Friday, September 19, 2008

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဌာနချုပ်မှ တပ်မှူးများနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆွေးနွေးခန်း


ပဒိုအောင်မော်အေး
ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဌာနချုပ်မှ တပ်မှူးအချို့နှင့်အုပ်ချုပ်ရေးခေါင်းဆောင်အချို့  ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ မကြာခင်က တပ်မဟာ (၇) ဌာနချုပ်မှာ ဒူးတိုက်ဆွေးနွေးခွင့်ရခဲ့သည်။ အဆိုပါ ဆွေးနွေးဝိုင်းတွင် ဘားအံခရိုင် ကေအန်ယူအတွင်းရေးမှူး ပဒိုအောင်မော်အေးက ဦးစိန်ကျော်လှိုင်နဲ့  အခုလိုဆွေးနွေးသွားပါတယ်။

မေး။ ။ ပထမဆုံးအနေနဲ့ ဘားအံခရိုင်အတွင်းရေးမှူး ကေအန်ယူ ပဒိုအောင်မော်အေးကို ကျနော် မေးပါရစေ။ ကျနော်တို့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဗမာ့နိုင်ငံရေးအခြေအနေ၊ နောက်တခါ ကျနော်တို့ ကေအန်ယူ လုပ်ကိုင်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အကြမ်းဖျင်းပေါ့လေ ဒီမြန်မာ နိုင်ငံထဲက ပြည်သူတွေ၊ တိုင်းရင်းသားတွေသိအောင် ဘာများ ပြောချင်လဲခင်ဗျ။
ဖဒိုအောင်မော်အေး။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကတော့ ဥပမာဆိုရင် ကျနော်တို့ တယောက်နဲ့တယောက် မေတ္တာတရားထားကြပြီးတော့ မပြေလည်တဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းသွားမယ်ဆိုရင် ပြေလည်တာကြာပြီ။ သို့သော်လည်းပဲ အုပ်စိုးသူ စစ်အစိုးရအနေနဲ့က ငြိမ်းချမ်းစွာ ပြေလည်သင့်တဲ့အရာတခုက ငြိမ်းချမ်းစွာ မဖြေရှင်းဘဲနဲ့ လက်နက်အားကိုးပြီး ဖြေရှင်းတဲ့အပေါ်မှာ ကျနော်တို့ ကရင်အမျိုးသားနိုင်ငံရေး ပြဿနာပဲ ဖြစ်ဖြစ်၊ လူမျိုးစု နိုင်ငံရေးပြဿနာပဲဖြစ်ဖြစ် မပြေလည်သွားဘူးပေါ့။

မပြေလည်တဲ့အပေါ်မှာ ကျနော်တို့ဟာလည်းပဲ ဒီအုပ်စိုးသူ စစ်အစိုးရက အုပ်စိုးသူလူတန်းစား အနေနဲ့ ခံယူပြီး ဒီလူနည်းစုတွေအပေါ်မှာ အုပ်စိုးခံလူတန်းစားအနေနဲ့ သွားတဲ့အခါကျတော့ ဒီမြန်မာ့နိုင်ငံရေးဟာ လွယ်လွယ်နဲ့ မပြေလည်သွားဘူးပေါ့။ ကျနော်တို့အနေနဲ့ကတော့ ပြေပြေ လည်လည်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်၊ စားပွဲပေါ်မှာပဲ ဖြေရှင်း သွားမယ်။ တယောက်နဲ့တယောက် မေတ္တာတရားထားပြီး ဖြေရှင်းသွားမယ်၊ တယောက်နဲ့ တယောက် နိုင်ထက်စီးနင်းမပြုကြဘဲနဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်သွားမယ်ဆိုရင်တော့ ပြဿနာ ဖြေရှင်းနိုင်တာပေါ့။ သို့သော်လည်းပဲ အခုက အုပ်စိုးသူစစ်အစိုးရအနေနဲ့က ဒီလို မသွားတဲ့အပေါ်မှာ မြန်မာ့နိုင်ငံရေးအခြေအနေကတော့ ကောင်းလာဖို့ ကြာအုန်းမယ်လို့ ကျနော်ယူဆတယ်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments: