ပြည်ပရောက် ကရင်အမျိုးသားများဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)မှ ထိုင်းနိုင်ငံရောက် ကရင်အမျိုးသားများအတွက် အပတ်စဉ် တနင်္ဂနွေနေ့တွင် အခြေခံ ထိုင်းစာနှင့် အင်္ဂလိပ်စာကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်၊
၆လကြာမည့် အဆိုပါအပတ်စဉ်သင်တန်းကို ခေါင်တိန်ဘုရားတွင် အောက်တိုဘာလ ၁၂ရက်နေ့ က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်၊
လာမည့်အပတ်စဉ်သင်တန်းများအတွက်ကို ၂၊၁၁၊၂၀၀၈ နေ့ တွင် ဆက်လက်စာရင်းလက်ခံသွားမည်ဟုလည်း သိရှိရသည်၊
ထို့ အပြင် တစ်လာကြာမည့် ကိုယ်ထူကိုယ်ထ အခြေခံအပတ်စဉ်ကွန်ပျူတာသင်တန်းကိုလည်း အပတ်စဉ် ၄အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကာ စိတ်ဝင်စားသူများအနေဖြင့် ယခုလပိုင်းတွင် ဆက်လက်လက်ခံမည်ဖြစ်ကြောင်းလည်း သိရရှိရသည်၊
ထို့ ကြောင့် အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံရပ်ခြားတွင် အလုပ်လာရောက်လုပ်ကိုင်ကြသည့်သူများအတွက် တဖက်တလှမ်းအနေဖြင့် ပညာသင်ယူနိုင်မည်ဖြစ်သည်၊