိုမှုများရှိကြောင်း သိရသည်။

အသက် ၈၈ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီး တာမလာဘောအား KNU ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ယခု ကွန်ဂရက်က ရွေးချယ်ခဲ့သည်။

အရွေးချယ်ခံရသည့် တခြားသော ဗဟိုအလုပ်အမှုဆောင်များမှာ စောဒေးဗစ်တာကပေါ ဒု ဥက္ကဌ၊ ဗိုလ်မှူး စောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) အဖြစ် ခန့်အပ်လိုက်ပြီး ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ်မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရော်ဂျာခင်၊ ဖဒိုအားတိုး၊ ဖဒို ဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။

နော်စီဖိုးရာစိန်သည် လွန်ခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော နိုင်ငံရေးအတွေ့အကြုံရင့် သည့် ယခင် KNU အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာ ၏ နေရာတွင် ပထမဆုံးအကြိမ် ခန့်အပ်ခြင်းခံရသည့် အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်သည်။

တချို့သော လေ့လာသူများက နော်စီဖိုးရာစိန်သည် အတွေ့အကြုံနှင့် ဗဟုသုတ အသိပညာကြွယ်ဝသူဖြစ်သော် လည်း ဖဒို မန်းရှာ၏ လုပ်ကိုင်ဆောင်ရွက်မှုမျိုး မျှော်လင့်၍ မရနိုင်ကြောင်း ပြောဆိုသည်။

နော်စီဖိုးရာစိန်သည် လက်ရှိတွင် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသောအဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီးအစည်း အရုံးအဖွဲ့(KWO)တွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။

အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။

KWO အဖွဲ့ဝင် ကရင်အမျိုးသမီး တဦးက“ကရင်အမျိုးသမီးတယောက်အနေနဲ့ အခုလို နော်စီဖိုးရာစိန်ကို KNU ရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခန့်အပ်လိုက်တာကို ဂုဏ်ယူမိပါတယ်၊ သူဟာ ကရင်တိုင်းရင်းသား အားလုံး အတွက် ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောဆို သည်။

အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်ကလည်း“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင် လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောခဲ့သည်။

ယခု ဥက္ကဌဖြစ်လာသော နော်စီဖိုးရာစိန်၏ ဖခင် ဗိုလ်ချုပ်တာမလာဘောသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်ဟောင်း တဦးဖြစ်ပြီး ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် တဦးလည်းဖြစ်သည်။

တချို့သော လေ့လာသုံးသပ်သူများကမူ ၎င်းအနေနှင့် KNU ကို မည်သို့သော ဦးဆောင်မှုပေးနိုင်မည်လဲ ဆိုသည်ကို မေးခွန်း ထုတ်နေကြသည်။

“အခု ဗိုလ်ချုပ်တာမလာဘော နေရာက နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ၂ မျိုးလုံးရှိသူ ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် သူ့ အနေနဲ့ အကြံပေးနေရာမှာဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်”ဟု မြန်မာ့အရေး လေ့လာသူ တဦးက ပြောဆိုသည်။

သို့သော် လေ့လာသူ တချို့ကမူ အသက်အရွယ် အလွန်ကြီးရင့်သူများကို ခေါင်းဆောင်ပိုင်း တာဝန်ပေးထား သည်မှာ KNU တဖွဲ့တည်း မဟုတ်ကြောင်းနှင့် အဓိက အတိုက်ခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း အသက်အရွယ် အလွန်ကြီးရင့်သူများဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။

“အသက်အရွယ်ကြီးရင့်နေပြီဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန်ခေါင်းဆောင်အများအပြားက ငယ်ရွယ်သေးသူ များဟု ဆိုလျင်ရနိုင်သလို ၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုလက်ထဲသို့ စတင် လက်ဆင့် ကမ်းခဲ့ပြီဟု ဆိုလျင်လည်း ရနိုင်ပါသည်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)မှ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး မြန်မာ့အရေးလေ့လာသူ တဦးဖြစ်သည့် ကိုအောင်သူငြိမ်း က ဘလော့ တခုတွင် ပြောဆိုထားသည်။

တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသည့် အစီအစဉ်ဖြင့် သြစတေးလျနိုင်ငံတွင်ရောက်ရှိနေသော ကရင်တိုင်းရင်း သူတဦး ကမူ “ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်ပဲဖြစ်ဖြစ်၊ နယ်စပ်မှာရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ် ကရင်တိုင်းရင်းသား အများစုဟာ ဒီနေ့ KNU ဘာဖြစ်နေလဲဆိုတာ စိတ်မ၀င်စားကြတော့ပါဘူး၊ အများစုက တတိယ နိုင်ငံထွက် ဖို့ ပဲ၊ သူတို့အနေနဲ့ KNU ခေါင်းဆောင်တွေအပေါ် ရှေ့ဆက်ပြီး ယုံကြည်မှုရှိကြမှာလည်း မဟုတ်တော့ပါဘူး”ဟု ပြောဆိုသည်။

KNU ကို မြန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင် ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် မှ စတင်၍ လက်ရှိအချိန်အထိ KNU သည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

KNU သည် နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး ကို လဲလှယ်ခဲ့ခြင်းမရှိချေ။

၁၉၉၅ ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)သည် KNU အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

၂၀၀၄ ခုနှစ်တွင် KNU ဥက္ကဌ စောဘိုမြသည်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက KNU မှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ KNU တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ယင်းခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ KNU အဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။

ထိုကဲ့သို့ KNU မှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများပြားလာကာ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် ကွယ်လွန်သွားခဲ့ရသည်။

ကိုအောင်သူငြိမ်းက ဆက်လက်ပြီး“ကရင်လူထုအကြားကွဲလွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်း သွားအောင် အခု KNU ခေါင်းဆောင်တွေက မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်၊ အခုအချိန်က စည်းလုံးရေးကို ပြန်လည် လုပ်ဆောင်ရမယ့် အချိန်လည်းဖြစ်ပါတယ်”ဟု ပြောဆိုသည်။

တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကလည်း မြန်မာစစ်အစိုးရက KNU ပြိုကွဲရန် လိမ္မာပါးနပ်စွာ လုပ်ခဲ့ ကြောင်း ၀န်ခံပြောပြသည်။

“ပြီးခဲ့တဲ့ ပြိုကွဲမှုတွေဟာ ကျနော်တို့မှာအားနည်းချက်တွေ ရှိခဲ့လို့ဖြစ်ပါတယ်၊ ဒါဟာသဘာဝပါပဲ၊ ဘယ်ပါတီ အဖွဲ့အစည်း မဆိုဖြစ်သွားနိုင်တဲ့ကိစ္စ၊ ဒါပေမယ့် နောက် မဖြစ်ဖို့ကို ဒီအပေါ်မှာ သင်ခန်းစာယူရပါမယ်”ဟု ဗိုလ်မှူး စောလှငွေ ကပြောသည်။

တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ နိုင်ငံရေးနည်းနှင့်အဖြေရှာရမည့် နိုင်ငံရေးပဋိပက္ခများ ရှိနေကြောင်း၊ သို့သော် KNU အနေနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း KNU ဒု ဥက္ကဌ အသစ် စောဒေးဗစ်တာကပေါ က ပြောသည်။

ထို့အပြင် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လက်ခံကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ မြန်မာအစိုးရ စစ်တပ်များကို ပြန်လည် ရုတ်သိမ်းပေးရေး စသည့်အချက်များအပါအ၀င် တိကျသေချာသော စည်းကမ်းသတ်မှတ်ချက်များ အောက်တွင် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“အမှန်တကယ်သာ မြန်မာစစ်အစိုးရက စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က စားပွဲဝိုင်းမှာ တွေ့ဆုံဖို့ အဆင်သင့်ပါပဲ”ဟုလည်း ဒေးဗစ်တာကပေါ က ပြောသည်။

ရန်ကုန်မြို့ရှိ ကရင်ဘာသာရေးခေါင်းဆောင်တဦးကမူ KNU အနေနှင့် အားနည်းချက်၊ အားသာချက်များရှိနေ ကြောင်း၊ ယခုခေါင်းဆောင်ပိုင်းအနေနှင့် အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောထားကြီးကြီးနှင့် ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားဆုံးဖြတ်ရန်လိုကြောင်း ဧရာဝတီသို့ ပြောသည်။

မည်သို့ပင်ဖြစ်စေ ယခု KNU ခေါင်းဆောင်သစ်များအပေါ် ထင်မြင်ချက်ပေးရန်မှာ အလွန်အချိန်စောသေးသည်ဟု လည်း ၎င်းက ဆိုသည်။

“ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”ဟု အထက်ပါ ဘာသာရေး ခေါင်းဆောင်က ပြောဆိုသည်။
Saturday, November 1, 2008

ငရဲပန်းကို ရွှေပန်းအသွင်ပြောင်းထားတဲ့ မြှပ်ကွက်


DKBA စစ်သားများ

ဆောင်းပါးရှင် - Lt.Comet (တပ်မတော် အရာရှိတစ်ဦး)

နအဖဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဟန်ဆောင်လုပ်ဆောင်နေပေမဲ့ တဖက်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတာကို သိရက်နဲ့ ထိန်ချန်နေတဲ့အကြောင်း အတွင်းသိ တပ်မတော်အရာရှိ တစ်ဦးရဲ့  ဆောင်းပါးကို ကျွန်တော် အဲခေါင်သောင့်က စာဖတ်သူများ အတွက် တင်ပြပေးလိုက်ရပါတယ်။ ငရဲပန်းဟာ လူညွှန့် တုန်းစေတဲ့ အကြီးမားဆုံး အန္တရာယ်ဖြစ်ပေမဲ့ ၀ိသမလောဘသားတွေအတွက်တော့ ရွှေပန်းပမာ အမြတ်အစွန်း ငွေကြေး ဥစ္စာ ရရှိနေတာကို သိရှိရလို့ အခုလို ဆောင်းပါးကိုရေးပေးတဲ့ Lt.Comet(တပ်မတော် အရာရှိတစ်ဦး)အား ကျွန်တော် ကိုအဲခေါင်သောင့်မှ ကျေးဇူးတင်သလို တဆင့်ခံကူးယူခွင့်ရတဲ့ စည်းလုံးခြင်းသည်အင်အားဘလော့မှ ကိုဖိုးတရုတ်ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ပျက်စီးခြင်းတွေ များစွာနဲ့ ပျက်စီးနေပါတယ်...ဘာလို့ ဒီစကားကို ပြောရလဲဆိုတော့ အခု ကျွန်တော်တို့နိုင်ငံမှာ နအဖက နေပြီးတော့ မြှောက်စားထားတဲ့ ဒီကေဘီအေလို့ ခေါ်တဲ့ ငြိမ်းချမ်းရေး အဖွဲ့ အကြောင်းကို အရင် ပြောပြပါ့မယ်... ဒီကေဘီအေဆိုပြီးတော့ နအဖက နေပြီးတော့ မြှောက်စားထားတော့ ဘာတွေဖြစ်နေလဲဆိုတော့ ဒီကေဘီအေ အဖွဲ့ဝင်တွေဟာ မြ၀တီ-ဘားအံ (သို့) မြ၀တီ-မော်လမြိုင် ကားတွေ ပြေးဆွဲနေတာကိုတော့ ပြည်သူတွေ အားလုံးလဲသိပါတယ်... ဒီလိုသိပေမဲ့ မသိတဲ့ အချက်လေးတွေကို ပြောပြပါ့မယ်... ဒီကေဘီအေ အဖွဲ့အစည်းက ကားတွေ ဆိုရင် နအဖ စစ်တပ်က ဂိတ်တွေကလည်း စစ်ဆေးခြင်းကို မပြုကြပါဘူး... ဒီလို စစ်ဆေးခြင်း မရှိတဲ့နောက်ကွယ်မှာ ဘာတွေရှိလဲဆိုတော့ မူးယစ်ဆေးဝါးတွေ သယ်ယူနေကြပါတယ်... မူးယစ်ဆေးဝါးတွေက ဘယ်က ရလဲဆိုရင် မြိုင်ကြီးငူ ခရိုင်ထဲက တောထဲမှာ မူးယစ်ဆေးဝါးထုတ်တဲ့ စက်ရုံကို ဒီကေဘီအေ အဖွဲ့က ဦးစီးပြီးတော့ တည်ဆောက်ထားပါတယ်... ဒီလို တည်ဆောက်ပြီးတော့ ယိုးဒယားနိုင်ငံကိုလည်း တင်ပို့သလို ပြည်တွင်းမှာလည်း ဖြန့်ဖြူးခြင်းလုပ်ငန်းတွေ လုပ်နေပါတယ်... မြိုင်ကြီးငူမှာ လုပ်နေပြီးတော့ မြိုင်ကြီးငူ ဆရာတော် သိလား မသိဘူးလား ကျွန်တော် မပြောတတ်ပေမဲ့ မြိုင်ကြီးငူမှာ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စက်ရုံရှိတာကိုတော့ တိတိကျကျ သတင်းရရှိပြီး စက်ရုံက အပြင်မှာရှိတာမဟုတ်ပါဘူး... မြိုင်ကြီးငူတော ထဲမှာ တောင်တွေရှိပါတယ်... အဲဒီတောင်တွေထဲမှာ လိုဏ်ဂူ ကြီးတစ်ခုရှိပါတယ်... အဲဒီလိုဏ်ဂူထဲမှာ စက်ရုံကိုတည်ဆောက်ထားပြီးတော့ တောင်တွေ အနီးအနားမှာ သေနတ်ကိုင် ဒီကေဘီအေ တပ်သားတွေကို ကင်းချထားပါတယ်... တစ်ချို့ဒီကေဘီအေ စစ်သားတွေ မျက်စိလည် လမ်းမှားပြီး စက်ရုံရှိသော တောင်သို့ရောက်သောသူများ ရှိပါတယ်... ဒါပေမဲ့ သူတို့ရဲ့ အသက်တွေကတော့ စက်ရုံမှာဘဲထားခဲ့ကြရပါတယ်... ဒီကေဘီအေမှာရှိတဲ့ တပ်ခွဲမှူးအဆင့် အနိမ့်ဆုံးရှိသော သူများသာ အဲဒီ မူးယစ်ဆေးဝါးထုတ်လုပ်သော စက်ရုံသို့ ကိစ္စဖြင့်သွားလျှင် ရပါတယ်... ရိုးရိုး အပျော်သွား၍ မရပါဘူး... အခုလိုမျိုး စက်ရုံကနေ ထုတ်လိုက်သော မူးယစ်ဆေးဝါးတွေကို ယိုးဒယားနိုင်ငံကိုလည်း ရောင်းချသလို ပြည်တွင်းကိုလည်း ဒီကေဘီအေမှ ကားများဖြင့် တရားဝင် ပို့ပြီးရောင်းစားနေတာတွေကို နအဖက ဒီအတိုင်းကို ကြည့်နေလား... မကြည့်ပါဘူး... ပတ်သက်ရာ ပတ်သက်ကြောင်းလူတွေကို အကြောင်းကြားပေးပြီးတော့ ဖြန့်ဖြုးမှုမှာပါ ကူညီခိုင်းလိုက်ပါသေးတယ်... ဒီကေဘီအေမှ ရောင်းလိုက်သော သူအား ဘယ်တော့မှ မူးယစ်ဆေးဝါး အမှုနဲ့ မဖမ်းပါဘူး... ၂ ဆင့် ၃ ဆင့်လောက်မြောက်သော သူတွေကိုသာ ရွေးချယ်ပြီးတော့ မူးယစ်ဆေးအမှုနဲ့ ဖမ်းဆီးထောင်ချလိုက်ပါတယ်... ကဲကောင်းလိုက်တဲ့ လုပ်ကွက်လေးတွေ... အရင်က မူးယစ်ဆေးတွေ သုံးစွဲသော မောင်ဝိတ်၊ ဦးသန်းရွှေ မြေး၊ ဦးရွှေမန်း သား၊ သူတို့တွေ ဘာဖြစ်လဲ... မောင်ဝိတ် တစ်ယောက်ဘဲ အမှုကို ရင်ဆိုင်ရပါတယ်... မောင်ဝိတ်တောင်ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး...တရားရုံးစစ် ပြစ်ဒဏ်ချမှတ်ပြီးရင်လည်း မောင်ဝိတ်ကတော့ အပြင်မှာဘဲ နေနေမယ်ဆိုတာကို မြန်မာနိုင်ငံက ပြည်သူတွေ အားလုံးသိပါတယ်... ဒီကေဘီအေ အကြောင်းကို ပြန်ဆက်လိုက်ပါအုံးမယ်... ဒီကေဘီအေက တရားဝင် လိုင်စင်ရ သေနတ်ကိုင်ပြီး မူးယစ်ဆေးဝါးတွေကို ရောင်းချနေတဲ့ အဖွဲ့ ဖြစ်ပါတယ်... ဒီကေဘီအေက ခေါင်းဆောင်တွေကလည်း နအဖက ခေါင်းဆောင်တွေနဲ့ အပြိုင် အာဏာရူးရူးနေကြသူတွေ ဖြစ်ပါတယ်... သူတို့တွေဟာ လိုအပ်သော ရဲဘော်တွေကို ပိုက်ဆံနဲ့ လိုက်ဝယ်ပြီးတော့ အတင်း စစ်မှုထမ်းခိုင်းကြပါတယ်... ဒီကေဘီအေတွေဟာ ဘားအံမြို့ပေါ်မှာကို သေနတ်ကိုင်ပြီးတော့ သွားလာနေသလို မကျေနပ်သော သူများရှိပါက အသက်ကိုပါ ရန်မူနေတာကို ကရင်ပြည်နယ်မှာနေတဲ့ ကရင်လူမျိုးတွေ အပြင် မွန်ပြည်နယ်မှာရှိတဲ့ မွန်လူမျိုးတွေလည်း သိပါတယ်... အခုလိုမျိုး တရားဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးခွင့်နှင့်အတူ သေနတ်ကိုင်ပြီး လူတွေရဲ့ အသက်ကိုပါ ကြိုက်သလို လုပ်ပိုင်ခွင့်ပေးထားသော နအဖ ခေါင်းဆောင်တွေဟာ အသိဥာဏ်၊ ဦးနှောက်မှ ရှိသေးလား... မိမိနိုင်ငံကို ခေတ်မှီဖွံ့ဖြိုးတိုးတတ်သောနိုင်ငံတော်လို့ အော်အော်နေတာက ဒီကေဘီအေလို အဖွဲ့အစည်းတွေ များများရှိလာတာကို ခေါ်တာလား... ဒါမှမဟုတ်ရင် မဲဆောက်မှာ မကောင်းတဲ့ အလုပ်လုပ်နေကြရတဲ့ မြန်မာအမျိုးသမီး ဦးရေ တိုးတက်များပြားလာတာကို ပြောချင်တာလား... ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ထမင်းငတ်သော ပြည်သူဦးရေ တိုးတက်လာတာကို ခေါ်တာလား... ဒါကိုတိုးတက်တာလို့ခေါ်မယ်ဆိုရင်လည်း ဦးသန်းရွှေရဲ့ သဘောပါဘဲ... ကြိုက်သလို စဉ်းစား ဆုံးဖြတ်နိုင်ပါတယ်.......ဒါပေမဲ့ အားလုံးကိုကြောက်နေရပြီး ဝေစားမျှစားလုပ်နေရတဲ့ ဦးသန်းရွှေရဲ့ ဒုက္ခကလည်း အပြင်ပန်းကြည့်ရင်မသိနိုင်သော်လည်း အကုသိုလ်တွေ အတုံးလိုက် အတစ်လိုက် မကြာခင် တနေ့ မှာ ဘွားဘွားကြီးပေါ်လာတော့မယ်ဆိုတာ ကိုတော့ သတင်းကောင်းပါးလိုက်ပါတယ်။
Friday, October 31, 2008

နုပျိုခြင်းများဖြင့် လေဟုန်ကိုဆန်

ဆောင်းပါး
အောင်သူငြိမ်း
ကြာသပတေးနေ့၊ အောက်တိုဘာလ 23 2008 16:27 - မြန်မာစံတော်ချိန်

ကေအန်ယူ ၏ ၁၄ ကြိမ်မြောက် ညီလာခံ ကျင်းပပြီးစီးသွားသည့် သတင်းနှင့် အမျိုးသမီးခေါင်းဆောင် တဦးဖြစ်သည့် နော်စီဖိုးရာစိန်ကို အထွေထွေ အတွင်းရေးမှူးအဖြစ် ပထမဦးဆုံးအကြိမ် ရွေးချယ် တင်မြှောက်လိုက်ကြောင်း သိရှိရသည်။ အခြား မျက်နှာသစ် ခေါင်းဆောင်များလည်း တက်လာကြသည်။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန် ခေါင်းဆောင် အများအပြားက ငယ်ရွယ်သေးသူများဟု ဆိုလျှင် ရနိုင်သလို၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုထဲသို့ စ၍ လက်ဆင့်ကမ်းခဲ့ပြီဟု ဆိုလျှင်လည်း ရနိုင်ပါသည်။ ယခု ခေါင်းဆောင် အများစုမှာ ၁၉၄၉ ခုနှစ် ကရင် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သူများ မဟုတ်ကြပါ။ မျိုးဆက်သစ်များဟု ဆိုလျှင် ရနိုင်ပါသည်။

အမျိုးသမီးတဦးကို အရေးပါသည့် နေရာ တာဝန်ပေး ခန့်အပ်ခဲ့ခြင်းမှာလည်း ထူးခြားသည်ဟု ဆိုနိုင်သည်။ အမျိုးသမီးတို့၏ စွမ်းဆောင်နိုင်မှု ကဏ္ဍကို အလေးပေးလာသည်ဟု ဆိုနိုင်သကဲ့သို့၊ နောက်ထပ် ဖြစ်ထွန်းလာသည့် လူမှု လှုပ်ရှားမှုသစ်များ (တနည်း စစ်တပ်အခြေခံ မဟုတ်သည့် အရပ်ဖက် လူမှုလှုပ်ရှားမှု civil society, new social movement) များကို နေရာ ပေးလာခြင်းဟုလည်း ပြောလျှင် ရနိုင်မည်ဟု ထင်သည်။ အရပ်ဖက်အင်အားစု (civil society) အုပ်စုများနှင့် ပို၍ ဆွေးနွေး ညှိနှိုင်းမှု အားကောင်းလာသည်ဟု ပြောလျှင်လည်း ရနိုင်ပါသည်။

သို့သော်လည်း ညီလာခံ ထုတ်ပြန် ကြေညာချက်များကို မတွေ့ရသေးပါ။ မည်သို့သော မူဝါဒများ ခေတ်နှင့် အညီပြောင်းလဲ ကျင့်သုံးပါမည်နည်း။ စိတ်ဝင်စားဖွယ် ကောင်းနေသည်။ သေချာသည်ကတော့ ကေအန်ယူ ခေါင်းဆောင်မှုသစ် အနေဖြင့် ယခင်တကြိမ်က သူတို့ဘိုးဘေးများ၊ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သည့် မြေသို့ ရွှေ့ပြောင်းလာစဉ် ကာလကလို ရေထိုး၊ သဲစီး ခက်ခဲသော တော်လှန်ရေးနှင့် လူမှု လှုပ်ရှားမှု မြစ်ကြီးကို ဖြတ်သန်းကြရဦးမည် ဆိုသည်ပင် ဖြစ်ပါသည်။ ခေါင်းဆောင်မှု အသစ်အတွက် အခက်အခဲ၊ စိန်ခေါ်မှု များက စီးကြိုနေကြပါသည်။

(၁)

ကရင်လူမျိုးတို့တွင် ရှေးအစဉ်အဆက်က နှုတ်တိုက်ချပေးလာကြသည့် "ထားလင်္ကာ" များအရ သူတို့၏ သမိုင်းကို မှတ်တမ်းတင်ခဲ့ကြပါသည်။ ကရင်လူမျိုးတို့က တချိန်က မွန်ဂိုကုန်းမြင့်တွင် နေထိုင်ခဲ့ကြသည်ဟု ယူဆပြီး ဘီစီ ၁၁၂၈ ခန့် တွင် တောင်ဖက်သို့ ရွှေ့ပြောင်း အခြေချလာကြသည်ဟု ယူဆကြသည်။ ဒဏ္ဍာရီဆန်လှသည့် ခေါင်းဆောင် "ထော့မဲပါ" က ဦးဆောင်၍ အခက်အခဲများ၊ မြစ်ချောင်း၊ တောင်တန်း အတန်တန်ကို ဖြတ်၍ ပြောင်းရွှေ့လာကြသည်ဟု ယုံကြည်ကြပါသည်။ ထီးဆဲမက်ရွာကို ကရင်လူမျိုး အတော်များများက သိကြသည်။ "သဲစီးသောချောင်း" ဟု အဓိပ္ပါယ်ရပြီး မွန်ဂို ကုန်းမြေမြင့်မှ ဆင်းသက်လာရာလမ်းတွင် ဂိုဘီသဲန္တာရကို ဖြတ်သန်းခဲ့ရသည်ဟုလည်း ဖော်ပြ ပြောဆိုကြပါသည်။ ယနေ့ ကာလတွင် မြန်မာနိုင်ငံရှိ ကရင်အမျိုးသားများ၏ လူဦးရေကို ၃-၅ သန်းကြားဟု ခန့်မှန်းကြသလို၊ စင်္ကာပူ ကရင်ဆယ်မီနာ တခု၏ မှတ်တမ်းအရ ၇ သန်း (ကရင်ပြည်နယ်တွင် ၁. ၅ သန်း၊ ရန်ကုန်တိုင်းတွင် ၀. ၇၅ သန်း၊ ဧရာဝတီတိုင်းတွင် ၁. ၅ သန်း၊ ပဲခူးတိုင်းတွင် ၀. ၇၅ သန်း၊ တနင်္သာရီတိုင်းတွင် ၀. ၅ သန်း၊ မွန်ပြည်နယ်တွင် ၁ သန်းနှင့် အခြားနေရာဒေသများ တွင် ၁ သန်းခန့် ရှိနေမည်ဟု တွက်ချက် ထားကြသည်။)

သို့သော်လည်း ကရင်လူမျိုး မိတ်ဆွေတဦးက ပြောသည်ကို စိတ်မချမ်းမြေ့စွာ ကြားခဲ့ရဖူးသည်။ "ခင်ဗျား စဉ်းစားကြည့်ဗျာ။ ကျနော်တို့ ကရင်လူမျိုးတွေ အခုနှစ်များမှာ ပြောင်းရွှေ့ အခြေချနေကြရတဲ့ ဖြစ်ရပ်က အရင် မွန်ဂိုကုန်းမြင့်က အစုအပြုံလိုက် ပြောင်းရွှေ့လာပြီးတဲ့ နောက်ပိုင်းမှာ ဒုတိယအကြီးဆုံး ရွှေ့ပြောင်းရမှုကြီးလို့ ဆိုနိုင်တယ်"။

သူက ယခု တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချနေ ထိုင်ခြင်းများနှင့် ထိုင်းနိုင်ငံတွင်းရှိ သိန်းကျော်သော ဒုက္ခသည်များ၊ ပြည်တွင်း၌ အိုးအိမ်အခြေပျက်၍ ရွှေ့ပြောင်းထွက်ပြေး နေကြသော ပြည်တွင်းဒုက္ခသည် IDPs များကို ရည်ရွယ်ပြောခြင်း ဖြစ်ပါသည်။ သူပြောသည်မှာ ဖြစ်လည်း ဖြစ်နိုင်ပါသည်။

ဒုက္ခသည်စခန်းများတွင် ကရင်လူမျိုး အရေအတွက် ၂ သိန်းခန့် ရှိနေပြီး၊ (တီဘီဘီစီ) အဖွဲ့အဆိုအရ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် ပြည်တွင်းဒုက္ခသည် IDPs အရေအတွက် ၅ သိန်းကျော် ရှိသည်ဟု ခန့်မှန်းထားရာ၊ အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြပါသည်။

ထိုမျှမက ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် တရားမ၀င် လာရောက်ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေသူ အများအပြားလည်း ရှိနေပါသေးသည်။ မိန်းမပျိုလေးဟု ခေါ်သော ကရင်စကား "မူးနော်" က ယခု တော့ "အိမ်ဖော်၊ အိမ်စေ" ဟု အဓိပ္ပါယ် ဖြစ်လာကြောင်း ထိုင်းနယ်စပ်ရှိ ကရင်လူမျိုးများ အခြေအနေကို မခိုင်မာကျော်ဇော ကလည်း စာရေးဖူးသည်။ ကရင်ပြည်နယ် အတွင်းရှိ ရွာများတွင် အားကောင်းမောင်းသန် လူငယ်မကျန်တော့၊ ကလေးများ နှင့် ကျီးစောင့်ကြက်နှင် အဖိုးအဖွားအိုများသာ ကျန်ရှိတော့ကြောင်းလည်း မျက်မြင်အချို့က ပြောပြကြပါသည်။ နှစ်ရှည် ကြာမြင့်လာပြီ ဖြစ်သည့် ပြည်တွင်းစစ်၏ ဒဏ်များ ဖြစ်နိုင်သလို၊ စီးပွားရေး ဆုတ်ယုတ်ကျဆင်းလာသည့် တနိုင်ငံလုံး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။

(၂)

ဤဖက်ပေါင်းစုံ အခြေအနေများကို တွေးလျှင် ကရင် ခေါင်းဆောင်မှုသစ်အတွက် မေးခွန်းများစွာ ရှိလာနိုင်ပါသည်။

အမျိုးသားရေး အာမခံချက် အတွက်နှင့် လွတ်မြောက်ရေး စစ်ပွဲကို ဆက်လက် ဆင်နွှဲမည်ဟု ဆိုပါသည်။ မလွတ်မြောက်သော လူမျိုးတမျိုးက ခုခံကာကွယ် စစ်ဆင်နေရမည့် အရေးကို မေးခွန်းထုတ်ဖွယ် မရှိပါ။ သို့သော်လည်း မပြီးမစီးနိုင် စစ်ပွဲ၏ အကျိုးဆက်များကို ဆက်၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်ပြီဟု ထင်လာမိသည်။

ပညာရှင်များက ပြေလည်မှု မရနိုင်တော့မည့် ပဋိပက္ခမျိုး (Intractability of conflict) ရှိသည်ဟု လေ့လာချက်အရ ဆိုခဲ့ကြ ဖူးသည်။ ပဋိပက္ခက နှစ်ရှည်လာပြီး အမယ်ဘုတ်သူ့ချည်ခင် ရှင်းရမရတော့မည့် ကိစ္စမျိုးကို ဆိုကြခြင်း ဖြစ်ပါသည်။ ဂျွန် ပေါလ် လက်ဒရစ် (John Paul Lederach) က ပြေလည်မှုမရနိုင်တော့မည့် ပဋိပက္ခမျိုးဟု အဓိပ္ပါယ်ဖွင့်ရာတွင် ခေါင်းမာ တင်းခံနေသည့်၊ ပြင်းထန်သည့်၊ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့်၊ ပြေလည်မှုရရန် ခက်ခဲသည့် ပဋိပက္ခမျိုးဟု ဆိုသည်။

တိုင်းထွာမှုအရ တနှစ်လျှင် လူ ၁၀၀၀+ သေဆုံးနေရသည့် လက်နက်ကိုင် ပဋိပက္ခမျိုးကို သူက "စစ်" ဟု သတ်မှတ်သည်။ အကယ်၍ ဤသို့ လူ ၁၀၀၀+ သေဆုံးရမှုက ဆယ်စုနှစ်တခု၊ နှစ်ခုထက်ပို၍ ကြာရှည် ဖြစ်လာပြီဆိုလျှင် လက်ဒရစ်က "ပြေလည်မှု မရနိုင်သည့် ပဋိပက္ခ" ထဲသို့ ထည့်လိုက်ပါသည်။ သူတင် ကိုယ်တင် ရန်ကြွေးများကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဤသတ်မှတ်ချက်အရဆိုလျှင် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်လာခဲ့သော ကေအန်ယူ၏ တော်လှန်ရေးသည် ဆယ်စုနှစ် ၆ ခု တိုင်တော့မည် ဖြစ်သည်။ ကမ္ဘာ့သက်တမ်း အရှည်ဆုံး တော်လှန်ရေးတခုဟု ဂုဏ်ယူဖို့ ရှိပါသည်။ သို့သော်လည်း ဤစစ်ပွဲအတွင်းမှာပင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့၏ အသက်အိုးအိမ်၊ စည်းစိမ်၊ ဘ၀၊ အနာဂတ် အလားအလာများ ပျက်စီး ဆုံးရှုံးခဲ့ကြရသကဲ့သို့ နောက်ဆုံး မြန်မာတနိုင်ငံလုံးသည်ပင် ပြည်တွင်းစစ်ကြောင့် ကျရှုံးနိုင်ငံ (failed state) ဖြစ်လုတည်းတည်း အခြေအနေသို့ ဆိုက်နေရပြီ ဖြစ်သည်။

ဤအခြေအနေတွင် ကေအန်ယူအနေနှင့် တွေ့ဆုံငြိမ်းချမ်းရေး၊ ဆွေးနွေးအဖြေရှာရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို မငြင်း ပယ်ခဲ့ပါ။ သို့သော်လည်း ဤသို့ ပြေလည်မှု မရနိုင်တော့သည့် ပဋိပက္ခအဖြစ်သို့ ကျဆင်းရမည့် ထောင်ချောက်မှ ရုန်း ထွက်ရန် လိုအပ်ပါသည်။ ဤသို့ ဖြစ်စေရန်အတွက်လည်း ဖက်အသီးသီးမှ အားစိုက်ထုတ် ကြိုးပမ်းရမှုများ၊ သဘောထား ကြီးရမှု၊ အနစ်နာခံရမှုများလည်း လိုအပ်လိမ့်ဦးမည်သာ ဖြစ်ပါသည်။

သို့သော်လည်း မိမိက မျက်စိထဲ မြင်ကြည့်သည်။ ကေအန်ယူနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲသစ်များတွင် အမျိုးသမီး အထွေထွေ အတွင်းရေးမှူးသစ်က စားပွဲတဖက်တွင် ကေအန်ယူ ကိုယ်စားလှယ်အဖြစ် ထိုင်နေသည် ဆိုပါစို့။ ရှေးရိုးစွဲဆန်လွန်းသော၊ မဟာဖိုဝါဒီ၊ စစ်ဝါဒီ အယူအဆများကို ကိုယ်စားပြုထားသည့် စစ်အစိုးရဗိုလ်ချုပ်များအဖို့ အတော် မသက်မသာ ရှိနိုင်ပါသည်။ ယခင်က ကေအန်ယူနှင့် မြန်မာအစိုးရခေါင်းဆောင်များ ဆွေးနွေးပွဲများတွင် အမျိုးသမီးများ မပါဝင်ခဲ့ကြဖူးသည် မဟုတ်ပါ။ ၁၉၄၉ ခုနှစ်၊ ဧပြီ ၆ ဖဆပလ အစိုးရနှင့် ဆွေးနွေးပွဲတွင်သာ မစ္စက် ဘမောင်ချိန်က ကြား ခုံသမာဓိလူကြီးအဖြစ် ပါခဲ့ဖူးသည်။ နောက်ပိုင်း ဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်များ မတွေ့ခဲ့ရပါ။ အကယ်၍ ယခုတကြိမ် ပြန်၍ စစ်အစိုးရနှင့် ကေအန်ယူအကြား ဆွေးနွေးပွဲဖြစ်ခဲ့လျှင် အသစ်အဆန်း အတွေ့အကြုံ ဖြစ်နိုင်သလို၊ တိတ်ဆိတ်မှုများ ဖြိုခွင်းခဲ့သည့် (တနည်း ကရင်ပြည်နယ် အတွင်း စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖွင့်ချ ဖော်ထုတ်ခဲ့သည့် "Shattering Silences report ထုတ်ဝေခဲ့သည့်) အမျိုးသမီး ခေါင်းဆောင်တဦးကို မည်သို့မည်ပုံ တုံ့ပြန် မည်ဆိုသည်ကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

တပြိုင်နက်တည်းမှာပင် ကေအန်ယူ ခေါင်းဆောင်မှု အနေနှင့် လူမျိုးရေးအရ စဉ်းစားမည်ဆိုလျှင်လည်း မေးခွန်းများ ရှိနေပါ သည်။ ကျနော့်မိတ်ဆွေ ညည်းညူပြောဆိုခဲ့သလို ကရင်လူမျိုးများ အစုအပြုံလိုက် ပြောင်းရွှေ့နေကြရမှုက မွန်ဂိုလီးယား ဒေသမှ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသည့် ကာလ၊ စတင်ပြောင်းရွှေ့ အခြေချလာချိန်မှစ၍ ယခုအချိန်သည် နောက်ထပ် "ဒုတိယအကြိမ် ပြောင်းရွှေ့အခြေချရမှု" (second migration) ဟု ခေါ်ဆိုရလောက်အောင် ပြဿနာ ကြီးကျယ်နေပါပြီလား။ သို့ဆိုလျှင် ဤပြဿနာကို လူမျိုးရေးအရ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဟု မြင်လာပါသည်။ ပြောရလျှင် ယနေ့ အခြေအနေသည် ကရင်လူမျိုးများအတွင်း သွေးစည်းညီညွတ်မှု၊ စုစည်းနိုင်မှု အားအနည်းဆုံး အခြေအနေကဲ့သို့ ဖြစ်နေပါသည်။ စစ်အစိုးရ တက်လာချိန် ၁၉၈၈ ခုနှစ်မှစ၍ နယ်စပ်ရှိ လွတ်မြောက်နယ်မြေ၊ အခြေစိုက်စခန်းများ ဆုံးရှုံးခဲ့ရသည်။ ကရင်အမျိုးသားရေး လှုပ်ရှားမှုတွင် အင်အား အကြီးဆုံး ဖြစ်သည့် ကေအန်ယူမှ အင်အားများ (စစ်အစိုးရ၏ သွေးခွဲသပ်လျှိုမှုကြောင့်ပင် ဆိုဆို) ကွဲပဲ့ထွက်ခဲ့ကြရသည်။ ဒီကေဘီအေ၊ ယခင် ဗိုလ်မှူးသုမူဟဲ ဦးဆောင်သည့် တပ်ရင်း ၁၆-အုပ်စုများ၊ ဖဒိုအောင်ဆန်းဦးဆောင်သည့် ဘုရားကုန်း ကရင်ငြိမ်းချမ်းရေးအဖွဲ့မှသည် နောက်ဆုံး တပ်မဟာ-၇ တပ်မှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်သည့် အင်အားများ ကွဲထွက်ခဲ့ရသည်။ ပိုဆိုးသည်မှာ အချင်းချင်း သွေးထွက်သံယို တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများပါ ဆက်လက် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပါသည်။ ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာသည်ပင် ဤသို့ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက် ဆုံးရှုံးခဲ့ရပါသည်။

ကရင်အမျိုးသားထုများအတွင်း အမျိုးသား သွေးစည်းညီညွတ်ရေး အရေးတကြီး လိုအပ်နေပြီဟု ကျနော်ဆိုချင်ပါသည်။ သို့ဆိုလျှင် အသစ်တက်လာသည့် ခေါင်းဆောင်မှုအဖို့ ကရင်တိုင်းရင်းသား အချင်းချင်း သွေးထွက်သံယို တိုက်ခိုက်နေမှုများကို အလျှင်အမြန် ရပ်စဲပစ်ရန် လိုအပ်ပါလိမ့်မည်။ စကော၊ ပိုး၊ တောင်ပေါ်၊ မြေပြန့် စသည့် ကရင်အမျိုးသား အုပ်စုများကြား သာမက နိုင်ငံရေးအရ အမြင်၊ မဟာဗျူဟာ ကွဲပြားနေသည့် အုပ်စုများကြားတွင်ပါ ဘုံတူညီနိုင်သည့် အနိမ့်ဆုံး လုပ်ငန်းစဉ်များကို ရှာဖွေ၍ အမျိုးသား ညီညွတ်ရေးကို အရေးတကြီး ပြန်လည် တည်ဆောက်ရတော့မည့် အချိန်ဖြစ်ပါသည်။ မည်သို့သော မဟာဗျူဟာကို ချမှတ်သည်ဖြစ်စေ အာဃာတများဘေးချိတ်၍ အမျိုးသား ညီညွတ်ရေးကို ပြန်လည် ခေါင်းငဲ့ကြည့်ရတော့မည့် အချိန်လည်း ဖြစ်ပါသည်။

ကေအန်ယူအနေနှင့် လက်နက်ကိုင် တော်လှန်ရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သော်လည်း အခြားသော အမျိုးသားရေး အကျိုးစီးပွားဆိုင်ရာ ကိစ္စများကိုလည်း ဆက်လက်စဉ်းစားရန် လိုအပ်လိမ့်မည်ဟု ယူဆပါသည်။ ၂၀၀၃ ခုနှစ်က စင်္ကာပူနိုင်ငံတွင် ကရင်အမျိုးသား ဆယ်မီနာတခု ကျင်းပဖူးပြီး၊ ပြည်တွင်း ပြည်ပရှိ အချို့သော ကရင်အမျိုးသား များက ကရင်အမျိုးသား နိုင်ငံတော် (nation ဟု သုံးထားသောကြောင့် ဖြစ်ပါသည်။) ပြန်လည် ထူထောင်နိုင်ရေးအတွက် ကဏ္ဍ ပေါင်းစုံ လမ်းပြမြေပုံ ၁၂ ခုကို ရေးခဲ့ဖူးကြပါသည်။ (ရပ်ရွာဖွံ့ဖြိုးရေး လမ်းပြမြေပုံ၊ ယဉ်ကျေးမှု၊ စာပေနှင့် ဘာသာ စကား ဆိုင်ရာ လမ်းပြမြေပုံ၊ စီးပွား ဘဏ္ဍာနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လမ်းပြမြေပုံ၊ အခြေခံ အဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာရင်းအင်းနှင့်ဒေတာဘေ့စ် ဆိုင်ရာကိစ္စ၊ နောက်ဆုံး နိုင်ငံရေး အုပ်ချုပ်ရေးရာနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ လမ်းပြမြေပုံများကို စိတ်ကူးမှန်းဆ၍ ပုံထုတ်ခဲ့ကြဖူးပါသည်။) ဤအစည်းအဝေး၏ စဉ်းစားချက်များက သိပ်ပြီး လက်တွေ့မဆန် စိတ်ကူးယဉ်လွန်းနေသည်လည်း ဖြစ်နိုင်ပါသည်။ ရှေ့ကို ရောက်နေနှင့်သည်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ ကေအန်ယူ ခေါင်းဆောင်မှု အသစ်အနေနှင့် ပို၍ ဖက်ပေါင်းစုံသည့် အနာဂတ် ရေးစဉ်းစားချက်များကို ပြင်ဆင်သင့်သည့် အချိန် ဖြစ်သည်ကတော့ အမှန်ပင် ဖြစ်ပါသည်။ ယခု ညီလာခံရလဒ်များတွင် အလားတူ စဉ်းစားချက်များ ရှိခဲ့မည်ဟုလည်း ယူဆပါသည်။ ထိုမျှမက ပြည်တွင်း ပြည်ပ ကရင်အမျိုးသား အင်အားစုများ ပူးပေါင်း၍ မိမိတို့လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးစီးပွားအတွက် မည်သို့ မည်ပုံ ဆောင်ရွက်နိုင်မည်ကိုလည်း ခေါင်းချင်း ရိုက်ရတော့မည့် အချိန် ဖြစ်ပါသည်။ ထိုမျှမက အရည်အသွေး မြှင့်တင်ရေး ကိစ္စများကိုလည်း အာရုံထား ဆောင်ရွက်ရန် လိုအပ်လာပါလိမ့်ဦးမည်။

အနာဂတ်က ဝေးပါသေးသည် ထားဦး။ ကေအန်ယူ အဖွဲ့အစည်း၏ ရပ်တည်ရေးကို အနီးကပ် ခြိမ်းခြောက်နေသည့် ကိစ္စများလည်း ရှိနေပါသေးသည်။ သဘာ၀၀န်းကျင်ကို အကန့်အသတ်မရှိ ဖျက်ဆီး အသုံးချနေမှုများနှင့် သံလွင်မြစ်ပေါ်တွင် ဆည်များ တည်ဆောက်တော့မည့် ကိစ္စ ဖြစ်သည်။ စင်္ကာပူ၌ ကျင်းပခဲ့သည့် (၂၀၀၃) ကရင် ဆယ်မီနာက အကယ်၍ ကရင်ပြည်နယ်တွင် အေးအေးချမ်းချမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရခဲ့လျှင် ဘိလပ်မြေစက်ရုံ အပါအ၀င်၊ ရေအရင်းအမြစ်များ အသုံးချမှု (ရေအားလျှပ်စစ်ထုတ် ဆည်များ) နှင့် အခြားလုပ်ငန်းများကြောင့် လာမည့် နှစ် ၂၀ အတွင်း အမျိုးသားစုစုပေါင်း ထွက်ကုန်တန်ဖိုး (GDP) တနှစ်လျှင် အမေရိကန် ဒေါ်လာသန်းပေါင်း (၅၀၀၀) မှ (၇၀၀၀) ကြား ရရှိနိုင်မည် ဟု ခန့်မှန်းခဲ့ကြဖူးသည်။ သို့သော်လည်း လက်ငင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်တော့မည့် ဆည်များက ကေအန်ယူ အဖွဲ့၏ တည်ရှိမှုကိုပါ ခြိမ်းခြောက်နေခဲ့ပြီ ဖြစ်သည်။ ဒေါ်လာ သန်း ၁,၀၀၀ ရင်းနှီး မြှုပ်နှံမှုရှိသည့် ဟတ်ကြီးဆည်ကို မကြာမီ စတင် တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လျှပ်စစ် တင်ပို့ရောင်းချနိုင်မည်ဟု ထိုင်းနိုင်ငံရှိ EGAT ကုမ္ပဏီက ကြေညာထားပြီး ဖြစ်သည်။ ဟတ်ကြီးဆည်ပြီးလျှင် ၀ဲကြီးနှင့် ဒါးကွင်းဆည်များကို ဆက်လက် တည်ဆောက်ကြ ဦးမည် ဖြစ်သည်။ ဤနေရာများက ကရင်တော်လှန်ရေးတပ်များ အခြေပြုနေကြသည့် နေရာများ ဖြစ်နေပါသည်။ ခေါင်းဆောင်မှုအသစ် အနေနှင့် ဤသို့ ခြိမ်းခြောက်လာတော့မည့် ရပ်တည်ရေးဆိုင်ရာ ကိစ္စများကိုလည်း ယှဉ်၍ စဉ်းစားရဖွယ် ရှိနေပါသည်။

နောက်ဆုံး ပြောရသော်လည်း အရေးကြီးသည့် ကိစ္စများ ရှိပါသေးသည်။ ကေအန်ယူ ခေါင်းဆောင်မှု အသစ်အနေနှင့် မိမိ လူမျိုးတရပ်လုံးနှင့် အခြားသော တော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများအတွက် မည်သို့ စိတ်အားတက်ဖွယ် မျှော်လင့်ချက်၊ ရည်မျှော်မှန်းချက်များ (Vision, Hope) ပေးမည်နည်း ဆိုသည့် ကိစ္စပင် ဖြစ်ပါသည်။ လူအများက အလှည့်အပြောင်းကို တောင်းတနေကြပါသည်။ ၀ါရင့် သဘာရင့် အဖွဲ့ကြီးတခု ဖြစ်သည့် ကေအန်ယူအနေနှင့် ဤကိစ္စကို လည်း ချွင်းချန်ထား၍ စဉ်းစားရန် မဖြစ်နိုင်ပါ။

ခေါင်းဆောင်မှုသစ်အတွက် လျှောက်လှမ်းရမည့် လမ်းက အခက်အခဲများ များပြား လွန်းနေပါသည်။ သို့အတွက်ကြောင့်လည်း ကျနော်က ကရင်လူမျိုးများ ဖြတ်သန်းခဲ့ရာ ရေထိုးသဲစီး မြစ်ကြီးဧရာနှင့် ဤအခက်အခဲ ပြဿနာ များကို နှိုင်းယှဉ်၍ ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဒဏ္ဍာရီထဲက ထော်မဲ့ပါလည်း သမိုင်းအသစ်တွင် ရှိနိုင်ပါသေးသည်။ ကရင်လူကြီးများ ဆိုခဲ့ကြသည့် ရှေးဟောင်းထား ကဗျာတပုဒ်အတိုင်း ဖြစ်လာစေဖို့သာ မျှော်လင့်စိတ်ကူးနေမိပါ တော့သည်။

"သာယာဝပြောသော နိုင်ငံ ............

ထိုဒေသ၌ ကလေးသူငယ်များ ညှိုးနွမ်းခြင်းမရှိဘဲ လှည့်ပတ်ပြေးကစားလျှက် ရှိကြပါသည်။

သင်ရော ကျန်ုပ်ပါ ကြီးသူငယ်သူအားလုံး ပြန်လည်ဆုံဆည်း မြင်တွေ့ကြရလိမ့်ဦးမည်ဟု

မျှော်လင့်လွမ်းဆွတ် တသမိပါသည်။"


အောင်သူငြိမ်း
အောက်တိုဘာ ၂၃၊ ၂၀၀၈။

အကိုးအကား

၁။ ကရင့်သမိုင်းနှင့် ရိုးရာဖြတ်ထုံးများ။ (မန်းလင်းမြတ်ကျော်၏ ရေးသားချက် ကောက်နှုတ်) Drum Publication Group၊ ၂၀၀၆ အောက်တိုဘာလ။

၂။ Across the River of Running Sand: The Ethnic Karens of Burma – Origin and Folktales, Pa Thoo Plie,

၃။ Building Our Nation, Singapore Karen Seminar 2003, Meeting Minute.

၎။ John Paul Lederach, Building Peace: Sustainable Reconciliation in Divided Society, 1999, Third Printing, Washington D.C.: United States Institute of Peace Press.