Saturday, October 18, 2008

ကေအန်ယူကွန်ဂရက်မှ အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်


NEJ/ ၁၈ အောက်တိုဘာ ၂၀၀၈။ ။

အောက်တိုဘာလ (၆) ရက်မှ (၁၈) ရက်နေ့ထိ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်တင်မြှောက်ခဲ့သော်လည်း မူဝါဒရေးရာ အပြောင်းအလဲမရှိဟု သတင်းရသည်။

(၁၄) ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
-စောတာမလာဘော———–ဥက္ကဌ
-ပဒိုဒေးဗစ်သာကပေါ်——–ဒုဥက္ကဌ
-နော်စီဖိုးရာစိန် ————- အထွေထွေအတွင်းရေးမှူး
-စောလှငွေ—————- တွဲဘက်အတွင်းရေးမှုး (၁)
-စောဒေါလေမှူး————- တွဲဘက်အတွင်းရေးမှုး (၂)
-ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး
-ပဒိုဒေးဗစ်ထော
-စောရောဂျာခင်
-ပဒိုအားတိုး
-ပဒိုဟေးဆာ
-ပဒိုလားစေး တို့ဖြစ်သည်။

အလုပ်အမူဆောင်အဖွဲ့ဝင်တဦးကို ခေတ်ပြိုင်က မေးမြန်းရာ

“ဒီညီလာခံမှာမူဝါဒရေးရာအရဘာမှအပြောင်းအလဲမရှိဘူး ညီလာခံကချမှတ်ထားတဲ့ကေအင်ယူ ရဲ့မူအတိုင်းဘဲ ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်တယ်”ဟု ခေတ်ပြိုင်သို့ပြောသည်။ (၁၃) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်တွင် ကေအန်ယူအနေနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှာဖြစ်သည်ဟု ဖော်ပြခဲ့သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments: