Wednesday, December 17, 2008

ရာနှင့်ချီသည့် ကရင်ဒေသခံများ နအဖတပ်ရိကာသယ်ပိုးရန် လုပ်အားပေးနေရ


ကရင်သတင်းစဉ်(KIC)
ကရင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အခြေစိုက်သည့် နအဖတပ်မ ၁၀၁က ၄င်းတို့ ၏ တပ်စခန်းအတွက် ရိကာနှင့် စက်လက်နက်ပစည်းများကို သယ်ပို့ ရန် ရာနှင့်ချီသည့် ဒေသခံပြည်သူများကို အတင်းအဓမ ခေါ်ယူစေခိုင်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတပ်သည် ဒီဇင်ဘာ ၁၃ရက်နေ့ မှ စရွေ့  ကျောက်ကြီးမြို့ နယ်အတွင်းရှိ ၄င်းတို့ ၏ တပ်စခန်းများဖြစ်သည့် ကွီးလာ၊ လယ်ဝါး၊ ဆော်နယ်ဒဲစခန်းများသို့  ရိကာနှင့် စစ်လက်နက်ပစည်းများ သယ်ပို့ ရန် ထောကထာ့၊ ပဒဲကော၊ မဘီးကျေးရွာအုပ်စုမှ အုပ်စုတစုလျှင် လှည်းအစီး ၅၀စီးနှင့် ရွာသား ၅၀ဦးကို ခေါ်ယူခိုင်းစေခဲ့သည်ဟု နယ်ခံတဦးက ယခုလို ပြောဆိုသည်။

ဒီဇင်ဘာ ၁၀ရက်နေ့က ဒိုယ်နယ်ဥကဌတွေကို ခေါ်ယူပြီး ကျေးရွာအုပ်စုတစုကို လူအထမ်းသား ၅၀နဲ့ လှည်းအစီး ၅၀စီပို့ပေးဖို့ရွာသူကြီးတွေကို တဆင့်ညွန်ကြားခိုင်းတယ်။ စခန်းတခုမှာ တနှစ်အတွက် လိုအပ်တဲ့ ပစည်းတွေ အဓိကတော့ ဆန်နဲ့လက်နက်ကျဉ်ဆန်တွေကို ၁၃ရက်နေ့ကစပြီး ရွာသားတွေ သယ်ပို့နေရပြီး။ လှည်းက သပ်သပ်၊ လူကသပ်သပ်မသွားမဖြစ်သွားနေရတာပေါ့ ဟု ကရင်သတင်းစဉ်ကို ပြောသည်။

၎င်းကျေးရွာအုပ်စုများမှ ခြေလျင်ဖြင့် လေးနာရီခရီး ကွာဝေးသည့် အဆိုပါစခန်းများသို့ သွားရာတွင် ကားလမ်းမဟုတ်သဖြင့် လမ်းမှာ ကြမ်းတမ်းပြီး တပ်ရိကာပို့ရာတွင် လှည်းရောလူပါ ပင်ပန်းခက်ခဲစွာ သွားလာပို့ဆောင်ပေးနေရသည့်အပြင် ဒေသခံရွာသားများမှာ မိမိတို့၏ကိုယ်ပိုင်လုပ်ငန်းကိုပင် လုပ်ကိုင်နိုင်ခြင်းမရှိဟု သိရသည်။

အဆိုပါနယ်ခံက အရင်က (ခလရ ၅၇၊ ၄၅၁၊ ၃၄၉)တပ်တွေက ပြောင်းသွားပြီး၊ ဒီနှစ်ဇန်န၀ါရီလကတည်းက (၁၀၁)တပ်မတခုလုံး လာရောက်အခြေစိုက်တဲ့အခါကျတော့ ကျနော်တို့ဒေသခံတွေဟာ အရင်ကထက် အဆပေါင်းများစွာလုပ်အားပေးနေရတယ်။ နေ့တိုင်းလိုလိုပဲ သူတို့ရဲ့အလုပ်ကို သွားလုပ်ပေးနေရတယ်။ ကိုယ်ပိုင်အလုပ်လည်း မလုပ်အား၊ သွားလာရတာလည်း ကျဉ်းကြပ်တယ်ဟု ပြောသည်။

အလားတူ ဒီဇင်ဘာ ၁၂ရက်နေ့က နအဖ ခမရ ၁၄၉တပ်ဖွဲ့ သည် ပဲခူးတိုင်းအရှေ့ ဘက်ခြမ်းရှိ တောင်ငူခရိုင် ထန်းတပင်မြို့ နယ်တွင် ရှားဇီးဘို၊ ယယ်ရှူ၊ ဇီးဖြူကုန်းနှင့် တောကူစသည့်ကျေးရွာများမှ အမျိုးသမီး ၈၀ဦးအပါအ၀င် ရွာသူရွာသား ၂၀၀ဦးကို ခေါ်ယူပြီး ပေါ်မူခီးမှ ထီးညာ့ပယ်လိုစခန်းသို့ တပ်ရကာများ သယ်ပို့ခိုင်းခြင်း၊ ဒီဇင်ဘာ ၉ရက်နေ့ကလည်း ရှားဇီးဘိုရွာမှ လှည်းအစီး ၁၀၀ကို အဆိုပါစခန်းသို့ ရိကာများပို့ခိုင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ သတင်းများအရ သိရသည်။

နအဖသည် ထိုကဲ့သို့ဒေသခံပြည်သူများကို လူဦးရေအလုံးအရင်းဖြင့် အတင်းခိုင်းစေပြီး ၄င်း၏တပ်စခန်းများအတွက် လိုအပ်သည့်ရိကာနှင့် စက်လက်နက်ပစည်းများကို စုဆောင်းနေခြင်းသည် ပွင့်လင်းရာသီတွင် ကေအဲန်ယူကို ထိုးစစ်ဆင်လာနိုင်သည့်အသွင်ဖြစ်သဖြင့် ထိုသို့လှုပ်ရှားလာမည်ဆိုပါက ပြည်လည်ခုခံရန် အဆင်သင့်ရှိနေသည်ဟု ကေအဲန်ယူ တပ်မဟာ၃မှ တာဝန်ရှိသူတဦးက ပြောသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments: