Tuesday, March 3, 2009

မျိုးချစ်ကရင်အစည်းအရုံး(PKA) အမေရိကန်နိုင်ငံတွင် စတင်ဖွဲ့စည်း

ကရင်တော်လှန်ရေးအတွက် ဦးစီးတိုက်ပွဲဝင်နေသည့် မိခင်ကေအဲန်ယူကို ဘက်ပေါင်းစုံမှ ထောက်ပံ့ဝန်းရံနိုင်ရေးအတွက် မျိုးချစ်က ရင်အစည်းအရုံး (Patriotic Karen Association)ကို ကရင်လူဦးရေ ၃၀၀၀ကျော် နေထိုင်သည့် အမေရိကန်နိုင်ငံ၊ မယ်နီ ဆိုးထားပြည်နယ်တွင် စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံရောက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူအဖွဲ့ဝင် ဟောင်းများ၊ ကရင်လက်နက်ကိုင်တပ်ပေါင်းစုံမှ တပ်မှူး တပ်သားဟောင်းများ၊ (KWO,KYO,KSNG,KED)စသည့် အဖွဲ့ဝင်ဟောင်းများဖြင့် (PKA)အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်များမှာ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်နေသည့် ကရင့်အမျိုးသားများအား ဘက်ပေါင်းစုံ ထောက်ပံ့ကူညီသွားရန်၊ ကရင့်တော်လှန်ရေးသမိုင်းကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းသွားရန်နှင့် ကရင့်တော်လှန်ရေးသမိုင်း ပြုစုအကောင်အထည်ဖော်သွားရန်တို့ ဖြစ်သည်ဟု သိရှိရသည်။

မယ်နီဆိုးတာပြည်နယ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါအဖွဲ့ကို အခြေအနေ တောင်းဆိုလာမှုနှင့် အခြေအနေပေးလာမှုအပေါ် အ မေရိကန်တပြည်လုံးနှင့် နိုင်ငံတကာအဆင့်အထိ တိုးချဲ့ဖွဲ့စည်းသွားမည်ဟုလည်း အဆိုပါအဖွဲ့၏ စည်းမျည်းဥပဒေတွင်းတွင် ရေး သားဖော်ပြထားသည်။

ကရင်စစ်မရှုံးရေး၊ နောင်မျိုးဆက်သစ်များကို (စစ်ရှုံး)သည့်အမွေ မပေးရရေးအတွက် အမျိုးသားရေးတာဝန်တရပ်ဖြစ်သည့် (အုတ်တချပ်၊ သဲတပွင့်) (ထမင်းတဆုတ်၊ ရေတမုတ်)ဖြင့် ကရင့်တော်လှန်ရေးကို တတပ်တအား ဘက်စုံကူညီပံ့ပိုးသွားမည်ဟုလည်း အဆိုပါအဖွဲ့မှ ထုတ်ပြန်သည့် လုပ်ငန်းစဉ်ရှင်းလင်းချက်တွင် ရေးသားထားသည်။

ထို့အပြင် အမေရိကန်နိုင်ငံ၌့ ရောက်ရှိနေထိုင်သူများပီပီ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး နိုင်ငံသားကောင်းပီသစွာ နေထိုင်သွားမည်ဟုလည်း အဆိုပါ ရှင်းလင်းချက်တွင် ဆက်လက် ရေးသားဖော်ပြထားသည်။

သတင်း-ကျော်အဲခေါင်သောင့်(http://ehkhaungthaunt.blogspot.com)

ရန်ကုန်လက်ဝှေ့ပွဲ ဆူပူမှုဖြစ် ပြိုင်ပွဲမီးမှောင်ချပြီး ၀န်ကြီးကို ကာကွယ်ပေးရ

NEJ /၃ မတ် ၂၀၀၉

ဆူပူမှုဖြစ်ပွားခဲ့သည့် လက်ဝှေ့ပွဲ

အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့် လက်ဝှေ့ပွဲ ကြည့်ရှုနေစဉ် ဆူပူမှုတရပ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။

မတ်လ (၁) ရက်က ရန်ကုန် သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသည့် ဒဂုံရွှေအောင်လံ လက်ဝှေ့ပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ ဆူပူလာသည့်အတွက် ခန်းမကို မီးမှောင်ချပြီး လက်ဝှေ့ပွဲကြည့်နေသည့် အားကစားဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်အား လုံခြုံရေးများက အကာအကွယ်ပေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူတဦးက ပြောသည်။

၎င်းက “အဲဒီနေ့က လက်ဝှေ့ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စောငမန်းနဲ့ လုံးချော (ညောင်တုန်း) ထိုးတဲ့ပွဲမှာ ဖြစ်တာ။ သူတပြန် ကိုယ်တပြန် ထိုးနေတုန်း စောငမန်း လဲကျနေတဲ့အချိန် လုံးချောက ညစ်ပြီး ဒူးနဲ့တိုက်ဖို့ ကြိုးစားတာ။ ပရိသတ်က အားလုံးတွေ့နေရတော့ လုံးချောညစ်တယ်ဆိုပြီး ဆဲလည်းဆဲ၊ ရေသန့်ဘူးတွေ၊ ရေခဲအိတ်တွေ အချိုရည်ဘူးခွံတွေနဲ့ စင်ကို ဝိုင်းပေါက်ကြတာ။ အဲဒီအချိန် ဗိုလ်မှူးချုပ် သူရအေးမြင့်လည်း ပွဲကြည့်နေတယ် ဆိုတော့ ခန်းမကြီးတခုလုံးကို မီးမှောင်ချလိုက်ရတယ်။ မိနစ်တချို့ကြာပြီးနောက် မီးပြန်လင်းလာပြီး ဒိုင်ချုပ်က ပရိသတ်ကို အကယ်၍ စည်းကမ်းချိုးဖောက်တာ ရှိခဲ့ရင် အမှတ်လျှော့မယ်၊ အရှုံးပေးပါ့မယ်၊ ပရိသတ်ကြီး ကျေနပ်ကြပါဆိုပြီး တောင်းပန်တယ်။ မီးမှောင်ပြီး ရေသန့်ဘူးတွေ ပလူပျံနေတုန်းမှာ ဝန်ကြီးကို လုံခြုံရေးရဲတွေ ရောက်လာပြီး အကာအကွယ်ပေးကြတယ်။ လက်ဝှေ့ကြိုးဝိုင်းနားမှာ ကြည့်နေတဲ့ အချို့စစ်အရာရှိတွေကတော့ ခုံအောက်ကြမ်းပြင်ပေါ်မှာ ဝပ်နေကြတာ တွေ့ရတယ်” ဟု ပြောသည်။

အဆိုပါပွဲပြီးသည့်နောက် လုံးချောနဲ့ စောငမန်း တယောက်ကို တယောက် အလဲထိုးနိုင်ခြင်း မရှိသည့်အတွက် အမှတ်ပေးဆုံးဖြတ်သည်။ အမှတ်ပေးဒိုင် (၃) ဦးစလုံးက စည်းကမ်းချိုးဖောက်၍ ပရိသတ်များ အော်ဟစ် ဆန္ဒပြခဲ့သည့် လုံးချောကို အရှုံးပေးပြီး စောငမန်းကို အနိုင်ပေးခဲ့ရသည်။

အဆိုပါပွဲကို ကြည့်ရှုခဲ့သူ နောက်ပရိသတ်တဦးကလည်း အဆိုပါပွဲကိုကြည့်ရင်း မြန်မာလူမျိုးများ၏ မတရားမှုကို လက်ပိုက်ထိုင်ကြည့်မနေတတ်သည့် စိတ်ထား ပေါ်လွင်ကြောင်း၊ ဝန်ကြီးတပါး ထိုင်နေသည်ကိုပင် ဂရုမစိုက် မကြောက်ဘဲ ဆူပူဆန္ဒပြရဲကြကြောင်း၊ ထို့ကြောင့် ရလဒ်သည်လည်း ပရိသတ်လိုလားသည့် ရလဒ် ဖြစ်ခဲ့ကြောင်း၊ အကယ်၍ ဒိုင်များကသာ လုံးချောကို အနိုင်ပေးလိုက်ပါက ရုံထဲတွင် ၎င်းထက်ကြီးသည့် အဓိကရုဏ်းတခု မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း စသဖြင့် ပြောပြသည်။

စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စစ်အရာရှိ ဝန်ကြီးတဦးရှိနေချိန် ဆူဆူပူပူ ဖြစ်ပွားခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်သည်။ ယခင်ကသာ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့လျှင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဆူပူသူများကို ရှာဖွေဖမ်းဆီးအရေးယူမည် ဖြစ်သော်လည်း ယခုဖြစ်ရပ်တွင်မူ မတရားမှုကို မနှစ်သက်သည့် ပရိသတ်အင်အားက ကြီးမားနေသဖြင့် မည်သို့မျှ အရေးယူနိုင်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါနေ့က အားကစားရုံထဲတွင် ပရိသတ် (၂,ဝဝဝ) ကျော်ခန့်ရှိသည်။
Thursday, February 26, 2009

ဘီလူးဟာဘီလူးပါပဲ (ဒီကေဘီအေသိဖို့ တပ်မတော်ရဲ့ သဘောထားအမှန်တခု)

ဒီ ကေ ဘီ အေ အ ဖွဲ့ ဟာ ၂၀၁၀ ကျ ရင် နယ် ခြား စောင့် တပ် အ ဖြစ် အ သွင် ပြောင်း ပြီး တပ် မ တော် ရဲ့ လက် အောက် ခံ အ ဖြစ် ၀င် ရောက် ကာ အ မျိုး ဘာ သာ သာ သ နာ ကို သ စာ ဖေါက် ဖို့ ဆုံး ဖြတ် ထား တဲ့ အ ဖွဲ့ အ စည်း တစ် ခု ပါ။ ဒီ လို ဆုံး ဖြတ် ခဲ့ တာ ဟာ ခေါင်း ဆောင် တွေ ရဲ့ အ ကျိုး စီး ပွါး ကို ကာ ကွယ် ဖို့ အ တွက် လို့ ယူ ဆ ပါ တယ်။ ဒါ ပေ မဲ့ အ ချိန် မ နှောင်း ခင် ဒီ ဆုံး ဖြတ် ချက် ကို ပြင် ဆင် ဖို့ အ တွက် ဒီ ကေ ဘီ အေ ကို တပ် မ တော် က သ င်္ခန်း စာ တစ် ခု ပေး ခဲ့ ပါ တယ်။

အဲ ဒါ က တော့ မ ကြာ ခင် က ဖြစ် ပျက် ခဲ့ တဲ့ သ င်္ဃန်း ညီ နောင် မှာ ရှိ တဲ့ ဒီ ကေ ဘီ အေ စ ခန်း တစ် ခု ကို ကေ အင် ယူ ၀င် တိုက် ခဲ့ တာ ပါ။ ဒီ လို ၀င် တိုက် မှာ ကို သ တင်း ကြို ရ ခဲ့ ပါ တယ်။ ဘာ ဖြစ် လို့ လဲ ဆို တော့ ဒီ ပြ သ နာ ဟာ ပတ် လမ်း အ ကောက် နဲ့ ပတ် သက် ပါ တယ်။ ပတ် လမ်း ဆို တာ ရှင်း ပြ ပါ ရ စေ။ မြ ၀ တီ နဲ့ သ င်္ဃ ညီ နောင် ကြား မှာ မြန် မာ ပြည် မှာ ဒု တိ ယ အ ကြီး ဆုံး နယ် စပ် စီး ပွါး ရေး ကုန် သွယ် ရေး စ ခန်း တစ် ခု ရှိ ပါ တယ်။ အဲ ဒီ စ ခန်း မှာ သွင်း ကုန် ထုတ် ကုန် တွေ ကို တ ရား ၀င် အ ခွန် ကောက် ပါ တယ်။ တ ရား ၀င် အ ခွန် အ ကောက် တွေ နဲ့ ပ စ္စည်း အ သွင်း အ ထုတ် လုပ် ပြီး ရောင်း ၀ယ် တာ မ ကိုက် တဲ့ အ ခါ မှာ ကုန် သည် တွေ က အ ခွန် မ ဆောင် ရ ပဲ ကုန် ပ စ္စည်း တွေ ကို အ သွင်း အ ထုတ် လုပ် ဖို့ ကြိုး စား ကြ ပါ တယ်။ အဲ ဒါ ကြောင့် အဲ ဒီ နယ် စပ် ကုန် သွယ် ရေး စ ခန်း ကို ပတ် ပြီး ကုန် ပ စ္စည်း ကို အ သွင်း အ ထုတ် လုပ် ကြ ပါ တယ်။ ဒါ ပေ မဲ့ အဲ ဒီ ပတ် လမ်း မှာ ဒီ ကေ ဘီ အေ ၂ ဖွဲ့ ရယ်၊ နယ် ခံ တပ် မ တော် တပ် ရင်း ၄ ခု ရယ်၊ ဗျူ ဟာ ရယ်၊ တပ် မ ရယ်၊ နောက် ပြီး အဲ ဒီ ပတ် လမ်း ဟာ အေ အင် ယူ စိုး မိုး တဲ့ နယ် မြေ ဖြစ် တဲ့ အ တွက် ကေ အင် ယူ အ တွက် ပါ အ ကောက် ပေး ရ ပါ တယ်။ အ ကောက် ကောက် တဲ့ အ ဖွဲ့ တွေ များ တဲ့ အ တွက် ကုန် သည် တွေ အ တွက် မ ကိုက် ပြန် ဘူး။ အဲ ဒါ ကြောင့် ညှိ နှိုင်း မှု တွေ လုပ် ကြ ပါ တယ်။ ဒီ ကေ ဘီ အေ တွေ က တစ် စု၊ စစ် တပ် က တစ် စု၊ ကေ အင် ယူ က တစ် စု ဆို ပြီး ခွဲ တမ်း ချ ဖို့ ကြိုး စား ကြ တယ်။ အဲ ဒါ ကို မ ကျေ နပ် လို့ စိန် ခေါ် မှု တွေ ဖြစ် လာ ပါ တယ်။ ကေ အင် ယူ က ဘယ် အ ချိန် မှာ ၀င် တိုက် မယ် လို့ ကြေ ငြာ ပြီး မှ ၀င် တိုက် ခဲ့ တာ ပါ။ ဒီ သ တင်း ကို နယ် ခံ တပ် ရင်း ၄ ရင်း ရယ်၊ ဗျူ ဟာ ရယ်၊ တပ် မ ရယ်၊ ဒီ ကေ ဘီ အေ ရယ် အား လုံး သိ ပါ တယ်။ တ ကယ် ၀င် တိုက် တဲ့ အ ခါ မှာ နယ် ခံ တပ် ရင်း ၄ ရင်း ရော၊ ဗျူ ဟာ ရော၊ တပ် မ ရော ဘယ် သူ မှ ဒီ အေ ဘီ အေ ကို ၀င် မ ကူ ပဲ လက် ပိုက် ကြည့် နေ ကြ ပါ တယ်။ အဲ ဒီ ဒီ ကေ ဘီ အေ စ ခန်း နဲ့ နယ် ခံ တပ် ရင်း ၄ ရင်း ရယ်၊ ဗျူ ဟာ ရယ်၊ တပ် မ ရယ် သိပ် မ ဝေး ကြ ပါ ဘူး။ စ ခန်း တ ခု နဲ့ တ ခု နီး နီး လေး ပါ။ အ ကာ အ ကွယ် မ ပေး တဲ့ အ ပြင် အ ကူ အ ညီ မ ပေး ခဲ့ ပါ ဘူး။
အဲ ဒီ အ ဖြစ် အ ပျက် ကို ကြည့် ပြီး ဒီ ကေ ဘီ အေ ညီ နောင် တွေ အား လုံး ကို ပြန် စဉ်း စား စေ ချင် ပါ တယ်။ စစ် တပ် ကို ဘယ် လောက် ယုံ စား လို့ ရ မှာ လဲ ဆို တာ ကို ပါ။ သူ တို့ ရဲ့ စစ် ဗိုလ်၊ ဗိုလ် ချုပ် တွေ ကို တောင် လို တဲ့ အ ချိန် မှာ မြှောက် စား ပြီး မ လို အပ် တော့ တဲ့ အ ချိန် မှာ ဖြုတ် ထုတ် သတ် လုပ် ခဲ့ တဲ့ အ ဖြစ် အ ပျက် တွေ ဟာ လဲ အ ထင် အ ရှား ပါ။ နောက် ပြီ တိုင်း ရင်း သာ တပ် တွေ ဖြစ် ခဲ့ တဲ့ ချင်း တပ်၊ က ချင် တပ် စ တာ တွေ ကို တ ဖြည်း ဖြည်း နဲ့ မှေး မှိန် လုံး ပါး ပါး အောင် လုပ် ခဲ့ တာ တွေ လဲ သက် သေ ပါ။
ဒီ ကေ ဘီ အေ အ နေ နဲ့ လဲ နယ် ခြား စောင့် တပ် အ ဖြစ် အ စ ပိုင်း မှာ အ သုံး ချ ပြီး ကေ အင် ယူ နဲ့ တိုက် ခိုင်း တာ နဲ့ တ ခြား အ သုံး ချ စ ရာ ရှိ တုန်း အ သုံး ချ မှာ ဖြစ် ပြီး၊ မ လို တော့ တဲ့ အ ခါ ဒီ ပေ ဘီ အေ အ ရာ ရှိ ပိုင်း မ လို အပ် တော့ တဲ့ တပ် မ တော် အ ရာ ရှိ တ ချို့ ကို လုပ် ခဲ့ သ လို လာဘ် စား မှု ဘာ ဘာ ညာ ညာ အ မှု တွေ တပ် ပြီး လူ ကို ဖမ်း၊ ဥ စ္စာ ပ စ္စည်း တွေ ကို သိမ်း ဆည်း မှာ အ သေ ချာ ပါ။ ဒီ ကေ ဘီ အေ ရဲ ဘော် တွေ အ နေ နဲ့ လဲ ပြန် စဉ်း စား ကြည့် ပါ။ ကေ အင် ယူ ကို တိုက် တဲ့ အ ခါ မှာ လဲ ဒီ ကေ ဘီ အေ တွေ ကို စိတ် ကြွ ဆေး ကျွေး ပြီး ရှေ့ က နေ အ သေ ခံ တိုက် ခိုင်း တာ ပါ။ သူ တို့ စစ် တပ် က နောက် မှာ ပဲ နေ ပါ တယ်။ သူ ကောင်း ပြု စ ရာ ရှိ တော့ စစ် သား တွေ ပဲ သူ ကောင်း အ ပြု ခံ ရ ပါ တယ် ဘယ် တုန်း က ဒီ ကေ ဘီ အေ တွေ ကို သူ ကောင်း ပြု တာ တွေ့ ဖူး လို့ လဲ။ ပြန် စဉ်း စား ကြ ပါ ဒီ ကေ ဘီ အေ ညီ နောင် များ ခင် ဗျား။
ကေ အင် ယူ အ နေ နဲ့ လဲ စိတ် ပြောင်း ပြီ ပြန် လာ မဲ့ ဒီ ကေ ဘီ အေ ကို ရွေး ချယ် စ ရာ တွေ နဲ့ အာ မ ခံ ချက် ပေး ဖို့ အ မျိုး သား ပြန် လည် သင့် မြတ် ရေး ကို ရှေ့ ရှု ပြီး မေ တ္တာ ရပ် ခံ အပ် ပါ သည်။

ပထီးပကော်ဘလော့မှ ကူးယူဖော်ပြသည်။
Sunday, February 22, 2009

အဘဖဒိုမန်းရှာကို ဘယ်သူသတ်သလဲ?


အဘဖဒိုမန်းရှာကိုပြောလိုက်ရင် မသိတဲ့လူမရှိသလို အတုယူရမယ့် ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ ခေါင်းဆောင်တစ် ယောက်ဖြစ်လာရင်သာမှနေ သဘောမျိုးမဟုတ် အမှားအမှန်ကိုခွဲခြားသိမြင်ပြီး အမှန်ဖက်ကိုလိုက်ရမယ်ဆိုတာ ခေါင်းဆောင်တိုင်း သိကြ၏။ သိကြပေမယ့် တစ်ချိုခေါင်းဆောင်တွေအမှန်ဖက်ကိုမလိုက်ရဲကြပေ။ အဘယ်ကြောင့်ဆို သော် သားတွေသမီးတွေ မိသားစုတွေနှင့် ရာထူးတွေပြုတ်မှာဆိုးသောကြောင့်ဖြစ်၏။

သို့ သော်အဘဖဒိုမန်းရှာက အဲဒီစိတ်ဓာတ်မျိုးမဟုတ် အများကြိုက်အများလက်ခံထိုက်သည့်အ လုပ်ကိုပဲအများဖက်ကမားမားမတ် မတ်အမြဲရပ်တည်တဲ့စိတ်ဓာတ်ရှိ၏။ ပွင့်ပွင့်လင်းလင်းပြောရဲဆိုရဲ၏။ သူတော်ကောင်တိုင်းကို လူမိုက်တွေကမကြိုက်ကြဘူးဆိုတာ အဘကဲ့ သို့သာဓကတွေ အမြောက်အများရှိခဲ့ကြ၏။ပွင့်ပွင့်လင်းလင်းအမြဲပြောလေ့ရှိတဲ့အဘကိုလူသတ်သမား လူမိုက်တစ်စုက မကြိုက်ရုံသာမကအဘကို ရက်ရက်စက်စက်သတ်ပစ်လိုက်၏။

ပညာရှင်တွေကအဘကိုဝမ်းနည်းနှမြောမိပြီးလူမိုက်တစ်စုက အဘသေသွားတာကိုဝမ်းသာပြီး လက်ခုတ်တွေတီးကြ၏။ ဒါကသဘာဝ ဖြစ်၏။ အဘသေသွားတာကို တစ်ကမ္ဘာလုံးကသိကြပေမယ့်အဘကို ဘယ်သူလက်ချက်ဘယ်သူသတ်သ လဲဆိုတာမရေးတတ်မ ပြောတတ်ကြပေ။ ကျွန်တော်ကစာရေးဆရာတစ်ယောက်မဟုတ်ပေမယ့် လိုအပ်ချက်တွေကို အနည်းငယ်ဖြည့်စွက်ချင်၏။ တစ်ချို့ ကအဲဒီ အ ကြောင်းရာကိုမရေးနဲ့ လူမျိုးထိခိုက်တယ်လို့ ကျွန်တော်ကိုတားမြစ်ကြတာလည်းရှိသည်။

ဒါပေမယ့် ကျွန်တော်ကလက်မ မကောင်းလက်မ ခြေမမကောင်းခြေမပဲလို့ ခံယူချက်ရှိ၍ အဲဒီမှန်ကန်တဲ့ အကြောင်းကို ရေးရင်က ရင်လူမျိုးထိခိုက်မည်မဟုတ် ထိခိုက်အောင်လဲ ရည်ရယ်ချက်မရှိပါ။ ကျွန်တော်တို့ကရင်ပြည်နယ်မှာ လူမိုက်တွေကိုအတော်များ များတွေ့ ဘူး၏။အဘကိုသတ်တဲ့လူမိုက်ထက်မိုက်တဲ့သူကမ္ဘာမှာ ကျွန်တော်မတွေွ့ ဖူးပါ။ အဲဒီလူက ကရင်ပြည်နည်၊လှိုင်ဘွဲ့မြို့နယ် ထီလုံကျေးရွာက နှစ်မိုင်ကျော်ကွာဝေးတဲ့ မုခိုးရွာသား D.K.B.A.စစ်ခေါင်းဆောင်ဗိုလ်ချောင်ပြုံးဖြစ်သည်။

ဗိုလ်ချောင်ပြုံးဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကမြင်းဆေးကုန်ကူးသူတွေထဲမှာ နာမယ်ကျော် တစ်ယောက်ဖြစ် တယ်။ဗိုလ်ကိုးလုံးကျဆုံးပြီးနောက် မြိုင်ကြီးငူအနောက်ဘက်ခြမ်း ကမာ့မောင်းနယ်၊ထီ့သဒန်းထားကျေးရွာ ဗိုလ်ကိုး လုံးတူမအရင်းဖြစ်သော ဆရာမနော်ဘန်းနဲ့ လက်ထပ်ခဲ့တယ်။သူတို့ဟာ မြင်းဆေးကုန်ကူးတဲ့အတွက် ကြောင့်နာမည် ပျက်ခဲ့ဖူးပါ တယ်။

ရွှေကုက္ကို ဗိုလ်ချစ်သူနဲ့ စီးပွားရေး အတူလုပ်ကိုင်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ကနအဖနဲ့ငြိမ်းချမ်းရေးယူထားတဲ့ ဗိုလ်ချုပ်ထိန်မောင်ရဲ့သမက် လုပ်ကြံခံရတာကို K.N.U လက်ချက်ဟု နအဖနဲ့သူရဲ့နောက်လိုက်တစ်စုက ဘာအထောက်အထားမှမရပဲ ထင်ရောင်ထင်မှားခဲ့ကြ တယ်။ ဒါကြောင့်နအဖက နောက်ကနေကြိုးကိုင်ပြီးK.N.U.ခေါင်းဆောင်ကိုပြန်ကလက်စားချေဖို့အတွက်D.K.B.A ခေါင်းဆောင် လူမိုက်ကြီးဗိုလ်ချောင်ပြုံးသည် ခိုင်းနွားတစ်ကောင်ပမာသူ့ရဲ့နောက်လိုက် တပည့် ၇ ယောက်နဲ့ အတူ ခေါင်းဆောင်ကြီးအဘမန်းရှာ ကိုသတ်နိုင်ရင် ထိုင်းဘတ်ငွေ နှစ်သိန်းပေးမယ် ဟု နအဖရဲ့ မက်လုံးပေးခြင်းကို ခံရပြီး လူမိုက်ကြီးချောင်ပြုံးသည် နဂိုမြင်း ဆေးကုန်ကူးပြီး ရလာတဲ့ငွေတွေကိုမရောင့်ရဲနိုင်ပဲ နအဖမြောက်ပေးတဲ့ ငွေတွေ ကိုမြင်လိုက်တာနဲ့လူမိုက်ကြီးချက်ချင်း ခိုင်းတဲ့အ တိုင်းလုပ်ခဲ့တယ်။

လူမိုက်ကြီးဗိုလ်ချောင်ပြုံးဟာ အဘဖဒိုမန်းရှာကိုသတ်ပြီးတာနဲ့ဗိုလ်ချစ်သူထံသို့သွားပြီ သူ့အသက်လုံခြုံရေးအတွက် တောင်ခံတာကို ဗိုလ်ချစ်က သူလုံခြုံရေးမယူပေးနိုင်ဘူးလို့ပြောပြီး သူ့တပည် ၇ ယောက်နဲ့အတူ နအဖစစ်တပ်ရှိမြ၀တီသို့ သူ့အသက်လုံခြုံရေးအ တွက် တောင်းခံပြန်တယ်။ စစ်တပ်လည်းလုံခြုံရေးမယူပေးနိုင်တဲ့အတွက် လုံခြုံရေးအရှိဆုံးလို့ထင်ရတဲ့ ကြပ်ပြေးနေပြည်တော်သို့ ခေါ်သွားပြီး အခုထိဘာမှမကြားတော့ဘူး။

ဒါကြောင့်အဘမန်းရှာကို သတ်တဲ့သူက နအဖ ခိုင်းတိုင်းလုပ်ပေးနေမြဲ ဖြစ်သော (D.K.B.A) တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အသင်းမဟုတ်ဘဲ တိုးတက်သောတောင်ပေါ်ကစေတီတော်တွေနဲ့ သူတို့ရဲ့မိသားစုအတွက်သာဖြစ်သော လူသတ်သမားခေါင်ဆောင် ဗိုလ်ချောင်ပြုံးသာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ကရင်ပြည်နယ်သားမွှေးမွှေးရဲ့ အီးမေးလ်ကနေတဆင့် ရောက်ရှိလာသော စာအတိုင်းတင်ပြသည့် ကရင်အမျိုးသားအဖွဲ့ချုပ်ဂျပန်ဝက်ဆိုက်ဘ်မှ ကူးယူဖော်ပြပါသည်။
Monday, February 16, 2009

မြ၀တီမြို့ လက်နက်ကြီးထိ

ကမ္ဘာ့ ကုလသမဂ္ဂ အရာရှိကြီးတဦး ကရင်ပြည်နယ်သို့ သွားရောက် စစ်ဆေးသည့် အချိန်တွင် အဆိုပါ ဒေသအတွင်း လက်နက်ကြီး ကျည်ဆန် ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သည် ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။

ကရင်ပြည်နယ် မြဝတီမြို့ပြင်တွင် ကျည်ဆန် ၂ လုံး ကျရောက်ခဲ့ပြီး ကျန် ၂လုံးမှာ ‘ဇေ’တည်းခိုခန်းအနီး နှင့် တောရဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ခဲ့သည်ဟု ဆိုသည်။ ထိခိုက်သေဆုံးမှုမရှိဟု သတင်းစာတွင် ဖော်ပြထားသည်။


ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်ချက်ဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

ဤအတောအတွင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနားသည် ကရင်ပြည်နယ်ရှိ ဘားအံမြို့အကျဉ်းထောင်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ မြိုင်ကြီးငူ ဌာနချုပ်တို့ကို သွားရောက်စစ်ဆေးခဲ့သည်။

ကုလသမဂ္ဂ ကိုယ်စားလှယ် ရောက်ရှိနေချိန်နှင့် အချိန်ကိုက်ပြီး အဆိုပါသတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု KNU ၏ ဒုတိယ ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ က ပြောလိုက်သည်။

“မစ္စတာ ကင်တာနား ရောက်နေတဲ့အချိန်မှာ စစ်အစိုးရက KNU ကို အကြမ်းဖက် အဖွဲ့အစည်း ဆိုပြီး စွပ်စွဲချင်၊ ပြောချင်တဲ့ သဘောပါ” ဟု ဦးဒေးဗစ်သာကပေါ က ဧရာဝတီသို့ ပြောသည်။

ထိုင်း မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးဋ္ဌေးအောင်ကလည်း KNUတွင် အဝေးမှလှမ်းပစ်သည့်လက်နက် မရှိသဖြင့် KNU၏ လက်ချက် မဖြစ်နိုင်ဟု သုံးသပ်သည်။

“နယ်စပ်တကြောလုံးမှာ တန်းစီထားတာ နအဖ တပ်တွေရော ဒီကေဘီအေ တပ်တွေရော အထပ်ထပ် စိတ်နေအောင် တန်းစီထားတယ်လေ။ အဝေးက လှမ်းပစ်ဖို့ဆိုတာ ထိုင်းနိုင်ငံထဲက လှမ်းပစ်တာလည်း မဖြစ်နိုင်ဘူးဗျ။ ထိုင်းကလည်း လက်ခံမှာ မဟုတ်ဘူး” ဟု ဦးဋ္ဌေးအောင်က ဧရာဝတီကို ပြောပြသည်။

မြ၀တီမြို့အနီးတ၀ိုက်တွင် မြန်မာအစိုးရစစ်တပ်၊ အပစ်ရပ်အဖွဲ့ DKBA နှင့် KNU တပ်များ လှုပ်ရှားလျက်ရှိသည်။

KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။
Saturday, February 14, 2009

ဦးအောင်နိုင်ဦးနှင့် သူ၏မျက်နှာဖြူဇနီးအား ကြေငြာအသိပေးခြင်း

မြန်မာအရေးလေ့လာသူ ဦးအောင်နိုင်ဦးမှ ၃၁.၁.၂၀၀၉ နေ့တွင် KNU အစည်းအရုံးကြီးဧ။် တော်လှန်ရေး အနှစ် ၆၀ ကာလတိုင်တိုင် ကိုင်စွဲခဲ့သော ဥက္ကဌကြီး စောဘဦးကြီးဧ။် မူလေးချက်ကို KNUအစည်းအရုံးကြီးဧ။် ၁၄ ကြိမ်မြောက်
ကွန်ဂရက်မှ ဆက်လက်ကိုင်ဆွဲသွားရန်ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသင့် ကြောင်းပြောဆို ဝေဖန်ချက်မှာ -
1. သဘောရိုးဖြင့်ဝေဖန်ပြောဆိုခြင်းမဟုတ်ဘဲ KNU အစည်းအရုံးကြီးဧ။် ဦးဆောင်တော်လှန်ရေး တိုက်ပွဲကို တွေဝေသွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုဝေဖန်ခြင်းဖြစ်သည်။
2. KNU အစည်းအရုံးကြီးဧ။် တရားသော လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်းဖြစ်သည်။
3. KNU အစည်းအရုံးဧ။် ဒီမိုကရေစီတော်လှန်ရေးကို ပြည်သူတရပ်လုံးဧ။် ရန်သူဖြစ်သော စစ်အာဏာရှင် လက်သို့ အညံ့ခံရန် တစ်ပေါင်းတစ်စည်း တစ်ကျိပ်တစ်ဥာဏ်တည်းဖြစ်သည်ကို တွေ့ရှိရပါသည်။

အောင်နိုင်ဦး သို့-

1. KNU ကရင်အမျိုးသားအဖွဲ့ အစည်း ကြီးဧ။် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်လာရခြင်းမှာ ဘာကြောင့်လဲ၊
2. ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ နိုင်ငံကို အုပ်စိုးခဲ့သော ဖဆပလ အစိုးရ အုပ်ချူပ်ခဲ့သော (၁၄) နှစ်တာ ကာလ အတွင်း လက်နက်ကိုင်တော်လှန်ကြသော တော်လှန်ရေးအဖွဲ့ အစည်းများ နှင့် ဖြေရှင်းရာတွင် မိမိ အစိုးရကိုယ်တိုင် ဘာကြောင့် အာဏာ အသိမ်းခံရသလဲ။
3. တဖန် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ အုပ်စိုးခဲ့သော မဆလ အစိုးရ ဧ။် (၂၆) နှစ် အုပ်စိုးမှု့မှာ မြန်မာလူမျိုးအပါအဝင် ပြည်သူလူထု တိုင်းရင်းသားများဧ။် အုံကြွ ဖြုတ်ချမှု့ကို ဘာကြောင့် ခံရသနည်း။
4. တဖန် ၁၉၈၈ မှ ၂၀၀၈ ခုနှစ်အထိ တတိယ အကြိမ် အာဏာလု တက်လာသော နဝတ/နအဖ အစိုးရဧ။် အနှစ် ၂၀ အုပ်စိုးမှု့အတွင်း မည်သည့်တိုင်းရင်းသားအရေးကိုမျှ ဖြေရှင်းပေးနိုင်ခြင်း မရှိရုံမျှ မက -

• ဖဆပလ (၁၄) နှစ်သက်တမ်း
• မဆလ (၂၆) နှစ် သက်တမ်း
• နဝတ/နအဖ အနှစ် (၂ဝ) သက်တမ်း
စုစုပေါင်း အနှစ် (၆၀) အတွင်း ရှိရင်စွဲ မည်သည့်ပြသနာ မည်သည့်လူမျိုးရေးမျှ ဖြေရှင်းနိုင်စွမ်း မရှိရုံသာမက တနိုင်ငံလုံး - နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှ ချွတ်ခြုံကျနေသည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။

အထဲတွင် -
ဖဆပလ အစိုးရလက်ထက်
မဆလအစိုးရလက်ထက်
အခု နဝတ/နအဖ စစ်အာဏာရှင် အုပ်ချူပ်ရေး ဗမာလူမျိုးအပါအဝင် တိုင်းရင်းသား အားလုံးအနက် - ကရင်အမျိုးသားများကို နည်းမျိုးစုံ
1. ယဉ်ကျေးမှု့
2. စီးပွားရေး
3. လူမှု့ရေး
4. ဘာသာရေးအရသာမက လူမဆန်စွာ ကန်းကုန်အောင် နှိပ်စက်ညှင်းပန်းပြီး
မျိုးဖြုတ်လူမျိုးတုန်းသတ်ဖြတ်နေမှု့မှာ ကမ္ဘာ အသိပင်ဖြစ်သည်။ ယင်းအခြေ အနေအတွက် ကရင် အမျိုးသား တို့သည် ခေါင်းဆောင် စောဘဦးကြီးဧ။် မူ လေးချက်ကို ကိုင်ဆောင်လျှက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တိုက်ပွဲဝင်ရုံမှ လွဲ ၍ အခြားလမ်းမရှိကြောင်းကို ကရင်အမျိုးသားများသာမက ကမ္ဘာသို့ တိုက်ပွဲ ဝင်သွားမည်သာဖြစ်ကြောင်း ကြော်ငြာ အပ်ပါသည်။
မဟာမိတ် ဒီမိုကရေစီ အဖွဲ့များထံမှ ရရှိသော သတင်းအတည်ပြုချက်များအရ ဦးအောင်နိုင်ဦးသည် နအဖ ဧ။် အသုံးတော်ခံ ဘက်သားတော်ဖြစ်ကြောင်း သတင်းမှာ လူထု တရပ်လုံးအသိဖြစ်ပါသည်။
ဦးအောင်နိုင်ဦးဧ။် မျက်နှာဖြူဇနီး (Shona Kirwood) မှာ မြန်မာနိုင်ငံအတွင်း တံခါးမရှိ ဓါးမရှိ ဝင်ထွက် ပြီး စစ်အာဏာရှင်အစိုးရ အလိုကျ အတိုင်း လှုပ်ရှားရာတွင် အထူးသဖြင့် ကရင် လူမျိုးများကို ပစ်မှတ်ထား လှုပ်ရှား နေမှု့ကို ကရင်လူမျိုးများက လုံးဝသိရှိနေပါသဖြင့် ယင်းကဲ့သို့ ဆက်လက်လှုပ်ရှားနေပါက ကရင်အမျိုးသားများအနေဖြင့် ဆက်လက်လှုပ်ရှားမှု့ မပြုနိုင်အောင် လိုအပ်သလို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကြိုတင်ကျေငြာအပ်ပါသည်။
ဖားစည်သံဝက်ဆိုက်ဘ်မှ ကူးယူဖော်ပြသည်။
Thursday, February 12, 2009

ကေအန်ယူခွဲထွက် ဗိုလ်ချုပ်စောဌေးမောင်အဖွဲ့ ကေအန်ယူ ဒီကေဘီအေနှင့် ပေါင်းစည်းရေးမျှော်လင့်

NEJ / ၁၂ ဖေဖော်ဝါရီ ၂၀၀၉


ကေအန်ယူမှ ခွဲထွက်ခဲ့သော်လည်း ကေအန်ယူ၊ ဒီကေဘီအေအဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသား များ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်း စစ်အစိုးရနှင့်ပူးပေါင်းသွားသည့် ကေအန်ယူ-ကေအန်အယ်လ် အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုက ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ချုပ်စောဌေးမောင် (ဗိုလ်ထိန်မောင်) ဦးစီးပြီး ခွဲထွက်သွားသည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုကို ခေတ်ပြိုင်က သီးခြားတွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ ၂၀၀၇ ခု ဗိုလ်ချုပ် စောဌေးမောင် ဦးစီးသည့် ခွဲထွက်အဖွဲ့ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း သွားပြီးနောက်ပိုင်း အဆိုပါအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက ပြင်ပမီဒီယာသို့ ပထမဆုံးအကြိမ် ယနေ့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပူးပေါင်းရန် စစ်အစိုးရဘက်က ကမ်းလှမ်းခြင်းရှိမရှိ မေးမြန်းရာ ယခုထိ မရှိသေး ကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။

ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ကေအန်ယူနှင့် စကားပြောလိုစိတ်ရှိသော်လည်း ကေအန်ယူ၏ သဘောထားပေါ် မူတည်သည်ဟု ဆက်ပြောသည်။ သို့သော် ကေအန်ယူ ဒီကေဘီအေ အဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင်အမျိုးသားများ စည်းစည်းလုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်းကိုလည်း ဗိုလ်ချုပ်ယဉ်နုက ပြောကြားသည်။

မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီးနောက်ပိုင်း စစ်အစိုးရဘက်က တပ်ရိက္ခာကိုသာ ထောက်ပံ့ပေးပြီး ငွေကြေးအကူအညီမပေးကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအား စစ်အစိုးရက စီးပွားရေး လုပ်ပိုင်ခွင့်ပေးမပေး ခေတ်ပြိုင်က မေးမြန်းရာ စီးပွားကျနေချိန်ဖြစ်၍ ကြီးကြီးကျယ်ကျယ် လုပ်ငန်းများ မလုပ်ဖြစ်သော်လည်း ကျောက်မျက်ရတနာ တူးခွင့်ပေးထားသည်ဟု ဖြေကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်ချုပ် စောဌေးမောင်နှင့် အဖွဲ့သည် ကေအန်ယူမှ ခွဲထွက်ကာ နအဖနှင့်ပူးပေါင်းသွားပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် အခြေစိုက်သည်။

၆၁နှစ်မြောက် ကရင်အမျိုးသားနေ့ ဂျပန်နိုင်ငံတွင် ကျင်းပ

၁၁-၂-၂၀၀၉တွင်ကျရောက်သော (၆၁)ကြိမ်မြောက်ကရင်အမျိုးသားနေ့ကို ဂျပန်နိုင်ငံOchanomizu Christian Canter 8F တွင် KNL(Japan)အဖွဲ့ မှကြီးမှူး ၍ ၇-၂-၂၀၀၉ နေ့ တွင်ကျင်းပပြီးOKO-Japan,KNU-Japanနှင့်Karen Human Rights Commttee-Japan တို့ မှပူးပေါင်းပါဝင်ကြသည်၊၊

အခမ်းအနားမှူးအဖြစ်နော်သိန်းသိန်းမှဆောင်ရွက်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။အခမ်းအနား၍အလံတော်ကိုစောဝင်းသိန်းနှင့်
နော်လှဥမ္မာဝင်းတို့ မှ အလံတိုင်တွင်ချီပြီး အလံတော်ကိုအပေါ်သို့ မြင့်တင်စဉ် ကရင်အမျိုးသားသီ ချင်းကို ကရင်မောင်နှမများက ဦးဆောင်ကာဧည့် ပရိတ်သတ်များနှင့်အတူသီဆိုကြသည်။အမျိုးသားသီချင်းသီဆိုပြီးချိန်တွင် KNL (Japan) မှအထွေထွေအတွင်း ရေးမှူးစောအင်ဒရူးမျိုးအောင်မှ ကရင်အမျိုးသားအလံတော်ဦးဆောင်အလေးပြုခဲ့၍ အဖွင့်အမှာ စကားကို ၂၀၀၉ခုနှစ် KNL( Japan ) ဥက္ကဌစောဘလှသိန်းပြောကြားပြီး ၊ KNL(Japan) မှဖိတ်ကြားမှုဖြင့် ရောက်ရှိလာ သောကိုရီးယားနိုင်ငံမှရောက်ရှိ လာသောကရင်စာရေးဆ ရာ၊ကရင်အဆိုတော်စ ကဲ နက် (ခ)တာရာမင်းခိုက်(ခ) Y မြစ်ချိုမှ က ရင်စာပေ၊ကရင်စကားမကွယ်ပျောက်စေရန်၊ကရင်စာစကားများ ပိုမိုတိုးတက်အောင်လေ့လာရန် လိုကြောင်းအမှာစကား ပြောကြားခဲ့ ပါသည်၊၊

ကရင်လူမျိုးများဆင်းသက်လာပုံအကြောင်းကိုစောလင်းစိန် OKO-Japan မှပြောကြား၍ကရင်အမျိုးသားနေ့ ပေါ်ပေါ်က်လာပုံကို စောဆဲနေဘလု KNL( Japan ) မှပြောကြားခဲ့ပြီး KNL( Japan) အထွေထွေအတွင်းရေးမှူးမှကျေးဇူးတင် စကားပြောကြား ပြီးစောဟယာအကာဘေလေးမှKNL( Japan ) ကြော်ငြာစရာများကိုကြော်ငြာ၍ပထမပိုင်းအစီအစဉ်ကိုခေတ္တ ရပ်နားစဉ် အ ကျွေးအမွေးဖြင့်ဧည့်ခံသည်။

ဒုတိယပိုင်းအစီအစဉ်တွင် KNL( Japan ) ဥက္ကဌအဖွဲ့ မှနယ်စပ်ဒေသတို့ တာဝန်အသီးသီးဖြင့် ၂၀၀၈ ခုနှစ်သွားရောက်ခဲ့ပုံပြ သ၍ရှားပါးသော ကရင်သမိုင်းဝင်ဓါတ်ပုံများအကြောင်းကို နော်ပေါလင်း KNL( japan ) မှရှင်းပြ၍နအဖ ကရင်လူမျိုးအချင်း ချင်းသက်လျှိုဖြိုကွင်းသွေးခွဲပုံအချိုကို သက်သေအထောက်အထားနှင့်တကွ KNL (Japan ) ဥက္ကဌ စောဘလှသိန်းမှ ရှင်းလင်း ပြသ၍ ဒုတိယကမ္ဘာစစ်မှ သမိုင်းမှကရင်မျိုးဆက်သစ်များ သမိုင်းသိရန်ပြသ၍အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်၊၊ စကားပြန်အ နေဖြင့်ဆရာ ဦးရွှေဘမှကူညီဆောင်ရွက်ပေး၍ KISကိုယဉ်တွဲပြခဲ့သည်၊၊ တက်ရောက်သူ စုစုပေါင်း(၁၀၀)ကျော် တက်ရောက်ခဲ့သည်၊၊

ကရင်အမျိုးသားအဖွဲ့ချုပ်(ဂျပန်)(www.knljapan.co.cc)၀က်ဆိုက်ဘ်မှ ကူးယူဖော်ပြသည်။
Wednesday, February 11, 2009

မျိုးချစ်ကရင်မှ မျိုးမစစ်ကရင်သို့

နန့်ဘွားဘွားဖန်း(အလယ်)ပုံ။

KNU ဗဟိုအတွင်းရေးချုပ်ဟောင်း ပဒိုမန်းရှာ၏ သမီးနန့်ဘွားဘွားဖန်းတစ်ယောက် အင်္ဂလန်နိုင်ငံသားဖြစ်သူ Mr.sevelနှင့် အိမ်ထောင်ပြုလိုက်သောသတင်းကို ကြားလိုက်ရပါတယ်။ KNU ဗဟိုဌာနချုပ်မှာ ဇန်န၀ါရီလ ၃၁ရက်နေ့ ည၆နာရီမှ ၉နာရီအတွင်း ကျင်းပခဲ့တဲ့ လက်ထပ်ပွဲသို့ ဗိုလ်ချုပ်ကြီးတာမလာဘော၏ သမီး နော်စီဖိုးရာစိန်၊ ပဒိုစောလှငွေ၊ ပဒိုစောဒေါလေမူး၊ တပ်မဟာ ၇ မှူး စောဂျော်နီနှင့် ဇနီး၊ ပီးလှစိန်နှင့်ဇနီးစတဲ့ ကရင်ခေါင်းဆောင်တွေနဲ့ မိတ်ဆွေသင်္ဂဟပေါင်း ၃၀၀ကျော်တက်ရောက်ခဲ့ပါတယ်။

KNU တရားသူကြီးချုပ် မန်းစတိလှရဲ့ ရှေ့မှောက်မှာ Mr.sevel နှင့် နန့်ဘွားဘွားဖန်းတို့ ပြုံးရွင်ပျော်မြူးစွာ မင်္ဂလာလက်မှတ် ရေးထိုး၊ ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်ပြီး ညစာစားခဲ့ကြပါတယ်။ ကရင်လူမျိုးတယောက်အနေနဲ့ ရင်တွင်းခံစားချက်ကို အမှန်အ တိုင်းရေးချင်ပါတယ်။ အစဉ်အလာကြီးမားတဲ့ KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းရှာရဲ့သမီးနဲ့ လက်ထပ်တဲ့သူဟာ နိုင်ငံခြား သားမဟုတ်ပဲ ကရင်လူမျိုးနဲ့ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ဘာ ကြောင့် နိုင်ငံခြားသားကို လက်ထပ်ခဲ့ရတာလဲ။

ဒေါ်အောင်ဆန်းစုကြည်ကို အားကျလို့လား။ လက်ရှိ KNU မှာ တာဝန်အရှိဆုံး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတာမလာဘောအနေနဲ့ ဒီလို ကိစ္စမျိုးကို ဘာဖြစ်လို့အားပေးရတာလဲ။ KNU မှာ ဖထီးမရှိတော့လို့ ဖထီးမိသားစု ကိုလည်း နေရာမပေး၊ အခုပဒိုမန်းရှာရဲ့ သမီး နိုင်ငံခြားသားနဲ့ ယူတာကိုလည်း အားပေးနေတာတွေကြောင့် မျိုးချစ်စိတ်ရှိတဲ့ ကရင်တိုင်းရင်းသားများရဲ့ ရင်ထဲမှာ ဘယ်လိုခံစား နေရမယ်ဆိုတာ သိစေချင်ပါတယ်။ ကရင်အမျိုးသမီးတွေကို နိုင်ငံခြားသားတွေနဲ့ လက်ထပ်မပေးပါနဲ့။ တားမြစ်ပေးပါ။

အစဉ်အလာကြီးမားတဲ့ ကေအဲန်ယူခေါင်းဆောင်တွေရဲ့ သားသမီးတွေကို ဒေါ်အောင်ဆန်းစု ကြည်လို အမည်းစွန်းမထင်အောင် စောင့်ရှောက်ပေးကြပါ။ ကေအဲန်ယူခေါင်းဆောင်တွဟာ သူတို့ရဲ့ သားသမီးတွေကို နိုင်ငံခြားမှာကျောင်းထား၊ နိုင်ငံခြားသား ဘ၀အ သစ်ထူထောင်ပြီး နှောင် ကြိုးကင်းမဲ့စွာနဲ့ ကရင်အမျိုးသားရေး ကြွေးကြော်နေတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကရင်တမျိုးသား အ တွက် မျိုးချစ်ကရင်အ မည်နဲ့ တော်လှန်ရေးလုပ်နေတာဟာ အနာဂတ်အတွက် အလားအလာဘယ်လိုရှိနိုင်မလဲ။ မျိုးချစ်ကရင်မှ မျိုးမစစ်ကရင်ဖြစ်နေပြီ လား၊ ရိုးသားသည့်ကရင်လူမျိုးဂုဏ်ကို မထိန်းသိမ်းမစောင့်ရှောက်တော့ဘူးလား။
မျိုးချစ်ကရင်တဦး
ရောင်ပြန်နှင့် ဇွဲကပင်ဝက်ဆိုက်ဘ်(ဂျပန်)မှ ကူးယူသည်။