Monday, September 22, 2008
မိစ္ဆာရေးတဲ့ ပန်းချီ
Posted by
အဲခေါင်သောင့်
at
7:32 PM
ပုံပြင်လို့  ပြောရလောက်အောင်လည်း--
သွေးညှီနံတွေမှ မပျောက်သေးတာပဲ-
ကျွှန်းပင်ငုတ်ကြီးရဲ့ အပူငွေ့ တွေကလည်း
လေထဲမှာ ဝေ့၀ဲနေတုန်းပဲလေ--
စကားတခွန်းသာ ဆိုခဲ့ရှာတယ်--
-တောင်ယာတွေနဲ့ ဘ၀ကို ရင်းနှီးကြီးပြင်းသူတွေကိုမှ
သူပုန်လို့ မှတ် သတ်ဖြတ်ကြတာ
ဝဋ်ကြွေးရှိခဲ့လို့  သာပေါ့ကွယ်--
ရာသီစက်ဝန်းထဲမှာ
မှိုတိုး၊ မြစ်ရှာ
ဂဏန်းရိုက်၊ ဖားရိုက်
ရှည့်လိုက်၊ နွားကျောင်း
မောင်းထောင်း၊ ဆန်ပြာ
နေ၀င်မိုးချုပ်
ရိုးကုတ်စွာနဲ့  ဘ၀ကို ဆင်သရှာတဲ့ ရွာကလေး
အခုတော့---
ပြာပုံတွေ ဖွေးလို့ --
ဒီတောဒီတောင် ဒီချောင်းနဲ့ 
ဒီရွာလေးမှာပဲ မွေးတယ်။
ဒီမြေထဲမှာပဲ သေချင်တယ်ဆိုတဲ့
သူတို့ တတွေ ဘယ်လိုစားဘယ်လိုနေ ဘယ်လိုများ-----
ဒီနေရာလေးမှာပဲ
သူတို့ တတွေ ကောက်သစ်စားပွဲ ကျင်းပခဲ့ကြ၊
မှတ်မှတ်ရရ သင်တိုင်းဖြူမရဲ့
သန့် ရှင်းတဲ့ အပြုံးတစ
ငါရခဲ့တာလည်း----
နှလုံးသား
နားနဲ့ မျက်စိ ရှိတဲ့ဘဝ
ငါမရချင်ပါ
အိုး---ဘုရားသခင်
ကျောက်ဖြစ်ရုပ်ကြွင်း
ငါ့အား ဖန်ဆင်းတော်မူလည့်ပါ၊
ို
ခိုင်မာကျော်ဇော
သူနူးထူးဂျာနယ် အမှတ် ၁ အတွဲ ၄မှ ကဗျာဆရာမကြီးနော်ခိုင်မာကျော်ဇောရဲ့ ကဗျာကို ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)