Friday, December 5, 2008

ကရင်လူငယ်အမျိုးသမီးတဦး နိုဘယ်ဆုရှင် ဒလိုင်းလားမားနှင့် တွေ့ ဆုံမည်


ကရင်လူငယ်အမျိုးသမီးတဦးဖြစ်တဲ့ နန့် ဇိုယာဖန်းဟာ လာမယ့် ဒီဇင်ဘာ ၁၄ရက်နေ့ မှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘာ သာရေးခေါင်းဆောင် ဒလိုင်းလားမားနဲ့  တွေ့  ဆုံမယ့်အကြောင်း ဘားမားကမ်ပင်း ယူကေ(Burma campaign-UK)မှ ပေးပို့ တဲ့ အီးမေးလ်မှာ လက်ခံသတင်းရရှိပါတယ်။
ဥရောပအလယ်ပိုင်း ပိုလန်နိုင်ငံမှာ တွေ့ ဆုံမယ်လို့ လည်း အဆိုပါပေးပို့ တဲ့ အီးမေးလ်မှာ ဆက်လက်ဖော်ပြထားပါသေးတယ်။
နန့် ဇိုယာဖန်းဟာ ယခင်နှစ်လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့တဲ့ ကေအဲန်ယူအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလား ဖန်းရဲ့ သမီးတဦးဖြစ်ပြီး ယခုအခါ အင်္ဂလန်နိုင်ငံတွင် ခိုလှုံနေထိုင်လျက်ရှိပါတယ်။
နန့် ဇိုယာဖန်းဟာ ကရင့်အရေး၊ မြန်မာပြည်ဒီမိုကရေစီအရေးမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားသူတဦးဖြစ်တဲ့အပြင် မြန်မာ့အရေး ကို လုပ်ဆောင်တဲ့ ဘားမားကမ်ပင်းယူကေ(Burma campaign-UK)ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။
သွားရောက်တွေ့ ဆုံမယ့်အကြောင်းကိုတော့ အီးမေးလ်ထဲမှာ သေသေချာချာ ရေးထားတာ မရှိပေမယ့်လည်း မြန်မာပြည်အရေးနဲ့ ပတ်သက်ဖို့ များမယ်လို့  ယူဆရပါတယ်။
သူမနဲ့တွေ့ ဆုံမယ့် ဒလိုင်းလားမားဆိုရင်လည်း မြန်မာ့ဒီမိုကရေစီရရှိရေးအတွက် တက်တက်ကြွကြွ ပါဝင်လှုပ်ဆောင်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ကျော်အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments: