Sunday, September 7, 2008

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်သားသစ်များ၏ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနား




Photo-Khitpyaing
ကေအဲန်ယူရဲ့ လက်နက်ကိုင်တပ်တခုဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၇ရဲ့ တပ်သားသစ်သင် တန်းဆင်းပွဲကို သြဂုတ်လ ၈ရက်နေ့ မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါသင်တန်းဆင်းပွဲသို့  တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ ဖားအံခရိုင်မှ ပဒိုစောအားတိုး၊ ကေအဲန်ယူခေါင်း ဆောင်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့ကြပါတယ်။
တပ်မဟာ ၇ဟာ ကေအဲန်ယူတပ်မဟာများထဲတွင် အင်အားအတောင့်တင်းဆုံးနဲ့ တိုက်စွမ်းရည်အကောင်းဆုံး အဖြစ် ပြောစမှတ်ပြုခဲ့ ကြတဲ့ တပ်မဟာတခုလည်း ဖြစ်ပါတယ်။
ယခင်နှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့ က နအဖရဲ့ သွေးခွဲမှုကြောင့် တပ်မဟာ ၇မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်ထင်မောင်အပါအ၀င် တပ်မဟာ ၇ရဲဘော်အချို့  နအဖနဲ့ ပူးပေါင်းခဲ့ကြပါတယ်။
သို့ သော် အများစုသော ရဲဘော်အများစုဟာ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေးအတွက် တပ်မဟာ ၇တွင် ဆက်လက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
တပ်မဟာ ၇မှ ခွဲထွက်ခဲ့တဲ့ ဗိုလ်မှူးချုပ်ထင်မောင်ဟာ ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးအဖွဲ့ ကို ဖွဲ့ ကာ ကရင် ပြည်နယ်ရှိ ထော့ကိုကိုးဒေသမှာ အခြေချနေထိုင်ပါတယ်။အဆိုပါနေရာဟာ ကေအဲန်ယူကရင့်ခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခဲ့တဲ့ သမိုင်းဝင်နေရာတခုလည်း ဖြစ်ပါတယ်။
လမ်းမှားရောက်ပြီး အမြင်ပြန်ရလာတဲ့ ရဲဘော်တချို့ ဟာလည်း ငြိမ်းချမ်းရေးကောင်စီမှ ကျောခိုင်းကာ တပ်မဟာ ၇တွင် ပြန် လည်ခိုလှုံသူများလည်း အများအပြားရှိပါတယ်။
အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments: